/10/

5.2K 363 34
                                    

သွန်းခက်နွယ်သည် ကားလမ်းမတစ်ဖက်ကို ရောက်တော့ အိမ်ကလာကြိုမဲ့ ကားဒရိုင်​ဘာကို ဖုန်းဆက်ပြီး မြန်မြန်လာဖို့ပြောလိုက်သည်။ တစ်ဖက်ကကားလမ်းကို လှမ်းကြည့်တော့ အစစ်မလို့သာသိထားသော ထိုကျောင်းသူကိုမတွေ့ရတော့ပါ။ သွန်းခက်နွယ်သည် ရှားသွယ်လင်းပြောခဲ့သည့် စကားများကိုတွေးနေမိသည်။

တစ်ဆက်တည်းပင် ဟိုတစ်ခါမိုးရွာတုန်းကလည်း ထီမပါလို့ ထီးပေးတာကိုလည်း ထီးကိုလက်ဖြင့်ဖယ်ချမိတာကို ပြန်တွေးမိနေသည်။

ဒီအစစ်မ ငါ့သူ့ကိုပြောဆိုတုန်းက...
ငါ့ကို သူလည်းပြန်ပြောသွားတာပဲလေ...
အခုမှ ဘာတွေလာကောင်းပြနေတာလဲ..
ငါနဲ့ ပတ်သတ်ချင်တယ်ပဲရှိရသေးတယ်..
မဟုတ်မှလွဲရော ကိုဖြိုးကိုမရလို့...
ကိုကို့ကို ချိန်မှာမို့လို့....
ငါ့ကို လာကပ်တာထင်တယ်.....
မဖြစ်ဘူး ဒါကပိုဆိုးသွားပြီ...
ငါ ဒီအစစ်မရန်ကနေ သေချာကာကွယ်ရမယ်..

သွန်းခက်နွယ်သည် သူ့မအတွေးနှင့်သူမတော့ ဟုတ်လို့နေသည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟန်သီဟထွဋ်တစ်ယောက် ကုတင်ပေါ်ထိုင်လိုက် ခုံမှာပြောင်းထိုင်လိုက် မတ်တပ်ရပ်လိုက် ဝရံတာထွက်လိုက်ဖြင့် တစ်ယောက်ထဲနဲ့ကို နေရာမရဖြစ်နေတော့သည်။ တစ်နေရာထဲတွင် အတည်တကျမထိုင်နိုင်ရသည့် အကြောင်းအရင်းမှာ ဇွဲထက်သွင် ကြောင့်ဖြစ်သည်။ နောက်ဆုံးမနေနိုင်တော့တာကြောင့် ဇွဲထက်သွင်ကိုဖုန်းဆက်လိုက်သည်။ ဒီတစ်ခါတော့ တစ်ကြိမ်ထဲနှင့်ပင် ဇွဲထက်သွင်က ဖုန်းကိုင်လိုက်သည်။

"Hello အကို....."

ဟန်သီဟထွဋ်သည် ဇွဲထက်သွင်၏ hello hello ပြောသံကိုနားထောင်နေပြီး ဘာမှပြန်မပြောဘဲ နေနေတော့သည်။

"Hello hello... "

ဟန်သီဟထွဋ်သည် ဖုန်းကိုလည်းမချထားဘဲ တစ်ဖက်က ဇွဲထက်သွင်၏ အဆက်မပြက်ခေါ်နေသော အသံကိုသာ နားထောင်နေတော့သည်။

"အကို ဘာမှမပြောရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်"

"မချနဲ့ လုံးဝမချနဲ့နော် မင်းကလည်း စိတ်ရှည်ရှည်ထားပါ "

" L "Where stories live. Discover now