/42/ (The End)

12.4K 565 41
                                    

လေယာဉ်ပေါ်သို့ရောက်တော့ ကျွန်တော်ထိုင်ရမဲ့ထိုင်ခုံနေရာလေးကို ရှာလိုက်သည်။ ကျွန်တော့်ထိုင်ခုံနေရာကိုတော့ တွေ့လိုက်ရပါတယ် ဒါပေမဲ့ ကျွန်တော်ထိုင်ရမဲ့နေရာမှာ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ထိုင်နေကြသည်။ ကျွန်တော်များမှားနေတာလားလို့ သေချာပြန်ကြည့်ပေမဲ့ ကျွန်တော်ကအမှန်ပါ ။သူတို့နှစ်ယောက်ကသာ နေရာမှားပြီးလာထိုင်နေတာပါ။ မတတ်နိုင်တဲ့အဆုံး ဒီဘက်အစွန်မှာထိုင်နေတဲ့ မိန်းကလေးပုခုံးကို လက်နဲ့အသာပုတ်လိုက်သည်။

"ဒီမှာမိန်းကလေး ဒါအကို့ထိုင်ခုံနော် နေရာမှားနေတယ်ထင်တယ်"

"ရှင်...ဟုတ်လား..."

ဆိုပြီး ကောင်မလေးကသူ့ခုံနံပါတ်နဲ့မှန်မမှန် ပြန်စစ်ဆေးကြည့်တော့ သူမကိုယ်တိုင်မှားထိုင်နေမိတာဖြစ်သည်။ ထိုမိန်းကလေးလည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ ကျွန်တော့်ကိုတောင်းပန်ပြီး ထိုနေရာကနေ ထွက်သွားသည်။ ဟိုဘက်ဘေးက သူ့ကောင်လေးကိုတော့ခေါ်မသွားဘူးလား? ဒါမှမဟုတ် ဒီကောင်လေးကသက်သက်လာမှားထိုင်နေတာလား? တကယ်တော့ ကျွန်တော်က ဒယ်ဒီကို နှစ်ခုံတွဲသေချာဝယ်ခိုင်းထားတာပါ။ ဘယ်သူနဲ့မှ အတူတွဲမထိုင်ဘဲ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ထိုင်ချင်တာကြောင့် တစ်ယောက်ထဲကို နှစ်ခုံစာဝယ်ထားခြင်းဖြစ်သည်။

ဟိုမိန်းကလေးကိုတော့ ပြောပြီးပြီ။ ဒီကောင်လေးကို ထပ်ပြောရဦးမှာပေါ့။

"ချာတိတ် ချာတိတ် ဒီမှာ ချာတိတ်.."

ကျွန်တော်ဘယ်လောက်ပဲခေါ်နေပါစေ ထိုကောင်လေးက ကျွန်တော့်ကိုမော့မကြည့်လာပါ။ hoodie အနက်ရောက်လေးကိုဝတ်ထားတယ် ဦးထုပ်အနက်လေးကိုငိုက်ငိုက်ဆောင်းထားကာ mask ပါ တပ်ထားပြီး နားကြပ်တပ်ထားသော ထိုကောင်လေးကို ဘယ်လိုမှခေါ်မရတာကြောင့် လက်ဖြင့်လှုပ်နှိုးမယ်လုပ်ခါမှ ဒယ်ဒီဆီက message ဝင်လာသည်။

သား......အပြီးထွက်သွားပါ ငါ့သား။
ဘယ်တော့မှ ပြန်မလာခဲ့ပါနဲ့ ။
ဒယ်ဒီအတွက်လည်း စိတ်ချပါ။
သားရဲ့ ထိုင်ခုံမှာ ဒယ်ဒီလက်ဆောင်ထည့်ပေးလိုက်တယ်နော်။
ငါ့သား သဘောကျမှာပါ။
ဒယ်ဒီ နဲ့ သားကောင်လေးရဲ့ မိဘတွေနဲ့ သဘောတူညီပြီး လုပ်လိုက်တဲ့အစီအစဉ်လေးပါ။
သားတို့နှစ်ယောက်လုံးလက်ခံပေးပါ။
ဒယ်ဒီဟိုမှာ အားလုံးစီစဉ်ပေးပြီးသားပါ။
ငါ့သားပျော်မှ ဒယ်ဒီလည်းပျော်နေမယ်ဆိုတာ သားကိုနားလည်စေချင်တယ်။

" L "Where stories live. Discover now