ခင်ဗျားမရှိပေမဲ့ ခင်ဗျားအငွေ့အသက်တွေရှိနေတဲ့ ဒီတိုက်ခန်းထဲမှာ ကျွန်တော်ဆက်နေချင်သေးတာကြောင့် မြန်မာနိုင်ငံကိုပြန်မလာခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားအငွေ့အသက်တွေပဲရှိနေပြီး ခင်ဗျားရှိမနေတဲ့ အခန်းထဲနေနေရတာ ကျွန်တော်နှလုံးသားလစ်ဟာနေသလိုပဲ။ လွမ်းတယ် ခင်ဗျားရယ်။ ဒီ့ထက်ပိုပြီး မဝေးကွာနိုင်တော့လို့ ခင်ဗျားပြန်သွားတဲ့ မြန်မာပြည်ကို ကျွန်တော်လည်းပြန်လာပါရစေ။
ကျွန်တော်မြန်မာပြည်ပြန်ရောက်တော့ အိမ်ကိုတော့လုံးဝပြန်ဖို့စိတ်ကူးမရှိတာကြောင့် ကျောင်းတက်တုန်းကခင်တဲ့သူငယ်ချင်းတစ်ယောက်အိမ်ကိုပဲ သွားလိုက်တယ်။ အာ့သူငယ်ချင်းဆီရောက်ရောက်ချင်း ကျွန်တော်ကြားလိုက်ရတဲ့သတင်းက ရင်ထဲကိုစို့တက်သွားရတယ်။ သွန်းခက်နွယ်ဆုံးပြီတဲ့လား? မယုံနိုင်ဘူး ဘာတွေဖြစ်ကုန်တာလဲဆိုတာလည်း နားမလည်နိုင်တော့ဘူး ။ ကျွန်တော့်ရဲ့ စိတ်တွေရှုတ်ထွေးလာတယ်။ သွန်းခက်နွယ်ဆိုတာ ကျွန်တော်အတွက်အကောင်းဆုံးသူငယ်ချင်း အချစ်ဆုံးသူငယ်ချင်းပါ ။ ဘယ်လိုစိတ်နဲ့ သူမ မရှိတော့တာကို လက်ခံပေးရပါ့မလဲ?။
ကျွန်တော်လည်း ကိုဖြိုးဆီကိုအရင်ဆုံးဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားတယ်ပဲပြောနေတော့သည်။ နောက်ဆုံးတော့ ခင်ဗျားဆီကိုပဲ လှမ်းဆက်ရတော့တာပေါ့..။
ဟင့်အင်း ထပ်ပြီးမကြားပါရစေနဲ့တော့။
ကျွန်တော့်စိတ်အာ့လောက်မမာလို့ ဖုန်းချလိုက်မိသည်။ ပြီးမှ ရင်ဘတ်ထဲစို့နင့်လာသမျှကို မျက်ရည်တွေအဖြစ်စီးမြောကျစေရင်း ကျွန်တော်ကြိုးစားပြီး အသက်ရှုရတော့တယ်။ပြောထွက်ရက်လိုက်တာ ခင်ဗျားရယ်။
ကျွန်တော်ဘယ်လောက်ထိနာကျင်ရမယ်ဆိုတာကို သိရက်နဲ့တောင်မှ......။
ဒါတောင် ကျွန်တော်ဟာ မျက်ရည်တွေကြားကနေ ရအောင်ပြုံးလိုက်မိသေးတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်အရမ်းလွမ်းနေတာလေ အခုခင်ဗျားအသံလေးကြားရတော့ ပြုံးမိတယ်။
ရင်ဘတ်ထဲကနာတာကတော့ သက်သက်ပေါ့။°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မျက်လုံးတွေကိုအသာလေးဖွင့်ကြည့်ရင်း ငါဘယ်ကိုရောက်နေတာလဲ ဆိုပြီး တွေးတောနေမိသည်။ စဉ်းစားလိုက်ကာမှ ခေါင်းတွေထိုးကိုက်လာတာကြောင့် ဆက်မစဉ်းစားရဲတော့ပါ။ မျက်လုံးတွေကိုသေချာ ဖွင့်ကြည့်နိုင်တော့မှ ရောက်နေသည့်နေရာမှာ ကိုယ့်အခန်းကိုယ့်အိပ်ရာမဟုတ်တာကို သတိထားမိလိုက်ကာ အိပ်ယာကထမယ်လုပ်တော့မှ နောက်ထပ်သတိပြုမိသည်က မိမိခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားမဲ့ဖြစ်နေခြင်းပင်။ ချက်ချင်းစောင်ကို ရင်ဘတ်နားထိပြန်ဆွဲခြုံထားပြီး ကိုယ်ကြိုယ့်ကိုယ်သေချာ စစ်ကြည့်မှ အဝတ်အစားတွေကတစ်ကိုယ်လုံးမှာရှိမနေတာ အမှန်ပင်။

YOU ARE READING
" L "
Любовные романыအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light