ဟန်သာ ထမင်းစားပြီးကတည်းက အခန်းပြင်မထွက်တော့ဘဲ သီချင်းနားထောင်ကာ ဘာမှမတွေးဘဲ အားလုံးကို မေ့ထားပြီး တီးလုံးအတိုင်းသာ မျောနေလိုက်သည် ထိုစဉ်မှာဘဲ သူ Hah ရဲ့ စူးစူးဝါးဝါး ထိုးဟောင်နေသံကို ကြားလိုက်ရသည်
ဟေမာန် Hah ကိုရေသုတ်ပေးပြီး ရေချိုးလိုက်သည် ပြီး Hah ကို သူမထမင်းကျွေးဖို့ ပြင်ရသည် Hah လေးခမျာ သူမနားကမခွာဘဲ သူမကို အရိပ်တကြည့်ကြည့်ပါ ထမင်းစားနေသော Hah ရဲ့ ခေါင်းကို ပွတ်ပေးလိုက်သည် သူမ Hah နားကအထ ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသော်လည်း အားတင်းပြီး အိပ်ခန်းဘက်လျှောက်လာလိုက်သည် စိတ်ကဘယ်လိုပင်ဆောင်နေပါသော်လည်း ကိုယ်က မလိုက်နိုင်တော့ပါ သူမ အိပ်ခန်းရှေ့မှာ ပုံလျက်သား လဲကျသွားသည် Hah လည်း သူမနားပြေးလာသည် သူမအသက်ရှူသံတွေ မြန်လာပြီး မောလာသည် တဖြည်းဖြည်း နဲ့ သူမ အသက်ရှူရခက်လာသည် သူမ သေရတော့မှာလား ဟင့်အင် သေလို့မဖြစ်သေးဘူး ကို ကျေနပ်တဲ့အထိတောင်းပန်ရဦးမှာ ကို ခွင့်မလွှတ်သေးဘဲ သူမ သေလို့မဖြစ်သေးဘူး ဘယ်လိုပင်အားပြုသော်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းတခုမှ လှုပ်ရှားမလာ ကို ရေ ကိုလာပါဦး မာန် ကို့ ကို အရမ်းတွေ့ချင်နေလို့ပါ ကို့ရဲ့ အပြုံးလေးဖြစ်ဖြစ်မြင်ရဖိုပေါ့ ဟေမာန် ပူလောင်ခြောက်သွေ့နေသော ခံတွင်းထဲသို့ တံတွေးမျိုချရန် ကြိုးစားလိုက်ချိန်မှာပင် သူမ အမှောင်ကမ္ဘာထဲ ရောက်ရှိသွားသည်
ဟန်သာ Hah ဟောင်သံတွေကြောင့် အိမ်ပြင်ထွက်ပြီး ဟိုဘက်အိမ်ကို ကြည့်မိသည် မီးတွေလင်းလျက်ပါဘဲ မာန့်ကိုတော့မတွေ့ပါ Hah ကအိမ်အပြင်ထွက်လာပြီး သူ့ကို့တွေ့တော့ ပိုပြီးစူးစူးဝါးဝါး ဟောင်လာသည် သူလည်း Hah ကိုစိတ်မကြည်တာမို့ ဂရုမစိုက်ဘဲ အိမ်ထဲပြန်ဝင်လိုက်သည် Hah ရဲ့အသံတိတ်သွားတာကြောင့် သူလှည့်ကြည့်တော့ ခြံစည်းရိုးကျော်ဖို့ ခုန်နေသည်ကို တွေ့လိုက်ရသည် ခြံစည်းရိုးက အမြင့်ကြီးမို့ မကျော်နိုင်ဘဲ တံတိုင်းနှင့်တိုက်ပြီး ပြုတ်ကျသည် Hah ပုံစံက နာကျင်နေသော်လည်း ထပ်ကာထပ်ကာ ခုန်နေသည်မို့ သူမကြည့်ရက်တော့ပါ
"Hah လာ"
သူခြံတံခါး သွားဖွင့်ပေးလိုက်ပြီး Hah ကိုလှမ်းခေါ်လိုက်သည် မလာပါ
"Hah လာလေ"
သူထပ်ခေါ်လိုက်သည် Hah က သူ့ဘောင်းဘီစကို ကိုက်ဆွဲပြီး ဟိုဘက်ခြံထဲ အတင်းဆွဲခေါ်သည် သူကလည်း အတင်းပြန်ရုန်းသည် ဘောင်းဘီပင်ပြဲထွက်သွားသည်
"Hah ဘာဖြစ်နေတာလဲ"
သူအော်လိုက်သော်လည်း Hah က သူ့ကို ဟိုဘက်ခြံထဲသာ အတင်းပို့နေသည် သူကပြန်လှည့်သော်လည်း ဇွတ်ပိတ်ထားသည် Hah ၏ ဆောက်တည်ရာမရ ပုံစံက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်
"ငါ့ကို ဟိုဘက်အိမ်ထဲ ဝင်စေချင်တာလား ok ငါသွားမယ်"
သူဘယ်လိုမှ ထိန်းမရတဲ့အဆုံး ဟိုဘက်အိမ်သွားဖို့ ပြင်လိုက်သည် Hah ကသူ့ကို ဦးဆောင်ကာ အိမ်ထဲခေါ်သွားသည်
"မာန်"
အခန်းတံခါးရှေ့မှာ လဲကျနေသော မာန့်ကိုတွေ့တော့ သူပြေးသွားပြီး ကြည့်လိုက်သည် မျက်နှာတခုလုံး ဖြူဖျော့လျက် မှိတ်ကျနေသော မျက်ဝန်းထောင့်မှာ မျက်ရည်တွေက တွဲခိုနေသည် သူပွေ့ချီလိုက်တော့ တကိုယ်လုံးပျော့ခွေလျက်ပါလာသည် ရုတ်တရက် သူဘာလုပ်ရမှန်းမသိဖြစ်နေသည်မို့ မာန့်ကို အရင် အခန်းထဲသွင်းကာ ခုတင်ပေါ်ပွေ့တင်လိုက်သည် ပြီးမှ မမသန့်ကို သတိရသည်မို့ သူဖုန်းထုတ်ကာ မမသန့်ကို ဖုန်းခေါ်လိုက်သည်
"မမသန့်လား လုပ်ပါဦး မမသန့် မာန်ဘာဖြစ်တာလဲမသိဘူး ခေါ်လို့မရတော့ဘူး"
"ဟန်သာ ဖြည်းဖြည်းချင်းပြော မမသန့် နားထောင်နေတယ် ဟေမာန် ဘာဖြစ်တာလဲ မူးလဲတာလား ဘယ်ချိန်ကလဲ"
"မသိဘူး ကျွန်တော်ခုမှ တွေ့တာ သူမေ့လဲကျနေတာ တွေ့လို့ ဆေးရုံ သွားဖို့လည်း အဆင်မပြေလို့်"
"ဟန်သာ ဟေမာန့်ကိုယ်စမ်းကြည့်စမ်း တအားပူနေလား"
မမသန့် စကားကြောင့် သူ နဖူးစမ်းလိုက်သည်
"မပူဘူး အသက်ရှူတာတော့ အရမ်းနှေးတယ်"
"ဟုတ်ပြီ ဟန်သာ ဟေမာန့်ကိုကြည့်နေ အသက်ရှူမရပ်စေနဲ့ မမသန့်သူငယ်ချင်း မေမြို့မှာ တာဝန်ကျနေတာရှိတယ် မမသန့်ချက်ချင်းလွှတ်လိုက်မယ် ဟန်သာ ဟေမာန့်ဘေးကနေသေချာကြည့်ထား"
"ဟုတ် မမသန့်"
သူ မာန့်မျက်နှာကို မလွတ်တမ်းကြည့်ရင်း မာန့်အသက်ရှူသံကို စိတ်မောစွာ နားထောင်နေရသည်
အိမ်ရှေ့က ကားသံကြောင့် သူအပြင်ထွက်ပြီး ခြံတံခါးပြေးဖွင့်လိုက်သည်
"လူနာရော"
ဆရာဝန်က ကိုယ့်ထက်လောနေသည်မို့ သူပိုစိုးရိမ်သွားပြီး မာန်ရှိရာအခန်းသို့ ခေါ်လာလိုက်သည် ဒေါက်တာက အသက်ရှူနှုန်းစစ်ပြီး hydro100၂လုံး ထိုးလိုက်သည်
"ကဲ တို့သူ့ကိုစောင့်ကြည့်ရအောင် သူအသက်ရှူနှုန်း ပုံမှန်ဖြစ်ပြီး သွေးရောင်လွှမ်းလာမှ ဆေးချိတ်တာပေါ့ အကယ်၍ နာရီဝက်အတွင်း သူပုံမှန်ပြန်မဖြစ်ရင်တော့ ဆေးရုံတင်ရလိမ့်မယ်"
"ဟုတ် အမ သူကဘာဖြစ်တာလဲ"
"မောင်လေး နားလည်အောင် ပြောရရင် အဲ့ဒါက ကားလိုဆိုရင် အင်ဂျင်ဆီပျက်သွားပြီး စက်ရပ်သွားသလိုဘဲ သူလည်း အာ့လိုဖြစ်သွားတာ ခုဆေးထိုးပြီး ချက်ချင်း သူ့အင်ဂျင်လည်အောင် လုပ်ပေးထားတယ် အဲ့ဒါမှ မရရင် အောက်ဆီဂျင်ပေးပြီး ကူပေးရမှာ အဲ့ဒါကြောင့် စိုးရိမ်ရတယ်လို့ပြောလို့ရသလို သူ မြန်မြန်လည်း ပြန်ကောင်းသွားနိုင်တယ်"
သူ ဒေါက်တာပြောတာ နားထောင်ရင်း မာန့်မျက်နှာကိုသာ ကြည့်နေမိသည် ဒီကလေးမ ဘာဖြစ်လို့ ဒီလိုဖြစ်အောင်နေတာလဲ သူရချင်တဲ့ အကယ်ဒမီ လည်း ရနေပြီဘဲဟာ အစစအရာရာ အောင်မြင်နေတာကို ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး
"မောင်လေး စိတ်ပူစရာတော့ သိပ်မလိုတော့ပါဘူး သူအသက်ရှူရပ်မသွားတာကိုက အခြေအနေကောင်းနေတာဘဲလေ"
ရှေ့က ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော ကောင်လေးအား သူမဖြေသိမ့်လိုက်သည်
"ဟုတ်ကဲ့ပါ အမ"
ဟန်သာပြန်ဖြေလိုက်သော်လည်း စိတ်အေးအေးထားလိုမရ အကယ်၍ မာန် သာတခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
"ဟော ကြည့်လေ မျက်နှာသွေးရောင်လွှမ်းနေပြီ တကယ်လို့ သူ့အခြေနေဆိုးလာရင် အသက်ရှူနှုန်းထပ်ကျသွားမှာ ခုက အခြေနေကောင်းလာပြီလို့ ပြောရမှာ အမ ကိုဆေးချိတ်ဖို့ ကူပေးဦး"
"ဟုတ် အမ"
သူတို့ ပြောပြောဆိုဆိုဖြင့် ဆေးချိတ်ရန် ပြင်ဆင်ကြသည်
"ကဲ လူနာလည်း စိတ်ချရပြီဆိုတော့ အမ ပြန်နားဦးမယ် တခုခုဆို အမကိုဖုန်းဆက်ပေါ့ အမဖုန်းနံပါတ်ယူထားလေ လူနာကို နားနားနေနေ နေခိုင်းပြီး အားမွေးပါစေ ပိုက်ဖြုတ်တာက မောင်လေး ဖြုတ်တတ်တယ်မလား"
"ဟုတ် ဖြုတ်တတ်ပါတယ် ခြံထဲမှာလည်း ကိုယ်တိုင်လုပ်နေကျပါ အမကျေးဇူးပါ ဖြည်းဖြည်းနော်"
ဟန်သာ ဒေါက်တာ့ကို ကားနားပို့ပြီး မမသန့်ကိုဖုန်းခေါ်လိုက်သည်
"မမသန့် မာန် သက်သာတယ်လို့ လှမ်းပြောတာ မမသန့်သာ မကူညီရင် ကျွန်တော်ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး"
"အေးပါ ဟန်သာရယ် ဟေမာန့်ကို ဂရုစိုက်လိုက်ဦး"
"ဟုတ် နောက်ကျနေပြီ မမသန့် အိပ်တော့နော်"
"အေး အေး ဟန်သာ good night ပါ"
ဟန်သာပြောပြီး မာန် ဆေးချိတ်ထားရာ လာပြီး ဆေးကျမကျ ပြန်စစ်လိုက်သည် မာန် တော်တော် ပင်ပန်းသွားပုံရသည် နဖူးမှာချွေးတွေကိုစို့လို့
"အမြဲတမ်း ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားတယ် ပြီးရင် ပြန်ရောက်လာတယ် မာန် ကို့ ကိုမသနားဘူး လား"
သူ မာန့်နဖူးက ချွေးစတွေဖယ်ရင်း တယောက်တည်း စကားတွေပြောနေမိသည် မာန် ကို့ဆီပြန်လာချင်ပေမယ့် လက်မခံရဲဘူးမာန် ကျန်ခဲ့တဲ့အဖြစ်မျိုး ထပ်ဖြစ်မှာ ကို ကြောက်တယ် မာန့်ဘဝနဲ့ ကို့ဘဝက ပေါင်းစပ်ဖို့မလွယ်ကူဘူး မာန်ရဲ့
သူ မာန့်ဆေးပုလင်းကုန်တော့ ဖြုတ်ပေးပြီး စောင်ပါးပါးလေး ခြုံပေးလိုက်သည် မာန် အားရှိအောင် အနားယူလိုက်ပါဦး သူလည်း ခဏနေတော့ အိပ်ချင်လာသည်မို့ ခုတင်ပေါ်တက်ကာ မာန့်ခေါင်းလေးကို သူ့လက်မောင်းပေါ်တင်ကာ ရင်ခွင်ထဲထည့်လိုက်သည် မာန့်ရဲ့ အသက်ရှူသံကို သူကြားဖို့လိုအပ်သည်လေ
သူမ စိတ်တွေငြိမ်းချမ်းပြီး ပူပန်မှုဆိုတာ မခံစားရ ဘဲ ပေါ့ပါးကာ လွင့်မျောနေမိသည် ငြိမ်းချမ်းမှု ဒီ ငြိမ်းချမ်းမှုမျိုးက ကို့အနားရှိနေချိန် ကို့်အချစ်တွေကို ခံစားမိချိန်မှာ ရတဲ့ငြိမ်းချမ်းမှုဘဲ ကို ရှိနေတာလား မာန့်နားမှာ ကိုရှိနေတာလား မာန် စိတ်ကိုတင်းပြီး မျက်လုံးဖွင့်ဖို့ကြိုးစားနေချိန်မှာဘဲ ကို့ရဲ့ ကိုယ်သင်းနံ့ကို ရလိုက်သည် ကို ရှိနေတာပေါ့ သူမ ထပ်ကြိုးစားပြီး မျက်လုံးဖွင့်ကြည့်ချိန်မှာ ကို့ရဲ့ရင်ခွင်ထဲရောက်နေသည်ကို သတိထားမိလိုက်သည် ဒါအိပ်မက်လား အိပ်မက်မဟုတ်ပါစေနဲ့ ဆုတောင်းရင်း ရင်ခွင်ထဲတိုးဝင်ကာ ကို့ ကို ဖက်ထားလိုက်သည် ပြန်စဉ်းစားကြည့်တော့ သူမ မူးလဲသွားတာဘဲ မှတ်မိသည် ဒါဆို ကို ရောက်လာတာပေါ့ မာန့်အနား ကိုရောက်လာတယ်ဆိုတာနဲ့တင် မာန် ကျေနပ်ပါပြီ ကိုရယ်
ဟန်သာ ရင်ခွင်ထဲက လူးလွန့်မှုတွေနဲ့အတူ ကိုယ့်ကို လာဖက်သော အထိအတွေ့ တဖန် ရင်ဘတ်မှာ စိုစွတ်လာသော ပူနွေးနွေးမျက်ရည်တို့ကြောင့် မာန်သတိရလာပြီဆိုတာ သိလိုက်သည် သူ မာန့်ကျောပြင်ကို ပွတ်ပေးလိုက်သည်
"ကို"
"ဘာမှလည်း မပြောနဲ့ ဘာမှလည်း မတွေးနဲ့ အရင်အိပ်လိုက်ဦး"
သူ မာန်အိပ်ပျော်သွားတဲ့အထိ ကျောသပ်ပေးနေလိုက်သည်
Hah ရဲ့ဟောင်သံကြောင့် နှစ်ယောက်လုံး နိုးလာခဲ့သည် သူနာရီကြည့်တော့ ၅နာရီခွဲသာ ရှိသေးသည်
"ပြန်အိပ်လိုက်ဦး စောသေးတယ်"
သူ မာန့်ကို ပြောပြီး အိမ်ရှေ့ထွက်လာတော့ အိမ်ရှေ့မှာ ကုပ်ချောင်းကုပ်ချောင်း လုပ်နေသည့် လမင်းအိမ်နဲ့ သဇင့်ကို တွေ့လိုက်ရသည်
"ကိုကြီး"
လမင်းအိမ်ခမျာ လန့်သွားသလို အံ့လည်းအံ့သြသွား မိသည် တကယ်ဆို ကိုကြီးက ဒီအိမ်ရောက်နေစရာ အကြောင်းမှမရှိတာ ခုမှ အိပ်ရာထလာပုံဆိုတော့ အခြေနေအတော်ကောင်းနေပုံရသည်
"လာ နှစ်ယောက်လုံး အိမ်ထဲဝင်ခဲ့"
ဟန်သာ ကြောင်ကြည့်နေသောနှစ်ယောက်ကို ခြံတံခါးဖွင့်ပေးကာ အိမ်ထဲ အရင်ဝင်ခိုင်းလိုက်သည်
"သဇင် ရောက်လာတာ အတော်ဘဲ နင့်အမ နေမကောင်းဖြစ်နေတယ် ဒေါက်တာက နေ့လည်တခေါက်လာလိမ့်မယ် ဆေးသောက်စရာတော့ မပေးခဲ့ဘူး အားရှိမယ့်အစားအစာ ကျွေးထားလိုက် ကြားလား သေချာဂရုစိုက်လိုက်ဦး"
"ဟုတ်ကဲ့ အကိုကြီး"
သဇင်ကြောက်ကြောက်လန့်လန့်နှင့်ဖြေလိုက်ရသည် မမ အတော်နေမကောင်း ဖြစ်နေပုံရလို့ သူ ဒီအိမ်မှာ ရှိနေတာဖြစ်မည်
"အဲ့ဒါဆို ပြန်တော့မယ် ခြံထဲမှာ သူလျှိုရှိမှန်း ခုမှသိတော့တယ်"
အိမ်ထဲကထွက်ရင်း ပြောသွားသော ဟန်သာ့စကားကြောင့် လမင်းအိမ်မှာ ဖင်ပင်ရှူံ့သွားရသည်
ဟန်သာသွားတော့မှ နှစ်ယောက်သား ဟေမာန့်အခန်းသို့ အပြေးအလွှား သွားရတော့သည်
"သဇင် ဘယ်လိုရောက်လာတာလဲ"
နိုးနေပြီဖြစ်သော ဟေမာန်က သူတို့ဝင်ဝင်လာချင်း လှမ်းမေးသည်
"မမ ကို စိတ်မချလို့လိုက်လာတာ ခုတောင် ဖျားနေတာ မဟုတ်လား"
သဇင့်ပုံစံကြောင့် ဟေမာန်ရယ်လိုက်သည်
"အဲ့ဒါဆို မမနားနေလိုက်ဦးနော် သဇင် မမအတွက် တခုခုသွားချက်လိုက်ဦးမယ်"
"မ လည်း ပင်ပန်းလာတာကို ချက်မနေနဲ့ အပြင်ကဘဲသွားဝယ်ကြစို့်"
လမင်းလည်း အိမ်မပြန်ဖြစ် ခြံထဲလည်း မသွားရဲဘဲ သဇင့်နားမှာသာ သောင်တင်နေတော့သည်
"ကိုကြီး ကိုပြန်လက်ခံမယ်ထင်တာ ၂ရက်တောင် ရှိပြီ ဒီအိမ်ဘက်ကို ကပ်တောင်မကပ်ဘူး"
လမင်းစကားကြောင့် သဇင်ငိုင်ကျသွားသည်
"တကယ်လို့ လမင်းတို့သာ ရောက်မလာရင်တောင် နေမကောင်းတာကို ပြုစုရင်းနဲ့ ပိုနီးစပ်ချင် နီးစပ်သွားမှာ ခုတော့ တချက်တောင် လာမကြည့်ဘူး"
ဟုတ်ပါတယ် ၂ရက်လုံး ဟန်သာ ဟေမာန့်ဆီမလာခဲ့ ပါ မနက်အစောကတည်းက ခြံထဲသွားပြီး ညမိုးချူပ်မှသာ ပြန်ရောက်သည် ဟေမာန် ညဆို ကို့ အခန်းဘက်ကို ကြည့်မိသည် စောစောမီးပိတ်သွားတတ်သည့် အခန်းလေးပေါ့ ကို့အတွက် မာန်ဆိုတာ အရေးမပါတော့ဘူးထင်ပါရဲ့ မာန် စောင့်နေတာ ကို မာန့်အနားလာနိုးနိုးနဲ့ပေါ့ မာန် မခံစားနိုင်ဘူး ကို ရယ် ကို့ဥပေက္ခာဒဏ်တွေခံစားရတာ အရမ်းပင်ပန်းတယ်
သူမ အိပ်ရာပေါ်မှာ ငိုနေမိသည်
"ဒေါက် ဒေါက်"
ပြတင်းပေါက်မှ အသံကြောင့် ဟေမာန်တုန်နေအောင် လန့်သွားပြီ ပြတင်းပေါက်ပြေးဖွင့်လိုက်သည် ဟုတ်ပါတယ် ကို မှ ကို အစစ်ပါ
"ကို"
"ငိုနေပြန်ပြီလား ဘာလို့တချိန်လုံး ငိုနေတာလဲ"
မာန် ငိုနေတတ်တာကို ကို ဘယ်လိုသိပါလိမ့်
"ခြံထဲက ပြန်လာတိုင်း မင်း ငါ့အခန်းဘက်ကြည့်နေတာ သိတယ် ညလည်းနောက်ကျမှ အိပ်တာမလား နေမကောင်းတဲ့လူက နားရမယ်ဆိုတာ မသိဘူးလား"
တွေတွေလေး ဖြစ်သွားသော မာန့်ကို သူငေါက်လိုက်သည် ကိုလည်း အမှောင်ထဲကနေ မာန့် ကို ကြည့်နေခဲ့တာပါမာန်ရယ်
"မသိဘူး ခုချိန်မှာ မာန် ကို့အနားနေချင်တာကလွဲပြီး ဘာမှမသိဘူး"
"မင်း ဘယ်ချိန်ထိ ခေါင်းမာနေဦးမှာလဲ ခုလည်း သက်သာနေပြီဘဲ ရန်ကုန်ပြန်တော့"
"မပြန်ဘူး ကို့အနားမှာ အပြီးနေဖို့ လာတာပါဆို"
"မင်း အလုပ်မလုပ်တော့ဘူးလား"
"မလုပ်တော့ဘူး မာန်က ကို့အနားမှာဘဲ နေတော့မှာပါဆို"
"မင်း အိမ်ကရော ဘယ်လိုလုပ်မှာတုန်း"
သူ့စကားကြောင့် နှုတ်ခမ်းတထော်ထော်နဲ့ ပြန်ပြောနေရာက မာန် ငိုင်ကျသွားသည်
"မသိဘူးကို ဒါပေမယ့် သေချာတာက သူတို့ဘယ်လိုဘဲဆုံးဖြတ်ဆုံးဖြတ် ကို့အနားမှာဘဲနေမှာ"
"ဘာဖြစ်လို့ တအားသေချာနေတာလဲ"
"မာန် ကိုမရှိတဲ့ လမ်းကိုလျှောက်ခဲ့ပြီးပြီ မာန်ထပ်မလျှောက်နိုင်ဘူးကို မာန် သေသွားလိမ့်မယ် မာန်တို့ ရန်ဖြစ်ပြီး ပြန်ချစ်လို့ရတာဘဲလေ မာန်တို့ကြားမှာ တခြားလူမရှိလောက်အောင်ထိ မာန်တို့ သိပ်လွမ်းပြီး ချစ်ခဲ့တာဘဲကိုရယ် မာန် ကို့အနားပြန်နေပါရစေ"
မာန် ပြောပြောဆိုဆို နဲ့ ကိုခါးအားဖက်ပြီး ကို့ရင်ခွင်ထဲဝင်လိုက်သည်
"ကိုသိလား မာန် ကို့ရင်ခွင်ထဲမှာနေရတဲ့အချိန်မှာ ရတဲ့ငြိမ်းချမ်းမှုမျိုးကို ဘယ်နေရာကမှ မခံစားဖူး ဘူး အရမ်းချစ်တယ်ကို"
ရင်ခွင်ထဲမျက်နှာအပ်ရင်း ပြောနေသော မာန့်ရဲ့စကားများကို နားထောင်ရင်း သူ မာန့်ဆံပင်လေးတွေကိုနမ်းလိုက်သည်
"ကို လည်း မာန့်ကိုအရမ်းချစ်တာဘဲလေ မာန်ရဲ့"
ကို့ရဲ့စကားကြောင့် မာန် မော့ကြည့်မိချိန်မှာဘဲ ကို က မာန့်နဖူးလေးကို ထပ်နမ်းသည်
မာန့်ရင်ခုန်သံတွေမြန်လာရသည် ချစ်သူဖြစ်စ အချိန်များလိုပါဘဲ အတွဲတွေ ရန်ဖြစ်ပြီးရင် ပိုချစ်ကြတယ် ဆိုတာ ဒါမျိုးထင်ပါရဲ့
"ကို့မျက်နှာကို ကြည့်လို့မဝဖြစ်နေတာလား"
ကို့စကားကြားမှ မာန် သတိဝင်လာခဲ့သည်
"အင်းပေါ့ ကို က မာန့်ကိုပစ်ထားတာ "
"၂ရက်တည်းပါ မာန်ရဲ့ ကို့မှာ အလုပ်တွေအရမ်းများနေလို့"
"၂ရက်တောင်လေ ကို့မှာ မာန့်ထက်အရေးကြီးတာ မရှိနဲ့ကွာ မာန့်အတွက်လည်း ကို က အရေးကြီးဆုံးဘဲမှတ်ထား"
"အဟား ဟုတ်ပါပြီ မာန့်အလုပ်တွေ ပစ်ထားခဲ့တာပေါ့"
"မဟုတ်ဘူးကို မာန် အနုပညာအလုပ်ကို ဆက်မလုပ်တော့ဘူး ကို့ကို အချိန်မပေးနိုင်မှာမျိုး ကို စိတ်အနှောင့်အယှက်ဖြစ်မယ့်အခြေအနေမျိုး ထပ်အဖြစ်မခံတော့ဘူး ကို့ နားမှာဘဲနေတော့မှာ"
"မာန်ရယ်"
မျက်နှာလေးတည်တည်နဲ့ ပြောနေသော မာန့်ပုံစံကိုကြည့်ရတာ တကယ်ဆုံးဖြတ်ချက်ချပြီးမှန်း သိသာပါသည်
"မာန်ပြောပြီးပြီဘဲ ကို ရယ်အရာအားလုံး ကျောခိုင်းပြီး ကို့နားအပြီးလာတာပါဆို"
သူ့ရင်ခုန်သံတွေကိုသူ မထိန်းချူပ်နိုင်တော့တာကြောင့် မာန့်မေးဖျားလေးဆွဲယူပြီး မာန့်နှုတ်ခမ်းလေးအား နမ်းရှိုက်မိသည် တုံ့ပြန်လာသော မာန့်အနမ်းများကြောင့် သူအသက်ရှူကြပ်မှ လွှတ်မိသည်
"မာန်"
ခဏကအနမ်းကြောင့် မာန့်ခမျာ မော့ကိုမလာတော့ပါ ကိုယ် ခေါ်မှမော့လာတော့သည်
"မာန် ကို့ ကိုအချိန်ပေးနိုင်မလား "
"ပေးနိုင်တာပေါ့ကိုရယ် ကို့အနားနေဖို့ဆိုရင် ဘာလုပ်ရလုပ်ရပါဆို"
"ဟုတ်ပါပြီ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြားလား မာန် နေကောင်းအောင်နေမှ မာန်ဖြစ်ချင်တာတွေ ဖြစ်ရမှာကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်နဲ့"
"အင်းပါ ကို ရဲ့ ကိုလည်းရှိနေတာဘဲ ကို က မာန်ကိုဂရုစိုက်ပေါ့"
သူ့ကိုဖက်ထားရင်း ပြောနေသော မာန့်စကားကြောင့် သူသက်ပြင်းချလိုက်သည် ကို သွားစရာရှိတယ်မာန် ကို တခုခုကို မဖြစ်မနေ အတည်ပြုစရာရှိတာကြောင့် မာန့်နားကထွက်သွားရဦးမယ်
KAMU SEDANG MEMBACA
ငြိမ်းချမ်းရာ
Romansaသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ