ပြင်ဦးလွင် ကိုသွားရတော့မယ်ဆိုတော့ သဇင်ရော မာမီချစ်ရော စိတ်လှုပ်ရှားမိသည် လမင်းအိမ်ပြောစကား အရ ဟန်သာငြိမ်း ပြန်ရောက်နေတာ ၃လလောက်ရှိနေပြီဆိုတော့ သူမတို့အတွက် အရင်ကဇာတ်လမ်းကို ပြန်ဆက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသည်လေ
သဇင် လမင်းအိမ်ကို အကျိုးအကြောင်း ပြောကာ စည်းရုံးထားရကျိုးနပ်ပါသည် ဒီတခေါက်တော့ မုန့်လေးဘာလေး ဝယ်ကျွေးဦးမှပါ
"ဟေမာန်နှင်း ခွေးကြောက်တတ်လား"
ဒါရိုက်တာ့စကားကြောင့် သူမ မျက်ခုံးပင့်လိုက်သည် မျက်လုံးထဲမှာတောင် jame ကို သွားမြင်ယောင်မိသည် သတိရတယ် jame
"မကြောက်တတ်ပါဘူးဆရာ သမီး ဇာတ်ရုပ်မှာ အဲ့ဒါပါနေလို့လား"
"ဟုတ်တယ် တခန်းတိုးထားတာ စစ်ခွေးတွေနဲ့ သူတို့ကို ထိန်းတဲ့စစ်သားတွေကြားက သံယောစဉ်အကြောင်းပါအောင် တကွက်ထည့်ထားတယ် ခွေးတွေကလည်း တပ်ထဲကခွေးတွေနဲ့ တကယ့်kennel အကြီးကြီးက ခွေးတွေ ခေါ်ထားတယ် စိတ်ပူစရာတော့မရှိဘူး"
"ရပါတယ် ဆရာ အဆင်ပြေသလိုလုပ်ပါ"
>>hey လမင်းအမတို့ ပြင်ဦးလွင် ရောက်ပြီ <<
>>လမင်းမှာလည်း သတင်းကောင်းရှိတယ် ခုအမတို့ ရိုက်မယ့် တပ်မတော်ကားထဲမှာ ခြံက ခွေးပါတယ်<<
>>ဟုတ်လား sence တူရင်ကောင်းမယ် လမင်းနဲ့လည်း တွေ့ရတာပေါ့<<
>>ကိုကြီးဟန်သာက မလိုက်ဘူးလို့ပြောတာဘဲ လမင်းလည်း မမသဇင်တို့ကို တွေ့ချင်ပါတယ် ဒါပေမယ့် ကိုဖြိုးကိုကြောက်တယ်<<
>>ဇာတ်ကားတောင် တူတူရိုက်ရမှာဘဲ ဆုံပေးဖို့ကတော့ သိပ်မခဲယဉ်းပါဘူး<<
"ဟေမာန်ဖတ်ပြီးလောက်ပေမယ့် ဦး အကြမ်းဖျင်း ရှင်းပြပေးမယ် ဟေမာန်က ကျောင်းဆရာမ ဟေမာန်တို့စာသင်နေတုန်း သူပုန်တွေဝင်လာမယ် ဆရာမကို ဖမ်းခေါ်သွားမယ် အဲ့ဒါ ခွေးတွေနဲ့အနံခံပြီး လာကယ်မယ် သေချာပြန်ဖတ်ထားဦး ခဏနေ စမယ်"
ဖြိုးနဲ့ လမင်း kumar ကိုခေါ်ပြီး ရိုက်ကွင်းရောက်တော့ ဗိုလ်မှူးသူရက ပျာပျာသလဲ လာနှုတ်ဆတ်ရှာသည် ဝါသနာတူတွေမို့ ခင်မင်ရင်းနှီးနေကြခြင်း ဖြစ်သည်
"ဖြိုးရော လမင်းရော ခုလိုတကူးတက လာကူညီပေးတာ ကျေးဇူးဘဲနော် "
"ရပါတယ် ဗိုလ်မှူးကလည်း ဟန်သာကတော့ လပြည့်နေ့ဆိုတော့ အန်တီနဲ့နားမလို့ မလာတော့ဘူးတဲ့"
"အာ ရပါတယ် ခုလိုကူညီပေးတာဘဲ ကျေးဇူးတင်လှပြီ တပ်မှာက အယ်လ်ဇေးရှင်းတွေဘဲရှိတာလေ ကျွန်တော်က rottweiler တွေရောထည့်ရိုက်ချင်တာ ဖြိုးတို့ကူညီလို့ အဆင်ပြေသွားတာ မင်းသား မင်းသမီး ကိုkumar နဲ့ရင်းနှီးအောင် လုပ်ပေးပါဦး"
"ဟုတ်ကဲ့ဗိုလ်မှူး"
ဖြိုး နဲ့ လမင်းလည်း Kumar ကြီးကိုခေါ်ကာ မင်းသား မင်းသမီးများ နားနေရာဘက် ခေါ်လာလိုက်သည် လမင်းကတော့ သဇင်တို့ မာမီချစ်တို့ကို မသိမသာလှမ်းနှုတ်ဆက်ရသည်
အဆင်မပြေပါ kumar ကတကယ်ကပ်သည် ဖြိုးတို့ရှေ့မှာအကောင်း ပြီးရင်ထင်ရာလုပ်တော့သည်
(လမင်းအိမ်ရဲ့စနက်လည်းပါတာပေါ့)
"ဗိုလ်မှူး ဒီခွေးနဲ့ မရိုက်ဘဲ အဲ့ဒီkennel ကjame နဲ့ရိုက်လို့ရမလား"
ဟေမာန်နှင်း ဗိုလ်မှူးနားကပ်ကာသွားပြောလိုက်သည် jame နဲ့အတူတူ သရုပ်ဆောင်ချင်သည့် စိတ်တို့်က ထိန်းမရ
"မဟေမာန်နှင်းက kennel အကြောင်းသိနေတာဘဲ ဒါပေမယ့် jame သေသွားတာ ၆လလောက်ရှိပြီ ကျွန်တော် ခွေးကိစ္စသွားပြောလိုက်ဦးမယ် kumar က ကပ်နေတော့ ဖြိုးတို့ဘယ်လိုလုပ်ပေးမလဲလို့"
ဟေမာန်နှင်း ငိုင်ကျသွားသည် jame မရှိတော့ဘူးလား ကိုယ်ခင်တွယ်ရသော တကောင်တည်းသောခွေးမို့ စိတ်ထဲတကယ်မကောင်းပါ တော်ပါသေးတယ် ကို အဝေးရောက်နေလို့ နို့မို့ ကို အရမ်းခံစားရမှာ
"ကိုဖြိုး ရ မှမရတာ ကိုကြီးဟန်သာကိုခေါ်လိုက် ဒီမှာ အလုပ်လုပ်နေရတဲ့လူတွေအများကြီး အားနာစရာဖြစ်နေပြီ"
လမင်းအိမ်စကားကြောင့် ဖြိုးသက်ပြင်းချမိသည် ဟန်သာ့ကို ဟေမာန်နဲ့ မဆုံစေချင်ပါ သို့သော် အခြေအနေက ကျဉ်းထဲကြပ်ထဲရောက်နေပြီဆိုတော့လည်း
"အေးပါ ငါခုလိုက်လာခဲ့မယ်"
ဟန်သာ့စကားကြောင့် ဒေါ်ငြိမ်းရီလှမ်းကြည့်တော့
"ဖြိုး ဖုန်းဆက်တာ kumar ကပ်နေလို့တဲ့ ခဏလိုက်သွားဦးမယ် မြန်မြန်ပြန်ခဲ့မယ်နော် အိမ်တံခါးသေချာပိတ်ဦး"
ဟန်သာပြောပြီး ထွက်လာတော့ Hah က ကားနားတောင်ရောက်နေပြီ ဟန်သာအားရပါးရ ရယ်လိုက်သည် တကယ်လူစကား နားလည်သည့်ကောင်ပါ
"ကဲ Hah တက် သွားရအောင်"
"ဗိုလ်မှူး အားနာလိုက်တာဗျာ ဒီကောင်ဘယ်လိုဖြစ်နေလဲ မသိဘူး ကျွန်တော်သွားကြည့်ဦးမယ် Hah လျှောက်မသွားနဲ့ ငါ့နားမှာဘဲနေ"
"ဟန်သာ ခဏ ဒီကောင်ကြီးက အသစ်လား"
"ဟုတ်ဘူးဗိုလ်မှုး သူက သက်သက်ဒီအတိုင်း အဖော်မွေးထားတာ ဂျာမနီက ပါလာတာ"
"ဒီကောင်လေးက ပိုမိုက်နေတယ် kumar လည်းကပ်နေတော့ ဟန်သာ ဒီကောင်လေးနဲ့ ရိုက်ပေးပါလား အနီးကပ်ကူညီပေးပါဦး အားလုံးက မေတ္တာနဲ့ကူညီကြတာဆိုတော့ တခုခုဆို အားနာလို့"
ဗိုလ်မှူးစကားကြောင့် သူ သဘောတူလိုက်ရသည်
"အဲ့ဒါဆို ဟန်သာ Hah ကို မင်းသား မင်းသမီးတွေနဲ့ ရင်းနှီးအောင်လုပ်ပေးပါဦး တကယ့်နေရာက ပါရမှာဆိုတော့ ရင်းနှီးထားမှ"
"ဟုတ်ကဲ့ဗိုလ်မှူး Hah ကလူယဉ်တယ် အဆင်ပြေမှာပါ"
သူပြောပြောဆိုဆိုနဲ့ လမ်းလျှောက်လာတော့ ဖြိုး နဲ့ လမင်းအား မျက်နှာငယ်လေးတွေနဲ့ တွေ့လိုက်ရသည်
"ဖြိုး ရာဖြစ်ပျက်နေလိုက်တာ အေးဆေးပေါ့"
"ဟန်သာ sorry ဘဲ ငါကြိုးစားကြည့်တယ် မရလို့ပါ"
"ရပါတယ်ကွာ မင်း kumar ကိုပြန်ခေါ်သွားတော့ Hah နဲ့ရိုက်မယ်တဲ့ လမင်းက အကို့ကို ကူညီပေးနော်"
"ဟန်သာ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ် ဖြိုး ရ ဘာဖြစ်လို့လဲ"
"မင်းသမီးက ဟေမာန်နှင်း ဖြစ်နေလို့ပါ"
ဖြိုးစကားကြောင့် သူ လန့်သွားသည် စကားကျွံပြီးမှ သူ နောက်ဆုတ်၍မရပါ ဗိုလ်မှူးမျက်နှာက ရှိသေးသည် kennel အများကြီးထဲကမှ ကိုယ့်ကိုယုံကြည်ပြီး အကူအညီတောင်းတာကို သူမျက်နှာလွှဲခဲပစ်လုပ်လို့်မရပါ ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင်တည်ဆောက်ထားပြီးပြီဘဲ ရင်ဆိုင်ရမှာပေါ့
"ရတယ်ဖြိုး kumar ကိုခေါ်ပြီးပြန်တော့ လမင်းနဲ့ငါ ဆက်လုပ်ပေးလိုက်မယ်"
သူစိတ်တည်ငြိမ်အောင်ထိန်းရင်းက ပြောလိုက်သည်
ဟန်သာ့စကားကြားတော့ လမင်းအိမ် ထခုန်မတတ် ဝမ်းသာသွားသည် သူမတို့အကြံအောင်မြင်တယ်လို့ ပြောရမည် kumar စိတ်မကြည်အောင် မနည်းကြိုးစားထားရတာ ကြိုးစားရကျိုးနပ်သည်
"Hah"
ကြားလိုက်ရသော အသံကြောင့် ဟေမာန် တုန်သွားရသည် ဒီအသံ ကို့ အသံဘဲ မကြားရတာကြာသော်လည်း မမှားနိုင်ပါ ဒိုင်ယာလော့တွေဖတ်နေရာမှ ခေါင်းထောင်ကြည့်မိတော့ သူမတို့ရှိရာဆီ လာနေသည့် လူတယောက် ဂျင်းဘောင်ဘီတို စွပ်ကျယ်ပေါ်က ရှပ်အင်္ကျီအကွက်လက်တိုထပ်ထားသည့် ထောင်းထောင်းမောင်းမောင်းလူတယောက် မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေကို သပ်သပ်ရပ်ရပ် shave ထိုးထားသည့်မျက်နှာက ကို့ မျက်နှာပါ အရမ်းပြောင်းလဲသွားတယ် အရင်ကဆို မနက်လင်းတာနဲ့ မုတ်ဆိတ်မွှေးရိတ်တတ်တဲ့ အားကစားဘောင်းဘီရှည်နဲ့ စပို့ရှပ်အဖြူကိုသာ စွဲစွဲမြဲမြဲ ဝတ်တတ်တဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ ကို ရယ် ခုလျှောက်လာတဲ့ ကို ရယ် အရမ်းကွာခြားသွားသည်
"Hah သားကြီး လာ သူ့ကိုမှတ်ထား မင်း သူနဲ့အလုပ်လုပ်ရမယ် နားလည်လား"
သူ မာန့်မျက်ဝန်းတွေကို မသိချင်ယောင်ဆောင်ရင်းက Hah ကိုစကားပြောနေလိုက်သည်
သဇင်ရယ် မာမီချစ်ရယ် လမင်းရယ်ကတော့ ပွဲကြည့်ပရိတ်သတ်ပါ ဟန်သာနဲ့ ဟေမာန် ကို ဝိုင်းအကဲခတ်နေကြသည် ဟန်သာက ကြိုသိထားသူမို့ မသိသာသော်လည်း ဟေမာန့်မျက်ဝန်းက နာကျင်မှုတွေကိုတော့ အတိုင်းသား မြင်နေရသည်
"လမင်း Hah ကို ခေါ်ပြီး ဒီမှာ ခဏနေလိုက် ကိုကြီး ကားပေါ် ခဏသွားဦးမယ်"
ဟန်သာ အသက်ဝဝရှူရန် လိုအပ်နေသည် ဘယ်လိုဘဲ ကြိုးစားကြိုးစား မာန့်ရှေ့မှာ သူကျရှူံးနေတုန်းဘဲ ဟန်သာ အသက်ပြင်းပြင်းရှူပြီး ရေ အဝသောက်လိုက်သည် Hah ကို မင်းသားနားပို့ရဦးမည်မို့ သူအချိန်မဆွဲအားပါ
"ဟန်သာ ဒီနေ့တနေ့ဘဲ အားတင်းထား"
သူ့ကိုယ်သူ အားပေးရင်း လမင်းတို့ရှိရာဆီ ပြန်လာခဲ့သည် မြင်လိုက်ရတဲ့ မြင်ကွင်းက အံသြစရာပါ Hah က မာန့်ကိုခင်ပုံရသည် နှစ်ယောက်သား ဖက်လှဲတကင်း ဆော့နေပုံမှာ အတူတူနေတာကြာပြီးသည့်ပုံစံ ကိုယ်က လွဲပြီး ဘယ်သူ့ကိုမှ ဟက်ဟက်ပက်ပက် မရှိသော Hah က မာန့်ကို ခင်တွယ်နေသည်မှာ အသိသာကြီးပါ
"ငါနဲ့အနေများလို့ဖြစ်မယ်"
သူရေရွတ်ရင်း ရယ်မောလိုက်သည်
"လမင်း အဆင်ပြေလား"
"ပြေလွန်းအားကြီးနေတာ ကိုကြီးရ Hah က လမင်းနားတောင် မနေဘူး မမဟေမာန်နားဘဲ ကပ်နေတာ"
"ပြင်ဦးလွင် မှာနေတုန်းHah ကို ခဏခေါ်ထားလို့ရမလား ဟန်သာ အကူအညီတောင်းတာပါ"
ဟေမာန့်စကားကြောင့် သူတို့အားလုံးကြောင်သွားကြသည် ဟေမာန် ခုလိုပြောလိမ့်မယ်လို့ သူတို့အားလုံး မမျှော်လင့်ထားပါ
"မဖြစ်ဘူးထင်တယ် Hah က ကျွန်တော့်အဖော်လေ သူ့ကို အဲ့ဒီလို ပေးထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"ဟန်သာ ကျေးဇူးပြု၍"
မာန် ကို့အား အသနားခံသော အကြည့်နှင့် တောင်းခံမိသည် Hah နဲ့အတူဆော့နေရတဲ့ အချိန်တွေမှာ သူမ ပေါ့ပါးပြီး ပျော်ရွှင်မှုကိုခံစားရသည်
"ကောင်းပြီလေ ၃ ရက်ခေါ်ထားပါ ၃ရက်ပြည့်ရင် လာခေါ်မယ်"
လက်၃ချောင်း ထောင်ပြနေသော ကို့လက်ကို ကြည့်ရင်း မာန် ပြုံးမိသည် ကို့လက်မှာ မာန်ပေးထားတဲ့ နာရီရှိနေတုန်းဘဲ ကျေးဇူပါကို
"ကျေးဇူးတင်ပါတယ် ဟန်သာ"
"ရပါတယ် ခုတော့ ခဏခေါ်ဦးမယ် မင်းသားဆီပို့ရဦးမှာမလို့"
"Hah လာသား"
Hah က မာန့်နားကမခွာချင်ဖြစ်နေသည်
"Hah လာလို့ပြောနေတယ်လေ နားမထောင်ရင် ရိုက်မှာ ခု လာ"
"ဟေမာန် လိုက်ခဲ့မယ်လေ Hah လာ တူတူသွားမယ်"
ငေါက်ခနဲ ထလာသော Hah ကိုကြည့်ရင်း ဖင်ပိတ်ကန်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာရသည် ဘ့ယ်နှယ့် အိနြေ္ဒကိုမရဘူး
သူတို့၃ယောက် မင်းသားရှိရာဘက်လျှောက်ခဲ့သည်
"ဘယ်လောက် ကြည်နူးဖို့ကောင်းတဲ့မြင်ကွင်းလဲနော်"
မာမီချစ်စကားကို လမင်းနဲ့ သဇင်တို့ ခေါင်းညိတ်ရင်း ထောက်ခံ လိုက်သည်
"Otto my boy"
နောက်မှအော်သံကြောင့် ဟန်သာ လှည့်ကြည့်လိုက်တော့ သူ့ဆီပြေးလာနေသော Emilia ကိုတွေ့လိုက်ရသည်
"Yayy Emilia, it's you"
သူပြန်လည်အော်ရင်း ပြေးလာသော Emilia ကိုပွေ့ဖက်လိုက်သည်
"အရမ်းသတိရနေခဲ့တာ Emilia"
"တူတူဘဲ မင်း မရှိတဲ့ ဂျာမနီက ပျင်းစရာကြီး otto"
"အဟမ်း"
ဟေမာန် ရှေ့မှမြင်ကွင်းကို ဆက်ပြီးကြည့်နိုင်စွမ်း မရှိတော့သောကြောင့် ချောင်းဟန့်လိုက်သည်
"Aww လမင်း လာဦး ဒီကညီမကို ကူပေးလိုက် ငါကားနား ခဏသွားဦးမယ် "
"ဟုတ် ကိုကြီး"
လမင်းလည်း သဇင်တို့ရဲ့ စူးရဲနေသော အကြည့်များအောက်မှလွတ်ရန် အမြန်ပြေးလာခဲ့သည်
"Emilia လာ ကားနားသွားရအောင်"
Emilia ခေါင်းညိတ်ပြရင်း မတွေ့ရတာကြာတဲ့ မောင်လေးရဲ့ခါးကိုဖက်ရင်း ကားဆီဦးတည်လိုက်သည်
"လာမှာကို ကြိုမပြောဘူး လေဆိပ်လာကြိုမှာပေါ့"
"ကြီးကြီးကျယ်ကျယ်တွေပါဟာ ခုလည်း မင်းဆီ ငါရောက်လာတာဘဲလေ"
"အမေညွှန်ပေးလိုက်တာလား ဒီနေရာကို"
"ဟုတ်ပ အန်တီ့ကား ခဏယူခဲ့တယ်လေ"
"ဒီမှာ ကြာဦးမှာ Emilia အိမ်ကနားရင်း စောင့်ပါလား ဒီမှာပျင်းနေလိမ့်မယ်"
"Ok အိမ်မှအေးဆေးတွေ့ကြစို့ မင်းမျက်နှာလည်း မြင်ပြီးပြီဆိုတော့ အိမ်ကနားရင်းစောင့်မယ် see you"
သူ Emilia ရဲ့ကားလေးမောင်းထွက်သွားသည်ကို လက်ပြရင်း ကြည့်နေလိုက်သည် ညကျ Emilia ကို စိတ်ရှိလက်ရှိ ရင်ဖွင့်ပြီး မူးပစ်မယ် လိုအပ်နေတဲ့အချိန် ကွက်တိရောက်လာလို့ ကျေးဇူး မကြီး
"မဟေမာန် သွားနားလိုက်ပါ ညီမလေး Hah ကိုကြည့်ထားလိုက်မယ်"
လမင်း စိတ်နဲ့ကိုယ်မကပ်သလို ဖြစ်နေသော ဟေမာန့်ကိုကြည့်ရင်း ပြောလိုက်သည် အမှန်ဆို လမင်းတောင် shock ရသွားသည် မဟုတ်ပါလား ကိုကြီးဟန်သာ ရည်းစားရနေပြီလားမသိဘူး မမသဇင်ကတော့ ငါ့ကို သတ်တော့မှာဘဲ သူမတွေးရင်း ခေါင်းကုတ်နေမိသည်
"ရတယ်ညီမလေး ရှင်းသန့် နင် Hah နဲ့ ok သွားပြီမလား ငါပြန်ခေါ်သွားတော့မယ်"
"အေးအေး ဟေမာန် နင် Hah ကိုတော်တော်ခင်နေတာဘဲ"
"Hah ကလည်း ငါ့ကို ခင်တယ်လေ"
ဟေမာန် Hah ကိုကြည့်ရင်း သက်ပြင်းချလိုက်သည် ပျော်ပါစေ ကို ကိုချစ်တဲ့သူနဲ့ပျော်ပါစေ ကို့ ကိုသူကပြောင်းလဲစေခဲ့တယ်ဆိုရင်တောင် မာန် ကျေနပ်တယ်
"ကဲ စကြစို့"
ဒါရိုက်တာကြီးရဲ့အော်သံကြောင့် ဟေမာန် သတိဝင်လာရသည် ကဲ ဟေမာန်နှင်း အလုပ်လုပ်ကြစို့
ဟန်သာ မာန်သရုပ်ဆောင်တာကို ဒါရိုက်တာကြီးရဲ့ tv ကကြည့်နေလိုက်သည် perfect ပါမာန် အရမ်းတော်နေတုန်းဘဲ မာန် ရွေးချယ်တဲ့လမ်းကြောင်းမှာ အကောင်းဆုံးဖြစ်နေတာ ကို ကျေနပ်တယ် ဟန်သာtv ကိုကြည့်ရင်းက Hah ရဲ့မူမမှန်မှုကို တွေ့လိုက်ရသည် မာန့်နားမှာ တခြားခွေးကပ်နေလို့ သူ စိတ်ရှူပ်နေပုံရသည် ဟိုဘက်ခွေးကလည်း Hah ရန်စောင်နေတာရိပ်မိပုံရသည် မာန့်နားအတင်းကပ်ကာ Hah ကိုရန်စသည် ဒီအတိုင်းဆို မာန့်အတွက် အန္တရာယ်များသည်
"ဟေး Hah သား ငြိမ် လမင်း Hahရဲ့ချူပ်ကြိုး ကိုထိန်း"
သူအော်ရင်း မာန့်ဆီ အတင်းခုန်အုပ်ရန် ပြင်နေသည့် ခွေးကြောင့် မာန့်ကိုရင်ခွင်ထဲထည့်ကာ ကာပေးထားလိုက်သည် ခွေးကြီးမျိုးတွေမို့ သူ့မှာ ယိုင်ထွက်သွားသော်လည်း မာန့်ကိုမလွှတ်ရဲပါ တော်ပါသေးသည် ခွေးကြပ်က ဝင်ထိန်းပေးလို့ သူ့ခွေးကိုယ့်ခွေး ဝင်ထိန်းရင်း မြန်မြန်ပြီးသွားသည် နို့မို့ သူ့ကျောပြင် ရစရာတောင်ရှိမည်မဟုတ် ခုတောင် သု့မှာ စပ်ဖျင်းဖျင်း နဲ့ အတော်ခံလိုက်ရသည်
"ဒီကညီမ ကြောက်သွားတာလား ရပြီ"
သူ မာန့်ကို သတိပေးရင်း လွှတ်ပေးလိုက်သည်
ကို့စကားကြောင့် မာန် သတိဝင်လာရသည် ရုတ်တရက်ကြီး ကို့ရင်ခွင်ထဲ ရောက်သွားသောကြောင့် သူမကြောင်သွားသည် ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ ကို ကသူမအား မလွှတ်တမ်း ကာကွယ်ပေးထားသော အခိုက်အတန့် ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကို့ရင်ခွင်ထဲ ရောက်တိုင်း ငြိမ်းချမ်းနွေးထွေးမှုကို ခံစားရတုန်းဘဲကို
"ဗိုလ်မှူး အငယ်ချင်းတွဲလိုက်လို့ ပြဿနာဖြစ်သွားတာ Hah ကလည်း မင်းသမီးကို ခင်နေတော့ ရန်စောင်သွားတာ တခြားခွေးကြီးထည့်လိုက် ရင် အဆင်ပြေသွားမှာအကို စိုးရိမ်စရာမရှိဘူး"
"ဟုတ်ကဲ့ပါ ဟန်သာ ချက်ချင်းဝင်ထိန်းလိုက်လို့တော်သေးတာပေါ့ နို့်မို့ မင်းသမီးတော့ ခွေး၂ကောင်ကြားမှာ အလူးအလဲခံရမှာ ခုတော့ ဟန့်သာ ကျွမ်းကျင်မှုက ခွေးတိုက်ပွဲမဖြစ်အောင် ထိန်းလိုက်တာဘဲ တော်တော်ထိသွားပုံဘဲ လာဗျာ ဆေးထည့်ရအောင်"
"ဟေမာန် သမီးအဆင်ပြေလား ခဏနားပြီးမှဆက်ရိုက်တာပေါ့"
"ပြေပါတယ်ဆရာ ဟို ဗိုလ်မှူးတို့ရော"
"ဆေးထည့်ဖို့တဲ့ ဌာနဖက်လျှောက်သွားတယ်"
ဒါရိုက်တာကြီး စကားကြောင့် ဟေမာန် အမြန်လိုက်လာခဲ့သည် ကို အများကြီး ထိသွားလားမသိဘူး
မာမီချစ် ဟေမာန့်ကျောပြင်ကို ကြည့်ရင်းသက်ပြင်းချလိုက်သည် ကိုယ့်အတွက် မဟုတ်တော့တဲ့လူတယောက်ကို မေ့ပစ်ဖို့ ဟေမာန့်ကို တိုက်တွန်းရဦးမည်
"ဗိုလ်မှူး ဟေမာန် ဆေးထည့်ပေးလိုက်ပါ့မယ်"
ဆေးသတ္တာကိုင်ထားသော ဗိုလ်မှူးကို သူမလှမ်းပြောလိုက်သည်
"အတော်ဘဲဗျာ ခုဘဲ လမင်းကိုခေါ်မလို့ ဟေမာန်လာတာ အဆင်သင့်သွားတယ် အဲ့ဒါဆို ကူညီပါဦး ကျွန်တော် ဒါရိုက်တာနား သွားဦးမယ်"
"ဟုတ်ကဲ့ စိတ်ချပါ ဗိုလ်မှူး ဟေမာန် သေချာလုပ်ပေးလိုက်ပါ့မယ်"
ခုတော့ ဆေးတိုက်သေးသေးလေးထဲမှာ သူတို့၂ယောက်တည်း ဖြစ်သွားသည်
"အင်္ကျီချွတ်လိုက်လေ"
ဟေမာန် တံခါးတွေကို ပိတ်ရင်းက လှမ်းပြောလိုက်သည်
"အ"
ဟန်သာအင်္ကျီချွတ်လိုက်တော့ စွပ်ကျယ်နဲ့ ခွေးလက်သည်းရာတွေ ပွတ်တိုက်မှုကြောင့် ညည်းတွားလိုက်သည်
"တော်သေးတယ် တပြင်လုံးမထိလို့ "
ဟေမာန် ဆေးထည့်ရင်းက ရေရွတ်မိသည်
"စပ်လား"
"နည်းနည်း"
အပေါ်ပိုင်းကျစ်လစ်မှုအပြည့် ကြွက်သားအမြောင်းမြောင်းနဲ့ ချစ်ရသူကိုကြည့်ပြီး ရင်မခုန်ဘူးဟုပြောပါက သူမ 100%ညာတာပါ သူမ ကို့အနာကို ဆေးထည့်ပြီးလေမှုတ်ပေးရင်းက နှုတ်ခမ်းများနဲ့ ကို့ကျောပြင်အားထိကပ်လိုက်သည်
ဟန်သာကျောမှ အထိအတွေ့ကြောင့် တုန်သွားရသည် ဆန္ဒကို သိက္ခာနဲ့ ထိန်းရပေမည် ခဲမှန်ဖူးသော စာသူငယ်မို့ သူနောက်ထပ်တဖန် မခံစားချင်တော့ပါ
"ရပြီ ညီမ ကျေးဇူးဘဲ"
ပြောပြောဆိုဆို သူရှပ်အင်္ကျီသာ ကောက်စွပ်ပြီး ထွက်လာခဲ့လိုက်သည် ကို အဆင်မပြေဘူး မာန်
ဟန်သာထွက်သွားမှ မာန် ထိုင်ကာငိုချလိုက်သည် သူ့ကို ပစ်ပစ်ခါခါ လုပ်ခဲ့တာတောင် ခုထိ မာန့်အပေါ် ကောင်းပေးတုန်းဘဲ နာကျင်ရတယ် ကို မာန်ဟာ လူဆိုးမတယောက်ပါ ကို့ရဲ့ စေတနာတွေ မေတ္တာ တွေနဲ့မထိုက်တန်တဲ့ လူဆိုးမတယောက်ပါ
"ဟန်သာ အတော်များသွားလား"
"မများပါဘူး ဗိုလ်မှုးအပေါ်ယံပါဘဲ"
"တော်သေးတာပေါ့ ဒါနဲ့ သတိရတုန်းမေးဦးမယ် Hah နာမည်က ထောက်ထောက်ကြီးနော် ဘယ်လိုရည်ရွယ်ပြီး ပေးထားတာလဲ ပုံမှန်ဆို ဟန်သာက ခေါ်လို့ကောင်းတာ ပေးတတ်တဲ့သူလေ Hachiko ကို အစွဲယူတာလား"
ဗိုလ်မှူးစကားကြောင့် ဟန်သာ ရယ်လိုက်သည်
"မဟုတ်ပါဘူး ဒီအတိုင်း မြတ်နိုးရတဲ့ နာမည်လေးတခုကို ရည်ရွယ်ထားတာပါ Hah က သူ့တသက် ကျွန်တော့်နားမှာ အဖော်ပြုနေမယ့်သူဆိုတော့ ဒီလိုဘဲ ပေးဖြစ်သွားတာ"
"ဟုတ်ပါပြီဗျာ ဇာတ်လမ်းလေးနဲ့ပေါ့"
"ဒါပေါ့"
သူပြန်နောက်ရင်းရယ်လိုက်သည်
သိပ်မြတ်နိုးရသည့် နာမည်တခုကို ရည်ရွယ်ရင်း ကိုယ့်နားမှာ သူ့တသက် ရှိနေမည့်အဖော်အား ကင်ပွန်းတပ်ထားသည့် ကိုယ်ဟာ စိတ်ကူးယဉ်ဆန်သူသက်သက်ပါ
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ