/39/

4.3K 310 11
                                    

ရှားသွယ်လင်း၏ ကျောပြင်ကို စိုက်ကြည့်နေရင်းမှ တောက်တစ်ချက်ခေါက်လိုက်မိသည်။ မိနစ်အတန်ကြာအောင် ငြိမ်သက်နေပြီးမှ အိတ်ထဲမှ ဖုန်းကိုထုတ်ကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။

"ငါ ရှားသွယ်လင်းဆိုတဲ့ မိန်းမကိုရှင်းချင်တယ် နဒီ.."

"ရှား က ဘာဖြစ်လို့လဲ    ....."

"နင် ကူညီမလား မကူညီဘူးလား..."

"ရှားက ငါ့သူငယ်ချင်းလေ ...ငါက ဘယ်လိုလုပ်.."

"နင့်သူငယ်ချင်းဘေးကလူကို ကြံစည်တုန်းကတော့  နင့် ဆန္ဒတွေပြင်းပြနေခဲ့တာပါ အခုမှဘာဖြစ်ရတာလဲ..."

"သွန်းခက်နွယ်ဆိုတဲ့ မိန်းမက ငါနဲ့ ရှားကို သွေးခွဲလို့ ငါမုန်းလို့ အာ့လိုလုပ်တာ...ငါ ရှားကို မခေါ်မပြောတော့ပေမဲ့ သူ့အတွက်နစ်နာစေမဲ့အရာဆိုဘာမှမလုပ်ချင်ဘူး..."

"ကောင်းပြီလေ ဒါဆိုလည်း ငါ့ဘာသာ စီစဉ်လိုက်မယ်...."

"မေမီ မေမီ ဟယ်လို ဟယ်လို ဟာ....."

နဒီအသံကိုတောင် ဆုံးအောင်နားမထောင်ဘဲ မေမီမုန်းကဖုန်းချသွားသည်။ နဒီလည်း သူငယ်ချင်းဖြစ်သူ ရှားသွယ်လင်းအပေါ်စိတ်ပူလာမိသည်။ သို့ပေမဲ့ တွေ့ဖို့ကလည်း မဝံ့မရဲဖြစ်နေသည်။ ကိုယ်အရမ်းချစ်တဲ့ သူငယ်ချင်းကို ကိုယ့်ဆီကဆွဲထုတ်သွားတဲ့အပြင် ကိုယ့်အပေါ်တောင်အမြင်မကြည်တော့အောင် လုပ်ပစ်နိုင်တဲ့ သွန်းခက်နွယ်ကို မုန်းမိသည်။ အာ့စိတ်ကြောင့်နဲ့ပင် မေမီမုန်းနှင့်အတူ သွန်းခက်နွယ်ကို ဘဝပျက်စေဖို့ အတူပူပေါင်းဆောင်ရွက်မိသည်။ အခုတော့ ဘာဆက်လုပ်ရမလဲမသိအောင် တွေဝေမိသည်။ စိတ်ထဲလည်း ဝမ်းနည်းလာရကာ ငိုမိတော့သည်။

"ဘယ်သူ့အတွက် ငိုနေတာလဲ..."

မေမီမုန်းအနားကထွက်လာပြီးသိပ်မကြာဘူး နဒီကိုတွေ့လိုက်တာကြောင့် ရှားသွယ်လင်းက နဒီအနားလျှောက်လာတုန်း နဒီတို့ဖုန်းပြောနေသည်ကိုကြားလိုက်ရသည်။

"ရှား.... ရောက် ရောက်နေတာလား..."

"ငါမေးတာဘာလို့မဖြေတာလဲ....ဘာလဲ ဒီတစ်ခါ အဖျက်ဆီးခံရမဲ့ မိန်းကလေးက ငါဖြစ်နေလို့ ငါ့အတွက် ကြိုတင်ငိုနေတာလား...."

" L "Where stories live. Discover now