ဟေမာန် Hah နဲ့ အိမ်ရှေ့မှာ စိတ်လိုလက်ရ ကစားနေလိုက်သည် တကယ်ဆိုရင် Hah က ကလေးဆိုးကြီးနဲ့ အင်မတန်တူသည် တအားလည်းချွဲသည် ဘောလုံးလုလို့မရပါက ပက်လက်လှန်လှဲချကာ စိတ်ကောက်တော့သည် ထိုအခါမျိုးတိုင်း သူမ Hah နားသွားကာ ပွတ်သပ်ချော့မြူပေးရသည်
"Hah နင်က ငါ့ထက် ကံကောင်းတယ် သိလား ကို့အနားမှာ နေခွင့်ရတယ်လေ ကို့အနားမှာနေရတာ ပျော်ဖို့ကောင်းတယ်မလား ကိုက တခါတခါ ဂျစ်ကန်ကန် နိုင်ပေမယ့် ငါ့ကို အမြဲစိတ်ချမ်းသာအောင်ထားခဲ့တာ ငါကသာ ကို့အပေါ် ဆိုးခဲ့တာ ကို့ရဲ့ချစ်သူအသစ်ကရော သဘောကောင်းလား ငါလေ ကို့ ကို အရမ်းချစ်ပေမယ့် ကို့ဆီသွားဖို့ အမြဲတွန့်ဆုတ်နေခဲ့တယ် အဲ့ဒီလိုတွန့်ဆုတ်နေလို့ဘဲ ခုတော့ ကို့နှလုံးသားထဲမှာ တခြားတယောက် နေရာယူသွားပြီ ကို့ဆီမှာ ငါ့အတွက် နေရာမရှိတော့ဘူး"
Hah ကသူမစကားတွေကို နားလည်သည့်အလား ပက်လက်လှန်ရာမှ ထကာ သူမရင်ခွင်ထဲ အတင်းခေါင်းတိုးဝှေ့လာသည် သူမလည်း Hah ကို ဖက်ရင်း အားရပါးရ ငိုကြွေးလိုက်သည်
အားလုံး ကိုမြင်နေပါသည် ကြားလည်းကြားနေရပါသည် ဒါပေမယ့် သဇင့်ရဲ့ နှစ်သိမ့်မှုက မမ အတွက် ဖြေဆည်ရာမရနိုင်တာကြောင့် နောက်ကွယ်ကနေဘဲ သက်ပြင်းချမိသည် မသေချာ မရေရာသော အခြေအနေမှာ တခုခုတော့ သေချာသိရအောင် သူမ စုံးစမ်းသင့်သည် မဟုတ်လား
>>လမင်း ညနေ၄နာရီလောက် တွေ့ရအောင် မမကို ပြည်ချစ်လမ်းခွဲမှာ လာကြို<<
ph screen မှစာသားကို ဖတ်ရင်း လမင်းအိမ် အကြိမ်ကြိမ် သက်ပြင်းချမိသည် ကိုဖြိုးနားမေးသော်လည်း ဘာမှ ရေရေရာရာ သိသည့်ပုံမပေါ် သူမ အကြံထုတ်ရသည်မှာလည်း ခေါင်းများပင်ပူနေပြီ
"လမင်းရာ ကိုယ့်ကိုနေရင် အကောင်း ဘာလို့များ သူတို့နဲ့သွားပက်သက်လဲ ဒါ ငါ့ကိစ္စမှ မဟုတ်တာ သူ့တို့ဟာသူတို့ ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး"
လမင်း ကိုယ့်ကိုယ်ကို ပြောပြီး စိတ်လျှော့ချလိုက်သော်လည်း နေ့လည်က မိမိအား စူးရဲသောအကြည့်နှင့် စိုက်ကြည့်နေသည့် မမသဇင်၏ မျက်လုံးများကို မြင်ယောင်ရင်း ကျောချမ်းသွားရသည်မို့ အကြံပြန်ထုတ်နေလိုက်သည်
"လမင်းအိမ် ခြံကပြန်လာကတည်းက ငုတ်တုတ်ကြီး ငိုင်နေတာ သွား ရေချိုး"
အမေ့အသံကြားမှ လမင်းအိမ် သတိဝင်လာကာ ရေချိုးဖို့ပြင်ရသည် ဟိုမင်းသမီးမန်နေဂျာဘွားတော် နားသွားရဦးမည်
"စောင့်နေတာ ကြာပြီလား"
လမင်း လမ်းခွဲဆိုင်းဘုတ်နားမှာ မျက်နှာရှစ်ခေါက်ချိုးနှင့် ရပ်နေသော ဘွားတော်အား မေးလိုက်သည်
"ကြာသေးပါဘူး ညီမဆိုင်ကယ်စီးတာ ကျွမ်းရောကျွမ်းလား"
သဇင် မယုံမရဲနှင့် လမင်းအိမ်အား မေးလိုက်သည်
"ကျွမ်းပါတယ် တတ် လာ"
"ဘယ်သွားကြမလဲ"
"ဒီနဲ့နီးတာဆိုတော့ ဒီဇင်ဘာခြံသွားမယ်လေ"
"ညီမက မြို့ခံဆိုတော့ ကောင်းမယ်ထင်တဲ့နေရာသာသွား"
လမင်း ဒီဇင်ဘာခြံဘက် မောင်းလာခဲ့သည် သူမ အဆူခံရမှာသေချာတာမို့ အရှက်မကွဲမည့်နေရာ ကြိုရွေးထားရသည်
"နင်က ငါ့ကို နောက်ကျောကို ဓားနဲ့ထိုးတာပေါ့"
ဆိုင်ကယ်ပေါ်ကဆင်းဆင်းချင်း ပြောလိုက်သော မန်နေဂျာမမ၏ စကားကြောင့် ရင်ဘတ်ပင်အောင့်သွားသည် ဆိုင်ကယ်က ခြံထဲထိမောင်းပြီး လူရှင်းတဲ့နေရာမှာ ရပ်လိုက်လို့သာ တော်တော့သည်
"ဘယ်မှာထိုးလို့လဲ လမင်းလည်း သိသမျှကို ပြောနေတာဘဲ ပြီးတော့ ကိုကြီးဟန်သာ လာအောင်လည်း ကြံစည်ပေးခဲ့တာဘဲ"
"အဲ့ဒါဆို နေ့လည်က တယောက်နဲ့တယောက် ပြေးပြီးဖက်နေတဲ့ romance ဆန်ဆန် မြင်ကွင်းလေးနဲ့ ပက်သက်ပြီး ဘာမှမသိဘူးလို့ ပြောချင်တာလား"
"လမင်းတကယ်မသိတာပါ အဲ့ဒီအမကြီးကိုလည်း နေ့လည်ကမှ ပထမဆုံးတွေ့ဖူးတာဘဲ"
"အဲ့လောက် ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာတောင် နင်မသိဘူးဆိုတော့ နင်လိမ်နေတာဘဲ ငါ့ကို သစ္စာဖောက်တာဘဲ နင်တို့ မမဟေမာန်ကို ပြန်လက်စားချေတာမလား"
ရှေ့မှာ မန်နေဂျာမမ၏ စွပ်စွဲချက်များကြောင့် သူမခြေထောက်များပင် ခွေချင်လာသည် သူပြောမှဘဲ ကိုယ်က သစ္စာဖောက်မလုံးလုံး ဖြစ်ရော ဘာပြန်ပြောရမှန်း မသိသည်နှင့် ထိုင်ကာငိုချလိုက်တော့သည်
"မီး ဘာမှမသိပါဘူးဆို အီး ဟီး ဟီး"
ရှေ့မှာ ထိုင်ငိုချလိုက်သော ကလေးမဟုတ် လူကြီးမဟုတ်ကြောင့် သဇင် လန့်သွားရသည်
"ဟဲ့ ဟဲ့ ဘာလို့ငိုတာလဲ "
"မီး ဘာမှ မသိပါဘူးဆို ဘာလို့ အဲ့လိုပြောတာလဲ အမဘဲကူညီဆိုလို့ မီးက ကူညီတာလေ အမှန်ဆို မီးနဲ့ ဘာဆိုင်လဲ အစ် အစ် ဟီး ဟီး"
ဝမ်းနည်းပက်လက် ငိုနေသောရှေ့မှ ကလေးအားကြည့်ရင်း သဇင်စိတ်မကောင်း ဖြစ်သွားသည် သူလည်း တကယ်မသိရှာတာနေမှာပါ
"တိတ် တိတ် မမပြောတာ လွန်သွားတယ် ညီမလေး ဘာစားမလဲ မမ ဝယ်ကျွေးမယ်လေ တိတ် ငါ့ညီမလေးက စေတနာနဲ့ ကူညီတာကို မမက သက်သက်အထင်လွဲမိသွားတာ တိတ် တိတ်"
(သောက်ကျိုးနည်း ချော့နည်း)
"ဗိုက်ဆာတယ် အစ် အစ် မုန့်စားမယ် အစ် အစ်"
"လာဆိုင်ထဲသွားရအောင် ဆိုင်ကယ်စီးလို့ရလား"
"ရပါတယ် တက် သွားမယ်"
လမင်းတယောက် ကျောက်စရစ်လမ်းပေါ်တွင် မျက်ရည်စီးကြောင်းများနှင့် ဆိုင်ကယ်ကို ယိုင်ထိုးယိုင်ထိုး မောင်းရင်းက မျက်ရည်သုတ်လိုက်ချိန် ဆိုင်ကယ်ကို မထိန်းနိုင်တော့
"ဝုန်း"
"အမလေး သေပါပြီ"
သဇင် ထိတ်လန့်တကြား အော်မိသည် ဆိုင်ကယ်က အရှိန်မများသည်မို့ နောက်က သဇင်က အသာလေး ခုန်ဆင်းလိုက်နိုင်သော်လည်း လမင်းခမျာတော့ ဆိုင်ကယ်နဲ့အတူ ကျောက်စရစ်လမ်းပေါ် တရွတ်တိုက်ပါကာ ဆိုင်ကယ်ပိနေသည် ကလေးမခမျာ အကြောက်လွန်ပြီး အော်ကိုမအော်နိုင်ရှာတော့ပါ သဇင် ဆိုင်ကယ်ကို ထောင်ပြီး လမင်းအားထူရသည်
"နာတယ် နာတယ် အီး ဟီး ဟီး"
နဂိုကတည်းက ငိုချင်နေသူမို့ ဗြဲဗြဲလန် ငိုတော့သည်
"ကိုဖြိုးဆီ ဖုန်းဆက်လိုက်လေ"
သဇင် သတိပေးမှ လမင်းလည်း ကိုဖြိုးဆီ ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြောရတော့သည်
"လမင်းအိမ် မိန်းကလေးက ညနေစောင်းကြီး ဆိုင်ကယ်ပတ်စီးနေရလား ငါလုပ်ရင် နင်သေဦးမှာ"
"ဖြိုးရာ ကလေးကို မဆူပါနဲ့ သူ့မှာ နာနေပါတယ်ဆို မင်းဆိုင်ကယ်စီးခဲ့ ငါ လမင်းကို ငါ့အိမ်ခေါ်သွားမယ် မမသန့်(Emilia)လည်း ရှိတယ်ဆိုတော့ မမသန့်ဘဲ ဆေးထည့်ပေးလိမ့်မယ်"
ဖြိုး သူ့အိမ်မှာကားသိမ်းတုန်း လမင်းဆီက ဖုန်းလာသည်မို့ နှစ်ယောက်သား ချက်ချင်းလိုက်လာကြခြင်းဖြစ်သည်
သဇင်ကတော့ ဟန်သာတို့ မြင်မှာစိုး၍ ပုန်းနေကာ သူတို့သွားမှ မာမီချစ်အား လာခေါ်ခိုင်းရသည်
"မမသန့်ဆိုတာ ကိုကြီးဟန်သာ ရည်းစားလား"
ဟန်သာရယ်လိုက်သည် မေမေက Emiliaမမသန့်ဟု ခေါ်ခိုင်း၍သာခေါ်နေရသည့် သူမှာအသားမကျသေး
"မဟုတ်ပါဘူး လမင်းရဲ့ မမသန့်က ကိုကြီးရဲ့ အမလေ"
"ဟုတ်လား လမင်းက ရည်းစားထင်နေတာ"
(လမင်းပြန်ပြောရင်းက ထတောင်ခုန်ချင်လာသည်)
"ဂျာမနီမှာတုန်းက မွေးစားလာတဲ့ အမကြီးလေ အရမ်းချစ်ဖို့ကောင်းတာ လမင်းရဲ့"
ဟုတ်ပါသည် မမသန့်က တကယ်သဘောကောင်းသည် ဂျင်းဘောင်းဘီနဲ့မို့ ခြေထောက်ကအရမ်းမပွန်းသော်လည်း လက်ကတော့ ပွန်းသွားသည် သူမဒဏ်ရာတွေကို ဂရုတစိုက်ဆေးထည့်ပေးနေသည့် မမသန့်ပုံစံက ဆရာဝန်ကောင်း တယောက်ပုံစံအထင်းသား ပေါ်လွင်နေသည်
"မမသန့် ကိုကြီးဟန်သာကို ချစ်လား"
"ချစ်တာပေါ့ ဟန်သာက မမသန့်ရဲ့ အချစ်ရဆုံး မောင်လေးဘဲဟာ"
"မမသန့် ကိုကြီးဟန်သာ အကြောင်းအများကြီး သိမှာပေါ့ "
"အင်း တော်တော်များများတော့ သိပါတယ်"
"မမဟေမာန် နဲ့အကြောင်းရော သိလား"
"သိသင့်သလောက်တော့သိပါတယ်"
"နေ့လည်က မမဟေမာန် နဲ့ ကိုကြီးတို့ အမှတ်မထင်ဆုံဖြစ်ကြတယ်လေ မမဟေမာန် က ကိုကြီးအပေါ် သံယောဇဉ် ရှိတုန်းဘဲထင်တယ်"
"ဒီမယ် လမင်း မမသန့် ပြောမယ် ဟေမာန်ဟာ ဟန်သာ့အပေါ်မှာ သံယောဇဉ် ရှိသေးတယ် မရှိတော့ဘူး ဆိုတာ ခုချိန်မှာ အသုံးမဝင်ဘူး ပွင့်ပွင့်လင်းလင်း ပြောရရင် ဟန်သာ့ကို ထားပြီး သူ့အတွက်သူ ရွေးချယ်သွားတာဘဲလေ"
"အဲ့ဒီအချိန်က မမဟေမာန်လည်း သေချာမတွေး တတ်လို့နေမှာပါ မမသန့်ရဲ့ သူ့အခြေအနေကလည်း"
"တော်တော့ လမင်း သူ့အခြေအနေကို မမသန့် စိတ်မဝင်စားဘူး ဟန်သာက သူ့ကိုယ်သူ tomboy ,ပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြီး သူလည်း သဘောတူလို့ တွဲခဲ့ကြတာဘဲလေ တကယ်ရင်ဆိုင်ရတော့မယ်ဆိုမှ ဟန်သာ့လက်ကို ဖြုတ်ချသွားတာ သူ့အတွက်ဘဲ သူကြည့်ခဲ့တာ ဟန်သာ့ဘက်ကို ကြည့်ခဲ့လို့လား အန်တီသာ ဝင်မထိန်းခဲ့ရင် ဟန်သာ ဘယ်အတိုင်းအတာထ ပျက်စီးသွားမလဲတောင် မသိနိုင်ဘူး သူ့အတွက်တော့ ဟန်သာက ပတ်ဝန်းကျင်က လက်မခံနိုင်တဲ့ tomboy တယောက်ဆိုပေမယ့် အန်တီတို့ မမတို့အတွက်ကတေယ့ ဟန်သာဟာ တန်ဖိုးရှိပြီး ချစ်ရတဲ့ လူသားတယောက်ပါ ဟန်သာ့ကို ဒီကိစ္စ အတွက်နဲ့ ထပ်ပြီး မနာကျင်စေချင်ဘူး ဟန်သာ့ကို ဒါကျွန်မချစ်သူပါလို့ လူ့အသိုင်းဝိုင်းမှာ ကြွားကြွားဝံ့ဝံ့ လက်တွဲရဲတဲ့ မိန်းကလေးမျိုးမှ မဟုတ်ရင် ဘယ်လောက်ဘဲ ချစ်ရပါတယ်ပြောပြော မမသန့် ကန့်ကွက်ရမှာဘဲ မမသန့်ပြောတာ လမင်း စဉ်းစားကြည့်ပါ"
မမသန့်ရဲ့ စကားအဆုံးမှာ လမင်း ငိုင်ကျသွားသည် ဟုတ်ပါသည် မဟေမာန် က ကိုကြီးဟန်သာကို လက်တွဲဖို့ သတ္တိမရှိဘဲနဲ့ ဘယ်လောက်ဘဲ ချစ်နေပါစေ ပေါင်းဖက်နိုင်မည်မဟုတ်ပါ
"မမသန့်ပြောတာ သဘာဝကျပါတယ် ဒါပေမယ့် ကိုကြီးက မဟေမာန်ကို ချစ်သေးသလို မဟေမာန်ကလည်း ကိုကြီးအပေါ် ချစ်နေသေးရင် လမင်းတို့ ကူညီသင့်တယ်မလား နှစ်ယောက်လုံး နာကျင်မှုတွေ ထွေးပွေ့ပြီး ခံစားနေရမယ့်အစား မမဟေမာန် သတ္တိရှိလာအောင် ကူညီအားပေးသင့်တာပေါ့"
"အဲ့ဒါက လမင်းသဘောပါ မမသန့်အတွက်တော့ ဟန်သာသည်သာ အဓိကဘဲ ဟန်သာ့ဖြစ်တည်မှုကို လက်ခံပြီးတန်ဖိုးထားတဲ့ မိန်းကလေးမျိုးနဲ့သာ ဟန်သာ့ကို သဘောတူနိုင်မှာ မဟုတ်ရင် sorry ဘဲ"
"ခုလိုပြောပြပေးတာတွေအတွက် မမသန့်ကို ကျေးဇူးတင်ပါတယ် လမင်းပြန်လိုက်ပါဦးမယ်"
လမင်းလည်း ဟန်သာ့အခန်းထဲမှာ ဆေးထည့်ရာက မမသန့်ကို နှုတ်ဆက်ပြီး ထွက်လာလိုက်သည်
"လမင်း ပြန်တော့မှာလား ကိုကြီးလိုက်ပို့ပေးမယ်လေ"
"ဟုတ်ကဲ့"
ဟန်သာလည်း လမင်းအိမ်ကိုပို့ပြီး အိမ်တန်းပြန်ခဲ့သည် မမသန့်ရောက်နေတုန်း တခြားမှာ အချိန်မဖြုန်းချင်ပါ
အမေနဲ့ လေပေးဖြောင့်နေသောကြောင့် ကိုရီးယား ကားလာမှသာ သူတို့်မောင်နှမနှစ်ယောက် စကားပြောရတော့သည်
"ဟန်သာ ခြံထဲမှာ ထိုင်ရအောင်"
သန့် ပြောပြောဆိုဆိုဖြင့် ဟန်သာ့အား ခြံထဲခေါ်လာ ခဲ့သည်
"နေ့လည်က ဟေမာန်နဲ့ တွေ့ဖြစ်တယ်ဆို"
"ဟုတ်တယ် မမသန့် လမင်းပြောတာလား"
"အွန်း ဟန်သာ ဘယ်လိုနေလဲ"
"ဒီလိုပါဘဲ မမသန့်ရယ် ပြီးတော့လည်းပြီးသွား တာပါဘဲ ကျွန်တော့်အတွက် မာန်ဆိုတာ အတိတ်ကလူတယောက်ပါ သူ့ကို အမှတ်မထင်တွေ့လိုက်ရလို့ အံ့သြသွားတာ မာန့်ကို နားလည်ပေးနိုင်တယ် ဆိုပေမယ့် ခွင့်လွှတ်ပေးနိုင်တာမှ မဟုတ်တာ သူ့အတွက်သူ ထွက်သွားတာဘဲလေ ပြီးပြီးသား ကိစ္စတွေပါ ကျွန်တော့်အတွက်တော့ မာန် ဆိုတာ အတိတ်ကချစ်သူပါ ခုလက်ရှိမှာ ချစ်နေသေးတယ်ဆိုရင်တောင် နေ့ရက်တိုင်းမှာ မေ့ဖို့ကြိုးစားမှာမို့ မာန်ဟာ ကျွန်တော့်အတွက် အနာဂတ်လက်တွဲဖော် မဖြစ်နိုင်တော့ပါဘူး"
"Hah ကို ဘာလို့ ထည့်ပေးလိုက်တာလဲ"
"Hah နဲ့ပက်သက်ပြီး သူက အရမ်းတောင်းဆိုနေတာကြောင့်ပါ ကျွန်တော့်ဘက်က သူ့ကို အတင်းဖက်တွယ် ထားမိခဲ့တာတွေ အတွက် ဒီအတိုင်း လိုက်လျောပြီး ၃ရက်လောက်ငှါးပေးလိုက်တာပါ"
"ဟန်သာ မမသန့် ဟန်သာပျော်နေတာဘဲ မြင်ချင်တယ်"
"ခုကျွန်တော် စိတ်ချမ်းသာပါတယ် မေမေရော မမသန့်ရော အနားမှာရှိနေတာကို မမသန့် ပြင်ဦးလွင် မှာ ဘယ်နရက်နေမှာလဲ "
"သင်္ကြန် ပြီးမှ ပြန်မလားလို့ ခွင့်ရတုန်းလေး နားမယ်လေ"
"ဝေးတကယ်နော် မမသန့်ကွ"
သန့် ကလေးလို အော်ဟစ်နေသည့် ဟန်သာ့ကိုကြည့်ကာရယ်နေလိုက်သည် ဒီကလေးလေးဟာ ပျော်ရွှင်မှူတွေနဲ့ဘဲ ထိုက်တန်တဲ့ လူသားတယောက်ပါ
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ