ပြင်ဦးလွင်မှ ပြန်ရောက်ကတည်းက ဟေမာန့် အခြေအနေ ပိုယိမ်းယိုင်လာခဲ့သည် ညဆို အိပ်မပျော် အစပိုင်းတွင် သူ အိပ်ဆေးသောက်သော်လည်း နောက်ပိုင်း ဝိုင်သောက်ဖြစ်တာများသည် မူးနေသောအချိန်များတွင် ကို့ ပုံကိုကြည့်ရင်း စကားပြောသည် တပ်ဆင်ထားခြင်း မရှိပါဟု ပြန်လည်ဖြေဆိုသော ကို့ရဲ့ အရင်ဖုန်းနံပါတ်ကိုဆက်သည်
"မမ ဘယ်အတိုင်းအတာထိ ကိုယ့်ကိုယ်ကို ဒုက္ခ ပေးနေမှာလဲ မမ လုပ်ရက်တွေက အဓိပ္ပါယ် မရှိဘူး မမ ဟန်သာ့ဆီမှာ ဒူးထောက်ဖို့ ဘာလို့ အဲ့ဒီလောက် ဝန်လေးနေရတာလဲဆိုတာ သဇင်နားမလည်ဘူး"
"မမ နားလည်လာတာက ကို ရှိနေရင် ဒီအောင်မြင်ကျော်ကြားမှုတွေ မရှိလည်းရတယ် နေနိုင်တယ် ဒါပေမယ့် သဇင်ရယ် မမ မိသားစု ကိုတော့ မမ စွန့်မပစ်နိုင်ဘူး "
မမစကားလည်း မှန်နေသည်မို့ သဇင်လည်း မပြောသာတော့ပါ သင်္ကြန် ပြန်လာရင် ခုထက်ပိုပြီး မမ ကြံ့ခိုင်လာဖို့ဘဲ ဆုတောင်းရတော့မည်
ဟေမာန်နှင်း ပြန်ရောက်ကတည်းက ဝဿန်မိုး အကဲခတ်နေလိုက်သည် ရယ်မောရင်းက တချက်တချက် ငိုင်သွားတတ်သော သွက်လက်ချက်ချာလွန်းသော ပုံစံကနေ တအားကြီးငြိမ်သွားတဲ့ ပုံစံ ပြောင်းလဲသွားသော ညီမဖြစ်သူကို ဘေးကမြင်ရတာ သူမ လုံးဝစိတ်မချမ်းသာပါ ဖွင့်ပြောနိုးနိုးနဲ့ စောင့်ခဲ့ပါသော်လည်း ဖွင့်ပြောမလာတော့ သူမကဘဲ ဖွင့်မေးရတော့မည်
"အငယ်လေး တခုခုဖြစ်နေတာလား"
"မဖြစ်ပါဘူး မမကြီး ဘာလို့လဲ"
"မမကြီး တကယ်စိတ်မကောင်းဘူး ညီမနှစ်ယောက်တည်း ရှိတာကို မမကြီးက အငယ်လေးရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် မဖြစ်ခဲ့ဘူးလေ အငယ်လေး ဘယ်လို ခံစားနေရတယ်ဆိုတာ အငယ်လေး အကယ်ဒမီဆုရလို့ ဂုဏ်ပြုပေးဖို့ လိုက်လာတဲ့အချိန်မှ သိခဲ့ရတယ် "
"မမကြီးက ကို နဲ့ပက်သက်တာတွေကို ပြောတာလား အငယ်လေး ဘယ်ပြောရက်ပါ့မလဲ မမကြီး ဖေဖေကိုယ်တိုင်က လုံးဝကန့် ကွက်ထားတဲ့ ကိစ္စလေ ပြီးတော့ ညီမလေးကိုယ်တိုင် အဲ့ဒီအချိန်က ကို့လက်ကိုတွဲပြီး ရင်မဆိုင်ရဲခဲ့ဘူး ညီမလေးရဲ့ အောင်မြင်မှုတွေ ပျောက်ဆုံးသွားမှာကြောက်ခဲ့တယ် ဖေဖေတို့ မမတို့ ရှေ့မှာ ဒါညီမလေးချစ်သူပါလို့ မပြောရဲခဲ့ဘူး လူတွေက ညီမလေးကို ရှူံ့ချမယ် မမတို့ ပတ်ဝန်းကျင် မှာ လက်ညိုးထိုးခံရမယ် အဲ့ဒီ အတွေးတွေနဲ့ ညီမလေး သူ့ကို ထားခဲ့တာ အချိန်တန်ရင် မေ့ပျောက်သွားမယ်ဆိုတဲ့အတွေးကို ကလေးဆန်ဆန် တွေးခဲ့တယ် မေ့ပျောက်ဖို့ မတတ်နိုင်တဲ့အချိန်မှာ ညီမလေးဘက်က ချစ်နေရရင်ပြီးရော ဆိုတဲ့အတွေးမျိုးတွေးခဲ့တယ် ကို့ နားမှာတခြားသူတယောက်ကို နီးနီးကပ်ကပ် မြင်လိုက်ရတော့ ရင်ဘတ်ကြီးတခုလုံး ဆွဲညှစ်ခံနေရ သလိုကို မွန်းမွန်းကြပ်ကြပ်ကြီး ခံစားခဲ့ရတာ ခုထိလည်း ကြောက်ရွံမိနေတုန်းဘဲ ဘယ်နေ့မှာများ နောက်တယောက်ရင်ခွင်ထဲ ရောက်သွားမလဲဆိုတဲ့ အတွေးတွေနဲ့ ညတိုင်း ငရဲကျနေခဲ့ရတာ ခုချိန် အောင်မြင်ကျော်ကြားမှုတွေ စွန့်လွှတ်ပြီး သွားချင်တယ် သွားလည်းသွားရဲတယ် ဒါပေမယ့် ဖေဖေတို့ မေမေတို့ကို ငဲ့ပြီး မသွားရဲခဲ့ဘူး အဲ့ဒါကြောင့် အငယ်လေး မွန်းကြပ်မှုတွေကြားထဲမှာ အားတင်းပြီး ရှင်သန်နေရတာ lesbian တယောက်ဖြစ်နေတာ အငယ်လေးရဲ့အမှားလား မမကြီး အငယ်လေး ဘာလို့ ကိုယ်ချစ်တဲ့သူနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းခွင့် မရတာလဲ ငရဲခန်းမှာ အိပ်စက်ပြီး နာကျင်ခြင်းတွေနဲ့နိုးထ မွန်းကြပ်မှုတွေနဲ့ ရှေ့ဆက်နေရတာ အရမ်းပင်ပန်းနေပြီ မနက်တိုင်းမှာ နိုးထနေရတာကို မုန်းတယ် မမကြီး"
ဟေမာန် စိတ်ထဲရှိသမျှကို အားရပါးရ ငိုရင်းပြောချ လိုက်သည် သူမ ဒီဝေဒနာတွေထွေးပွေ့ထားရတာ တကယ်ပင်ပန်းနေပါပြီ
"အငယ်လေးရယ် အငယ်လေးအတွက် သူရှိဖို့လိုအပ်တယ်ဆို သူရှိရာကိုသွားပေါ့ ဒီလိုကြီး ခံစားပြီး အသက်မဲ့နေတာထက် သူ့နားသွားပြီး သူနဲ့အတူတူ ဘဝကိုဖြတ်သန်းပေါ့ ပတ်ဝန်းကျင် ဆိုတာ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက်ပါ အငယ်လေး ဘာကိုဘဲလုပ်လုပ် ဝေဖန်ပြောဆိုနေမှာဘဲလေ အဲ့ဒီတော့ အပြောဆိုခံရမယ့်အတူတူ အငယ်လေး စိတ်ချမ်းသာရာလုပ်ပြီး အပြောအဆိုခံရတာ ပိုမကောင်းဘူးလား အငယ်လေးဘက်မှာ မမ ရှိနေပေးမှာမို့ အငယ်လေး စိတ်ချမ်းသာရာကို လုပ်ပါ ဖေဖေနဲ့မေမေအတွက်ကို မမ အာမမခံနိုင်ပေမယ့် ဖြည်းဖြည်း နဲ့ နားလည်ပေးနိုင်လိမ့်မယ်လို့ မမ ယုံတယ် သူတို့က အငယ်လေးရဲ့မိဘတွေ အငယ်လေး စိတ်ချမ်းသာတာဘဲ မြင်ချင်မှာပါ ဒါကြောင့် အငယ်လေး မိသားစုက အငယ်လေးဘက်မှာရှိတယ်လို့ သဘောထားပြီး ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပါ "
မမကြီး စကားကြောင့် သူမ တကယ်ပျော်ရပါသည် ဟေမာန့်ကို ဒီလောက်ထိ နားလည်ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ဘူး မမျှော်လင့်ရဲခဲ့တာလည်း ပါ ပါတယ်
သဇင့်ရဲ့ သင်္ကြန်နားရက်တွေက တကယ့်ကို အဓိပ္ပါယ် ရှိခဲ့ပါသည် မမကြီးရဲ့ နားလည်ပေးမှု အတွက်နဲ့တင် သူမမှာ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်
"ဟန်သာ ထကွာ ရေပတ်ရအောင် သူနဲ့ရေပတ်ချင်လို့ အန်တီနဲ့တောင် ဘုန်းကြီးကျောင်း မလိုက်သွားတာကို"
"ကလေးကလား မမသန့်ရာ မနေ့ကလည်း မန္တလေး လမ်းလျှောက်သင်္ကြန်သွားထားတာကို မပင်ပန်းသေးဘူးလား ညနေမှပတ်မယ်လေနော် ကျွန်တော် အရမ်းအိပ်ချင်နေလို့"
"မရဘူး ဟန်သာ ခုဘဲ တနှစ်မှတခါလေး ပျော်ရတာ အချိန်ကိုတန်ဖိုးထားစမ်းပါ လာပါ လိမ္မာတယ် ထ "
"ထပြီ မမသန့်ရေ ထပြီဗျနော် နားကိုပူနေတာဘဲ သင်္ကြန်ကို၁ရက်မှ နားရမယ့်ပုံမပေါ်ဘူး အကြိုနေ့ကဘုန်းကြီးကျောင်း အကျနေ့က ကိုယိ့အိမ်ထဲတင် စပီကာကြီးဖွင့်ပြီးက အကြတ်နေ့က မန္တလေးလမ်းလျှောက်သင်္ကြန် ခုအတတ်နေ့ကျတော့ လမ်းထိပ်မှာ ရေပတ် မနက်ဖြန် ဘာခိုင်းဦးမလဲ မသိဘူး တနေ့တမျိုး မရိုးရဘူးဗျာ"
ဟန်သာရဲ့ ပျင်းတွဲတွဲညည်းညူသံကြောင့် သန့် ရယ်လိုက်သည် သင်္ကြန် မပျော်ရတာ ကြာပြီမို့ ခုမှ အတိုးချပြီး ပျော်နေရသည် မဟုတ်ပါလား
သန့်တို့ ရေပုံးကိုယ်စီကိုင်ကာ လမ်းထိပ်ကလေးများ ရေဆော့ရာ မဏ္ဍပ်သေးသေးလေးသို့ ထွက်ခဲ့သည်
သန့်တို့ဖြတ်သွားသမျှလူ ဖြတ်သွားသမျှကား အကုန်ပတ်ကြသည် ကလေးများကလည်း ပျော်တတ်သော သန့်ကို သဘောကျကြသည် အပျော်ကြီးပျော်နေသော သန့်တို့ကို ဟိုဘက်ရက်ကွက်က ကလေးများ ကလာစနောက်ပြီး ရေခဲရေနှင့် လာပတ်သောအခါ ပွဲပျက်တော့သည်
"လုံးဝမကျေနပ်ဘူး တို့ ပြန်သွားပြီး လက်စားချေရမယ်"
"ဟုတ်တယ် ပြန်ချရမယ်"
ရှေ့ကနေ ဦးဆောင်ပြီး ရန်ထောင်နေသော မမသန့်နဲ့ ကလေးတသိုက်ကြောင့် ဟန်သာ ရယ်မိသည်
"လာ ဟန်သာ သွားမယ်"
"မလိုက်ပါရစေနဲ့ ကျွန်တော် မဏ္ဍပ်စောင့်ပေးထားမယ် မမသန့်တို့ဘဲ သွားကြ"
သူလူလည်ကျပြီးနေခဲ့သည် ဟိုဘက်ရက်ကွက်က အော်ကြော့လန်လေးတွေ ကိုယ်ခံရရင် ဒုက္ခ
ဟန်သာလည်း တယောက်တည်း ရေပတ်ရင်း စောင့်နေခဲ့သည်
"ဟား ဟား ဟား"
မျက်နှာတပြင်လုံး မည်းသည်းပြီး ပြန်လာသော ကလေးဗိုလ်နှင့် အပေါင်းအပါများကို ကြည့်ရင်း ဟန်သာ ရယ်မိသည်
"ဟန်သာ တော်တော့ မရယ်နဲ့တော့"
ရှူံ့မဲ့နေသော မမသန့်မျက်နှာကြောင့် သူမျက်နှာပိုးသတ်လိုက်သည်
"ဘယ်လိုဖြစ်လာတာလဲ"
"အဲ့ဒီသောက်ကလေးတွေက ကြိုတင်အကွက်ချ ကြံစည်လို့ ခံခဲ့ရတာ လုံးဝမကျေနပ်ဘူး"
"အမလေး ကျေနပ်လိုက်ပါတော့ နောက်တခါသွားရင် ပိုဆိုးနေမယ် လာပြန်ကြစို့"
အိမ်ရောက်တော့ မျက်နှာအထပ်ထပ်အလီလီသစ်ရင်း ဗျစ်တောက်ဗျစ်တောက် လုပ်နေသော မမသန့်ကို ကြည့်ရင်း သူနဲ့စိမ်းလဲ့သဘောကျမဆုံး
"မမသန့် နက်ဖြန် နှစ်ဆန်း၁ရက် ဘာလုပ်မှာလဲ ဥပုဘ်စောင့်မှာလား"
"မုန့်လုံးရေပေါ် လုပ်စားကြမယ်လေ မနက်ကမဏ္ဍပ်မှာ ဒီခါ စိမ်းလဲ့ရောကူပေး"
"မလိုဘူး မမသန့်ရ ရက်ကွက်ထဲမှာ အကုန်လုံး ဝိုင်းလုပ်ကြမှာ မမသန့်စားချင်ရင် ကျွန်တော်သွားယူပေးမယ်လေ"
"တော်ပြီ ဟန်သာ အဲ့လောက်ကြီး မစားချင်ပါဘူး ဟူး သင်္ကြန် ပြီးရင် အလုပ်လုပ်ရတော့မယ်"
"ဘယ်နေ့ပြန်မှာလဲ မန္တလေးကို "
"နောက် ၃ရက်လောက်နေပြီးပြန်တော့မယ်လေ အိမ်ကလည်း ဖုန်းတဂွမ်ဂွမ် ဆက်နေပြီ"
"ကျွန်တော်တော့ မမသန့်ကို လွမ်းနေတော့မှာဘဲ"
"အမလေး ချွဲမနေနဲ့ မန္တလေး လိုက်ခဲ့ဆိုတော့ မလိုက်ခဲ့ဘဲနဲ့ "
"မမသန့်ကလည်း ခြံကခွေးက မွေးခါနီးနေလို့်ပါ ပြီးရင် လိုက်ခဲ့မှာပေါ့ Hahကလည်း ဒီကြားထဲ သူ့နားမနေတော့ သိပ်မကြည်ဘူး သူ့ကိုလည်း အချိန်ပေးရဦးမှာ"
"အင်း ဟုတ်တယ် မမသန့် သတိထားမိသလောက်ဆိုရင် သူ ဟေမာန့်ဆီက ပြန်လာကတည်းက သိပ်စိတ်မကြည်ဘူး ဟေမာန်နဲ့ အတော်ခင်ခဲ့ပုံရတယ်"
"အချိန်တန်တော့ မေ့သွားမှာပါ သူလည်း လက်ပွန်းတတီး နေခဲ့တော့ ခင်သွားတာနေမာ"
နှစ်ဆန်းတစ်ရက်နေ့တွင်တော့ ဟန်သာငြိမ်းတို့ နားရပြီထင်တုန်း မွေးမိခင်၏ဆော်သြမှုကြောင့် သူတို့တအိမ်လုံး အပျင်းထူသော စိမ်းလဲ့ပါမကျန် ဘုန်းကြီးကျောင်း တက်ရသည်
"အငယ်လေး ရောက်ရင် ဖုန်းဆက် ဘာဖြစ်ဖြစ် မမကြီးကို လှမ်းပြောကြားလား"
"ဟုတ် မမကြီး ဖေဖေ မေမေ ပြန်ပြီ သမီးအားရင် ပြန်လာခဲ့မယ် ကျန်းမာရေး ဂရုစိုက်နော် အထဲထိမပို့နဲ့တော့ လေယာဉ်ချိန်လည်း နီးပြီ"
ဟေမာန် ဖေဖေ မေမေနဲ့မမတို့ကို နှုတ်ဆက်ပြီး mark တပ်ကာ လေဆိပ်ထဲဝင်ခဲ့သည် အိမ်ကကား ထွက်သွားပြီဆိုမှ ဟေမာန် အပြင်ထွက်ကာ လေဆိပ်taxi စင်းလုံးငှါးပြီး ပြင်ဦးလွင် တတ်ခဲ့သည်
"မမသန့် ခြံထဲလိုက်ခဲ့ Rohar ကိုကူမွေးပေးဦး ရောက်တုန်းလေး လုပ်အားပေးသွား"
"ဟုတ်ပါပြီ ဟန်သာ့သဘော ဒါပေမယ့် မမသန့် ခွေးမီးဖွားတာ မမြင်ဖူးဘူးနော် ပြီးမှ အနှောင့်အယှက် ဖြစ်တယ်မပြောနဲ့"
သန့်ခမျာ ဆရာဝန်တယောက် ဖြစ်သော်လည်း ခွေးသေးသေးလေးတွေ လှုပ်စိလှုပ်စိနဲ့ မိမိလက်ထဲ လူးလွန့်နေပုံကို ကြည့်ရင်း အူယားနေမိသည် ၄ကောင်သာမွေးသည်မို့ ခွေးမကြီးမှာ သက်သာရှာသည်
ဟေမာန်နှင်း တယောက် အရမ်းစိတ်လှုပ်ရှားနေမိသည် ဒီအချိန်ဆို ကို ခြံထဲမှာသာ ရှိလောက်မည်မို့ သူမ ကားအား ခြံဘက်လမ်းညွှန်ပေးပြီး ကားငှါးခဲ့သည် မာန် လိုက်လာပြီကို မာန် အားလုံးကို စွန့်လွှတ်ပြီး ကို့ရင်ခွင်ထဲ ပြေးဝင်လာမှာမို့ မာန့်ကို လက်ခံပေးမယ်မလား မာန့်အမှားတွေအတွက် ပြန်ပေးဆပ်ခွင့်ပြုပါကို
သန့်မွေးခန်းထဲမှ ထွက်ပြီး လက်အိတ်ချွတ်ချိန် လက်ဆေးပြီးပြန်လာသော ဟန်သာ့အားတွေ့လိုက်ရသည်
"ရေးးး"
နှစ်ယောက်သား အားရဝမ်းသာ ဖက်လိုက်ကြသည် ပထမဆုံးအတူတူ ခွေးလေးတွေမွေးဖူးပြီး တကောင်မှအသေပျောက်မရှိဘဲ ခွေးအမေကြီးရော ကျန်းမာသည်မို့ သူတို့တအား ပျော်မိသည်မှမဆန်းပါ
ဆန်းတာက ခြံရှေ့တံခါးကြားမှ ထိုမြင်ကွင်းကို မျက်ရည်အပြည့်နဲ့ စိုက်ကြည့်ပြီးကားပေါ် ပြေးတက်သွားသော ကောင်မလေးတယောက်ပါ
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ