ကျွန်တော်ခေါင်းလေးအသာလွှဲလိုက်မိတယ်။ ထပ်ကြည့်ဖို့ရာ ကျွန်တော်ခံနိုင်မယ်မထင်ဘူး။ စိတ်ထဲမှာလည်း အောင့်သက်သက်နဲ့ ခံရခက်နေတယ်။
ထိုအချိန်ကျွန်တော့်ဘေးသို့ ကားအဖြူတစ်စီးလာရပ်သည်။
"ညီ အိမ်မပြန်သေးဘူးလား..လာ ကားပေါ်တက် အိမ်လိုက်ပို့ပေးမယ်..."
ကျွန်တော်အကိုတစ်ယောက်လို ခင်ရတဲ့ ကိုနေဖြိုးထိုက် အခုဆိုရင် ကျွန်တော်ယောက်ဖဖြစ်နေပြီ။ တစ်ကယ်ပါ ကျွန်တော်ဒုက္ခရောက်ချိန်တိုင်း အနားကိုအမြဲရောက်လာတတ်တယ်။
ကျွန်တော်လည်းဘာမှပြောမနေတော့ဘဲ ကိုဖြိုးကားပေါ်သို့ တက်လိုက်လာခဲ့သည်။ ခင်ဗျားကို လှမ်းကြည့်ချင်ပေမဲ့လည်း စိတ်အလိုတိုင်းမလုပ်ခဲ့ဘူး။
တရွေ့ရွေ့မောင်းနှင်လာသော ကားထဲတွင် နှစ်ယောက်လုံးဘာမှမပြောဘဲ တိတ်ဆိတ်လို့နေသည်။"ကိုဖြိုး အဆင်ပြေရဲ့လား...."
"ပြေပါတယ် ညီ..."
အနည်းငယ်ပြုံးပြီး နေဖြိုးထိုက်ပြန်ဖြေမိသည်။ တစ်ကယ်ပြေမပြေကို ကိုယ်တိုင်အသိဆုံးပါ။
ဇွဲထက်သွင်ကို ကားပေါ်တက်ခိုင်းပြီး ကားမောင်းထွက်သွားခါနီး ဟန်သီဟထွဋ်ကိုလှမ်းကြည့်ဖြစ်သည်။ အစက ထိုမိန်းကလေးနဲ့ရယ်မောနေတဲ့သူဟာ ချက်ချင်းမျက်နှာပျက်ယွင်းသွားပြီး လက်သီးဆုပ်လိုက်တာကို မြင်ဖြစ်အောင်မြင်လိုက်မိသေးသည်။
မင်း ဒီကောင်လေးကိုသိပ်ချစ်တာပဲလား....။
ငါ့မှာတော့ မင်းချစ်တဲ့သူနဲ့အဆင်ပြေဖို့အရေး...
မင်းတို့ကြားမှာ အနှောက်အယှက်ပေးနေတဲ့ မိန်းမတစ်ယောက်ကို မချစ်မနှစ်သက်မကြင်နာဘဲ ပေါင်းသင်းနေတာလေ..။ မင်းကတော့ နောက်မိန်းကလေးနဲ့ တွဲနေတာတဲ့လား...။ ငါသိနေပါတယ် မင်းစိတ်ထဲ တစ်ကယ်ရှိနေတာ ဒီကောင်လေးပဲဆိုတာကိုပေါ့။ မင်း ဒီကောင်လေးအနားအမြန်ဆုံးပြန်လာဖို့က ငါကူညီမှဖြစ်တော့မှာ။မင်းက အစထဲက ငါ့ကို ညီနဲ့သဝန်တိုနေတာလေ အာ့တော့ အခုလည်း မင်းပိုပြီးသဝန်တိုလာအောင် ငါနေပြမယ် ။ တစ်ဖြည်းဖြည်းနဲ့ မင်းချစ်တဲ့သူကို တစ်ခြားသူဆီရောက်သွားမှာ စိုးရိမ်တဲ့စိတ်တွေ၊ မင်းချစ်တဲ့သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေ မင်းဖြစ်လိမ့်မယ်။

YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light