ဟေမာန့်ကား ခြံရှေ့ရောက်သည်နှင့် ကြိုစောင့်နေပုံရသော ဟန်သာက တံခါးလာဖွင့်ပေးသည်
"လာ ဆင်းလေ မာန်"
"ဖြစ်ပါ့မလား ဟန်သာ"
ကားနားမှာ အမြှီးနှံ့နေသော ခွေးကြီး၂ကောင်ကို ကြည့်ရင်း မေးလိုက်သည်
"ဖြစ်ပါတယ် မာန်ကလည်း ကိုယ်က မာန့်ကို သူတို့နဲ့ မိတ်ဆတ်ပေးချင်နေတာ"
ဟန်သာ့စကားကြောင့် သူမ ကြောက်ကြောက်လန့်လန့်ဖြင့် ကားပေါ်က ဆင်းလိုက်ရသည် ဆင်းဆင်းချင်းပင် တကောင်က ကိုယ့်နားလာကပ်တော့သည်"Rain မှတ်ထား အဲ့ဒါ ငါ့ဧည့်သည် ကောင်းကောင်းဆက်ဆံJame လည်းမှတ်ထား"
အနားမကပ်သော ခွေးကြီးအား ဆွဲပွေ့လာကာ သူမလက်ဖြင့် အတင်းသပ်ခိုင်းသည် လုပ်လိုက်ဦး ဟေမာန်နှင်း dog father ကြီးကို ချစ်မိတော့လည်း
"တွေ့လား လိမ္မာပါတယ်ဆို"
"ဟုတ်တယ်နော် jame ကပိုသဘောကောင်းတယ်"
ကလေးဆိုးကြီးလို သူမနားမှာ ပွတ်သပ်နေတဲ့ jame က နားလည်သလို မော့ကြည့်သည်
မကြာပါ အန်တီ လည်းပြန်ရောက်လာသည်
"Rain တို့နဲ့ ခင်သွားပြီလား သမီး"
"ဟုတ် ဟန်သာ မိတ်ဆတ်ပေးတာ"
"ဟုတ်မယ် သူကခွေးစကားပြောတတ်တယ်"
"ဟာ အမေကလည်း"
"ဟုတ်တယ်လေ တနေ့တနေ့ ခွေးတွေနဲ့ဘဲ စကားပြောနေတာကို သမီးထမင်းဆာပြီလား အန်တီရေချိုးပြီး စားကြတာပေါ့"
"ရပါတယ် အန်တီ ဖြည်းဖြည်းလုပ်"
"စိမ်းလဲ့ ဟင်းတွေနွှေးလိုက်တော့"
ဟန်သာ အိမ်ထဲဝင်ဝင်ချင်း စိမ်းလဲ့အားပြောလိုက်သည်
"ဟန်သာ ဟေမာန် လုပ်ပါရစေ"
"ဖြစ်ပါ့မလား"
"ဟေမာန် လုပ်တတ်ပါတယ် စိမ်းလဲ့ကို အနားမှာ ခေါ်ထားမယ်လေ"
"အင်း ဟေမာန့်သဘောပါ"
ဟေမာန် မီးအေးအေးနှင့် ထမင်းဟင်းတွေနွှေးပြီး ထမင်းစားပွဲပြင်ပြီးချိန် အန်တီလည်း ရောက်လာသည်
"အန်တီပြီးပြီလား ကွက်တိဘဲ စားကြစို့"
"သမီးကိုယ်တိုင် မီးဖိုချောင် ဝင်နေတာလား"
"ဟုတ် အန်တီ ဒီအတိုင်းကြီး ထိုင်မနေချင်လို့"
"သမီးက ရုပ်ရှင်မင်းသမီးသာ ပြောတာ မီးဖိုချောင်ဝင်တတ်သားဘဲ"
"ဟုတ် အန်တီ သမီးအမေက ငယ်ငယ်ကတည်းက ညီအမ၂ယောက်လုံး မီးဖိုချောင် ဝင်ခိုင်းတာ ရန်ကုန်မှာလည်း အားရင် ကိုယ့်ဟာကို ချက်စားဖြစ်တယ်"
"အော် သမီးက တယောက်တည်း နေတာလား"
"ရန်ကုန်ရောက်စကတော့ တိုက်ခန်းမှာနေတော့ တယောက်တည်း နေတာပါ နောက်ပိုင်း အိမ်ဝယ်တော့ အမျိုးမကင်းတဲ့ လင်မယား၂ယောက်နဲ့နေတာပါ"
"စားနော် သမီး အားမနာနဲ့ ဟန်သာငြိမ်း ကိုယ့်ဟာကိုယ် ဇွတ်စားမနေနဲ့ ဧည့်သည်ကို ထည့်ပေးဦး"
"ဟုတ်"
အခုမှများ ကိုယ့်ကို သတိလာရနေသေးတယ် သူတို့၂ယောက်သာ စကားလက်ဆုံကျနေပြီး ကိုယ့်ကို မေ့နေကြတာ😖😖
ဟန်သာ့ရဲ့ မှုန်ကုပ်နေတဲ့ မျက်နှာကြီးကို ကြည့်ရင်း ဟေမာန် ရယ်ချင်လာသည် အခွင့်ရတုန်းလေး ရင်းနှီးမှု ယူနေတာကို အလိုက်မသိဘူး
"ဟန်သာ ဘာဖြစ်လို့ ထမင်းတွေချည်း စားနေတာလဲ"
စိမ်းလဲ့ပြောမှ သတိထားမိသည် ကိုယ့်ကိုယ်ကို ဘာတွေမြိုချလို့ မြိုချမိနေမှန်းမသိ တော်သေးတယ် အမေက မသိချင်ယောင်ဆောင်နေလို့ စောစောလက်စသတ်လိုက်တာကောင်းမယ်
"ဟန်သာ ပန်းကန်ထားခဲ့ ဟေမာန်ဆေးလိုက်မယ်"
သူထမင်းစားပွဲက ထတော့ ဟေမာန် လှမ်းပြောသည်
"နေပါစေ သမီး ဒီအိမ်မှာ လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ရတယ်"
သူလည်း ပန်းကန်ဆေးပြီး ဧည့်ခန်းထဲမှာ ထိုင်ကာ tv ကြည့်နေလိုက်သည် ခဏနေတော့ သုံးယောက်သား မတိမ်းမယိမ်း ထွက်လာကြသည်
"သမီး ခဏထိုင်ပြီးမှ ပြန်မှာမလား"
"ဟုတ် အန်တီ သမီးလည်း အားနေတာမလို့"
"အေးအေး စိမ်းလဲ့ rain တို့ကို ထမင်းသွားကျွေးလိုက်ဦး"
"ဟုတ် အန်တီ"
စိမ်းလဲ့ထွက်သွားတော့ ဒေါ်ငြိမ်းငြိမ်းရီ tv ကိုစိတ်ဝင်စားချင်ယောင်ဆောင်နေသည့် ဟန်သာ့ကို ကြည့်လိုက်သည်
"ဟန်သာ ဟေမာန့် ကို စိတ်ဝင်စားနေတာလား"
"ဟမ်"
၂ယောက်သား မျက်လုံး အပြူးသားနှင့် စိုက်ကြည့်မိသည်
"ဟုတ်လား ဟန်သာ အမေ အမှန်တိုင်း သိချင်တာနော် ဟေမာန့် ရှေ့မေးတယ်ဆိုတာကလည်း သူပါသိသင့်တယ်ထင်လို့ ဟေမာန့်နားမှာ မရိုးမသားစိတ်နဲ့ နေမှာမျိုး မဖြစ်စေချင်ဘူး"
"ဟုတ် မေမေ ကျွန်တော် ဟေမာန့်ကို စိတ်ဝင်စားနေတာပါ"
"သမီးလည်း ဟန်သာ့ကို စိတ်ဝင်စား ပါတယ်"
ကိုယ့်အတွက် သူ့အမေရှေ့မှာ တွန့်ဆုတ်မနေတဲ့ချစ်သူဘေးမှာ ကိုယ်ပါရပ်တည်သင့်တယ်မဟုတ်လား
"လူငယ်ချင်းချင်း စိတ်ဝင်စားတာကို အန်တီ ဘာမှမပြောလိုပါဘူး ဟန်သာဟာ ယောက်ျားလေး မဟုတ်တဲ့အတွက် ပတ်ဝန်းကျင် ရိုက်ခတ်မှုဒဏ်တွေ အပါအဝင် အများကြီးကို ရင်ဆိုင်ရမှာနော် အထူးသဖြင့် သမီးက ရုပ်ရှင်မင်းသမီး ဆိုတော့"
"ကျွန်တော်တို့နှစ်ယောက်ကြိုးစားကြမယ်လို့ ဆုံးဖြတ်ထားပါတယ်"
"ဟုတ်ပါတယ် အန်တီ သမီးတို့ရဲ့ relationship ကို အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"
"သမီးတို့၂ယောက်လုံး စိတ်အားထက်သန်နေတော့လည်း အန်တီ မတားပါဘူး လူတိုင်းချစ်ခွင့်ရှိတာဘဲလေ ခြံထဲဆင်းပြီး လွတ်လွတ်လပ်လပ် စကားပြောကြလေ အန်တီ့ ဇာတ်ကားလည်း လာခါနီးပြီ"
ဟန်သာလည်း ဟေမာန့်လက်ကို ဆွဲပြီး ခြံရှေ့ခေါ်လာခဲ့သည် သူတို့ခြံထောင့်က ဒန်းလေးဆီလာခဲ့သည် အာဆီယံသပြေပင်များ ကာရံထားသော ခြံမျက်နှာစာကြောင့် သူတို့ဝန်းတံခါးရှေ့မှသာ မဟုတ်လျှင် ခြံထဲကို မမြင်နိုင်ပါ
"ဟန်သာ့မေမေက မကန့်ကွက်လို့ တော်သေးတာပေါ့"
"ကိုယ့်မေမေက ကိုယ်တနေ့ သူ့အတွက် ချွေးမခေါ်လာမယ် ဆိုတာ ကြိုတွေးထားမှာပါ "
ဟေမာန် ဟန်သာ့ခါးကိုဖတ်ရင်း ရင်ခွင်ထဲငြိမ်နေလိုက်သည် ဘယ်ချိန်မှ ပြန်တွေ့ရမည်မသိသော အခြေအနေမို့ အနားမှာ ကပ်နေချင်ပါသည်
"ဟေမာန် ဟန်သာ့နားမှာ အကြာကြီးနေချင်သေးတာကို"
ကိုယ့်ရင်ဘတ်နားမှာ စိုစွတ်စွတ် ခံစားမိလာသောကြောင့် ကိုယ့်ကလေး ငိုနေတာကို သိလိုက်ရသည်
"မာန် ကိုယ်တို့ ညတိုင်း video call ပြောမယ်လေ ကိုယ်အားရင်လည်း ရန်ကုန်လာမှာပေါ့ ဟေမာန်လည်း ပြင်ဦးလွင် လာနေရတာဘဲ"
ချစ်စခင်စ လေးမှာ ခွဲရတာဆိုတော့ ၂ယောက်လုံး နင့်နေအောင် ခံစားရပါသည် မခွဲခင်က လွမ်းတယ်ဆိုတာ ဒါမျိုး
"ဟန်သာ့ရင်ခွင်လေးထဲ နေရတာ ငြိမ်းချမ်းလိုက်တာ ဒီရင်ခွင်က ဟေမာန့်အပိုင်နော် ဟန်သာ တခြားဘယ်သူ့မှ မထည့်ရဘူး ကတိပေး"
"100% promise"
"မာန် Jame တို့ ထမင်းစားပြီး ဗိုက်အင့်နေလောက်ပြီ ဆော့ပေးရအောင်လာ"
ကိုယ့်ကလေး တအားချွဲနေတာကို သဘောကျပေမယ့် သူမ ဝမ်းနည်းနေတာကို မကြည့်ရက်သောကြောင့် စိတ်ပြောင်းစေရန် jame တို့နှင့် ဆော့ကစားစေလိုက်သည်
ဟန်သာနဲ့ ဟေမာန် ခြံအစွန် တဖက်စီက ပစ်ပေးနေသော ဘောလုံး ကို rain နှင့် jameတို့ လုဖမ်းရင်း အလုပ်များနေကြသည်
"မာန် ဘက်မလိုက်နဲ့နော် မာန် jame ကိုလျှော့ပေးတာ အရမ်းသိသာနေတယ် rain စိတ်ရှူပ်နေလိမ့်မယ်"
ဟေမာန် သူ့စကားကို အရေးမစိုက်ဘဲ ပြောင်ပြလိုက်သည် သဘောကောင်းလွန်းတဲ့ jame ကို ဦးစားမပေးဘဲ မနေနိုင်ပါ
"Jame လာ လာ"
သူမ မောသွားသည်နှင့် jame ကိုခေါ်ပြီး ပက်လက်လန်ကာjame ဗိုက်ပေါ် ခေါင်းတင်ရင်း မိုးပေါ်ကြည့်နေလိုက်သည်
"Rain လာ"
သူလည်း အားကျမခံ rain ကိုခေါ်ကာ လှဲအိပ်ပြီး သူမလက်ကိုကိုင်ထားလိုက်သည် ညနေခင်းကား သာယာပေစွ
သူမတို့တဖွဲ့လုံး မနက်အစော ရိုက်ရန်ကျန်သော တဖြတ်ကို ရိုက်ပြီး ရန်ကုန်ပြန်ခဲ့ကြသည် ပြင်ဦးလွင် မြို့ ဆိုင်းဘုတ်ကိုကျော်တော့ ဟေမာန့်ရင်ထဲ ဝမ်းနည်းစိတ်က လှိုက်တက်လာသည် မျက်လုံးကိုမှိတ်ရင်း မျက်ရည်တွေကို ထိန်းနေရသည် အိမ်အပြန်လမ်းက ဒီလို ဝမ်းနည်းစရာကောင်းနေတာလား
>>မာန် အိမ်ရောက်ရင် ကိုယ့်ကို ဖုန်းဆက်နော် have a save trip<<
>>ငိုမနေနဲ့နော် မာန် ခေါင်းကိုက်နေမယ် အိပ်သွား မာန့်ကားရှေ့ခန်း ဘောက်ထဲမှာ အချဉ်ပေါင်း ထည့်ပေးလိုက်တယ် မူးရင်စားရအောင် ကိုယ်ခြံထဲသွားပြီ<<
>>မေ့သွားလို့ စာအိတ်တလုံးလည်းပါတယ် ယူလိုက်ဦး<<
ဖုန်းscreen မှ ဟန်သာ့ရဲ့ sms ကိုဖတ်ရင်း သူမ မျက်ရည်များနှင့် ပြုံးမိသည် သူနဲ့အဝေးကို ထွက်လာရလို့ ဝမ်းနည်းသော်လည်း သူ့ရဲ့ဂရုစိုက်မှုများအတွက် ဟေမာန် ဝမ်းသာရသည် ချစ်တယ် ဟန်သာ နက်နက်နဲနဲကို ချစ်မိသွားတာ
"မာမီ ချစ် ဟေမာန့်ကို ရှေ့ဘောက်ထဲက မုန့်အိတ်လေး ယူပေးပါဦး"
"အေး သမီး ရော့ရော့ အများကြီး ဝယ်လာတာလား"
သူမ ဘာမှမပြောဘဲ အိတ်ထဲက စာအိတ်ကို အချဉ်ပေါင်းထုပ်နှင့် ကွယ်ကာယူလိုက်သည်
"သဇင် နဲ့ မာမီချစ်လည်းစားလေ ဦးမောင်ရောဘဲ"
ဟန်သာ ဝယ်ပေးလိုက်သော မုန့်များကို တွန့်တိုစွာ ကျွေးလိုက်ရသည်
စာအိတ်လေးကို ဖွင့်မကြည့်နိုင်သေးဘဲ သူမရင်ခွင်ထဲမှာ မြတ်နိုးစွာ ကပ်ထားလိုက်သည်
BẠN ĐANG ĐỌC
ငြိမ်းချမ်းရာ
Lãng mạnသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ