ဇွဲထက်သွင်မိမိအခန်းထဲရောက်သည်နှင့် အခန်းဝမှာတင် မတ်တပ်ကြီးရပ်နေမိသည်။ အမေဖြစ်သူဒေါ်ယမင်းပြောလိုက်သည့် စကားကိုသာ ပြန်ကာကြားနေရပြီး ကိုယ့်ကိုယ်ကိုယ်အားအင်တွေ မရှိတော့သလိုခံစားလာရသည်။ အမေသာ သိသွားခဲ့ရင် သူ့သားကအာ့လိုလူမျိုးဆိုတာကို အမေသာ သိသွားခဲ့ရင် အမေတစ်ခုခုဖြစ်သွားမှာလား? ကျွန်တော်ကိုရော အစထဲက သားလိမ္မာတစ်ယောက်လို့မသတ်မှတ်ထားတာကို အခုလိုတွေသာ ထပ်သိသွားရင် ပိုမုန်းသွားမှာလား?ရောက်တတ်ရာရာတွေအကုန်လျှောက်တွေးမိနေသည့် ဇွဲထက်သွင်သည် ထိုနေရာမှာဆက်ပြီး ရပ်မနေတော့ဘဲ ရေချိုးခန်းထဲဝင်လာကာ ရေဗန်းကိုဖွင့်ချထားလိုက်ပြီး အဝတ်အစားတွေကို မချွတ်ဘဲ ထိုရေဗန်းအောက်တွင်ထိုင်နေမိတော့သည်။
ဒူးခေါင်းနှစ်ချောင်းကိုထောင်ပြီးထိုင်နေကာ ခေါင်းကိုထိုဒူးခေါင်းနှစ်ချောင်းပေါ်သို့ မှောက်အိပ်ချလိုက်ပြီးနော် အံကိုကြိတ်ကာဖြင့် ငိုချလိုက်တော့သည်။ အသံမထွက်ဘဲ အံကြိတ်ကာငိုနေတာကြောင့် အသက်ရှုရတာပင် ခက်ခဲလာသည်။ လက်သီးနှစ်ဖက်ကိုလည်း တင်းတင်းကျပ်ကျပ်ဆုပ်ထားရင်း ရှိုက်သံထွက်လာတဲ့အထိ ထိုရေဗန်းအောက်တွင် ထိုင်ငိုနေမိတော့သည်။
ဒီလောက်စိတ်ဒဏ်ရာရလို့ ငိုနေမိသည့်အချိန်မှာတောင် သတိရမိသူက ဟန်သီဟထွဋ်ကိုပင်ဖြစ်သည်။ သူ့ကို တစ်ဖတ်သတ်စချစ်ခဲ့တဲ့အချိန် ခိုးကြည့်ခဲ့ရတဲ့အချိန်တွေ သူနဲ့မရင်းနှီးခင်တုန်းက အချိန်တွေကမှ ရင်ခုန်ပြီးပျော်စရာကောင်းခဲ့ရသေးသည်။ အာ့တုန်းက ခိုးကြည့်တိုင်းတွေ့ခဲ့ရတဲ့ သူ့အပြုံးလေးတွေက တစ်ကယ်ပင် စိတ်ကိုအေးချမ်းစေခဲ့သည်။ ဇွဲထက်သွင်သည် ဟန်သီဟထွဋ်ကိုပင် မြင်ယောင်နေမိပြီး ပိုလို့ငိုနေမိတော့သည်။
ခင်ဗျားနဲ့မသိခင်ကခင်ဗျားကျောပြင်ကိုငေးခဲ့တဲ့အချိန်တွေက....
ကျွန်တော့်ကိုရင်တွေခုန်ပြီးစိတ်ပျော်ရွှင်စေတယ်...
ခင်ဗျားနဲ့သိပြီးမှခင်ဗျားကျောပြင်ကိုငေးကြည့်မိတဲ့အချိန်တိုင်း.....
ကျွန်တော့်ကိုရင်နာစေပြီးစိတ်ပူပန်စေတယ်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light