/25/

4.1K 293 16
                                    

"ဖွားထား ဘာပြောလိုက်တာလဲ မာမီ့ကို ထမင်းမကျွေးဘူး ဟုတ်လား ဒါဖြစ်သင့်တာမို့လို့လား"

ကြမ်းပြားပေါ်ဖင်ထိုင်ရက်ကျနေရာကနေ ချက်ချင်းထလာကာ ဒေါ်ထိပ်ထားကို ပြောလိုက်သည်။

"နင့်အမေကို ထမင်းစားစေချင်ရင် ငါ့မြေးဘယ်မှာလဲ အခုမြန်မြန်ပြော..."

"မပြောဘူး လုံးဝမပြောဘူး... "

"သွန်းခက်နွယ် မိုက်လိုက်တဲ့မိန်းမ နင်ဘာတွေလျှောက်လုပ်နေတာလဲ ငါ့သားကိုဘယ်မှာဖွက်ထားလဲ ပြန်ခေါ်ပေးပါ သွန်းခက်နွယ်ရဲ့ နင့်ရဲ့ ရုးကြောင်ကြောင်ဇာတ်လမ်းထဲ ငါ့သားလေးကို အတင်းဆွဲမခေါ်သွားပါနဲ့..."

ဒေါ်ဝတ်မှုန်ဦးကပါ သွန်းခက်နွယ်ကို ဒေါသဖြစ်လွန်းကာပြောနေတော့ သွန်းခက်နွယ် စိတ်မကောင်းဖြစ်ရသည်။

"မာမီ မာမီကပါ ဘာဖြစ်နေတာလဲ ကိုကို့ကို နားလည်မပေးနိုင်ဘူးလား..."

"ငါ့သားစိတ်ညစ်မှာစိုးလို့ မကန့်ကွက်ပေမဲ့ ငါဘယ်လိုစိတ်နဲ့ ဒီလိုအရာမျိုးကိုကြည်ဖြူလက်ခံနိုင်မှာလဲ သွန်းခက်နွယ်ရဲ့... "

ဒေါ်ဝတ်မှုန်ဦးမှာ ပြောလည်းပြော ငိုလည်းငိုနှင့်ဖြစ်နေတော့သည်။

"အမိုက်မ နင့်ကြောင့်ဖြစ်ရတာမလား အခုနင်ကပိုဆိုးအောင်လုပ်လိုက်တာ ငါ့သားလေးကို......."

"တော်ကြပါတော့.... ငါ့သား ငါ့သား... ငါ့မြေး ငါ့မြေး နဲ့ မာမီတို့ ဖွားထားတို့အတွက် ကိုကိုက အာ့လောက်အရေးပါနေခဲ့ပြီး ငယ့်အတွက် ဘယ်သူမှရှိမနေတာ သိပ်ကျေနပ်စရာပဲ...."

ရှိသမျှအသံအကုန်ဖြင့်အော်ဟစ်ပြောဆိုခဲ့ကာ အိမ်မှထွက်လာခဲ့တော့သည်။ မာမီများ လှမ်းတားမလားလို့ သွန်း မျှော်လင့်မိပေမဲ့ ကျောနောက်ကတိတ်ဆိတ်နေတဲ့ အသံကြောင့် ရင်ထဲမှာ ဟာခနဲပင်ဖြစ်ရသည်။ ခြံအရှေ့ကိုရောက်သည်နှင့် အိမ်ထဲမှာတုန်းက ထိန်းထားသမျှ မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးမိသည်။

ကိုကို့အပေါ်မနာလိုမိတာမဟုတ်ပေမဲ့ သွန်းအပေါ် မေတ္တာမရှိတဲ့ မိသားစုဝင်တွေရဲ့ စိတ်ရင်းအမှန်ကို သိရတော့ ရင်ထဲမှာမချိအောင်ခံစားရသည်။ ကိုယ့်ကိုယ်ကိုယ် ဒီအိမ်ကမိသားစုတွေရဲ့ သွေးသားအရင်းမဟုတ်ဘဲ မွေးစားထားခံရသလားလို့ပင် တွေးမိတော့သည်။

" L "Where stories live. Discover now