ရေချိုးခေါင်းလျှော်ပြီးလို့ ဆံပင်ရေသုတ်နေရင်း အခန်းထဲကိုဝင်လာသူက မေမီမုန်းပင်ဖြစ်သည်။သူမသည် ဇွဲထက်သွင်အခန်းထဲရောက်သည်နှင့် တံခါးကိုပါ လော့ချလိုက်သည်။ ထို့နောက် ဒေါသမာန်အပြည့်ဖြင့် ဇွဲထက်သွင်အနားသို့ တစ်ဖြည်းဖြည်း လျှောက်လာကာ အားပြင်းပြင်းဖြင့် ဇွဲထက်သွင်၏ ပါးပြင်တစ်ဖက်ပေါ်သို့ သူမရဲ့ လက်တစ်ဖက်က ပြင်းထန်စွာ ကျရောက်သွားသည်။
အားပါပါရိုက်ချက်ကြောင့် ကျိန်းစပ်သွားသော ပါးပြင်တစ်ဖက်ကို ကိုင်ရင်း မေမီမုန်းကိုကြည့်လိုက်သည့် ဇွဲထက်သွင်၏ မျက်နှာတွင် ကြောက်ရွံမှုနှင့် ဝမ်းနည်းမှုတွေပေါ်လွင်နေသည်။
"နင်ကမြန်မာစကားနားမလည်ဘူးထင်တယ် နင့်လိုကောင်က သူ့ကားပေါ်လိုက်စီးပြီး အိပ်ပြန်လာချင်သေးတယ်ပေါ့"
"........................."
မေမီမုန်းကို မည်သည့်စကားမှပြန်မပြောဘဲ စက်ရုပ်ပမာ မတ်တပ်ရပ်နေမိသည်။
"နင်နဲ့သူနဲ့ တန်လို့လား ငါနင့်ကိုပြောထားပြီးသားနော် နင်သူ့ကိုမှန်းဖို့မစဉ်းစားနဲ့ နင့်အကြည့်တွေ နင့်စိတ်တွေကို ပြင်ထားလိုက် သူကနင့်လို အခြောက်ကောင်မဟုတ်ဘူး နောက်တစ်ခါ နင်နဲ့သူနဲ့ ကိုအတူထပ်တွေ့ရရင် နင့်ပါးကို ငါ့လက်နဲ့ မရိုက်ဘူး နင့်အသားကိုထိရတာ ငါရွံလို့ ငါ့ဖိနပ်နဲ့ ရိုက်မှာ ဒါငါလာပြီးသတိပေးတာ"
ဆိုပြီး အခန်းထဲမှ မေမီမုန်းသည် ပြန်ထွက်သွားသည်။ ဇွဲထက်သွင်လည်း ကုတင်ဘေးရှိကြမ်းပြင်ပေါ်တွင်သာ ထိုင်ချလိုက်ပြီး ကုတင်ကိုမှီထားလိုက်သည်။ ကုတင်အစွန်းတွင် ခေါင်းကိုအသာလှဲချလိုက်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။
ကျိန်းစပ်နေတဲ့ ပါးပြင်ထက် ၊ လက်ရာထင်ကျန်နေသော ပါးပြင်ထက် သို့ နာနာကျင်ကျင်စီးကျလာသည်က မျက်ရည်စီးကြောင်းပင်။
ဇွဲထက်သွင် ကားမှတ်တိုင်တွင်ရှိနေခဲ့စဉ်က မေမီမုန်းနှင့် ခင်တဲ့သူတစ်ယောက် ထိုကားမှတ်တိုင်တွင်ရှိနေသည်။ ထိုသူကလှမ်းပြောလိုက်ခြင်းကြောင့် မေမီမုန်းသိသွားခဲ့ရသည်ကို ဇွဲထက်သွင် မီးဖိုချောင်တွင်ရေဘူးသွားယူစဉ် မေမီမုန်းနှင့် ထိုသူနှင့် ဖုန်းပြောနေတာကို ကြားခဲ့ရခြင်းကြောင့်ဖြစ်သည်။
YOU ARE READING
" L "
Romanceအချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light