မနက်ခင်းနေရောင်အခန်းထဲဝင်လာမှ မာန် နိုးတော့သည် ဘေးကိုကြည့်တော့ ကို မရှိတော့ ကို စောစောပြန်သွားပုံရသည် ညက ကို့ရင်ခွင်ထဲအိပ်ခဲ့တာကို ပြန်တွေးရင်း ကိုအိပ်ခဲ့တဲ့နေရာလေးကို မြတ်နိုးစွာ ကြည့်နေမိသည် ကို့ရဲ့ အငွေ့အသက်အကြွင်း အကျန်လေးတွေကို ခံစားရင်း နိုးထလာတဲ့မနက်ခင်းဟာ တကယ်ချိုမြိန်ပါတယ်
"ဟာ မမ မျက်နှာရွှင်လှချည်လား ထီထိုးရမယ်နော် လမင်း"
"ဟုတ်ပ ပြုံးဖြီးနေတာဘဲ မဟေမာန် အဲ့ဒီလိုပြုံး တတ်မှန်းခုမှသိတော့တယ်"
နှစ်ယောက်သား အတိုင်အဖောက်ညီညီပြောနေသောကြောင့် ဟေမာန် ရယ်လိုက်သည်
"လမင်း ခြံထဲ မသွားဘူးလား"
ဟေမာန် မနက်စာစားဖို့ ဝင်ထိုင်ရင်း မေးလိုက်သည်
"မသွားရဲဘူး ကိုကြီးကို ကြောက်တယ်"
"ခုသွားလို့်ရပြီ "
ဟေမာန့်စကားကြောင့်သဇင်ရောလမင်းရော သူမကို ပြူးကြည့်နေကြသည်
"ကိုကြီး နဲ့တည့်သွားပြီလား"
"တကယ်လား"
နှစ်ယောက်သား အလုအယက် မေးကြတာကြောင့် သူမပြုံးရင်းခေါင်းညိတ်ပြလိုက်သည်
"အဲ့ဒါကြောင့် မမမျက်နှာ မှိုရသလိုဖြစ်နေတာကိုး"
"မှိုရတာမဟုတ်ပါဘူး ယောက်ျားရတာပါ မ ရဲ့"
"ဟဲ့ "
လမင်းစကားကြောင့် သဇင့်ခမျာ ဟဲ့တလုံးသာထွက်နိုင်သည် ဟေမာန့်ခမျာမှာတော့ ခေါင်းငုံ့သွားသည်မှာ မျက်နှာပင်မဖော်တော့
"အဟမ်း ဟိုဘက်အိမ်သွားလိုက်ဦးမယ်"
ကို့ ကိုတွေ့ချင်တာကြောင့် သူမ ကို့ခြံဘက်ကူးလာ ခဲ့သည် ဒီနေ့ကို့ကို ခြံမသွားခိုင်းဘဲ ကို့အနားမှာ တရက်လုံးကပ်ကာ အပြတ်ချွဲမည်ဟု စိတ်ကူးထားသည်
"အော်သမီး ဟေမာန် အစောကြီးပါလား လာလေ မနက်စာ စားဦး"
"စားခဲ့ပြီ အန်တီ ကိုရော မနက်စာမစားဘူးလား"
"ဟန်သာ ခရီးထွက်သွားတယ် သမီးရဲ့"
"ရှင် "
သူမခေါင်းတွေချာချာလည်သွားသလိုပါဘဲ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ မသိတော့
"ဟုတ်တယ် အန်တီ့တောင် မနေ့ညနေကမှ ပြောတာ သူမဖြစ်မနေသွားစရာရှိလို့ ခရီးထွက်ဦးမယ်တဲ့ ခြံထဲက ကိစ္စတွေလည်း အကုန်စီစဉ်ခဲ့တယ် ပြောတာဘဲ"
"ဘယ်ကိုသွားတာလဲ အန်တီ ဘယ်လောက်ကြာမှာလဲတဲ့"
"အန်တီလည်း မေးပါတယ် မပြောတတ်သေးဘူး လို့ဘဲ ပြောသွားတာ ဘာကိစ္စမှန်းတော့ မသိဘူး စိတ်မပူနဲ့ပြောပြီး ဖုန်းတောင်ထားသွားတယ်"
"ဟမ် ဖုန်းလည်း မယူသွားဘူးပေါ့"
"ဟုတ်တယ် သူက မသွားမဖြစ် သွားရမယ်ဆိုပြီး တအားပြောနေတော့ အန်တီလည်းလွှတ်လိုက်တာ"
အန်တီပြောနေသောစကားများက နားထဲမကြားတ ချက်ကြားတချက်နဲ့ပါ ကို ဘယ်ကိုသွားတာလဲ မာန့် ဆီကထွက်သွားလား
"အန်တီ သမီးပြန်လိုက်ဦးမယ် ပြီးမှလာတော့မယ်"
ဟေမာန် အိမ်ဘက်ပြန်လာခဲ့သည် သူမမှာတွေးစရာ တွေအရမ်းများနေသည်လေ ဘာလို့လဲ ကို က ဘာလို့ထွက်သွားရတာလဲ
ဟိုဘက်အိမ်မှ ငူငူငိုင်ငိုင်နဲ့ ပြန်လာသော ဟေမာန့်ကို သဇင်နဲ့ လမင်း နားမလည်နိုင်စွာဖြင့် ကြည့်မိသည် မနက်ကမှ အဆင်ပြေသွားပြီလို့ ပြောနေသေးတာ
"မမ"
သဇင့်ခေါ်သံအဆုံး ဟေမာန် ဆိုဖာပေါ်ထိုင်ချလိုက်သည်
"သူထွက်သွားပြီသဇင် သူ မမကို ထားခဲ့ပြီ"
ဟေမာန့်စကားကြောင့် သူမတို့ အံသြသွားရသည်
"မနက်က မမ ပြောတော့ မမတို့အဆင်ပြေသွားပြီဆို"
"ဟုတ်တယ် မမ လည်း အဲ့ဒီလိုထင်ခဲ့တာ သူ မမကို ညက ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့တာ"
"ခု ကိုကြီးက ဘယ်သွားတာလဲတဲ့"
"မသိဘူး အန်တီ့ကိုလည်း ပြောမသွားဘူးတဲ့ သူ မဖြစ်မနေသွားစရာရှိလို့ သွားဦးမယ်လို့ဘဲ ပြောသွားတာတဲ့ ဖုန်းတောင် ထားခဲ့တယ်"
"အဲ့ဒီလိုဆို တကယ် သူအရေးတကြီး လုပ်စရာရှိလို့ နေမှာပါ လမင်းသိသလောက်ဆို ကိုကြီးဟန်သာက သူမလုပ်နိုင်ဘဲနဲ့ မမဟေမာန်ကို မျှော်လင့်ချက် လာပေးမှာ မဟုတ်ဘူး သူ မမဟေမာန်ကို စောင့်နေစေချင်လို့သာ ညက မမဟေမာန်ဆီ လာသွားတာနေမှာပါ"
လမင်းစကားကြောင့် ဟေမာန် ညက ကိုပြောခဲ့သော စကားများကို တလုံးချင်း ပြန်စဉ်းစားနေမိသည်
{ မာန် ကို့ ကိုအချိန်ပေးနိုင်မလား }
{ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြားလား မာန် နေကောင်းအောင်နေမှ မာန်ဖြစ်ချင်တာတွေ ဖြစ်ရမှာကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်နဲ့ }
အဲ့ဒါဆို ကို ထွက်သွားဖို့ အစကတည်းက အစီအစဉ်ရှိခဲ့တာပေါ့ ကို မာန့်အချစ်တွေကို မယုံလို့်လား မာန် ဘယ်လောက် ကို့ကို စိတ်ရှည်လက်ရှည် နဲ့ စောင့်နိုင်တယ်ဆိုတာ ကို သိချင်တာလား မာန် စောင့်နေမှာပါ ကို ထားခဲ့တဲ့နေရာမှာဘဲ မာန် စောင့်နေမှာပါ ကို့ကို မာန်လိုက်မရှာတော့ပါဘူး ကို့ စိတ်ကြိုက်လွတ်လွတ်လပ်လပ် သွားပါ ကို့ချစ်သူက ကိုထားခဲ့တဲ့နေရာကနေဘဲစောင့်နေမှာမို့ ကို မြန်မြန်ပြန်လာမယ်မလား
"ဟေမာန် မောပြီလား နားတော့လေ"
ဖြိုး ခွေးပေါက်စများအား ဆော့ပေးနေသော ဟေမာန့်ကို လှမ်းပြောလိုက်သည်
"မောသေးပါဘူး ဖြိုးရဲ့ ခဏနေ သူတို့ကို သန့်ရှင်းရေးလုပ်ပေးရဦးမှာနဲ့မို့ ခဏဆော့ပေးနေတာပါ"
"လမင်းအိမ် နင် သဇင့်နားဘဲကပ်မနေနဲ့ သူစာရင်းလုပ်နေရင်လည်း နင်ဟေမာန့်ကိုကူလေ ဘာလို့် အလုပ်မလုပ်ဘဲ သဇင့်နားသွားသွားကပ်နေတာလဲ"
ဖြိုးရဲ့ အော်ငေါက်သံကြောင့် စူပုတ်ပုတ်ထသွားသော လမင်းကိုကြည့်ရင်း သဇင်ရယ်မိသည် ကလေးစိတ်မပျောက်သော လူကြီးပါ ကလေးလို့ပြောရင်လည်းမကြိုက် ပြီးရင် မီးက မီးကနဲ့ ကပ်ချွဲတတ်သည်
လမင်းရောက်လာသောကြောင် ဟေမာန် ခွေးပေါက်လေးတွေကို လမင်းနဲ့ထားခဲ့ကာ အိမ်ပေါ်ထပ် ကို့အခန်းရှိရာ တက်လာခဲ့သည်
ကို့အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ အခန်းထဲဝင်လိုက်ရသည်မှာ ကိုကထွေးပွေ့လိုက်သလိုပါဘဲ တလရှိပြီ ကို ထွက်သွားတာ တလရှိပြီ ကို ဘယ်နေရာမှာများ ဘာတွေလုပ်နေမလဲ အဆင်ရောပြေလား မာန် ကို့စကားနားထောင်တယ်နော် မာန် နေကောင်းအောင်နေတယ် ကို့ခြံထဲနေ့တိုင်းလာပြီး ကို့ရဲ့အလုပ်တွေလည်းလုပ်ပေးတယ် ခြံကပြန်တိုင်းလည်း အန်တီ့ကိုအဖော်လုပ်ပေးတယ် သူကြိုက်တဲ့ကိုရီးယားကား မလာခင်အချိန်ထိပေါ့ သဇင်လည်းတော်ပါတယ် ရန်ကုန်မပြန်ဘဲ မာန့်နားမှာနေပေးတယ် သူကခွေးခြံမန်နေဂျာလုပ်မှာတဲ့ အရာအားလုံးက အဆင်ပြေပြေနဲ့ လည်ပတ်နေပါ တယ် တခါတလေ ကို့ကို သေလောက်အောင် လွမ်းမိတာကလွဲရင် မာန် အားလုံးအဆင်ပြေနေတာမို့ ကို အဆင်သင့်ဖြစ်ရင် ပြန်လာခဲ့ပါတော့ ကိုလည်း မာန့်ကို သိပ်လွမ်းနေတယ်မလား မာန်တော့ အဲ့ဒီလိုဘဲ ခံစားနေရတယ် မာန် ထမင်းစားရင်း လျှာကိုက်မိတိုင်း လမ်းသွားရင်းခလုတ်တိုက်မိတဲ့အချိန်တိုင်း မှာ မာန့်ကို ကိုအရမ်းသတိရနေတာမို့လို့တွေးရင်း အရူးတယောက်လို ပြုံးမိတယ် လွမ်းတယ် ကို အရမ်းလွမ်းနေတာမို့ ပြန်ခဲ့ပါတော့
သဇင်လည်း စာရင်းတွေပြီးသွားတာကြောင့် လမင်းအလုပ်လုပ်နေရာသို့ လိုက်လာခဲ့သည်
"ဟဲ့ ဟဲ့ ငြိမ်ငြိမ်နေပါဟ အမလေး ခွေးမ ကိုက်တာ သေမယ် နင်"
ခွေးပေါက်တွေ ရေပတ်တိုက်ရင်းက ခွေးတွေနဲ့ အပြိုင် ရန်ဖြစ်နေသော လမင်းအားကြည့်ရင်း သဇင် သဘောကျစွာ ရယ်မိသည်
"မ ဘာရယ်တာလဲ သူတို့ကို ရေပတ်တိုက်ရတာ မလွယ်ဘူး မယုံရင် မ လာလုပ်ကြည့်ပါလား"
လမင်းစကားကြောင့် သူမ စမ်းလုပ်ကြည့်ဖို့သွားလိုက်သည် မဟုတ်လည်း ဒီ ၃၅ရက်သား ခွေးလေးတွေကို ဘာကြောက်စရာရှိလဲ သူမ ခွေးလေးကို ပွေ့ပြီး ရေဝတ်တိုက်ချိန်တွင်တော့ ခွေးပေါက်က လက်ညိုးအား ကိုက်ချလိုက်သည်
"အားးး"
သဇင်အော်မိသည် သွားပေါက်စလေးမို့ တအား မနားသော်လည်း တော်တော်တော့ ခံလိုက်ရသည်
"ဟာ မ တအားထိသွားလား ပြစမ်း ပြစမ်း အဲ့ဒါကြောင့် ပြောတာ ဒီအလုပ်ကမလွယ်ပါဘူးဆို "
ရှေ့က၂ယောက်ကိုကြည့်ပြီး ဖြိုးတော်တော်စိတ်ပျက်နေမိသည် လမင်းအိမ် မိုင်ပိုနေတာကို ကြည့်ရတာ ပိုစိတ်ပျက်ဖို့ကောင်းသည် သဇင်ရောက်ကတည်းက လမင်းအိမ်မှာ အိနြေ္ဒကိုမရ သဇင့်အနားကလည်းမခွာ အိမ်တောင် ကြီးကြီးကိုကြောက်လို့ ပြန်အိပ်သည်သာ ဒါတောင် တခါတလေ ဟေမာန့်အိမ်မှာ ရအောင်အိပ်တတ်သေးသည်
"လမင်း သွားတော့ သဇင့်ပါခေါ်သွား ငါဘဲလုပ်လိုက်တော့မယ်"
ဖြိုး မြင်ပြင်းကတ်လာတာကြောင့် နှစ်ယောက်လုံးကို မောင်းထုတ်ပစ်သည် တယောက်ကကဲကဲ တယောက်ကသည်းသည်းဆိုတာ သူတို့ကို ပြောတာဘဲ ဖြစ်ရမည်
"မ လာရေဆေးရအောင်"
"စပ်မှာပေါ့လို့"
"မစပ်ပါဘူး မ ရဲ့ ရေဆေးမှ သက်သာမှာ"
လမင်းအိမ် မျက်နှာရှူံ့မဲ့မဲ့ ဖြစ်နေသော သဇင့်လက်ညိုးလေးကိုင်ကာ ရေဆေးချပေးလိုက်သည်
"အား စပ်တယ် တွေ့လား စပ်ပါတယ်ဆို "
သဇင် ကျန်လက်တဖက်ဖြင့် လမင်းအား ထုတော့သည်
ဖြိုး စိန်ပြေးတမ်းကစားနေသော နှစ်ယောက်အားကြည့်ရင်း စိတ်ပျက်လက်ပျက်ခေါင်းခါမိသည် လမင်းအိမ်ဆိုသည်မှာလည်း ကိုယ့်အကို ခွေးကြီးကိုက်ခံရပြီး သွေးတပေါက်ပေါက် ကျတုန်းက လှည့်တောင်ကြည့်ဖော်မရ ခုမဖြစ်စလောက်လေးမှ သည်းသည်းလှုပ်နေပုံက ပြေးပြီး နာရင်းရိုက်ချင်စိတ်တောင်ပေါက်သည်
"မ မောသွားပြီမလား ရော့ ရေသောက်"
မြက်ခင်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေသော သဇင့်အား လမင်း ရေခပ်ပြီးသွားပေးလိုက်သည်
"အင်းပေါ့ လမင်းက တအားပြေးတာကိုး"
"ပြေးမှာပေါ့ မ က တကယ်လုပ်တာကိုး"
"အဲ့ဒါလေးတောင် မခံနိုင်ဘူးလားချစ်တယ် ချစ်တယ်နဲ့ တတွတ်တွတ်ကပ်ပြောပြီး ဒီဟာလေးတောင် သည်းမခံနိုင်ဘူးလား"
"မီး သည်းခံစေချင်ရင် မ က မီးကိုအဖြေပေးလိုက်လေ အာ့ဆို သည်းခံမှာပေါ့"
လမင်းအိမ် ပြောရင်းနဲ့ သဇင့်ပေါင်ပေါ် ခေါင်းတင်ကာ လှဲအိပ်လိုက်သည်
"လမင်းက ခုမှ ငယ်ငယ်လေးရှိသေးတာကို စိတ်ကစားတာလည်း ဖြစ်နိုင်တာဘဲလေ မ တော့ လမင်းကိုသေချာ ပြန်စဉ်းစားစေချင်တယ်"
"ဘာမှပြန်စဉ်းစားစရာမလိုဘူး လမင်းက မ ကို အရင်ကတည်းက သဘောကျတာဘဲဟာ ပြီးတော့ လမင်း ကလေးလည်းမဟုတ်တော့ဘူး တက္ကသိုလ် တောင်တတ်နေပြီကို"
"အင်းပါ ဒါပေမယ့် မ တို့နှစ်ယောက်လုံး သေချာမှ လက်တွဲရအောင် မ ကရည်းစားတယောက်ပြီးတယောက် ထားရတာမျိုး မကြိုက်ဘူး ပြီးတော့ မ တို့အခြေနေက ပိုစဉ်းစားရမယ်မလား"
" မ သဘောပါ လမင်းစောင့်ပေးမှာပေါ့"
"လမင်းက အရင်ကတည်းက lesbian လား"
"မသိဘူးလေ မ နဲ့တွေ့မှ ရင်ခုန်တတ်တာကို"
"အမယ် ပြောတတ်တာနော်"
"ဟုတ်ပါတယ်ဆို အဲ့ဒါကြောင့် ကိုဖြိုးကိုကြောက်ကြောက်နဲ့ မ အကူအညီတောင်းသမျှ လုပ်ပေးတာ"
"ဟုတ်ပါပြီ လမင်းရယ် မ သေချာစဉ်းစားပါ့မယ်"
"ဒါနဲ့ မ ကိုကြီးထွက်သွားတာ တလတောင်ရှိလောက်ပြီ ဘယ်မှာများရှိနေလဲ မသိဘူး"
"မပြောတတ်ပါဘူး လမင်းရယ် ခုထိ ဘာသတင်းမှလည်း မရဘူး"
"ဆိုင်ကယ် ယူသွားတာဆိုတော့ အဝေးကြီးတော့ မဖြစ်နိုင်ဘူးထင်တယ် နေနိုင်တာနော် ကိုကြီးက အကုန်လုံးကို ထားပစ်ခဲ့တာဘဲ"
"သူလည်း အကြောင်းရှိလို့ နေမှာပေါ့လေ"
သဇင် သက်ပြင်းချရင်း ဟေမာန်ရှိရာ အပေါ်ထပ်သို့ လှမ်းကြည့်လိုက်သည် ခုချိန်ထိ ကိုကြီးအလုပ်တွေကို သင်ယူလုပ်ကိုင်ရင်း အမျှော်ကြီးမျှော်နေရှာသည်မှာ ဘေးကလူပင် စိတ်မကောင်းပါ
ဘာဘဲဖြစ်ဖြစ် ဒီမြို့လေးမှာ နေထိုင်ရတာ ပျော်ပါတယ် သဇင့်ဘေးကနေ တတွတ်တွတ် ချစ်ရေးဆိုနေတတ်တဲ့ ကောင်မလေးတယောက်ရယ် ဘေးကနေ စိတ်ဆိုးနေတတ်တဲ့ ကိုဖြိုးရယ် ကိုကြီးကို စောင့်နေတဲ့ မမရယ် ဟောဒီခြံအကျယ်ကြီးရယ်က သူမအား အေးချမ်းသာယာစေပါသည် အရင်ကနဲ့ယှဉ်ရင် အများကြီး အေးချမ်းသည် ဒါကြောင့် မမဟေမာန် ဒီဘဝကို မက်မောတာဖြစ်မည်
CZYTASZ
ငြိမ်းချမ်းရာ
Romansသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ