အပေါ်ထပ်က အသံတွေ နားထောင်ပြီး ဖြိုး အောက်ဆင်းလာခဲ့သည်
"လမင်း နင်တခုခု သိနေတယ်မလား အဲ့ဒါကြောင့် ငါ့ကို ဆွဲထားတာမလား နင်ဒီကိစ္စတွေ သိတယ်မလား ငါ့ကိုပြောစမ်း"
လမင်းလည်း မထူးတော့ပြီမို့ အကြောင်းစုံ ရှင်းပြရတော့သည်
"ကိုဖြိုး မမဟေမာန် က အရာအားလုံး ကျောခိုင်းပြီး ကိုကြီးနားလာခဲ့တဲ့သူပါ ကိုကြီးဟန်သာနဲ့ မမတို့ကိုယ်တိုင် ဖြေရှင်းကြပါစေ မမလည်း အခွင့်အရေးတခုတော့ ရသင့်တယ်လေ လမင်းတို့ ဘေးကနေဘဲ ကြည့်ရအောင်"
လမင်းအိမ်စကားမှန်နေသည်မို့ ဖြိုး သက်ပြင်းချလိုက်သည် အကယ်၍ တကယ်ချစ်နေသေးရင် ထပ်မဝေးစေချင်တော့ပါ ဒါပေမယ့်ဟန်သာငြိမ်း ပြောသလို ဒီတခါချစ်ပြီးမှ ဝေးသွားရင် ဘယ်လိုလုပ်မလဲ
"ဟာ မသိတော့ဘူးကွာ"
ဖြိုးစိတ်ပျက်လက်ပျက်ခေါင်းခါရင်း မမသန့်ဆီ ဖုန်းဆက်လိုက်သည်
"မမသန့် ကျွန်တော် ဖြိုးပါ ဟန်သာ့ကို စိတ်ပူနေမစိုးလို့ပါ ခုသူခြံမှာ သောင်းကျန်းပြီး မောလို့ အိပ်ပျော်နေတယ် မမသန့်လည်း ခုမှအလုပ်ပြန်ဝင်နေတာမလား ဟန်သာ့အတွက် စိတ်ချပါ အန်တီရော ကျွန်တော်ရော ရှိတယ်"
"အွန်း ဖြိုး ကျေးဇူးဘဲ သူ့အတွက်က စစချင်းမို့ အရမ်းခံရခက်နေတာပါ သူ မာန့်ကိုချစ်နေသေးတာ အသိသာကြီးဘဲလေ မမသန့်တို့ လိုအပ်မှ ဝင်ကြတာပေါ့ ဟန်သာ့ကို သေချာကြည့်လိုက်ဦးနော်ဖြိုး မမသန့် အလုပ်များနေလို့ ဒါဘဲ"
ဖြိုးဖုန်းချရင်း ဘေးကကြည့်ဖို့မဲကများနေတော့ အဲ့ဒီလိုလုပ်ဖို့ဘဲ ဆုံးဖြတ်ချက် ချလိုက်သည်
လမင်း စာရင်းတွေကြည့်ရင်း ဖုန်းလာ၍ ကြည့်လိုက်တော့ မမသဇင်ရယ်ပါ
"ပြော မ"
"လမင်း ခြံမှာလား အခြေနေကောင်းလား"
"မကောင်းဘူး ကိုကြီးဟန်သာ ပေါက်ကွဲတာ ဆိုးဆိုးဝါးဝါးဘဲ အဲ့ဒီလိုကြီး စိတ်ဆိုးတတ်လိမ့်မယ်လို့ စဉ်းတောင်မစဉ်းစားမိဘူး မ လိုက်လာခဲ့မှဖြစ်မယ်ထင်တယ် မမဟေမာန် ကိုကြည့်ပေးမယ့်သူ ရှိမှဖြစ်မယ်"
"အင်း လမင်း မနက်ဖြန်မနက် ကားကွင်းလာကြိုလေ မ ညကားနဲ့လာခဲ့မယ်"
"ဟင် မ ကလမင်းနောက်လိုက်ရဲသေးတယ်လား"
"အင်း ဒီလိုဘဲ သတ္တိမွေးရမှာပေါ့ "
သဇင်ရဲ့ ကျီစယ်သံအောက်မှာ လမင်းအိမ်ကတော့ တိတ်ဆိတ်သွားသည်
"စတာပါ လမင်းရဲ့ အဲ့ဒီတုန်းက အခန့်မသင့်လို့ ဖြစ်တာဘဲဟာ မ ပြင်ဦးလွင် လာဖို့ ပြင်ရဦးမယ် ဒါဘဲနော် ညီမလေး"
"ဟုတ် မ တာ့တာ"
ဟန်သာငြိမ်း ဗိုက်ဆာလာမှ နိုးတော့သည် မနက်ကတည်းက ဘာမှမစားရသေးတာ သတိရသည်
"မသင်း ထမင်းစားဦးမယ်"
မီးဖိုချောင်ထဲသွားပြီး ငိုင်တိုင်တိုင်နှင့် ထမင်းစားနေလိုက်သည် သူ့ခေါင်းတွေ အရမ်းရှူပ်နေတာကလွဲရင် သူဘာမှ စဉ်းစား၍မရပါ
ဟေမာန်နှင်း အိမ်ထဲဝင်ဝင်ချင်း အောက်သိုးသိုးနံ့ကို ခံစားလိုက်ရသည် မနေတာ ၂နှစ်လောက်ရှိတော့လည်း ဒီလိုအခြေအနေပေါ့လေ သန့်ရှင်းရေးစလုပ်ရမည် ပြီးရင် ဈေးဝယ်ထွက်ရမည် အိမ်မှာဘာမှ မရှိ သူမဒီမှာ အမြဲနေမည်ဟု ဆုံးဖြတ်ထားသောကြောင့် သေချာပြင်ဆင်ဖို့ စဉ်းစားနေရသည် ကို ဘယ်လောက်ဘဲ တွန်းထုတ်တွန်းထုတ် သူမ ထွက်သွားဖို့ အစီအစဉ်မရှိပါ သူမဈေးသွားဖို့ အိမ်ရှေ့ကကားဆီ လာခဲ့သည်
"ကျွတ်"
၂နှစ်လောက်ရပ်ထားသော ကားမို့ ဘတ်ထရီဝပ်နေပါပြီ သူမmarkတပ်ရင်း ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာထွက်လာခဲ့သည် ကို့ခြံရှေ့က ဖြတ်လျှောက်တော့ ခွေးဟောင်သံစူးစူးဝါးဝါးကို ကြားလိုက်ရသည် အရင်ကပုံရိပ်တွေက ဦးနှောက်ထဲမှာ စီစီရီရီ ပေါ်လာသည် ခုတော့ ဟောင်နေတာ Jameနဲ့ Rain မဟုတ်သလို သူမလည်း မကြောက်တော့ပါ သူမပုံစံဘယ်လိုပြောင်းထားပါစေ မှတ်မိနေတတ်သော Hahလေး အသံပေးနေတာပါ သူမHah ကိုကြည့်ပြီး ဆက်လျှောက်လာခဲ့သည်
ဟေမာန်နှင်း နာရီဝက်လောက်လျှောက်လိုက်ရသည် ကားဝပ်ရှော့ရောက်မှ အကျိုးအကြောင်း ပြောပြီး ကားပြင်ဆရာခေါ်ရသည် တော်ပါသေးသည် ဘတ်ထရီအသစ်လဲပြီး ကောင်းသွားတာမို့ တာယာတွေကတော့ လဲရမှာသေချာသည်
သူမဈေးနားက တာယာဆိုင်မှာ ကားထားပြီး ဈေးဝယ်ထွက်ခဲ့သည် အိမ်ရောက်တော့ သန့်ရှင်းရေးစလုပ်သည် ဟိုတချိန်က ကိုနဲ့အတူတူသန့်ရှင်းရေးလုပ်ခဲ့သော ပုံရိပ်များမြင်ယောင်လေ ကို့ ကိုပိုတမ်းတမိလေပါဘဲ ကို ရေမြန်မြန်စိတ်ပြေပါနော် မာန် အလျှော့ပေးထားတာမို့ မာန့်ကို အနိုင်ယူဖို့ မာန့်နားပြန်လာပါ ကိုရယ်
စိမ်းလဲ့ဟိုဘက်ခြံမှ အသံများကြောင့် လှမ်းကြည့်နေမိသည် အလုပ်ရှူပ်နေသော ဟေမာန်တယောက်တည်းပါ တချိန်က ဘယ်လောက်ဘဲ မုန်တီးခဲ့ပါစေ မျက်ရည်များသုတ်ရင်း သန့်ရှင်းရေးလုပ်နေပုံက အရမ်းသနားစရာကောင်းနေပါသည် အရင်ကထက်ပိုပိန်ပြီး အားနည်းနေပုံက အတိုင်းသား ကောင်းကောင်းမွန်မွန် ရှေ့ဆက်နေသင့်တာကို ဘာလို့ ခုလိုဖြစ်နေရတာလဲ တွေးတောမရသည်မို့ စိမ်း အိမ်ထဲသာ ဝင်ခဲ့တော့သည်
ဟိုဘက်ခြံက ကားသံကြောင့် ဟေမာန် ဟင်းချက်ရာမှ ထွက်ကြည့်တော့ အန်တီ့ကားပါ ဟေမာန် ခြံနှစ်ခြံကြားက တံခါးကိုဖွင့်ပြီး ဟန်သာတို့ခြံဘက် ကူးလာခဲ့သည်
"အန်တီ"
ရင်းနှီးနေသောအသံကြောင့် ဒေါ်ငြိမ်းရီ ခုံပေါ်ကနေကြည့်လိုက်တော့ အိမ်ပေါက်ဝမှာ ကျူံ့ကျူံ့လေးရပ်နေသော ဟေမာန်နှင်းကို တွေ့လိုက်ရသည်
"အော် သမီးလာ ထိုင်လေ"
ဟေမာန်နှင်း အန်တီရှိရာသွားပြီး အန်တီရှေ့မှာ ဒူးထောက်ချလိုက်သည်
"အန်တီ ဟေမာန်တောင်းပန်ပါတယ် အရင်ကမှားခဲ့ တာတွေအတွက် အများကြီး တောင်းပန်ပါတယ် မျက်နှာပြောင်မိတယ်ဆိုတာ သိပေမယ့် ဟေမာန် တကယ်မနေနိုင်တော့လို့ပါ ဟေမာန် သေလိမ့်မယ် အန်တီ ဒီလိုကြီး ဆက်ရှင်သန်ရမယ်ဆို ဟေမာန် သေသွားနိုင်တာမို့ ပြန်ပြီး ပြင်ဆင်ဖို့ အခွင့်အရေးပေးဖို့တောင်းပန်ပါတယ် သမီး အားလုံးကိုကျောခိုင်းပစ်မှာမို့ ဟန်သာ့ဆီမှာဘဲ နေတော့မှာမို့ အခွင့်အရေး နည်းနည်းလေးလောက်ဘဲ ထပ်ပေးပါ အန်တီ"
မိမိရှေ့မှာ ဒူးထောက်ရက်သား ငိုနေသော ဟေမာန့်ကို ဒေါ်ငြိမ်းရီ ဆွဲထူပြီး ပွေ့လိုက်တော့ ဟေမာန် အကြီးအကျယ်ငိုတော့သည်
"တောင်းပန်ပါတယ်အန်တီ သမီးတောင်းပန်ပါတယ်"
တတွတ်တွတ် ပြောရင်းငိုနေသော ဟေမာန့်ကျောပြင်ကို အသာပွတ်ရင်း ဒေါ်ငြိမ်းရီ ဖြေသိမ့်ပေးနေလိုက်သည် လိုက်ကာအကွယ်မှ ကြည့်နေသော စိမ်းပင် မျက်ရည်ကျရသည်အထိ ဟေမာန်နှင်း၏ ဝမ်းနည်းနာကျင်မှုက အရမ်းပေါ်လွင်နေပါသည်
"သမီး ဟန်သာ့ကို ထားဖို့ဆုံးဖြတ်ခဲ့တုန်းကလည်း အန်တီ သမီးကိုဘာမှမပြောခဲ့သလို သမီးတို့ကိစ္စထဲ အန်တီ ဘာမှမစွက်ဖက်ခဲ့ဘူး လူငယ်နှစ်ယောက်ကြားက ကိစ္စမို့ အန်တီ သမီးတို့စိတ်ကြိုက် ရွေးချယ်ခွင့်ပေးခဲ့တယ် ခုချိန်မှာ သမီး ဟန်သာ့နား ပြန်လာချင်ပါတယ်ပြောလည်း အန်တီ ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး အန်တီပြောတာ သမီး သဘောပေါက်လား ဟန်သာ့ဆုံးဖြတ်ချက်အပေါ်မှာဘဲ မူတည်တာပါ ဟန်သာ့သဘောအတိုင်းဘဲ သူအရမ်း နာကျင်ခဲ့ရတော့ သူ သမီးကို နာကြည်းနေမှာတော့သေချာတယ် ဘာဘဲဖြစ်ဖြစ် သမီးတို့ကြားကကိစ္စမို့ ကိုယ်တိုင်ဘဲဖြေရှင်းကြပါ"
ဟေမာန် နည်းနည်းတည်ငြိမ်သွားတော့မှ ဒေါ်ငြိမ်းရီ ခုံပေါ်ထိုင်ခိုင်းရင်း စကားပြောနေလိုက်သည် ဘယ်လိုအခြေအနေ မျိုးမှာဘဲဖြစ်ဖြစ် ဝင်မပါချင်တော့ပါ နှစ်ဦးကြားက သံယောဇဉ် ကိုလည်းမြင်ခဲ့သူမို့ သူတို့ သဘောအတိုင်းသာ ဖြစ်စေချင်ပါသည်
"ဟေမာန် နားလည်ပါတယ် အန်တီ ခုလိုတောင်းပန် တာကလည်း အန်တီ့ကို ဟေမာန်သဘောရိုးနဲ့ပါဘဲ ဘာမှမမျှော်လင့်ပါဘူး အန်တီက ခက်ခဲမယ်လို့ ပြောပါရက် ဟေမာန် တို့ရှေ့တိုးခဲ့ကြတယ် တကယ်ကြုံလာတော့ ကို့ ကိုထားခဲ့တယ် အဲ့ဒီအမှားတွေအတွက်ပါ ခုလည်း ဟေမာန် ကို ကျေနပ်တဲ့အထိတောင်းပန်မှာပါ"
"ဘာမှတောင်းပန်စရာ မလိုဘူး ထွက်သွား ငါ့အိမ်ထဲကနေထွက်သွားလိုက်တော့ ဟေမာန်နှင်း"
ဟန်သာ အိမ်ထဲဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ပေါက်ကွဲသွားရသည် မနက်ကဒေါသတောင်မပြေသေးဘဲ ခု ပြန်ဒေါသထွက်ရသည်မို့ တအားပေါက်ကွဲနေမိသည် သူ ဟေမာန့်လက်ကို ဆွဲကာ အိမ်အပြင်ဘက် တရွတ်တိုက် ဆွဲခေါ်လာသည်
"ငါ့ကို ငါ့အမေရှေ့မှာ မိုက်ရိုင်းအောင် မလုပ်နဲ့ သွား ပြန်တော့ ခုချက်ချင်း ရန်ကုန် ပြန်လိုက်တော့"
"ကို့ဘေးကနေ ထွက်သွားဖို့ ပြောတာကလွဲရင် ကျန်တာ အားလုံးလုပ်ပေးမှာမို့ နှင်တော့မထုတ်ပါနဲ့ကိုရယ်"
သူတို့စကားပြောသံကြား Hah ကလည်း ထိုးဟောင်နေသည်မို့ ဟန်သာ စိတ်များရှူပ်လာရသည် ဘာလဲကွာ မာန် ဘာလို့ ပြန်လာချင်နေရတာလဲ လောကကြီးမှာ မာန်က lesbian မဟုတ်ဘူးလို့ ကြေငြာပြီးမှ ကို့နားပြန်လာရင် မာန့်ပုံရိပ်ကျသွားမှာပေါ့ အဲ့ဒီအချိန် ထပ်ထွက်သွားရင်ရော မာန့်အိမ်ကြောင့် ထပ်ထွက်သွားရင်ရော ပြန်မလာရင်ပိုကောင်းမယ် မာန်
"သွားလို့"
ဟန်သာအော်ရင်း ဟေမာန့်လက်မောင်းဆွဲကာ ခြံနှစ်ခြံကြားတံခါးကနေ ဟိုဘက်ခြံကို တွန်းပို့လိုက်သည်"
သူတို့ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ မေမြို့မိုးက အချိန်အခါ မဟုတ် သည်းသည်းမည်းမည်း ရွာလာခဲ့သည်
"ကို အဲ့ဒီလိုမလုပ်ပါနဲ့ တံခါးဖွင့်ပေးပါ ဒုန်း ဒုန်"
ဟေမာန် တံခါးကို တဒုန်းဒုန်း ထုရင်း ဖွင့်ပေးဖို့် တောင်းဆိုနေပါသော်လည်း လှည့်ထွက်သွားသော ကို့ကျောပြင်အား တွေ့လိုက်ရသည်မို့ ပိုနာကျင်ရသည် ကို အိမ်ထဲဝင်သွားသော်လည်း သူမတံခါးနားမှာသာ ခွေလျက်ထိုင်ချလိုက်သည် Hah ကလည်း တံခါးဟိုဘက်ခြမ်းကနေ ဆောင့်ကြောင့်ထိုင်လျက်ပါဘဲ
ဟန်သာ နောက်လှည့်ကြည့်မှ Hah ပါမလာတာကြောင့် ကြည့်လိုက်တော့ တံခါးနားမှာ တွေ့လိုက်ရတာကြောင့် Hah ကိုခေါ်ဖို့ မိုးထဲပြန်ထွက်လာရသည်
"Hah လာ အိမ်ထဲဝင်မယ်"
အလိုက်သိလွန်း စကားနားလည်တတ်လွန်းတဲ့ Hah က ခုတော့ သူ့စကားကိုမကြားသည့်အလား တံခါးရှေ့ကမခွာ
"Hah ငါစိတ်ဆိုးနေတာနော် တကယ်ရိုက်မိလိမ့်မယ်ူသွား အိမ်ထဲဝင်"
ဘယ်လိုပြောပြော မရသော Hah ကို သူတကယ်စိတ်ဆိုးမာန်ဆိုးဖြင့် ပါးစောင်းအား ထိုးချလိုက်သည် ခေါင်းလည်ထွက်သွားသော်လည်း အသံမထွက်ဘဲ ခြံတံခါးရှေ့မှာ ဆောင့်ကြောင့်ထိုင်ရက်သားပါ
"ကောင်းပြီ မင်းလည်း မနေနဲ့တော့ သွား ထွက်သွားစမ်း ခွေးသား"
သူခြံတံခါး ဆွဲဖွင့်ပြီး Hah အားဟိုဘက်ခြံဘက် တွန်းပို့လိုက်သည်
"သွား ပြန်မလာခဲ့နဲ့ သစ္စာဖောက်ကောင်"
ဟန်သာအကျယ်ကြီးအော်ရင်း ခြံတံခါး ဆွဲပိတ်လိုက်သည်
ဟေမာန် ဟိုဘက်ခြံမှ အသံများကြားနေရသော်လည်း ခေါင်းငုံ့ရာမှ မကြည့်ဖြစ် ခြံတံခါး ပွင့်လာပြီး Hah ဝရုန်းသုန်းကား တွန်းပို့ခံလိုက်ရမှ သူမ Hahအားကြည့်မိသည်
Hah လည်းသူမအားပြန်စိုက်ကြည့်နေသည်ကို တွေ့တော့ Hah ကိုဖက်ရင်း ငိုလိုက်သည် မိုးရေထဲမှာ ကောင်မလေးတယောက်ရယ် ခွေးတကောင်ရယ် ရွှဲရွှဲစို တဲ့အထိရှိနေခဲ့တယ်
အိမ်ထဲကို ဒေါသတကြီးဝင်လာသော ဟန်သာ့အား ကြည့်ရင်း ဒေါ်ငြိမ်းရီ သက်ပြင်းချမိသည်
"ဟန်သာ အဝတ်လဲပြီး ထမင်းစားရအောင်"
"ဟုတ် မေမေ"
ဟန်သာငြိမ်း ပြောရင်း အခန်းထဲဝင်ခဲ့သည် ဘာဆက်လုပ်ရမလဲဆိုတာ တွေးပင်မတွေးတတ်တော့ပါ
"ဟန်သာ ဘာလုပ်ဆိုပြီး မေမေ မပြောပါဘူး ပြောဖို့လည်း အတွေးမရှိဘူး ဒီလိုကြီး ဒေါသထွက်ပြီး ပေါက်ကွဲနေရုံနဲ့တော့ အဖြေထွက်မလာမှာသေချာတယ် "
မေမေ့စကားကြောင့် သူငိုင်ကျသွားသည်
"ဟုတ်တယ် မေမေ ကျွန်တော့်ခေါင်းထဲမှာ အရာအားလုံး က အရမ်းရှူပ်ထွေးနေတယ် ဘာလုပ်သင့်တယ်ဆိုတာတောင် မစဉ်းစားတတ်တော့ဘူး"
"မေမေ့သဘောကတော့ ဟန်သာ့ကို စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ဟေမာန်နဲ့ အေးဆေး စကားပြောစေချင်တယ် အဲ့ဒါမှလည်း ဟန်သာ့အနေနဲ့ အခြေအနေတွေကို တိတိကျကျသိပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်မယ်ထင်တာဘဲ ခုလိုဆက်လုပ်နေလို့ကတော့ နှစ်ယောက်လုံး ဒုက္ခ ရောက်နေကြဦးမှာဘဲ ဟန်သာ မေမေပြောတာ စဉ်းစားကြည့်ပေါ့"
"ဟုတ်ကဲ့ပါမေမေ အနားမှာ အမြဲရှိနေပေးတဲ့အတွက် ကျေးဇူးပါ"
ဒေါ်ငြိမ်းရီ ရယ်ရင်းဟန်သာ့ကို ဖက်လိုက်သည်
"မေမေက ဟန်သာ့မေမေလေ ဟန်သာ့နားမှာ အမြဲရှိနေမှာပါ ဟန်သာ အဆင်ပြေပြီး စိတ်ချမ်းသာရင် မေမေကျေနပ်ပြီ"
"စိတ်ချပါမေမေ ကျွန်တော် သေချာစဉ်းစားပြီး ဆုံးဖြတ်ပါ့မယ်"
ဟန်သာ သက်ပြင်းချရင်း ပြောလိုက်သည် မာန် သူ့နားကို ဒီလိုပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး မနက်က ကိုယ့်ခြေသလုံးဖက်ပြီး တောင်းပန်တာကို တချက်မကြည့်ဘဲ ကိုယ်လှည့်ထွက်လာကတည်းက သူမလက်လျှော့သွားလိမ့်မယ်လို့ ထင်ထားတာ သူမ ဘယ်အထိဇွဲကောင်းကောင်းနဲ့ တောင့်ခံနေမလဲ မသိနိုင်တာကြောင့် မေမေပြောသလို အေးဆေး စကားပြောကြည့်တာ ပိုကောင်းမှာပါ
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ