အရင်လိုကြောက်ရွံတုန်လှုပ်ခြင်းမရှိဘဲ ခြံဝင်းထဲကို အေးဆေးစွာပင်ဝင်လာသည်။ ကျွန်တော့်အနားမှာ ရှိနေမယ်ဆိုတဲ့ ခင်ဗျားကိုယုံကြည်ပြီး အာ့သတ္တိတွေနဲ့ အိမ်ကိုရဲရဲဝံ့ဝံ့ပြန်လာရဲခဲ့သည်။ ဖြစ်လာသမျှကို ရင်ဆိုင်တော့မည်ဟုလည်း သွင် ဆုံးဖြတ်ချက်ချထားလိုက်သည်။
အိမ်ထဲကို ဝင်ဝင်ချင်းဧည့်ခင်းထဲမှာ မိဘတွေကိုတွေ့လိုက်ရတယ်။ သွင် က နှုတ်ဆက်မလို့ရှိသေးတယ် ဦးပြည့်စုံဦးက ထိုင်ရာမှထလာကာ သွင့်အနားကိုလျှောက်လာပြီး သွင့်ကို လက်သီးဖြင့်ထိုးလိုက်တော့သည်။
လက်သီးအားဘယ်လောက်တောင်ပြင်းသလဲဆိုရင် သွင့် နှုတ်ခမ်းပေါက်သွားကာ သွေးပါစို့သွားတော့တယ်။ ဦးပြည့်စုံဦးက ဘာစကားမှကိုမပြောဘဲ နောက်ထပ်တစ်ချက်ထပ်ထိုးလိုက်တယ်။ သွင်လည်း အဖေဖြစ်သူကိုကြည့်လိုက်တော့ ဒေါသကြောင့်နီရဲနေတဲ့မျက်နှာနဲ့ မျက်ရည်တွေဝေ့ဝဲနေတဲ့ ဦးပြည့်စုံဦးကိုကြည့်ပြီး သွင် ထိုနေရာမှာတင် ခြေမခိုင်တော့ဘဲ ထိုင်လျက်လဲကျသွားတော့သည်။ အမေဖြစ်သူကိုလှမ်းကြည့်တော့လည်း သွင့်ဘက်ကိုတောင်မျက်နှာလုံးဝလှည့်မကြည့်ဘဲ ငိုနေတဲ့ အမေ့ကိုတွေ့လိုက်ရတော့ သွင် အားယူပြီးပြန်ထလာကာ ဒေါ်ယမင်းအနားကိုသွားလိုက်သည်။
အမေ့ကျွန်တော့်ကိုမုန်းသွားပြီလား? အခြောက်တစ်ယောက်လို့ထင်သွားတာလား? ကျွန်တော် ရှင်းပြချင်သေးတယ်လေ...ဆိုပြီး ပြောဖို့အားယူနေပေမဲ့ ဘာစကားလုံးမှ ထွက်မကျလာဘဲ အရှေ့တည့်တည့်မှာ အံကျိတ်ကာအောက်နှုတ်ခမ်းကိုဖိကိုက်ကာ ငိုနေသော အမေ့ကိုကြည့်ပြီး သွင် အားအင်တွေယုတ်လျော့လာသလို ခံစားရကာ ငိုမိတော့သည်။
"ကျွန် ကျွန်တော် ရှင်းပြပါရစေ....."
"ငါ နင့်အသံကိုမကြားချင်ဘူး အခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်းသွား....."
"အမေမနေစေချင်ရင် ကျွန်တော်ထွက်သွားပေးမှာပါ မသွားခင် ကျွန်တော်ကို ရှင်းပြခွင့်ပေးပါ အမေရယ်"
"အခုချက်ချင်း ထွက်သွား ငါနင့်မျက်နှာရော နင့်အသံရော မကြားချင်ဘူး... "
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light