"နဒီ ငါတောင်းပန်ပါတယ်ဟာ ငါ နင့်ကို လက်ပါမိသွားတယ် ငါမရည်ရွယ်ပါဘူးဟာ "
"တော်ပါတော့ ရှားသွယ်လင်းရယ် ငါနဲ့နင်နဲ့ သူငယ်ချင်းဖြစ်လာတာ တစ်ရက်နှစ်ရက်လည်း မဟုတ်ဘူး ဒါကို နင်က တစ်ရက်နှစ်ရက်အတွင်းမှ သိရတဲ့ မိန်းမတစ်ယောက်ကြောင့်နဲ့ ငါ့အပေါ်လုပ်ရက်နိုင်တယ်"
"နင်သူ့ကိုအပြစ်မတင်နဲ့ နဒီ နင့်ကိုငါရိုက်တာ ငါပါ သူမဟုတ်ပါဘူး"
"နင်က သူ့ကိုထိလို့နာနေတာလား သူမရိုက်ပေမဲ့ နင်နဲ့ငါနဲ့ကြားမှာ အခုလိုပြသနာတွေဖြစ်လာရတာ အာ့မိန်းမကြောင့်လေ"
"သူ့ကြောင့်လို့မပြောနဲ့ နဒီ ငါမှားတာကို ငါတောင်းပန်နေတာပဲ နင်ဘာလို့သူ့ကိုပဲ အပြစ်တင်နေရတာလဲ"
"နင်တော်တော်ပြောင်းလဲသွားတယ် ရှားသွယ်လင်း နင်က အာ့မိန်းမကိုဘာလို့ချစ်လည်း မသိပေမဲ့ ငါကတော့ကြည့်လို့မရဘူး နင်ရွေးချယ်ပါ အာ့မိန်းမနဲ့ ငါနဲ့ကို.."
"နင်ရူးနေတာလား နဒီ သူက ငါချစ်မိတဲ့သူ နင်ကသူငယ်ချင်းလေ တူမှမတူတာ"
"အာ့တော့ နင်အာ့မိန်းမကို မချစ်ဘဲ မနေနိုင်ဘူးမလား ကောင်းပြီလေ ငါနဲ့လာမပတ်သတ်ပါနဲ့တော့ ဒါ ငါ့စကားအကုန်ပဲ.."
နဒီနဲ့ ရှားသွယ်လင်း စကားအခြေအတင်များကြတော့သည်။ စာသင်ခန်းအတွင်း ဆရာမမလာခင် စကားများနေကြခြင်းဖြစ်သည်။ နဒီသည် စကားအပြက်ပြောပြီးသည်နှင့် သူမပစ္စည်းတွေကိုသိမ်းပြီး တစ်ခြားအတန်းမှာ သွားထိုင်တော့သည်။
လူတစ်ယောက်ကိုချစ်တာက...
ကစားစရာတစ်ခုမှမဟုတ်တာ...
ချစ်ချင်တဲ့အချိန်ချစ် မချစ်ချင်တဲ့အချိန်မချစ်ရအောင်...
ပေါ့ပျက်ပျက်အရာတစ်ခုမှမဟုတ်တာ...
ငါကတော့ ချစ်တတ်နေပြီ။ရှားသွယ်လင်းကိုနဒီက တစ်ကယ်ပင်မခေါ်မပြောနှင့်သာ နေတော့သည်။ ရှားသွယ်လင်းမှာကလည်း အပေါင်းအသင်းဆိုလို့ နဒီတစ်ယောက်ထဲသာရှိသည်။ နဒီကတော့ တစ်ခြားသူငယ်ချင်းတွေဖြင့် အေးဆေးစွာပင်နေနေသည်။ ရှားသွယ်လင်းမှာသာ တစ်ယောက်ထဲဖြစ်နေရသည်။ စိတ်ညစ်လို့ ဘာမှစားချင်စိတ်လည်းမရှိတော့တာကြောင့် စာကြည့်တိုက်တွင် စာကြည့်နေမယ်ဆိုပြီး စာကြည့်တိုက်သို့ထွက်လာခဲ့သည်။

YOU ARE READING
" L "
Любовные романыအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light