ငြိမ်းချမ်းရာ - ၎

1.7K 99 0
                                    

မနက်​ဖြန်​ လပြည့်​​နေ့ည မာန်​နှင့် မီးပုံးပျံပွဲ သွားရမှာ​တွေးပြီး သူ့မှာ အိပ်​မ​ပျော်​​တော့ ရင်​ဘတ်​ထဲမှာ လှုပ်​လှုပ်​ရွရွဖြစ်​​ကာ အိပ်​မရ နက်​ဖြန်​​နေ့လည်​ အချိန်​ကုန်​​အောင်​ ဘယ်​လို ဖြုန်းရပါ့
"ဟန်​သာငြိမ်း ဟန်​သာငြိမ်း ထ​တော့ ၈နာရီထိုးပြီ ဘုန်းကြီး​ကျောင်း သွားရမယ်​"
အ​မေ့အသံ​ကြောင့်​ သူအလူးအလဲ ထလိုက်​ရသည်
"ထပြီ ထပြီ" ဟု​အော်​ကာ ​ရေချိုးခန်းထဲ ​ပြေးဝင်​ရသည်
စတစ်​​ကော်​လာနဲ့ ပုဆိုး ဝတ်​ပြီးထွက်​လာလိုက်​သည်
အ​မေက​တော့ ထမင်းစားပွဲမှာ ​စောင့်​​နေပြီ
"လာ မြန်​မြန်​​ကော်​ဖီ​သောက်​ သီလယူတာ မမှီဘဲ​နေမယ်​"
သူနဲ့ အ​မေ ရက်​ကွက်​ထဲက ဘုန်းကြီး​ကျောင်းဆီ လက်​ချင်းချိတ်​ရင်း လမ်း​လျှောက်​သွားကြသည်​ ရက်​ကွက်​ထဲက လူ​တွေအဖို့ သူပုဆိုး ဝတ်​ခြင်းကို အခုထိ အသားမကျ​သေးပုံ ခုထိ သူ့ကိုမြင်​ရင်း အပြစ်​ရှာတုန်း ဒါ​တောင်​ ကိုယ်​က ကိုယ်​​နေတတ်​သလို ​နေတာကလွဲရင်​ ဘာမှ အပြစ်​မရှိ​အောင်​​နေတတ်​သူ ​ယောက်ျား​လေး​တွေနဲ့ တန်းတူ အရက်​​သောက်​ ကွမ်းစား ​ဆေးလိပ်​​သောက်​ခြင်းမျိုးကို သူ ​ဝေး​ဝေးက ​ရှောင်​သည်​ ဒါ​ကြောင့်​လည်း အ​မေက သူ့ကို အစစအရာရာ ယုံကြည်​​စိတ်​ချ​ပေးသည်
"ဟဲလို ဟန်​သာလား"
"မာန်​ ​ပြော"
"ဘယ်​ချိန်​​လောက်​ သွားကြမလဲ "
"ညပွဲက ၈နာရီ​လောက်​ စမှာ ဒါ​ပေမယ့်​ လမ်းပိတ်​မှာနဲ့ ကိုယ်​တို့ ၆နာရီ​လောက်​သွားတာ​ပေါ့"
"အင်း အာ့ဆို ၆နာရီ​လောက်​ ဟိုတယ်​လမ်းထိပ်​မှာ ​စောင့်​​နေမယ်​​လေ ok"
"မာန်​ အ​နွေးထည်​ ထူထူဝတ်​ခဲ့​နော်​"
"အင်းပါ see you bye"
"bye "
လေးနာရီထိုးပြီမို့ ဟန်​သာလည်း Rain တို့ကို အစာ​ကျွေးဖို့ ပြင်​ရသည်​ သူမသွားခင်​ ​ကျွေးခဲ့ရမည်​​လေ
ဂျင်း​ဘောင်းဘီရယ်​ ဆွယ်​တာရယ်​ ဆွယ်​တာ​ပေါ်က အားကစားဂျာစီလက်​ရှည်​ရယ်​ ကုတ်​အင်္ကျီအထူရှည်​ရယ်​ အ​နွေးဦးထုပ်​​ဆောင်း ok ကိုယ့်​မြို့​ကြောင်း ကိုယ်​သာ သိပါသည်
"​စောင့်​​နေတာကြာပြီလား"
မာန့်​အ​မေးကို သူ​ခေါင်းယမ်းပြီးသာ ​ဖြေလိုက်​သည်​ မာန်​တ​ယောက်​တည်း လမ်းထိပ်​မှာ ​စောင့်​​နေရမှာ မလိုလားတာ​ကြောင့်​ သူ​သက်​သက်​​စောထွက်​ခဲ့ခြင်း ဖြစ်​သည်
"မာန်​ ကလည်း အ​နွေးထည်​ထူထူဝတ်​ပါဆို"
ဟူဒီပါးပါးကို ဂျင်းအင်္ကျီလက်​ရှည်​သာ ထပ်​ထားသည်
"ဒီ​လောက်​ဆို ​နွေးတာဘဲ​လေ"
"ကဲ တတ်​ ကား​ပေါ်"
အ​မေ့ရဲ့ ဆလွန်းကား​လေးသာ သူယူခဲ့သည်​ ​လောကကြီးက သာယာလှပါဘိ
မီးပုံပျံ ကွင်းထဲ​ရောက်​​တော့ ကားပါကင်​​တွေပင်​ ပြည့်​​နေ​ချေပြီ ကွင်းနဲ့နီးရာ မြို့ပတ်​လမ်းပါကင်​တွင်​ သူကားထိုးပြီး ​မာန့်​အား အ​နွေးဦးထုပ်​​ဆောင်း​ပေးကာ နှာ​ခေါင်းစီးတပ်​ခိုင်းလိုက်​သည်
"ကဲ မာန်​ သွားကြစို့"
လပြည့်​​နေ့မို့်​ လူ​တွေစည်​ကားချက်​မှာ လမ်း​တောင်​မနည်း​လျှောက်​ရသည်​ ကွင်းထဲ​ရောက်​​တော့ သူတို့ထိုင်​စရာ​နေရာပင်​မရ​တော့
"မာန်​ အဆင်​​ပြေလား"
"​ပြေပါတယ်​ ဟန်​သာရဲ့ လူတိုင်း ဒီလိုဘဲ ကြည့်​​နေတာဘဲကို"
စိန်​နားပန်​(မီးဆိုင်းချိတ်​ထား​သော အလှမီးပုံပျံ)မီးပုံပျံကြီးကား ​ကောင်းကင်​​ပေါ် တက်​ချင်​​နေပုံ ​အောက်​က အဖွဲ့​တွေကလည်း အားရပါးရ ကရင်း သူတို့ မီးပုံးပျံ ကိုအား​ပေး​နေသည်

ငြိမ်းချမ်းရာ Donde viven las historias. Descúbrelo ahora