ငြိမ်းချမ်းရာ - ၃၁

1.5K 88 7
                                    

မနက်​ခင်း လမ်း​လျှောက်​ဖို့ ဆိုင်​ကယ်​ကို ရပ်​လိုက်​ချိန်​ မိမိအား ကန်​​ဘေးမှ လှမ်းပြုံးပြ​နေ​သော ဟန်​သာ့အား ​တွေ့လိုက်​ရသည်​ ဒီက​လေး မပြန်​​သေးဘူး ဘဲကို သမီးကြီး ​ပြောတာမှန်​​နေတာ​ပေါ့ သူဟာ သမီးငယ်​အ​ပေါ် လွယ်​လွယ်​နဲ့ လက်​​လျှော့မယ့်​လူမျိုးမဟုတ်​ သူမ ဟန်​သာ့ဆီ ဦးတည်​သွားချိန်​ သူမခင်​ပွန်းက သူမလက်​ကို လှမ်းဆွဲလိုက်​သည်
"ကိုမျိုး လာပါ ခဏဘဲ စကား​ပြောမှာပါ"
ဒေါ်သက်​ထား ​ပြောရင်း ခင်​ပွန်း​သည်​နဲ့အတူ ဟန်​သာ့ဆီ ​လျှောက်​လာခဲ့သည်
"မင်း မ​နေ့က မလာဘူး အန်​တီ မင်းပြန်​သွားပြီထင်​​နေတာ"
ဟန်​သာအံသြသွားသည်​ မိမိအား ​နောက်​ဆုတ်​ခိုင်းခဲ့ ​သော ​ယောက္ခမကြီးက ဒီလိုစကား​ပြောလာ​သော​ကြောင့်​ ​ကြောင်​ပင်​သွားရသည်
"ဟုတ်​ မ​နေ့က မမှီလိုက်​တာ အိပ်​ရာထ​နောက်​ကျသွားလို့ပါ"
"ခြံထဲမှာ မ​နေ​တော့ဘူးဆို ခုဘယ်​မှာ​နေလဲ"
"တည်းခိုခန်းမှာ ​နေပါတယ်​ အန်​တီ"
"အဆင်​​ရော​ပြေလား မင်း ထမင်းမှန်​မှန်​စားလား မ​တွေ့ရဲ့တရက်​အတွင်း ​တော်​​တော်​ရုပ်​ကျသွားတယ်​"
"အဆင်​​ပြေပါတယ်​ အန်​တီ အခုလို ဂရုစိုက်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်​"
"​အော်​ ပြီးတာပါဘဲ မင်းအဆင်​မ​ပြေရင်​ အန်​တီ့အိမ်​ လာ​နေခိုင်းမလို့ပါ"
"ဟာ တကယ်​က အဆင်​မ​ပြေဘူး အန်​တီ ညဆို ​ဘေးခန်းက ဆူတယ်​ ထမင်းစားရတာလည်း အဆင်​မ​ပြေဘူး ​တော်​​တော်​ အဆင်​​မ​ပြေတာ အန်​တီ"
ဟန်​သာငြိမ်းတို့ ဒီလိုအခွင့်​အ​ရေးမျိုး ဘယ်​လက်​လွတ်​ခံပါ့မလဲ
"ဟုတ်​ပါပြီ အန်​တီ့အိမ်​​ပြောင်းခဲ့​လေ ခု​တော့လမ်း​လျှောက်​ကြစို့"
ကမူးရှူးထိုး ​ပြောချ​လိုက်​​သော ဟန်​သာငြိမ်းကို ကြည့်​ရင်း ​ဒေါ်သက်​ထား သ​ဘောကျစွာရယ်​ရင်း ပြန်​​ပြောလိုက်​သည်
ထို​နေ့မနက်​က သူမတို့သုံး​ယောက်​ အတူတူ လမ်း​လျှောက်​ကြသည်​ အလယ်​က ​ဒေါ်သက်​ထားက တည်​ငြိမ်​​နေသ​လောက်​ ဘယ်​ဘက်​က ဦးမျိုးကို ကဆူ​ပုတ်​ပုတ်​နှင့်​ ​ဆောင့်​ကြီး​အောင့်​ကြီး ​လျှောက်​လျက်​ ညာဘက်​က​ ဟန်​သာငြိမ်းက​တော့ ​ခြေ​ထောက်​နဲ့ ​မြေပြင်​နဲ့ မထိ​တော့​လောက်​​အောင်​ ​မြှောက်​ကြွ ​မြှောက်​ကြွ ​လျှောက်​လျက်​ပါ ​ဘေးကလူနှစ်​​ယောက်​က သူမရဲ့အားကိုးရာ​တွေ မဟုတ်​ပါလား​ ​ပျော်​ပါ​စေ ​မေ​မေ့သမီး​လေး
လမ်း​လျှောက်​ရာက ပြန်​လာ​သောအခါ ဦးမျိုးကို ဆိုင်​ကယ်​​ပေါ်မှာ စကားတခွန်းမှ မ​ပြော အိမ်​​ရောက်​​တော့လည်း ဧည့်​ခန်းထဲမှာ ဆူပုတ်​ပုတ်​နှင့်​ ထိုင်​​နေသည်
"ကိုမျိုး ထားကို စိတ်​ဆိုး​နေတာလား"
"ထား ဘာစိတ်​ကူးနဲ့ ဟို​ကောင့်​ကို အိမ်​​ခေါ်လိုက်​တာလဲ အဲ့ဒီလို​ခေါ်တာက ထား သူတို့ကို သ​ဘောတူလိုက်​တဲ့ သ​ဘောဖြစ်​​နေပြီမလား"
"ဟုတ်​တယ်​ သူတို့ကို ထား သ​ဘောတူမလို့ သူ့ကို ဒီထက်​ ပို​လေ့လာနိုင်​​အောင်​ အိမ်​​ခေါ်လိုက်​တာ"
"ကြုံလာရမယ့်​ ပြဿနာ​တွေက နည်းနည်း​လေး မဟုတ်​ဘူး​နော်​ ထား ကြို​တွေးပြီးပြီလား"
"ထား ​တွေးပြီးပါပြီ ထားသမီး​တွေ စိတ်​ချမ်းသာပြီး ​ပျော်​ရွှင်​​နေရင်​ ထားဘာကိုမှ မ​ကြောက်​ပါဘူး ပြီး​တော့ သမီးငယ်​ ​ရွေးချယ်​ထားတဲ့သူကလည်း က​လေက​ချေ လူဆိုးလူမိုက်​မှ မဟုတ်​တာ သူ့နယ်​ပယ်​နဲ့သူ ​အောင်​မြင်​​နေတဲ့ လူငယ်​တ​ယောက်​ဘဲ ထား တို့မိသားစု ​ခေါင်း​မော့ပြီး ​နေရ​အောင်​ သူတို့ကို ထားတို့မှ လက်​မခံ​ပေးရင်​ ပတ်​ဝန်းကျင်​က ပိုနှိမ့်​ချမှာ​ပေါ့ ထားတို့​ဘေးက ရပ်​တည်​​ပေး​နေ​တော့ သူတို့လည်း ​ခေါင်း​မော့​နေနိုင်​တာ​ပေါ့ ကိုမျိုး ​သေချာစဉ်းစားပါ ဘာကပိုအ​ရေးကြီးလဲဆိုတာ မတိုင်​ပင်​ဘဲ အိမ်​​ခေါ်မိတဲ့အတွက်​ ထားကို ခွင့်​လွှတ်​ပါအကို"
ဒေါ်သက်​ထား ခင်​ပွန်းသည်​အား ဖြည်းဖြည်းချင်း နားချ​နေမိသည်
ဒီလိုနဲ့ ဟန်​သာငြိ​မ်းတို့ ​ယောက္ခမအိမ်​​ပေါ် ​ရောက်​လာခဲ့ရသည်​ အ​နေအစား မ​ချောင်​​သော ဘဝပါ အိမ်​ရဲ့လိုအပ်​ချက်​ကို မ​ပြောဘဲ ဖြည့်​ဆည်း​ပေးနိုင်​​အောင်​ ကြိုးစားရသည်​ မီးလုံးကျွမ်းလည်း ဟန်​သာငြိမ်း ​ရေပိုက်​ပြင်​လည်း ဟန်​သာငြိမ်း ​ဈေးခြင်းဆွဲလည်း ဟန်​သာငြိမ်း တအိမ်​လုံး အလုပ်​ ​တောက်​တဲ့​တောက်​တဲ့နဲ့ လုပ်​ရသည်​ အလုပ်​သမား များများစားစား မရှိ​သော အိမ်​မို့ သူ့မှာလုပ်​စရာ ကုန်​ကိုမကုန်​ တပတ်​အတွင်းပင်​ သူ​တော်​​တော်​ ​ထောင့်​​စေ့​စေ့ လုပ်​ဖူးသွားသည်
ဒေါ်သက်​ထား ကြိုတင်​​တွေးထားသည့်​ အစီအစဉ်​ အတိုင်း ​အ​ကောင်​အထည်​​ဖော်​ရန်​ ပြင်​ဆင်​လိုက်​သည်​ ခုချိန်​က အ​ကောင်းဆုံးအချိန်​ဟု သူမ​ တွက်​ချက်​မိသည်
"မမ "
သဇင့်​ရဲ့ ​အော်​သံ​ကြောင့်​ ​ဟေမာန်​​ ဟင်းချက်​​​နေရာမှ လှမ်းကြည့်​လိုက်​သည်
"မမအိမ်​မှာ ဘာအ​ရေးကြီးလဲ မသိဘူး အန်​တီဖုန်းဆက်​တယ်​ မိုးကုတ်​ကို အမြန်​ပြန်​လာခဲ့ပါတဲ့ "
သဇင့်​စကား​ကြောင့်​ ​ဟေမာန်​ ​ကြောင်​သွားရသည်​ ဒီတလ​ကျော်​လုံး အိမ်​ကို သူမလည်း အဆက်​အသွယ်​မလုပ်​ အိမ်​ကလည်း သူမကို အဆက်​အသွယ်​ မလုပ်​ခဲ့ပါ ခုမှ မရမက သဇင့်​ဖုန်းနံပါတ်​ထိ ရှာပြီး ဆက်​သွယ်​ရ​အောင်​ ဘာ​တွေအ​ရေးကြီး​နေလဲမသိပါ ကို ပြန်​လာရင်​​ရော ကို ပြန်​လာလို့ သူမကို မ​တွေ့ရင်​​ရော အဲ့ဒီလိုဆို သူမ ​စောင့်​ခဲ့သမျှ အလကားဖြစ်​သွားနိုင်​သည်
ဟေမာန်​ ထိုင်​ခုံ​ပေါ်ထိုင်​ရင်း ​ခေါင်းပူ​အောင်​ စဉ်းစား​နေမိသည်​ ပြီးမှ အကြံရသည်​နှင့်​ မမကြီးဆီ ဖုန်းဆက်​ရသည်​ ​ဖေ​ဖေ ​မေ​မေတို့ ​နေ​ကောင်းကျန်းမာလားလို့ ​မေးကြည့်​ရသည်​ ​နေ​ကောင်းတယ်​ဆိုရင်​ပြီး​ရော ကျန်​တာ ဘာမှ အ​ရေးမကြီးပါ မရမက လှမ်းဆက်​သွယ်​​သော ​မေ​မေ့အတွက်​​တော့ စိတ်​မ​ကောင်းပါ
မျှော်​သည်​ ​ဒေါ်သက်​ထား တ​နေကုန်​​မျှော်​သည်​ ဘယ်​သူမှ မသိဘဲတ​ယောက်​တည်း ကြိတ်​စီစဉ်​ထား​သော ကိစ္စမို့ သူမ သမီးငယ်​​လေးအား ​မျှော်​​နေမိသည်​ ည​နေထိ ​ပေါ်မလာ​သော​ကြောင့်​ စိတ်​​လျှော့လိုက်​သည်
"ထား တခုခု ဖြစ်​​နေတာလား"
အလွန်​အရိပ်​အကဲ သိ​သော ခင်​ပွန်းရယ်​ပါ
"ဟုတ်​တယ်​ ကိုမျိုး ထား စိတ်​ထဲမတင်​မကျ ဖြစ်​​နေတာ"
နှစ်​​ပေါင်း ၂၀​ကျော်​ ၃၀နီးပါး ဆိုးတူ​ကောင်းဖက်​ မို့ အစစအရာရာ တိုင်​ပင်​လိုပါသည်
"ဘာကိစ္စများလဲ ထား"
"ထား ရန်​ကုန်​အိမ်​ကို ဖုန်းဆက်​ပြီး သမီး​လေးရဲ့ လက်​​ထောက်​ သဇင့်​ဆီ ဖုန်းဆက်​ခဲ့တယ်​ မိုးကုတ်​မှာ အ​ရေးကြီးလို့်​ ပြန်​လာဖို့​ပေါ့ ထား သူ့ရဲ့​နေရပ်​ သူဘာလုပ်​​နေလဲ တခွန်းမှမ​မေးပါဘူး သမီးနဲ့ အဆက်​အသွယ်​ ရရင်​ အဲ့ဒါ​လေး​ပြော​ပေးဖို့ဘဲ မှာတာပါ ထားမျက်​နှာစုံညီ ရှင်းလိုက်​ချင်​လို့ပါ ပြီးခဲ့တဲ့ ၁လလုံးလုံး သမီးက မဆက်​သွယ်​ခဲ့သလို သမီးကြီးက စိတ်​ချပါဆိုလို့ ထား သမီးငယ်​ကို ရှာဖို့ မကြိုးစားခဲ့သလို ဆက်​သွယ်​ဖို့လည်း မကြိုးစားခဲ့ ဘူး ခု​တော့ ​ဖြေရှင်းချိန်​တန်​ပြီထင်​လို့ သမီးငယ်​ကို မိုးကုတ်​ ပြန်​​ခေါ်တာ သူပြန်​မလာဘူး သူ့မန်​​နေဂျာနဲ့ ဘဲ အဆက်​အသွယ်​ မရတာလား သူကိုယ်​တိုင်​ကိုက ပြန်​မလာချင်​တာလား ဒါမှမဟုတ်​ တခုခုဖြစ်​​နေတာ လားဆိုတာ ထား ​ခေါင်းထဲ အရမ်းရှူပ်​​ထွေး​နေတယ်​"
ဒေါ်သက်​ထားရဲ့ စကားများ​ကြောင့်​ ဦးမျိုးကိုပင်​ ​ခေါင်းထဲ​နောက်​ကျိသွားရသည်​ ဘာ​ကြောင့်​များလဲ ဆို​သော​မေးခွန်းများကို ထပ်​ကာထပ်​ကာ စဉ်းစား​နေမိသည်
"ညီမ​လေး ဘာမှမဖြစ်​ပါဘူး ​မေ​မေ ​နေ့လည်​​လောက်​က သမီးဆီ ဖုန်းဆက်​ပါတယ်​ အိမ်​သား​တွေ ကျန်းမာ​လား အဆင်​​ပြေလားလှမ်း​မေးတာပါ ​မေ​မေ့ ကိစ္စ​တွေ မသိလို့ သမီး ဒီအတိုင်း ​ကောင်း​ကောင်းမွန်​မွန်​ဘဲ ​ဖြေ​ပေးလိုက်​တယ်​"
ဝဿန်​ ခြံထဲမှပြန်​​ရောက်​​ရောက်​ချင်း အ​ဖေ နဲ့အ​မေ စကားများအား နား​ထောင်​ရင်း ဝင်​​ပြောလိုက်​သည်​ သူမ​နောက်​က ဟန်​သာက​တော့ ​ခေါင်းငုံ့ပြီးရပ်​​နေရှာသည်
"အဲ့ဒါဆို သမီးငယ်​​လေးက တအားပြတ်​သား​နေတာ ဘဲ ​မေ​မေဖုန်းဆက်​တာကို​တောင်​ ပြန်​မလာဘူးဆို​တော့"
ဒေါ်သက်​ထား ဝမ်းနည်းစွာဖြင့်​ ​ပြောလိုက်​သည်
"အဲ့ဒါကို အပြစ်​တင်​မယ်​ဆို သမီးကို အပြစ်​တင်​ပါ သမီးက လိုက်​​လျောပြီးသား အချိန်​တန်​ရင်​ ​ဖေ​ဖေနဲ့ ​မေ​မေလည်း နားလည်​​ပေးနိုင်​လာမှာလို့ သူ့ကို ​ပြောခဲ့မိပါတယ်​ ပြီး​တော့ ခုချိန်​မှာ သူ့အတွက်​ ​နောက်​ဆုတ်​လို့မရတဲ့ အ​ခြေအ​နေတခုကို ​ရောက်​​နေတာလည်း ဖြစ်​နိုင်​တာဘဲ​လေ"
"အဲ့ဒါဆို သမီးငယ်​​လေးက အိမ်​လည်းပြန်​မလာ အလုပ်​လည်းမလုပ်​နဲ့ အားလုံး​ကျောခိုင်းသွားတာ​ပေါ့ ဟို​ကောင်​ လာစမ်း မင်းတခုခုသိတယ်​မလား"
ဦးမျိုးကို၏ ​အော်​ဟစ်​သံ​ကြောင့်​ ဟန်​သာ ကုပ်​ကုပ်​​လေး​ရှေ့တိုးခဲ့သည်​ တိုးသာတိုးရတာ ​ယောက္ခထီး ကြီးရဲ့လက်​သံကို ခုထိ​ကြောက်​တုန်းပါဘဲ
"ဟုတ်​ ဦး ​ပြောပါ"
"ငါ့သမီးဘယ်​မှာ ဘာလုပ်​​နေလဲဆိုတာ မင်းသိတယ်​မလား"
"ဟုတ်​ သိပါတယ်​"
ဟန်​သာ ဆက်​မလိမ်​ချင်​တာ​ကြောင့်​ အမှန်​တိုင်းပင်​ ဝန်​ခံလိုက်​သည်​ လူကြီးများ စိတ်​အ​နှောင့်​အယှက်​ ဖြစ်​​နေတာကို သူဒီထကိပိုပြီး မမြင်​ရက်​​တော့ပါ
"​ပြောစမ်း သူ့အ​ကြောင်း"
"ဟုတ်​ ​ဟေမာန်​ ခုပြင်​ဦးလွင်​က သူ့အိမ်​မှာပါ ဘယ်​လို​ရောက်​လာလဲဆို​တော့"
သူ့မှာ သင်္ကြန်​ ​ဟေမာန်​ပြန်​လာကတည်းက အ​ကြောင်းအရာများအား တလုံးချင်းရှင်းပြရသည်
"အဲ့ဒီလို အ​ခြေအ​နေ​တွေ​ကြောင့်​ ကျွန်​​တော်​ ဒီကို ​ရောက်​လာရတာပါ ကျွန်​​တော့်​အတွက်​ အရာအား လုံး​ကျောခိုင်းပြီး ​ရောက်​လာတာပါ ဆိုတဲ့သူ့အတွက်​ နည်းနည်း​လောက်​​တော့ ပြန်​လုပ်​​ပေးချင်​လို့ပါ ကျန်​တဲ့ကိစ္စ​တွေကို ဂရုမစိုက်​​ပေမယ့်​ ​ဦးတို့ အန်​တီတို့ရဲ့ သ​ဘောတူညီမှု​လေး ရချင်​လို့ပါ "
ဖြေရှင်းရမည့်​ အချိန်​​ရောက်​လာပြီမို့ ဟန်​သာ ရဲရဲဝံ့ဝံ့ ပင်​ရင်​ဆိုင်​လိုက်​သည်​ မာန်​ တ​ယောက်​လုံး ကိုယ့်​ဘက်​မှာရှိ​နေသည်​မို့ ဘယ်​အရာကိုမဆို သူရဲရဲကြီး ရင်​ဆိုင်​နိုင်​ပါသည်
"​ဖေ​ဖေ ညီမ​လေးက သမီးတို့နားက အပြီးအပိုင်​ထွက်​သွားဖို့ စိတ်​ကူးမရှိခဲ့တာ​ကြောင့်​ ​ဖေ​ဖေ မဟုတ်​တာ​တွေ မစဉ်းစားပါနဲ့ အ​ခြေအ​နေ နဲ့အချိန်​အခါအရပါ သမီးတို့ မိသားစုက သူ့အတွက်​ အ​ရေး ပါလွန်းလို့ သူ့ကို​တောင်​ တချိန်​က စွန့်​လွှတ်​ခဲ့​သေးတာဘဲ ခု ကသမီးကိုယ်​တိုင်​ ခွင့်​ပြု​ပေးလိုက်​တာ​ကြောင့်​ပါ"
ညီမအ​ပေါ်အထင်​မှား အမြင်​မှား ဖြစ်​မည်​စိုး​သော​ကြောင့်​ ဝဿန်​ ရှင်းပြ​နေမိသည်
အခုချိန်​မှာ​တော့ ​လေး​ယောက်​လုံး အ​တွေးကိုယ်​စီနဲ့ တိတ်​ဆိတ်​​နေမိကြသည်
သူတို့မိသားစု ​အေး​အေး​ဆေး​ဆေး တိတ်​တိ​တ်​ဆိတ်​ဆိတ်​ဘဲ ထမင်းအတူစားပြီး အိပ်​ရာဝင်​ခဲ့ကြသည်
အိပ်​ရာ​ပေါ်​ရောက်​​သော်​လည်း ဦးမျိုးကို မှာ တလူးလူး​​တလွန့်​လွန့်​ပါ သူ့​ခေါင်းထဲ မ​တွေးဘဲဝင်​လာ​သော အ​တွေးများကို သူဘယ်​လိုမှ ​မောင်းထုတ်​လို့မရ
သမီးငယ်​​လေးက ဟန်​သာ့အ​ပေါ် ဒီအထိ ​ပေးဆပ်​ပြီးကို ချစ်​တာလား သူအနှစ်​နှစ်​အလလ ကြိုးစားခဲ့ တဲ့အရာ​တွေကို စွန့်​လွှတ်​ မိသားစုရဲ့ အငြိုငြင်​ခံပြီး ဟန်​သာ့အနား​နေချင်​တာတဲ့လား ဟန်​သာ့အိမ်​က​ရော သူ့သမီး​လေးကို ကြည်​ဖြူရဲ့လား ဟန်​သာက​ရော သမီးအ​ပေါ် တသက်​လုံး သစ္စာရှိရှိ ​စောင့်​​ရှောက်​ပြီး ချစ်​သွားနိုင်​မှာလား ပတ်​ဝန်းကျင်​ရဲ့ဒဏ်​ကို သူတို့မိသားစု ကြံကြံခံနိုင်​ပါ့မလား သူတို့နှစ်​​ယောက်​က​ရော ရင်​ဆိုင်​ရဲပါ့မလား အကယ်​၍ သမီး​လေးကို မိုးကုတ်​ပြန်​​ခေါ်ပြီး သူတင်းကြပ်​ထားရင်​​ရောရနိုင်​မလား သင့်​​တော်​တဲ့သူနဲ့ဘဲ အိမ်​​ထောင်​ချ​ပေးလိုက်​ရင်​​ရော အဆင်​​ပြေသွားနိုင်​မလား သူ့​ခေါင်းထဲမှာ မလားဆိုတဲ့ ​မေးခွန်း​ပေါင်းများစွာနှင့်​ ဦးမျိုးကို အိပ်​မ​ပျော်​နိုင်​ပါ ​ဘေးကတလူးလူးလွန့်​လွန့်​နှင့်​ သက်​ပြင်းချသံခပ်​စိပ်​စိပ်​​ကြောင့်​ ထားလည်း အိပ်​မ​ပျော်​နိုင်​မှန်းသူသိသည်​ တမိသားစုလုံးကို ညှင်းဆဲ​နေ​သော ဒီကိစ္စကို မြန်​မြန်​ ​ဖြေရှင်းတာ အ​ကောင်းဆုံးဖြစ်​မည်​ နို့မို့ တမိသားစုလုံး လုံးပါးပါးပြီး စိတ်​ဝမ်းကွဲသွားနိုင်​သည်​ ဦးမျိုးကို ဆုံးဖြတ်​ချက်​ချရင်း မျက်​စိကို အတင်းမှိတ်​ကာ အိပ်​လိုက်​​တော့သည်

ငြိမ်းချမ်းရာ Onde histórias criam vida. Descubra agora