"မမသန့် ဒီနေ့ခြံထဲ လိုက်မှာမလား"
ဟန်သာ မနက်စာစားရင်းက လှမ်းမေးလိုက်သည်
"လိုက်တော့ဘူး ဟန်သာ ဒီနေ့ အန်တီနဲ့ ဈေးထဲလိုက်သွားမှာ"
"အဟ မနေ့က တရက်တည်းနဲ့ အီသွားပြီလား breeder ဆိုတာ အဲ့ဒီလိုဘဲ အရမ်းပင်ပန်းခံရတာ မမသန့်တို့လို ဆေးထိုးအပ်ကိုင်ရုံနဲ့မရဘူး"
"အမလေးတော် နှိမ်ချက် ကျွန်မတို့အလုပ်က ပိုပြီးစိတ်ပင်ပန်း လူပင်ပန်းပါတော် ညက အန်တီက သင်္ကြန် နားနီးတော့ လူကျတယ်ဆိုလို့ပါနော်"
"ငါ့သမီးကြီးက သိတတ်လိုက်တာ"
မေမေ့စကားအဆုံး လှမ်းဖက်လိုက်သော မမသန့်ကို ကြည့်ရင်း သူရယ်လိုက်သည် မမသန့်က အဲ့ဒီလိုလဲ ချွဲတတ်ပါသေးသည်
"ဟန်သာ တယောက်တည်းလား"
"အေး လမင်းသက်သာလား ညီမလေး"
"သက်သာတယ် ကိုကြီး မမသန့်လိုက်လာမယ်ထင်နေတာ"
"မေမေနဲ့ဆိုင်ပါသွားတယ်လေ အခါနားနီးတော့ မေမေ့ဆိုင် လူကျလို့ လိုက်ကူတာတဲ့"
"ဟန်သာ ငါ ပြောမယ်နော် မင်း မမသန့်ကိုသာ လက်ထပ်လိုက်ပါလား မင်းမေမေနဲ့လည်း အဆင်ပြေ မင်းကိုလည်း တအားချစ် တအားအလိုလိုက် မမသန့်နဲ့ မင်းနဲ့အရမ်းလိုက်ဖက်တယ်ကွ"
"အဲ့ဒီလို လုပ်လိုက်ရမလား"
"လုပ်သင့်တယ် ဟန်သာ မင်းနဲ့မမသန့်က အစကတည်းက တယောက်နဲ့တယောက် သံယောဇဉ် ရှိပြီးသားဘဲဟာ"
"အဲ့ဒါအသာထား လာကွာ ဖြိုး ခြံဆေးရအောင်"
တယောက်ပုခုံးတယောက်ဖက်ကာ ရယ်မောရင်း ထွက်သွားသည့် သူငယ်ချင်း နှစ်ယောက်ကို ကြည့်ရင်း လမင်းအိမ်သက်ပြင်းချလိုက်သည် ပြောရမည်ဆိုလျှင် မမသန့်က အစစအရာရာ သာနေသည်မို့ သူမတို့စိတ်ကူးက မျှော်လင့်ချက်နည်းပါသည် ဘယ်လောက်ဘဲ မောင်နှမလိုနေပါစေ သွေးသားတော်စပ်မှုမရှိသော ဆက်ဆံရေးမို့ တချိန်မှာ ချစ်မသွားကြပါဟု အာမမခံနိုင်ပါ
>>လမင်း သက်သာလား ညီမ<<
>>သက်သာပါတယ် မမသဇင် ခုတောင်ခြံထဲ ရောက်နေတာ အမလည်းလန့်သွားမှာဘဲ sorry ပါနော်<<
>>လမင်း အလုပ်တွေအရမ်းမလုပ်နဲ့ဦးနော် ညနေရှူတင် မရှိဘူး ညီမခြံထဲက ပြန်ရင်ပြောလေ အမ လာတွေ့မယ်<<
>>ဟုတ် မမ လမင်းဖုန်းဆက်လိုက်မယ်နော် <<
"ဟဲ့"
"ပလုတ်တုတ်ကြီး"
"ဖုန်းကြည့်ပြီး ဘာတွေပြုံးနေတာလဲ ငါထင်တာမမှားဘူးဆို ဖြိုး မင်းညီမရည်းစားရနေပြီထင်တယ်"
"ဟာ ကိုကြီးဟန်သာ ကလည်း ဘာတွေပြောနေမှန်းမသိဘူး"
"အံမယ် အံမယ် ဖြိုး မင်းညီမတော့ တခုခုဘဲ"
"လမင်း နင်အတည်ကြီး ရည်းစားထားနေတာလား ဘယ်ကကောင်လေးလဲ ပြောစမ်း"
ကောင်လေးဟုတ်ပါဘူး ကောင်မလေး လို့်ပြောရမှာလား ဟာ ငါဘာတွေတွေးနေတာလဲ
"လ မင်း အိမ် ငါမေးနေတာဖြေလေ"
ဖြိုး၏ အော်သံကြောင့် လမင်းအိမ်ခမျာ တုန်ပင်တုန်သွားသည်
"ဖြိုး နေ့စေ့လစေ့ကိုယ်ဝန်သည် ရှိတယ် တိုးတိုးလုပ်ပါကွ မင်းညီမလည်း ပထမနှစ်တောင် ပြီးပြီဘဲဟာ"
ခွေးမတကောင် ဗိုက်ရင့်နေသောကြောင့် ဝင်တားရင်း သူငယ်ချင်းအား ဖြောင်းဖျလိုက်သည်
"ဟန်သာ မင်း မသိဘူးနော် ဒီကလေးမက အူတူတူနဲ့ မဟုတ်တရုတ် ကောင်နဲ့တွေ့မှ ဒုက္ခရောက်နေမယ်"
ချိုးချိုးနှိမ်နှိမ် ပြောနေသော ကိုဖြိုးအား ဂြိုလ်ပေးလိုက်သည်
"ဖြိုး လာပါကွာ သူလည်း စဉ်းစားတတ်ပါတယ် ငါတို့ မီးနေခန်း ပိုးသတ်ရအောင် လမင်းသွား ညီမလေး မနက်ကချထားတဲ့အစာအိတ်တွေ ပြန်စစ်ထား"
ဟန်သာ သန့်ရှင်းရေးလုပ်နေသောကြောင့် ခြံထဲမှ နောက်ကျမှပြန်ရောက်သည်
"ဟန်သာ ပြန်လာပြီပေါ့ ထိုင် မမသန့် ရေခပ်ခဲ့မယ် ရေသောက်ပြီးမှ ရေချိုးလိုက် အပူရှပ်လိမ့်မယ်"
"ဟုတ် မမသန့်"
ဟန်သာပြန်ပြောရင်း ဆိုဖာပေါ် လှဲချလိုက်သည် သန့်ရှင်းရေး လုပ်ခဲ့ရတော့ သူတအားပင်ပန်းနေပြီ
"ဟန်သာ ဒီနေ့ တော်တော်ပင်ပန်းလာတာလား"
"အင်း ခြံဆေးလာလို့်"
သန့်လည်း ခြေပစ်လက်ပစ် ဖြစ်နေသော ဟန်သာ့နားသွားကာ နှိပ်ပေးနေလိုက်သည်
"အား ဇိမ်ရှိလိုက်တာ ညမှ ပြန်နှိပ်ပေးမယ်"
"အမလေး ဟန်သာငြိမ်း ဇိမ်ခံနေတာ ကိုယ့်ထက်အကြီးမှအားမနာ"
ရေချိုးပြီးထွက်လာသော မေမေက အော်တော့သည်
"မေမေကလည်း တကယ်ညောင်းနေလို့ မမသန့် ညောင်းနေတဲ့အချိန် ပြန်နှိပ်ပေးမှာဘဲဟာ"
"သွား ရေချိုး ပြီးရင် ထမင်းစားရအောင် သန့်လည်း တနေ့လုံး မနားခဲ့ရဘူး"
သူလည်း ပုခုံးတွန့်ပြရင်း အခန်းထဲဝင်ကာ ရေချိုးဖို့ပြင်လိုက်သည်
>>မမ လမင်းအိမ်ပြန်ရောက်ပြီ<<
သဇင်လည်း အပြင်သွားရန် ပြင်ဆင်လိုက်သည်
"မမ အပြင်သွားစရာရှိသေးလား"
Hah နဲ့အလုပ်များနေသော မမဟေမာန်အား လှမ်းမေးလိုက်သည်
"ရှိဘူး သဇင် ဘာလို့လဲ"
"သဇင် အပြင်သွားမလို့ ကားခဏယူသွားလို့ဖြစ်မလား"
"ဖြစ်ပါတယ် သဇင် မာမီချစ်ရောပါလား"
"မပါဘူးမမ ခဏဘဲဟာ မမ ဘာမှာဦးမလဲ"
"မှာတော့ဘူး သဇင် ကားကိုဖြည်းဖြည်းမောင်းသွား"
သဇင်လည်း လမင်းလမ်းညွှန်ထားသော လမ်းအတိုင်း ဖြည်းဖြည်းချင်း မောင်းဝင်လာခဲ့သည်
"အန်တီ ဒါ လမင်းအိမ်တို့ အိမ်လားမသိဘူး"
ခြံရှေ့စံပယ်ပင်နားတွင် ရေလောင်းသော အန်တီကြီးအား မေးလိုက်သည်
"အေး ဟုတ်တယ် သမီးက "
"သမီးက လမင်းအိမ်သူငယ်ချင်းပါ သူဆိုင်ကယ်လဲထားတယ်ဆိုလို့ သတင်းလာမေးတာ"
"အေးအေး အပေါ်ထပ်တက်သွားလိုက် ဟိုမှာ tv ကြည့်ပြီး စကားပြောနေတယ်"
အန်တီ့စကားကြောင့် သဇင်လည်း ကြောင်အမ်းအမ်းနဲ့ ခြေတံရှည်သစ်သါးအိမ်ပေါ်တက်လာခဲ့သည်
"Johny, i can't believe it"
tvရှေ့ထိုင်ခုံမှ သံနေသံထားနဲ့ ထွက်လာသော လမင်းအသံကြောင့် သဇင် ရုတ်တရက်ကြောင်သွားသည် ပြီးမှ အန်တီ့ရဲ့စကားကို သတိရလိုက်သည်
"ဟား ဟား ဟား"
နောက်မှထွက်လာသော ရယ်သံကြောင့် လမင်း လန့်သွားသည် နောက်လှည့်ကြည့်မှ ခန္ဓာကိုယ် ယိမ်းခါနေအောင် ရယ်နေသော မန်နေဂျာမမအားတွေ့လိုက်ရသည်
"အဟမ်း အဲ့ဒီတော့ လမင်းက သရုပ်ဆောင်တာ ဝါသနာပါတာလား အဲ့ဒါကြောင့် မမ အကူအညီတောင်းသမျှကို အလွယ်တကူလက်ခံခဲ့တာပေါ့"
ခုံပေါ်ထိုင်ရင်း ပြောချလိုက်သော မန်နေဂျာမမ၏ စကားကြောင့် လမင်းကြောင်သွားသည်
"ဘာတွေပြောနေတာလဲ လမင်းက သရုပ်ဆောင်တာ ဝါသနာမပါပါဘူး"
"လမင်း ခဏက tv ကြည့်ရင်း စကားပြောနေတာမလား"
"ဟုတ်တယ်လေ အဲ့ဒါက E skill ကိုမြှင့်တင်နေတာ လမင်းက tourist guide လုပ်ချင်တာလေ မေမေနဲ့ ကိုဖြိုးက ကျောင်းပြီးမှလုပ်ဆိုလို့သာ ကိုကြီးဟန်သာ့ခြံမှာ ဝင်လုပ်နေတာ ရှင်ဆိုသည်မှာလည်း လမင်းကိုဆို အထင်လွဲဖို့ဘဲ"
"အော် အဲ့ဒီလိုကိုး"
"ဒါနဲ့ မမသန့်နဲ့ ကိုကြီးက လောလောဆယ် တော့ မောင်နှမတွေလိုဘဲ နေတာသိလား"
"လောလောဆယ် ဆိုတာက ဘာသဘောလဲ"
"မပြောနိုင်ဘူးလေ သူတို့ကသွေးသားမှမတော်တာ နောက်ကျရင် တမျိုးတဖုံပြောင်းလဲသွားနိုင်တာဘဲ"
လမင်းပြောတာကို သဇင် လက်ခံပါသည် အနေချင်းလည်းနီးတော့ မဖြစ်သွားနိုင်ဘူးလို့ ပြော၍မရပါ
"ကဲပါ လမင်း ဆိုင်ကယ်လဲထားတာ ဘယ်လိုနေသေးလဲ"
"ပျောက်ခါနီးပြီ ဘာမှသိပ်မဖြစ်ဘူးလေ"
"တော်သေးတာပေါ့ အဲ့နေ့က မမ ပြောလိုက်တာလည်း လွန်သွားတယ် လမင်းက စေတနာနဲ့ ကူညီနေတာကို"
"ရတယ် ဘာမှမဖြစ်ဘူး နောက်လည်း လိုတာရှိရင်ပြောလေ လမင်းတတ်နိုင်တာ အကုန်လုပ်ပေးမယ်"
(အရမ်းတွေ ကူညီချင်နေပါပြီနော်)
"မ ဘာစားမလဲ အိမ်မှာတော့ ဘာမှမရှိဘူး အပြင်မှာလိုက်ကျွေးမယ်လေ"
"တော်ပါပြီ လမင်းသာ အေးဆေးနေ မ လည်း အချိန်အများကြီး မရဘူး ပြန်ရမှာ "
"မမဟေမာန်ရော"
"Hah နဲ့ဘဲအချိန်ကုန်နေတာ မမကHah ကို တအားခင်နေပုံဘဲ မနက်ဖြန် ပြန်ပို့ရင်တော့ စိတ်ဆင်းရဲနေမှာ မြင်ယောင်သေးတယ်"
"တကယ်တမ်း လမင်း ပြောရမယ်ဆိုရင် ဒီကိစ္စတွေ အားလုံးရဲ့ တရားခံက မမဟေမာန် ဘဲလေ အရင်ကလည်း ကိုကြီးဟန်သာ ကို ထားပစ်ခဲ့တယ် ခုချိန်ထိလည်း ကိုကြီးကို လက်မတွဲရဲသေးဘူး ကိုကြီးဘက်က ကြည့်မယ်ဆိုရင် အရင်ကကိစ္စအတွက်တောင် စိတ်နာလို့ မပြီးသေးတာ ခုပြန်ပြီး မမဟေမာန် ရှေ့မှာ ထပ်ပြီး ပျော့ညံ့ပြမှာ မဟုတ်ဘူး မမဟေမာန် ကပြန်လာချင်ပါတယ် ဆိုရင်တောင် ကိုကြီးလက်ခံဖို့က အတော်ကြိုးစားယူရမှာ အဲ့ဒီတော့ မ လည်း မမဟေမာန် ကိစ္စကို ခေါင်းထဲတအားထည့်မနေနဲ့ ဖြစ်နိုင်ချေမရှိဘူး မမဟေမာန် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ပါစေ"
သဇင် မိမိရှေ့မှ လူကြီးလေးလိုစကားပြောနေသော လမင်းအား အူယားစွာ စိုက်ကြည့်နေလိုက်သည် သေချာတွေးကြည့်ရင် လမင်းပြောတာ သဘာဝ ကျသည် ဒါပေမယ့် သဇင်က မမဘက်ကလူမို့် မမ ဘက်မှာဆက်ပြီးရပ်တည်နေဦးမှာပါ
"မ မီးမျက်နှာမှာ ဘာတွေပေနေလို့လဲ"
"ပေပါဘူး လမင်းက ချစ်ဖို့ကောင်းလို့ပါ"
"အာ မ ကလည်း အဲ့ဒီလိုကြီးပြောရလား"
"မီး ရှက်သွားတယ်ဆိုပါတော့"
နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်ကြသည်
"ကဲ လမင်း မ ပြန်တော့မယ် လိုက်မပို့နဲ့တော့ မ အားတဲ့နေ့မှ မုန့်လိုက်ကျွေးမယ်နော်"
"အန်တီ သမီးပြန်တော့မယ်ရှင့်"
အိမ်ရှေ့တွင် အလုပ်ရှူပ်နေသော လမင်းရဲ့အမေကို နှုတ်ဆက်ပြီး သူမပြန်ခဲ့သည်
"Hah ကို မမသန့်သွားကြိုပေးလို့ရမလား ကျွန်တော်ခြံထဲ တန်းသွားမလို့"
ဟန်သာ မာန်နဲ့ မျက်နှာချင်းမဆိုင်ချင်တော့ပါ
"ရတယ်လေ ဟန်သာ မမသန့်ကို ph no. ပေးခဲ့လေ ညနေစောစောသွားကြိုထားမယ်"
"ကျေးဇူး မမသန့် ဒါဆို ကျွန်တော်ခြံထဲသွားပြီ"
"အေး အေး ကားဂရုစိုက်မောင်း"
သန့် လည်းညနေပိုင်း Hah ကိုကြိုဖို့ ဆိုင်မှစောစောပြန်ခဲ့သည်
"Hello လမင်းရေ ဟေမာန့်ဆီ ဖုန်းဆက်ပေးထားဦး မမသန့် Hah ကိုကြိုမလို့လေ ဘယ်ကိုလာခေါ်ရမလဲလို့ မေးပေးပါဦး"
ဟေမာန့်ဆီဆက်ပါက ခဲယဉ်းမည်မို့ လမင်းကိုသာ မေးခိုင်းလိုက်တော့သည်
"မမသန့် ပြည်ချစ်ဘုရား အတက်လမ်း ဘုန်းကြီးကျောင်းနားက မီးခိုးရောင်တထပ်တိုက်လေးတဲ့ မမသဇင် စောင့်နေပေးမယ်တဲ့ သွားလိုက်တော့နော်"
သဇင့်ဆီမှ ဖုန်းရသည်နှင့် သန့် ပြည်ချစ်ဘက်မောင်းလာခဲ့သည် တွေ့ပါပြီ မီးခိုးရောင် တထပ်တိုက်ပုလေး
"တီ တီ "
သန့် ဟွန်းတီးလိုက်တော့ ကောင်မလေး တယောက်လာဖွင့်ပေးသည် သဇင်ဆိုတာဖြစ်မည်
"အမ ထိုင်ပါဦးရှင့် အပူသောက်မလား အအေးသောက်မလား"
သဇင် မမသန့်ဆိုသူကို အကဲခတ်ချင်တာကြောင့် အိမ်ထဲခေါ်လိုက်သည်
"အေး ညီမလေး ရေဘဲပေးပါ"
သန့်ပြောပြောဆိုဆို နဲ့ ဝင်ထိုင်လိုက်သည် ဟေမာန်နဲ့ Hah ရဲ့အရိပ်အယောင်တော့ ခုထိမတွေ့ရသေးပါ
"သဇင် ဧည့်သည်ရောက်နေတာလား"
ဟေမာန် ပြောပြောဆိုဆို နဲ့ အိမ်ထဲဝင်လာချိန် ဧည့်ခန်းထဲမှ မမျှော်လင့်ထားသူကို တွေ့လိုက်ရသည်မို့ အံသြသွားသည် Hah ကတော့ ရင်နှီးနေပြီးသားထင်သည် တခါတည်း ပြေးကပ်သည်
"Hah ထွားလာလိုက်တာ မြန်မာပြည်နဲ့ တည့်နေတာပေါ့ ကောင်လေး"
သန့် Hah အားနှုတ်ဆက်လိုက်သည် မတွေ့တာကြာ ပြီမို့ Hah မှာအူယားဖားရား ချွဲတော့သည်
"Hah အိမ်ပြန်လိုက်မယ်မလား ဖေဖေက လွမ်းလို့တဲ့ သားကို "
ဟေမာန့်နားထဲတွင်တော့ ကန့်လန့် ကန့်လန့်ဝင်သွား သည်
"ဒီက အမက Hah ကိုလာခေါ်တာလား"
"ဟုတ်တယ် ညီမလေး ဟန်သာက သွားကြိုပေး ပါဦးဆိုလို့ လာခေါ်တာ"
ဟေမာန့် ရင်ထဲနာကျင်သွားရသည် မာန်နဲ့ မျက်နှာချင်းမဆိုင်ချင်တော့ဘူးပေါ့ကို ဘာဘဲဖြစ်ဖြစ် ကို လာခေါ်မယ်လို့ မာန် ထင်ခဲ့တာ ကို တောင် ပြတ်သား တတ်နေပြီဘဲ
"မမသန့် ရေသောက်ဦး"
"ကျေးဇူးပါ ညီမလေး "
သန့်လည်း ရေသောက်ရင်း ခဏထိုင်ဖို့ ဆုံးဖြတ်လိုက်သည်
"အမကို အမ မိတ်ဆက်ပါရစေ အမနာမည် စန္ဒီမျိုးသန့်ပါ မန္တလေး ကပါ"
"ညီမနာမည်က ဟေမာန်နှင်းပါ သူကတော့ သဇင်ပါ Hah ကလူတအားယဉ်တယ်နော်"
"သူကလူရွေးတယ် ဟေမာန့်ကို တအားခင်သွားလို့ ဟန်သာနဲ့ မမတောင်အံသြနေတာ မမတောင် သူ၎လလောက်ကတည်းက ထိန်းလာလို့သာခင်တာ"
"အော် Hah ကိုပြန်ပေးရမှာတောင် စိတ်မကောင်းဘူး တကယ်ချစ်ဖို့ကောင်းတယ် သူက"
"အင်း တခြားခွေးဆိုရင်တောင် မမ တောင်းပေးပါ တယ် Hah ကတော့ သူ့သားလိုဘဲ မွေးထားတာ ဂျာမနီမှာကတည်းက အတူတူနေခဲ့တာဆိုတော့ ဟန်သာက ပေးမှာ မဟုတ်ဘူး ညီမလေးကို ၃ရက်အတူနေခွင့်ပေးလိုက်တာတောင် မမ အံသြနေတာ သူ့ကိုမေးကြည့်မှ ညီမလေးအပေါ် ဇွတ်တွယ်ကပ်မိတဲ့အမှားတွေကြောင့် အလျော်ပေးတဲ့သဘော လို့သိရတာ"
မတတ်နိုင် ဟေမာန် ဟန်သာနဲ့ပက်သက်ပြီး မဖြစ်နိုင် သောအတွေးများ မဝင်စေချင်ပါ
"သူ့အမှားမှ မဟုတ်တာ အဲ့ဒီတုန်းက ညီမ မှားခဲ့တာကို"
သန့် လက်ကာပြလိုက်သည်
"အဲ့ဒီအချိန်က ဘာဖြစ်ခဲ့တယ်ဆိုတာ ဟန်သာရော မမရော မေ့လိုက်ပြီ သိလည်းမသိချင်ဘူး ဟန်သာ လည်း သူ့ဘဝသူရှေ့ဆက်နေပြီမို့ ဒီကညီမလည်း စိတ်ဖြောင့်ဖြောင့်နဲ့ ကိုယ့်လမ်းကြောင်းပေါ် လျှောက်ပါ လူတယောက်နဲ့ တယောက်က မတူဘူးလေ ဟန်သာက ချစ်ခြင်းအပြည့်နဲ့ ဆူးခင်းလမ်းကို ကျော်ဖြတ်ပြီး ပျော်ရွှင်မှုကို ရှာချင်ခဲ့တဲ့လူ ညီမက ခက်ခဲတဲ့လမ်းကို ကျောခိုင်းပြီး ညီမရဲ့အောင်မြင်မှု မှာ ပျော်ရွှင်မှုကိုရှာချင်တဲ့လူ လမ်းကြောင်းမတူလို့ မပေါင်းဖက်နိုင်ခဲ့တာ နောက်လည်း ညီမတို့က လက်တွဲနိုင်မှာမဟုတ်ဘူး"
သန့်စကားအဆုံးမှာ ဟေမာန် ငိုင်ကျသွားရသည် ကို ဘေးမှာမရှိတဲ့အချိန်ကတည်းက သူမရဲ့အောင်မြင်မှုတွေက မချိုမြိန်တော့တာ ကိုယ့်ကိုယ်ကိုသာ အသိဆုံးပါ
"အမ ဟန်သာ့ကို တိုက်တွန်းဘူးတယ် ဟန်သာ့ကို ဘေးအိမ်ကို ဝယ်ဖို့လေ သူက ညီမ ပိုင်ခဲ့တဲ့ အိမ်မို့ မဝယ်ချင်ဘူးတဲ့ အဲ့ဒီတော့ အမကဘဲ အဲ့ဒီအိမ်ဝယ်ဖို့ ညီမကို ကမ်းလှမ်းပါရစေ ညီမအတွက်လည်း ပိုနေတာဘဲ ပြီးတော့ ညီမတို့နှစ်ယောက်လည်း ကိုယ့်ဘဝကိုယ်စီနဲ့ ဖြစ်နေပြီဆိုတော့ အကုန်ပြီးပြတ်သွားရင်ကောင်းတာပေါ့ ညီမလည်း ယောက်ျားကောင်း တယောက်နဲ့တွဲပြီး လက်ထပ် ကလေးမွေး မိသားစုဘဝထူထောင်ပေါ့ "
ရှေ့မှာထိုင်နေသော အမ၏စကားလုံးတိုင်းက ဟေမာန့် အားနာကျင်စေသည် သူမ အားတွေယုတ်လျော့ကာ တခါတည်းခွေလဲချင်စိတ်များ ပေါ်လာသည်
"ကဲ အမပြန်မယ် ညီမ စဉ်းစားပြီးရင် အမကို ဆက်သွယ်လိုက်ပေါ့ Hah ပြန်ရအောင် ဖေဖေ မျှော်နေလိမ့်မယ်"
Hah လည်း ဟန်သာ့ကို လွမ်းနေပြီထင်သည် စကားနားထောင်ကာ ကားပေါ်တက်သွားသည်
ခြံဝန်းထဲမှ ထွက်သွားသော ကားလေးကိုကြည့်ရင်း သူမ မှာ အရာအားလုံး ဆုံးရှူံးလိုက်သလို ခံစားနေရသည် ကို မာန် မနက်တိုင်း နိုးထလာရမှာကို ကြောက်နေပြီ နေ့ရက်တိုင်းမှာ နာကျင်နေရတယ် ကိုယ်တိုင်ရေးခဲ့တဲ့ ဇာတ်လမ်းတပုဒ်မို့ မာန် အားတင်းပြီး ဆက်လျှောက်နေခဲ့လည်း အစစအရာရာ မှာ မာန် ကျရှူံးနေပြီ မာန့်ဘဝကြီးက မှားနေပြီထင်တယ် မာန် ဘာလုပ်ရမလဲ ကို
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ