ဇွဲထက်သွင်က စာသင်ဆောင်ထဲကိုဝင်တော့ဖို့လုပ်ပေမဲ့ ဟန်သီဟထွဋ်က ဇွဲထက်သွင်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြန်သည်။ ပြီးတော့ မေမီမုန်းကို ဟန်သီဟထွဋ်ကလှည့်ကြည့်လိုက်ပြီးတော့...
"မေမီ ခဏနော် အကိုအခုမအားသေးလို့..."
ဆိုပြီး ဇွဲထက်သွင်လက်ကိုဆွဲတော့ ဇွဲထက်သွင်က ဟန်သီဟထွဋ်နောက်ကိုမလိုက်ဘဲ သူ့လက်ကိုလွှတ်ပေးဖို့သာ ပြောနေတော့သည်။
မေမီမုန်းကတော့ ထိုနေရာမှ တစ်စက်မှမရွေ့သေးဘဲ မျက်စိအရှေ့တွင်မြင်နေရသည့် သူတို့နှစ်ယောက်ရဲ့ ပုံစံကိုကြည့်ပြီး ခံပြင်းနေတော့သည်။
"ကျွန်တော်အတန်းတက်ရဦးမယ်...."
ဆိုပြီး ဇွဲထက်သွင်လည်း အတင်းရုန်းပြီး စာသင်ဆောင်ထဲအမြန်ဝင်သွားတော့သည်။ ထိုအချိန်တွင် ဟန်သီဟထွဋ်တို့အနားကို သွန်းခက်နွယ်ရောက်လာသည်။
သွန်းခက်နွယ်သည် အစထဲကထိုနေရာတွင်ကြိုရောက်နေတာဖြစ်ပြီး ဟန်သီဟထွဋ် နှင့် ဇွဲထက်သွင်ရဲ့ အခြေအနေကိုချောင်းနေခြင်းဖြစ်သည်။ ထိုအချိန်မေမီမုန်းရောက်လာတာကြောင့် အခုတော့ တန်းလန်းတွေဖြစ်ကုန်ပြီမို့လို့ သွန်းခက်နွယ် ချောင်းနေရာမှ ထွက်လာရတော့သည်။
"ကိုကို သူက ဘယ်သူလဲ.."
သွန်းခက်နွယ်သည် မျက်နှာကိုအချေတလိုင်းပုံစံလုပ်ထားပြီး လေသံခပ်မာမာဖြင့် မေမီမုန်းကို မျက်စာပစ်ပြပြီး ဟန်သီဟထွဋ်ကို မေးလိုက်သည်။
"ဒါက ကိုကို နဲ့ခင်နေတဲ့ ညီမလေးပါ သူက စီးပွားရေးကပဲ ဒါပေမဲ့ တတိယနှစ်ကလေ သူနာမည်က မေမီမုန်း..."
နာမည်တင်မဟုတ်ဘူး လူကပါမုန်းချင်စရာရုပ်နဲ့များ ငါ့ကိုကိုအနားကပ်ရဲသေးတယ် ဆိုပြီး သွန်းခက်နွယ်က တွေးနေတော့သည်။
"မေမီ ဒါက အကို့ ညီမလေးလေ နာမည်က သွန်းခက်နွယ် တဲ့"
"ကြည့်ပါဦး အကို့ညီမလေးက သေးသေးလေးနဲ့ချစ်စရာလေးပါလား နာမည်နဲ့ လူနဲ့လည်း လိုက်ဖက်လိုက်တာ..."
သွန်းခက်နွယ်သည် သူမကိုအမွှန်းတင်နေသော မေမီမုန်းကို တစ်ချက်တောင်ပြန်မပြုံးပြဘဲ မေမီမုန်းရဲ့ အရှေ့အနားသို့ ပိုတိုးသွားလိုက်ကာ လက်ကိုလည်းပိုက်ထားလိုက်ပြီး မေမီမုန်းကို စိုက်ကြည့်လိုက်တော့သည်။

YOU ARE READING
" L "
عاطفيةအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light