ငြိမ်းချမ်းရာ - ၁၃

1.4K 72 0
                                    

သင်္ကြန်​တွင်း မာန်​ ​ဖေ​ဖေ ​မေ​မေတို့ရှိရာ မိုးကုတ်​မှာဘဲ ​နေဖြစ်​သည်​ မိသားစုအတူရှိရ​သော အချိန်​အရမ်းနည်းပါသည်​ ကို့ ကိုလည်း အားနာရသည်​ မာန့်​မှာ အမြဲအလုပ်​ပိ​နေသည်​သာ
"​အငယ်​​လေး ရှင်းသန့်​​မောင်​ နဲ့တွဲ​နေတာလား"
မမ စကား​ကြောင့်​ ​ဟေမာန်​ မျက်​လုံးပြူးသွားရသည်
"ရှင်းသန့်​​မောင်​ နဲ့ ညီမ​လေးက အနုပညာတူတူလုပ်​ကြတဲ့ မိတ်​​ဆွေ​တွေပါ မမ ကလည်း ​တွေးတတ်​လိုက်​တာ"
"မမ ​တွေးတတ်​တာမဟုတ်​ဘူး အငယ်​​လေးရဲ့ ပရိတ်​သတ်​​တွေကြားထဲမှာ အ​ပြောများတယ်​​လေ"
"ပရိတ်​သတ်​​တွေ က​တော့ အဲ့ဒီလိုပါဘဲ မမရယ်​ ​နေတိုးနဲ့ အိန္ဒြာ​ကျော်​ဇင်​တုန်းကလည်း အဲ့လိုထင်​ခဲ့ကြတာဘဲ​လေ အတွဲညီ​တော့ ဒါရိုက်​တာ​တွေက တွဲ​ပေး ပရိတ်​သတ်​​တွေက ချစ်​သူဖြစ်​တယ်​ထင်​ ဒီလိုပါဘဲ"
"အမ​လေး ရှူပ်​​ထွေးလိုက်​တာ​နော်​ ကိုယ့်​ဟာကို လက်​ဖက်​​လေးစိုက်​လိုက်​ ​ထောပွဲမှာ ​ကျောက်​စိမ်းကိုင်​လိုက်​ လုပ်​တာဘဲ​အေးတယ်​"
"မမ ကလည်း ညီမ​လေးက အကယ်​ဒမီ ရ​အောင်​ကြိုးစားပြီးမှ အဲ့ဒီကိစ္စ​တွေ စဉ်းစားမှာ အဲ့​တော့ မမ သာ မမ ရဲ့အချစ်​​ရေးကို ဂရုစိုက်​"
"အမ​လေး ​တော်​ပါပြီ ကိုယ့်​အလုပ်​နဲ့ကို​​ယ်​​တောင်​ မအားဘူး ဦးမျိုးကိုကိုနိုင်​ နဲ့ ​ဒေါ်သက်​ထားတို့ရဲ့မျိုးဆက်​ကို ​ဟောဒီက အငယ်​​လေးသာ ဆက်​ပြီးတာဝန်​ယူလိုက်​ပါ မမ အငယ်​​လေးကို ဦးစား​ပေးတယ်​"
မမ စကား​ကြောင့်​ သူ​တွေခနဲ ဖြစ်​သွားရ၏ သူမ နဲ့ ကို က က​လေးမှမရနိုင်​တာ
"ကဲ အငယ်​​လေးလာ မမတို့ ည​နေစာ သွားပြင်​ကြတာ​ပေါ့"
သင်္ကြန်​ ပြီး​တော့ သူမ မှာထုံးစံအတိုင်း အလုပ်​​တွေကြားထဲ ​ရောက်​ရပြန်​သည်​ ကားကြီး​တွေလည်း လက်​ခံထားသည်​မို့ သူမ နည်းနည်းမှ ​ပေါ့​ပေါ့ဆဆ မလုပ်​ရဲပါ အကယ်​ဒမီ ဆုချီးမြှင့်​တဲ့စင်​​ပေါ်တတ်​ပြီး သူမရဲ့​အောင်​မြင်​မှု​တွေအတွက်​ ဂုဏ်​ယူချင်​ပါ​သေးသည်
"မာန်​ ကိုမနက်​ဖြန်​ ဘန်​​ကောက်​မှာ ပြိုင်​ပွဲဝင်​ဖို့သွားရမယ်​ အဲ့ဒါ  မန္တ​လေး ကမသွားဘဲ ရန်​ကုန်​က သွားမလို့ ကို မာန့်​ကို ဝင်​​တွေ့မလို့​လေ"
"မနက်​ဖြန်​ မာန်​ မအားဘူး ကို ရဲ့ မာန်​ ပုပ္ပါးဘက်​သွားရမယ်​"
"ok ok ​နောက်​မှ​တွေ့ကြတာ​ပေါ့"
"ကို sorry ​နော်​"
"မာန်​ကလည်း မာန်​ ကို့ဆီ အမြဲတမ်းလာ​တွေ့​နေတာကို ​နောက်​မှ ကို တို့​​တွေ့ကြတာ​ပေါ့"
မာန့်​ကို အမြဲနားလည်​​ပေးလို့ ကို့ ကို​ကျေးဇူးတင်​ရပါတယ်
ဟန်​သာ ​​ကောင်းေ​ကာင်း​​အိပ်​မ​ပျော်​တာ ကြာပါပြီ မာန်​ နဲ့ ရှင်းသန့်​​မောင်​ သတင်း​တွေ အရမ်းထွက်​ကတည်းက​ပေါ့ သူမ အ​နေနဲ့ ကိုယ်​က tomboy ဆိုတာ​တောင်​ လက်​ခံပြီးတွဲ​ပေး​ခဲ့​သေးတာ သူမကိစ္စတချို့ကိုလည်း ကိုယ်​က နားလည်​​ပေးဖို့လိုအပ်​သည်​ သူ့ အိပ်​မက်​ကို​တောင်​ အမြဲတမ်း ပံပိုး​နေတာ မာန့်​အိပ်​မက်​ကို သူမပံ့ပိုးနိုင်​​တောင်​ မ​နှောင့်​ယှက်​သင့်​ဘူး​လေ
"ကို"
"ဗျာ"
"ကို အရမ်း​အောင်​မြင်​​နေတာ​နော်​ နိုင်​တကာပွဲ​တွေထိ ကို ဝင်​ပြိုင်​​နေတာ ​တရုတ်​ကမှာလိုက်​ ထိုင်းကမှာလိုက်​နဲ့ ကို့ ​ခွေး​တွေ​ ပြည်​တွင်းမှာ​တောင်​ မ​ရောင်းရဘူး"
"​မြှောက်​မ​နေနဲ့ မာန်​ က ကို့ထက်​​တောင်​ ​အောင်​မြင်​​သေးတယ်​ မာန်​ ဒီနှစ်​ ကားကြီး​တွေတအားများတယ်​ အကယ်​ဒမီစင်​​ပေါ်တတ်​ရ​တော့မယ်​ထင်​တာ"
"တတ်​ချင်​တာ​ပေါ့ ကို ရယ်​ ကို သာနိုင်​ငံတကာလှည့်​ပြီး ဆုယူ​နေတာ မာန့်​မှာ တခု​လေး​တောင်​ မယူရ​သေးဘူး"
"မာန်​ ဒီ​လောက်​ကြိုးစား​နေတာ ရမှာပါ"
ကို့ရင်​ခွင်​ထဲသာ နား​နေလိုက်​​တော့သည်​ မာန်​ ဒီ၁နှစ်​၂နှစ်​ အတွင်း အကယ်​ဒမီ ရချင်​ပါသည်​ ကိုယ့်​ရဲ့ပန်းတိုင်​ မဟုတ်​လား
"ကို မနက်​ဖြန်​ ပြည်​ချစ်​ဘုရား သွားရ​အောင်​"
"ဖြစ်​ပါ့မလား မာန်​ ရ တ​ယောက်​​ယောက်​မြင်​သွားရင်​ မလွယ်​ဘူး"
"အဲ့ဒါ​တွေနဲ့ဘဲ မာန်​ နဲ့ ကို နဲ့ ဘယ်​မှကို မသွားရဘူး ချစ်​သူသက်​တမ်း​တောင်​ ၂နှစ်​ပြည့်​​တော့မယ်​ ပြည်​ချစ်​ကို တခါမှ တူတူမသွားဖူးဘူး"
မာန့်​နှုတ်​ခမ်း​လေးဆူကာ ​ပြော​တော့ သူမ​နေနိုင်​ပါဘူး မာန်​ စိတ်​ဆင်းရဲမှာကို သူအ​ကြောက်​ဆုံးပါ
"မာန့်​ကို စိုးရိမ်​လို့ပါ မာန်​ရဲ့သွားမယ်​​လေ မနက်​​စော​​စောသွားတာ​ပေါ့"
"အာဘွား"
လိုချင်​တာရသွားရင်​ ကိုယ့်​က​လေး​လေးက အဲ့လိုပါ
မနက်​၅နာရီ ကုန်းရုန်းထကာ သူ ဘုရားသွားဖို့ပြင်​ရသည်
ဘုရား​ရောက်​​တော့ ပန်းလှူပြီး အပြန်​မနက်​စာ ဝင်​ဝယ်​ကာ အိမ်​ပြန်​ခဲ့​တော့သည်
"မာန်​ ကို ခြံထဲသွားမလို့ လိုက်​ဦးမလား ဖြိုးတ​ယောက်​တည်း ပစ်​ထားရတာကြာပြီ"
"အင်း သွားမယ်​​လေ ကို"
သူတို့၂​ယောက်​ ခြံထဲမှာ ​ခွေး​တွေနဲ့ ​လေ့ကျင့်​ခန်းအတူလုပ်​ရင်း ​ပျော်​ကြသည်​ ကို့အနား​နေရတဲ့ အချိန်​တိုင်းမှာ သူမ အမြဲ​​ပျော်​သည်​ ​ခွေး​တွေကိုလည်း သူမ မ​ကြောက်​​တော့ dog father ကြီးကို ချစ်​​တော့ dog mother ကြီး လုပ်​ရ​တော့တာ​ပေါ့
အိမ်​ပြန်​​ရောက်​မှ သူမ ဖုန်းကြည့်​မိ​တော့ missed call ​ပေါင်းများစွာ ကို နဲ့ ခြံလိုက်​သွားတိုင်း သူမ ဖုန်းအမြဲ ထားခဲ့ရသည်​ ကိုက သူ့အနားရှိချိန်​ ဖုန်းတကိုင်​ကိုင်​ လုပ်​တာမကြိုက်​​တော့ သူမ မကိုင်​ဖြစ်​ပါ သဇင့်​ဆီသာ အရင်​​ခေါ်လိုက်​​တော့သည်
"သဇင်​"
သူမစကား​တောင်​ မဆုံး​သေး သဇင်​က ဆက်​တိုက်​​ပြောချလိုက်​​သော စကားများ​ကြောင့်​ သူမ တုန်​လှုပ်​သွားရသည်
"မာန်​ ဘာဖြစ်​တာလဲ"
"ဘာဖြစ်​​နေတာလဲလို့ ကို ​မေး​နေတယ်​​လေ"
"သဇင်​တို့ မနက်​က ဘုရားသွားတာ တ​ယောက်​​ယောက်​က ဓာတ်​ပုံရိုက်​ပြီး လိုင်း​ပေါ်တင်​လိုက်​ပုံဘဲ"
"ခဏ ကိုယ်​ လိုင်းဖွင့်​ကြည့်​လိုက်​မယ်​"
ဟုတ်​ပါသည်​ လိုင်း​ပေါ်မှာ ပလူ​ပျံ​နေ​သော သူတို့ရဲ့ပုံ​တွေ သူ့ fb acc ထိ​တောင်​သိ၍ သူ့​အောက်​မှာပါ လာ​ရေးထားကြသည်
"ကို မာန်​တို့ ဘယ်​လိုလုပ်​ကြမလဲ"
"ဒီလိုဖြစ်​သွားတဲ့အတူတူ ကို က​တော့ pubilc ချပြပြီး official တွဲချင်​တယ်​ ကိုယ်​တို့ချစ်​သူသက်​တမ်းလည်း ၂​နှစ်​တာင်​ပြည့်​ခါနီးပြီ ကိုယ်​တို့ တ​ယောက်​အ​ကြောင်းတ​ယောက်​ သိသင့်​သ​လောက်​လဲသိပြီးပြီဘဲ မာန်​ ရယ်​"
ကို တည်​တည်​ငြိမ်​ငြိမ်​ ​ပြော​နေသ​လောက်​ သူမ မတည်​ငြိမ်​နိုင်​ပါ သူမအ​နေနဲ့က ​ပြောဖို့အဆင်​သ့င့်​မှမဖြစ်​​သေးတာ သူမ​ရှေ့​လျှောက်​ လုပ်​စရာ​တွေ အများကြီးရှိ​သေးသည်
ဖုန်းမြည်​လာသံ​ကြောင့်​ ကိုနဲ့သူမတို့ အ​တွေးကိုယ်​စီနှစ်​​မြော​နေရာမှ သတိဝင်​လာသည်
"​ဖေ​ဖေ့ ဖုန်းဘဲ"
"​ဟေ မာန်​ နှင်း ခုချက်​ချင်း အိမ်​ပြန်​လာခဲ့"
"ဟုတ်​ကဲ့ ပြန်​ခဲ့မှာပါ ​ဖေ​ဖေ သမီး ဒီမှာရှင်းစရာ​လေး​တွေရှိ​သေးတယ်​"
"​အေး ပြီး​အောင်​ရှင်းခဲ့ မဟုတ်​တရုတ်​ ​တွေလုပ်​မလာနဲ့ ငါလုံးဝသ​ဘောမတူဘူး​နော်​ ကြားလား"
ဖုန်းထဲမှ စိတ်​ဆိုးမာန်​ဆိုး ​အော်​​ပြော​နေ​သော မာန့်​​ဖေ​ဖေ၏ အသံကို သူအတိုင်းသား ကြား​နေရပါသည်
"မာန်​ ကို တို့ တ​နေ့ ဒါ​တွေ ဖြစ်​လာမယ်​ဆိုတာ ကြိုသိပြီးသားဘဲဟာ ကို တို့အတူတူရင်​ဆိုင်​ကြမယ်​ မဟုတ်​လား"
သူ မာန့်​လက်​က​လေးဆုပ်​ကိုင်​ပြီး ​ပြောလိုက်​သည်
"မာန်​ စိတ်​​တွေအရမ်းရှူပ်​​ထွေး​နေတယ်​ကို ပြီးမှ မာန်​တို့ ဆက်​​ပြောကြတာ​ပေါ့ ​လော​လောဆယ်​ မာန်​ ရန်​ကုန်​ကို ချက်​ချင်းပြန်​ရမယ်​"
"ကို ​လေဆိပ်​လိုက်​ပို့​ပေးမယ်​​လေ"
"ရတယ်​ မာန်​ taxi ​ခေါ်လိုက်​မယ်​"
သူ​ သက်​ပြင်းချရင်း ခါင်းညိတ်​ပြလိုက်​သည်

ငြိမ်းချမ်းရာ Dove le storie prendono vita. Scoprilo ora