"ဟာ ကိုကိုကလည်း ဘာလို့မပတ်သတ်ရမှာလဲ ပတ်သတ်မှ ဖြစ်..."
"သွန်းခက် ထား ထားလိုက်ပါတော့"
သွန်းခက်နွယ်ဆက်ပြောမဲ့ စကားကို ဇွဲထက်သွင်က တားလိုက်သည်။
"မထားနိုင်ပါဘူး ကိုကိုပဲ မနေ့က ငဇွဲနဲ့တွေ့စရာရှိတယ်ဆို အခုဘာဖြစ်သွားတာလဲ"
သွန်းခက်နွယ်သည် ဇွဲထက်သွင်တားသည်ကို လက်မခံဘဲ ဟန်သီသထွဋ်ဘက်သို့ လှည့်ကာပြောလိုက်သည်။
"ဟိုတစ်နေ့ကကျောင်းကအပြန် မိုးတွေရွာနေတုန်း သူ့မှာထီးမပါလို့ ကိုကိုက လိုက်ပို့မယ်ဆိုပြီး လိုက်မပို့ဖြစ်လို့လေ အာ့တာကို တောင်းပန်ဖို့ပါ မနေ့ကပြောပြီးပြီ ငယ်လေးရဲ့ အာ့တာကြောင့်ပါ ပြီးတော့ သူ့ကိုကြည့်ရတာ ကိုကိုနဲ့ခင်မင်ရင်းနှီးရမှာ အဆင်မပြေသလိုပဲ"
"ဘယ်ကသာ ကိုကိုရာ သူက ကိုကို့ကို အရမ်းခင်ချင်နေတာ... "
သွန်းခက်နွယ်ပါးစပ်ကလွှတ်ခနဲ ထွက်သွားသောစကားကြောင့် ဇွဲထက်သွင် မျက်လုံးပြူးသွားကာ ရှက်သွားတော့သည်။ ထိုအခါမှ ဟန်သီဟထွဋ်လည်း ဇွဲထက်သွင်ကို လှမ်းကြည့်လိုက်သည်။
"သွန်းခက် နင်သောက်လို့မပြီးသေးဘူးလား အတန်းသွားတက်မယ်လေ"
ဇွဲထက်သွင်လည်း ဟန်သီဟထွဋ်လှမ်းကြည့်တာကို မသိချင်ယောင်ဆောင်ပြီး သွန်းခက်နွယ်ကို အတန်းသွားတက်ဖို့ ပြောလိုက်သည်။
"အတန်းရှိသေးရင် သွားတက်လေငယ်လေး ကိုကိုလည်း သွားတော့မယ် အတန်းရှိသေးလို့ အိမ်ရောက်မှ တွေ့မယ်"
ဆိုပြီး ဟန်သီဟထွဋ်က အရင်ထကာပြန်သွားတော့သည်။ ဇွဲထက်သွင်ကတော့ တံခါးဝရောက်သွားတဲ့အထိ လိုက်ကြည့်နေမိသည်။ ဟန်သီဟထွဋ်ကို မမြင်ရတော့မှ ဒီဘက့်ကိုမျက်နှာကို ပြန်လှည့်လိုက်သည်။
"အမယ်လေး သွန်းခက်ရယ် နင့်မျက်နှာကြီးကလည်း လန့်လိုက်တာ"
ဇွဲထက်သွင်က ဟန်သီဟထွဋ်ကို မျက်စိတစ်ဆုံးလိုက်ကြည့်နေတာကို သွန်းခက်နွယ်က အနောက်ကနေ ဇွဲထက်သွင်အနားကိုကပ်ပြီး သေချာစိုက်ကြည့်နေတာကို တွေ့လိုက်ရတာကြောင့် လန့်သွားသည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light