ဆိုဖာပေါ်လှဲချခံရတဲ့ သွန်းခက်နွယ်ကို အပေါ်ကအုပ်မိုးလိုက်သော ဝေယံက စတင်ပြီး အကျီထဲကို လက်ထည့်ကာ သူ့ဦးတည်ရာက သွန်း ရဲ့ အောက်ခံအတွင်းခံဆီသို့...
"ဝေယံ ငါ့ကိုအာ့လိုမလုပ်နဲ့ဟာ ငါမကြိုက်ဘူး ဖယ်ဟာ...."
အတင်းရုန်းနေကာ ငြင်းဆန်နေသော သွန်း ကို ဝေယံက မရုန်းနိုင်အောင် သွန်းကို ရိုက်ဖို့လက်ရွယ်စဉ်....
ထိုမြှောက်လိုက်သော လက်အား အနောက်မှ တစ်ယောက်ယောက်က ဆွဲဆောင့်လိုက်သည်။ မူးနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ ဝေယံလည်း ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်ပြုတ်ကျတော့သည်။
အာ့တော့မှ နေဖြိုးထိုက်လည်း ဝေယံကို ခွလိုက်ကာ မျက်နှာကို လေးငါးချက်ဆက်တိုက်ထိုးလိုက်တော့သည်။ ဝေယံကတော့ နေဖြိုးထိုက်ကို ဘာမှပြန်မလုပ်နိုင်ရှာပေ။ နေဖြိုးထိုက်လည်း စိတ်ကျေနပ်သည်အထိထိုးခဲ့ပြီးတော့မှ သွန်း လက်ကို ဆွဲကာ ထိုနေရာကနေ အမြန်ထွက်လာခဲ့သည်။
ကားထဲရောက်တော့ အပေါ်ကဝတ်လာတဲ့ အကျီကိုချွတ်ကာ သွန်း ရဲ့ ပေါင်ပေါ်ပစ်တင်ပေးလိုက်သည်။
"ခြုံထား....."
တိုတောင်းပြက်လွန်းတဲ့စကားနဲ့ လေယူလေသိမ်းကြောင့် ကိုဖြိုးတော်တော်စိတ်ဆိုးနေပြီဆိုတာ သွန်း သိနေသည်။ သောက်ထားတဲ့အရှိန်တောင် ဘယ်ရောက်သွားမှန်းမသိအောင်ဖြစ်ရတော့သည်။
"ကဲ...ပြော...ဘာတွေရူးကြောင်ပြီးလျှောက်လုပ်နေတာလဲ....."
သွန်းမှာ ဖြေစရာအဖြေရှိမနေပါ။ သို့ပေမဲ့ ချက်ချင်းစီးကျလာသော မျက်ရည်တွေက သွန်း အတွက် နာကျင်နေတာကို သက်သေပြုနေသည်။
"ငယ်လေး...ငါတကယ်စိတ်တိုနေတာနော် ငါသာ မရောက်လာရင် ငါသာအချိန်မမှီခဲ့ရင် နင်ဘာဖြစ်နေမလဲ သိရဲ့လား..."
"ငယ် ငယ် တောင်း ပန် ပါ တယ်.."
ငိုနေတဲ့ကြားက ထွက်ကျလာတဲ့ တောင်းပန်စကား တစ်လုံးချင်းကပင် တုန်ရီနေသည်။
"ရှားသွယ်လင်းငါ့ဆီကို ငိုကြီးချက်မနဲ့ ဖုန်းဆက်လာတာ နင့်ဖုန်းကိုခေါ်မရလို့တဲ့ သူကလည်း အိမ်ကလုံးဝကိုထွက်မရဘူးတဲ့ သူ့အမေပြောတဲ့စကားတွေကြောင့် သူတောင်းပန်ပါတယ်တဲ့ ငါဖုန်းဆက်တော့လည်း နင်ကဖုန်းမကိုင်ဘူး နင့်ဖုန်းခြေရာခံကြည့်တော့ ရောက်နေတာ ကလပ်တဲ့ ငါဘယ်လောက်သွေးလန့်သွားလည်း သိလား မြင်လိုက်ရတဲ့ အခြေအနေကလည်း ဟန်ကြီးသာ သိလို့ကတော့ ငါ့ကို သတ်မှာ.."
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light