"နင့် လက်မှာ သွေးတွေစီးကျနေတယ်"
သွန်းခက်နွယ်သည်အရင်လိုကတ်ကတ်လန်အောင် ပြန်ရန်တွေ့တဲ့အသံမျိုးမဟုတ်ဘဲ သနားမိသည့်ပုံစံဖြင့်ပြောလိုက်သည်။ သွန်းခက်နွယ်
ပြောမှပဲ ရှားသွယ်လင်းက သူ့လက်ကိုပြန်ကြည့်မိတော့သည်။"တစ်ခုခုနှင့်ခြစ်မိတာထင်တယ် သွန်း ဘာမှမဖြစ်ဘူးမလား "
"ငါကဘာမှမဖြစ်ပါဘူး နင်ရော အဆင်ပြေရဲ့လား "
"ရပါတယ် ဆေးခန်းသွားပြလိုက်မယ် သွန်း ဘာမှမဖြစ်လို့တော်သေးတာပေါ့ လမ်းကိုဂရုစိုက်သွားဦးနော် "
ဆိုပြီး ရှားသွယ်လင်းက taxi ငှါးနေတော့သည်။
လက်မှာတော်တော်ကို ပွန်းပြီးသွေးတွေထွက်နေတဲ့ နေရာကို သွန်းခက်နွယ်ကြည့်နေမိသည်။တစ်ဆက်ထဲပင် ရှားသွယ်လင်းကိုလည်း သေချာကြည့်မိသည်။ရှားသွယ်လင်းသည် သွန်းခက်နွယ်လိုပင် ဆံပင်ချထားတတ်တဲ့သူ မဟုတ်ပါ။ သွန်းခက်နွယ်လိုတော့ ဆံထုံးစုပြီးထုံးထားတာမျိုးမဟုတ်ဘဲ ဆံပင်တွေအကုန်လုံးကို စုပြီးအမြင့်စီးထားခြင်းဖြစ်သည်။ ကျောင်းဝတ်စုံ အကျီအဖြူရင်ဖုံးကိုတော့ လက်ရှည်ဝတ်ထားတယ်။ အခုတော့ ထိုအကျီအဖြူလက်နေရာကပြဲပြီးသွေးပါစွန်းနေသည်။မျက်နှာမှာလည်း တစ်ခြားကျောင်းသူတွေလို ပြင်ဆင်ထားတာမရှိဘဲ နဂိုရုပ်ရည်လေးကပင် ကြည်လင်ပြီးကြည့်ကောင်းနေသည်။ အရပ်ကလည်းရှည်တာကြောင့် ခန္ဓာကိုယ်အရွယ်အစားနှင့် လိုက်ဖက်ပြီး smart ကျနေတော့သည်။ သွန်းခက်နွယ်သည် ရှားသွယ်လင်း ကိုကြည့်ပြီး တွေးနေချိန်မှာ ရှားသွယ်လင်းသည် taxi ကားရလို့ တက်တော့မဲ့အချိန်မှာ..
"ဟိုတစ်ယောက် ခဏ ခဏ"
သွန်းခက်နွယ်အသံကြောင့် ရှားသွယ်လင်းလည်း ကားထဲမဝင်သေးဘဲ သွန်းခက်နွယ်ကို လှည့်ကြည့်လိုက်သည်။
"ကျေးဇူးပဲ..... ...."
ဟုသာပြောပြီး သွန်းခက်နွယ်ကအရင်လှည့်ထွက်လာသည်။ ရှားသွယ်လင်းလည်း ပြုံးရင်းကားပေါ်သို့သာတက်လာတော့သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဇွဲထက်သွင်တစ်ယောက် ငိုလာရင်းဖြင့်လျှောက်လာကာ နေဖြိုးထိုက်ကိုပင်မမြင်ဘဲ ဝင်တိုက်မိတော့သည်။ နေဖြိုးထိုက်ကာ ဇွဲထက်သွင်ငိုနေတာကိုတွေ့လိုက်သည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light