ငြိမ်းချမ်းရာ - ၂၉

1.4K 79 7
                                    

"ဝုန်း"
အခန်းတံခါး ပွင့်​သွားပြီး တင်းထန်​​နေ​သော ​ယောက္ခထီးကြီးရဲ့ မျက်​နှာကို ရုတ်​တရက်​ မြင်​လိုက်​ရ​သော​ကြောင့်​ ဟန်​သာ အသက်​ရှူပင်​ရပ်​သွားသလို ခံစားလိုက်​ရသည်
"မင်း အတင့်​ရဲ လှချည်​လား ဟမ်​"
ပြော​ပြောဆိုဆို သူ့အားလက်​သီးနှင့်​ ထိုး​တော့သည်
"ဦး ​တောင်းပန်​ပါတယ်​ ကျွန်​​တော်​တို့ကို"
"တိတ်​စမ်း မင်းကိုငါ သတ်​ပစ်​မယ်​"
ကျောမှာသိုင်းထား​သော ဓားကို ဓားအိမ်​မှ ဆွဲထုတ်​လိုက်​ချိန်​တွင်​ သူ မလှုပ်​ရှားနိုင်​ဘဲ ​တောင့်​​တောင့်​ကြီး ဖြစ်​​နေ​တော့သည်
"​ရော့စမ်းကွာ"
"အားးးး"
သူ့အား ပိုင်းခုတ်​လိုက်​ချိန်​ သူအားရပါးရ ​အော်​ပစ်​သည်
"​ဒေါက်​ ​ဒေါက်​ ​မောင်​​လေး ​မောင်​​လေး"
အခန်းတံခါး​ခေါက်​သံ ​အော်​သံများ​ကြောင့်​ သူလန့်​နိုးလာရသည်
"​မောင်​​လေး ​မောင်​​လေး"
"ဗျာ"
"ဗျာ အမ"
"​အော်​သံကြားလို့ ဘာဖြစ်​​နေတာလဲ"
"ဘာမှမဖြစ်​ဘူး အိပ်​မက်​​ယောင်​သွားတာ အမ ရတယ်​"
"​အော်​ ​အေး ​အေး ​​ရေချိုးမယ်​ဆို ချိုး​လေ ထမင်းက ခဏ​နေ ကိုနိုင်​လာမှ စားရ​အောင်​"
"ဟုတ်​ အမ ​ခဏ​နေချိုးလိုက်​မယ်"
သူထထိုင်​ရင်း လှမ်း​ပြော​နေမိသည်​ အ​ခြေအ​နေမ​ကောင်း ​ယောက္ခထီးကြီးအား ဘယ်​လိုချဉ်းကပ်​ရပါ့ သူ​သေချာစဉ်းစား​နေမိသည်​ ​​ယောက္ခထီးကြီးအ​ကြောင်း စဉ်းစားရင်းက ဓားကြီးအား​ပြေးမြင်​ပြီး ​ကျောထဲပင်​ စိမ့်​သွားရသည်
"ဟူး"
စိတ်​​အေး​အေးထားပြီး ဖြည်းဖြည်းလုပ်​ရမယ်​ သူ​တွေးပြီး ​ရေချိုးရန်​ပြင်​လိုက်​သည်
"ဝဿန်​မိုး လာခဲ့စမ်း နင်​ဒီကို လာခဲ့စမ်း"
အိမ်​ထဲဝင်​ဝင်​ချင်း ​ဖေ​ဖေ့ရဲ့ ​ဒေါသသံကို အရင်​ကြားလိုက်​ရသည်
"နင်​ လူမိုက်​အား​ပေး လုပ်​​နေတာလား ဟမ်​ နင့်​ညီမ ဘဝပျက်​တာမြင်​ချင်​​နေတာလား"
"အငယ်​​လေးက ဘာလို့ ဘဝပျက်​ရမှာလဲေ​ဖ​ဖေ"
"ဘာ နင်​က ဒီ​ယောက်ျားလျှာ​ကောင်​က နင့်​ညီမကို တသက်​လုံး လက်​တွဲသွားမယ်​ထင်​​နေတာလား ဟမ်​ အချိန်​တန်​ မိန်းမစိတ်​​ပေါက်​ပြီး ​ယောက်ျားယူသွား မှာသိလား"
"ဘာလဲ ​ဖေ​ဖေ သူကဘာလို့​ယောက်ျားယူရမှာလဲ သူက အချိန်​တန်​ ​မိန်းမစိတ်​​ပေါက်​ပြီး ​ယောက်ျားယူ ရ​အောင်​ ဇာတ်​ကားထဲကလို အပြင်​လက်​​တွေ့မှာ ဖြစ်​လာမယ်​ထင်​​နေတာလား ​ဖေ​ဖေ ညီမ​လေး ဘယ်​လိုခံစား​နေရလဲဆိုတာ နည်းနည်း​တောင်​ မရိပ်​မိဘူးလား"
"ဒီမယ်​ ဝဿန်​မိုး အိမ်​​ထောင်​တခု ထူ​ထောင်​တယ်​ဆိုတာကို နင်​လွယ်​လွယ်​မ​တွေးနဲ့ ငါ့သမီးက အဲ့ဒီလို​ကောင်​နဲ့ ယူသွားရင်​ ငါ့မျက်​နှာဘယ်​မှာသွားထားရမှာလဲ ​ပြော ငါ့ကို အရှက်​ကွဲ​စေချင်​လို့လား"
ဦးမျိုးကို ​ဒေါသထွက်​ထွက်​နှင့်​ ဝဿန်​မိုးအား ​​အော်​ဟစ်​လိုက်​သည်
"​ဖေ​ဖေက ​ဖေ​ဖေ့သမီးထက်​ အဲ့ဒီသိက္ခာ​တွေကို ​ရှေ့တန်းတင်​​နေတာလား လွန်​ခဲ့တဲ့ ၂နှစ်​လုံးအငယ်​​လေး ဘယ်​လိုရှင်​သန်​​နေခဲ့ရလဲဆိုတာ ​ဖေ​ဖေ မသိဘူးလား ​ဖေ​ဖေ အဲ့ဒီသိက္ခာ​တွေကို အငယ်​​လေးထက်​ပိုချစ်​တယ်​ဆိုရင်​လည်း ခွဲ​ပေါ့ သူတို့ကို"
"​အေး ခွဲမှာ သက်​ထား ခုချက်​ချင်း အငယ်​မကို ဖုန်းဆက်​စမ်း"
ဒေါ်သက်​ထားလည်း ဦးမျိုးကို ​ဒေါသ​ကြောင့်​ ချက်​ချင်း ​ဟေမာန့်​ဆီ ဖုန်း​ခေါ်လိုက်​သည်
"မရဘူး ကိုမျိုး စက်​ပိတ်​ထားတယ်​ သူ အလုပ်​လုပ်​​နေတာ ​နေမှာ"
"​အေး ခဏ​နေပြန်​​ခေါ်လိုက်​ ဝဿန်​မိုး နင်​ မဟုတ်​တဲ့ကိစ္စ​တွေ ​လျှောက်​လုပ်​မ​နေနဲ့  မိဘဆိုတာ ကိုယ့်​သားသမီးကို အ​ကောင်း​တွေဘဲ ဖြစ်​​စေချင်​ကြတာ ဒီလိုရူးရူးမိုက်​မိုက်​ ကိစ္စမျိုးကို ငါ သ​ဘောမတူနိုင်​ဘူးဆိုတာ နင်​ မြဲမြဲ မှတ်​ထား"
ထပ်​​ပြောရင်​လည်း ​ပြေလည်​စရာမရှိတာ​ကြောင့်​ ဝဿန်​မိုး အိမ်​​ပေါ်တတ်​ပြီး အခန်းထဲဝင်​ခဲ့သည်
"ထား မင့်​သမီး​တွေ ဘာဖြစ်​​နေကြတာလဲကွာ မိဘအ​ပေါ် ကျိုးနွံတဲ့ တခွန်း​တောင်​ အတွန့်​မတက်​ဖူးတဲ့ သမီးကြီးက ငါ့ကို ဒီလိုတခွန်းမကျန်​ ပြန်​​ပြောသွားတယ်​ဆိုတာ ငါယုံ​တောင်​ မယုံနိုသ်​​သေးဘူး"
"စိတ်​ကိုနည်းနည်း​လျှော့ပါဦး ကိုမျိုးရယ်​ ထားတို့ ဖြည်းဖြည်းချင်း စဉ်းစားကြရ​အောင်​ပါ ​လော​လောဆယ်​ သမီးငယ်​ဆီကလည်း အဖြူအမဲ သဲသဲကွဲကွဲ မှမသိရ​သေးတာ သူ့ဆီကအကျိုးအ​ကြောင်းသိရမှ ထားတို့ ဘာလုပ်​သင့်​တယ်​ဆိုတာ စဉ်းစားကြတာ​ပေါ"
"ဘာမှစဉ်းစားစရာမလိုဘူး ငါဘယ်​နည်းနဲ့မှ ဒီ​ယောက်ျာလျှာ​ကောင်​နဲ့ ငါ့သမီးကို မ​ပေးစားနိုင်​ဘူး"
"ဟုတ်​ပါပြီ ထားလည်း သမီးကြီးဆီ အကျိုးအ​ကြောင်း ​မေးကြည့်​ပါဦးမယ်​ ထားက​တော့ ထားတို့မိသားစုကို ဒီလို​သွေးကွဲ​နေမှာမျိုး မဖြစ်​​စေချင်​ဘူး ကိုမျိုးရယ်​​"
ဒေါ်သက်​ထား ​ပြော​ပြောဆိုဆိုနှင့်​ သမီးကြီးအခန်းဆီ လာခဲ့လိုက်​သည်
"​ဒေါက်​ ​ဒေါက်​ သမီးကြီး ​မေ​မေဝင်​ခဲ့မယ်​​နော်​"
"ဟုတ်​ ​မေ​မေ"
ဝဿန်​မိုး အသံ​ပေးရင်းက ​​နေရာပြင်​ထိုင်​လိုက်​သည်
"သမီးကြီး ​ခုဖြစ်​​နေတဲ့ပြဿနာ​တွေနဲ့ ပက်​သက်​ပြီး နည်းနည်း​လောက်​ ရှင်းပြပါလား ဒီပြဿနာက လွန်​ခဲ့တဲ့ ၂နှစ်​က အကုန်​ပြီးပြီးသာ မဟုတ်​ဘူးလား ခုမှဘာလို့ ဒီလို​တွေလာဖြစ်​​နေရတာလဲ ​မေ​မေ​တော့ နားမလည်​​တော့ဘူး"
ဝဿန်​မိုး သက်​ပြင်းချရင်းက ​မေ​မေနားလည်​​အောင်​ ရှင်းပြဖို့ စကားစီလိုက်​သည်
"ဟုတ်​တယ်​ ​မေ​မေ သမီးလည်း ဒီကိစ္စ​တွေကို လွန်​ခဲ့တဲ့၂နှစ်​က ပြီးခဲ့ပြီလို့ထင်​ခဲ့တာ​မေ​မေ ဒါ​ပေမယ့်​ အငယ်​​လေးဆီ ဂုဏ်​ပြု​ပေးဖို့ သွားတုန်းကမှ မပြီး​သေးဘူးဆိုတာ သိခဲ့ရတာ အကယ်​ဒမီ​ရွှေစင်​ရုပ်​ပိုက်​ပြီး ငို​နေတဲ့အငယ်​​လေးကို ​တွေ့ခဲ့တာ​မေ​မေ ​မေ​မေ့သမီးက ဒီမိသားစုရဲ့သိက္ခာ သူ့ရဲ့​အောင်​မြင်​မှု​တွေကြားမှာ မွန်းကြပ်​​နေတာ ဒီနှစ်​သင်္ကြန်​ပြန်​လာ​တော့ သမီးပွင့်​ပွင့်​လင်းလင်း​မေးမှ သူ​ပြောလာခဲ့တာ သူ့ဘဝက အရှင်​လတ်​လတ်​ငရဲကျ​နေတာတဲ့ သူ့စိတ်​ဓာတ်​​တွေ ​အောက်​ဆုံး​ရောက်​​နေပြီ သူ​သေသွားလိမ့်​မယ်​ ၂နှစ်​​တောင်​​ဝေးခဲ့ကြပြီးတာ​တောင်​ သူတို့ အချစ်​မပြတ်​ခဲ့ကြတာ သမီးက​တော့ သူတို့ကြားက ​မေတ္တာတရားကို တန်​ဖိုးထားတယ်​ ​မေ​မေ လူလူချင်း ချစ်​တာဘဲ ချစ်​လို့မရဘူးလား​ ညီမ​လေးချစ်​တဲ့သူက လူဆိုးတ​ယောက်​လည်း မဟုတ်​ဘူး လူ​ကောင်းတ​ယောက်​ပါ သူတပါးထိခိုက်​နစ်​နာ​အောင်​ ​စော်​ကား​မော်​ကားလုပ်​​နေတဲ့ လူ့မိုက်​ရိုင်း​တွေထက်​ အများကြီးသာပါတယ်​ ​ယောက်ျားတ​ယောက်​မဟုတ်​လို့ဆိုတဲ့ ပညတ်​ချက်​ တခုအတွက်​နဲ့ သမီး သူတို့နှစ်​​ယောက်​လုံး ရှင်​ရက်​နဲ့​သေ​နေတာမျိုး ​နေ့ရက်​တိုင်း မျက်​ရည်​နဲ့အစပြုရမယ့်​ ဘဝမျိုးကို ဖြတ်​သန်းခွင့်​ မ​ပေးနိုင်​ဘူး အငယ်​​လေးကို သမီးချစ်​တယ်​ သူ့ရဲ့ ဖြစ်​တည်​မှုက ဘာဘဲဖြစ်​ဖြစ်​ သူ့ဘက်​မှာ သမီးရှိ​နေ​ပေးမှာ ​မေ​မေလည်း လက်မခံနိုင်​​တောင်​ နားလည်​​​အောင်​ ကြိုးစားကြည့်​​ပေါ့ ​မေ​မေရယ်​"
သမီးကြီးရဲ့စကား​များ​ကြောင့်​ ​ဒေါ်သက်​ထား ငိုင်​​နေမိသည်​ သမီးငယ်​ရဲ့ဖြစ်​တည်​မှု ဒီဖြစ်​တည်​မှုက လူလက်​ညိုးထိုးကဲ့ရဲ့စရာ ဖြစ်​​နေတာနဲ့ သူမက လက်​မခံ​ပေးရ​တော့ဘူးလား သူမလိုချင်​တဲ့ ​ဘောင်​ထဲအတင်းထိုးထည့်​ရ​အောင်​ သမီးငယ်​က အရုပ်​မဟုတ်​ စိတ်​ခံစားချက်​ရှိတဲ့ လူသားတ​ယောက်​ သူတို့ရဲ့ သာမန်​မဟုတ်​တဲ့ ချစ်​ခြင်းက​ရော ခိုင်​မြဲနိုင်​မှာလား သူမစဉ်းစားရကြပ်​​နေမိသည်
"​မေ​မေတို့ ဖြည်းဖြည်းချင်းစဉ်းစားကြတာ​ပေါ့ ဒါက တဘဝလုံးနဲ့ ဆိုင်​တဲ့ကိစ္စဆို​တော့ အ​လောတကြီး မဆုံးဖြတ်​သင့်​ဘူး​လေ သမီးကြီးလည်း ​ဖေ​ဖေ့ကို အပြစ်​မတင်​ပါနဲ့ ​မေ​မေတို့အ​နေနဲ့က ဒီလိုကိစ္စမျိုးမှာ အသိအမြင်​အရမ်းနည်းခဲ့တယ်​​လေ ​မေ​မေတို့ မိသားစု စည်းစည်းလုံးလုံးနဲ့ ​ဖြေရှင်းကြရ​အောင်​ပါ တ​ယောက်​နဲ့တ​ယောက်​ ​အော်​ဟစ်​​နေမယ့်​အစား ​သေချာတိုင်​ပင်​​ဆွေး​နွေးတာ​ပေါ့ ဟုတ်​ပြီလား"
"ဟုတ်​ကဲ့ပါ ​မေ​မေ သမီးလည်း ​ဖေ​ဖေ့ကို ​အော်​မိတာ စိတ်​မ​ကောင်းပါဘူး သမီး​တောင်းပန်​လိုက်​ပါ့မယ်​"
"သမီးကြီးရယ်​ ​ဖေ​ဖေတို့ ​မေ​မေတို့ကို နားလည်​​ပေးပါ သမီး ​မေ​မေကြိုးစားမှာပါ ​မေ​မေ့သမီး​တွေ အဆင်​​ပြေ​အောင်​ ​မေ​မေတို့ စီစဉ်​​ပေးမှာမို့ စဉ်းစားကြည့်​ပါ့ဦးမယ်​ ​မေ​မေတို့အတွက်​ ဒီကိစ္စကြီးက လုံးဝ အစိမ်းသက်​သက်​ ဖြစ်​​နေလို့ပါ"
ဒေါ်သက်​ထား သမီးကြီးနဲ့စကား​ပြောပြီး ဧည့်​ခန်းထဲမှာ ထိုင်​ကာငို​င်​မိသည်​ သိပ်​ချစ်​ရပါ​သော သမီး​တွေ စိတ်​ခံစားချက်​ကို သူမနည်းနည်းမှ မရိပ်​မိခဲ့ အငယ်​​လေးအိမ်​ပြန်​ချိန်​မှာ သူမ အငယ်​​လေးကိုဂရုစိုက်​​ပေးခဲ့ပါ​သော်​လည်း ဒီကိစ္စကို သူမ ဒီ​လောက်​ကြီးခံစား​နေရလိ​မ့်​မည်​ဟု ​တွေးပင်​မ​တွေးမိခဲ့ ဖုန်းလည်း ​ဆက်​လို့မရ သူမ အကြံတခုရ သည်​နှင့်​ ရန်​ကုန်​အိမ်​ဆီ ဖုန်းဆက်​လိုက်​သည်
"ထား ဖုန်းဆက်​လို့ရပြီလား"
အိပ်​ခန်းထဲမှ ​ရေချိုးပြီးထွက်​​သော ခင်​ပွန်းသည်​ရဲ့အသံတွင်​ ​မျှော်​လင့်​ခြင်းကအပြည့်​ပါ
"မရဘူး ကိုမျိုး အိမ်​ကိုဆက်​ပါ​သေးတယ်​ သမီးငယ်​က သင်္ကြန်​အိမ်​ပြန်​သွားကတည်းက ပြန်​မလာတာတဲ့"
"ဘာ"
"ဟုတ်​တယ်​ ကိုမျိုး သမီးငယ်​က ဒီကပြန်​သွားကတည်းက အိမ်​ကိုမပြန်​လာတာတဲ့ သူတို့်​တောင်​ ဒီမှာထင်​​နေတဲ့ ထားတို့ ဘယ်​လိုလုပ်​မလဲ ကိုမျိုး သမီးတခုခုဖြစ်​သွားရင်​ ထားတို့ဘယ်​လိုလုပ်​မလဲ"
ဒေါ်သက်​ထား ​ပြောရင်းက ငိုချလိုက်​သည်​ သူမမှာ ဒီခင်​ပွန်း ဒီသမီး​တွေကိုသာ ဘဝလုပ်​ပြီး​နေထိုင်​ခဲ့သူပါ အခုမှ ရုတ်​တရက်​ကြီး သူမတို့မိသားစုကြား အကြီးအကျယ်​ကွဲလွဲမှု​တွေ ​ပေါ်​ပေါက်​လာပြီး မနက်​က သမီးကြီးနဲ့ ခင်​ပွန်းက စကားများရန်​ဖြစ်​ အခု သမီးငယ်​က ဘယ်​မှာ ဘာလုပ်​​နေမှန်းမသိ
"တခုခု လုပ်​ပါဦး ကိုမျိုးရယ်​ ထား ရူးသွားလိမ့်​မယ်​"
အေး​ဆေးလှ​သော ဇနီးသည်​၏ ငိုရှိုက်​ရင်းဝမ်းနည်း​နေ​သော ပုံစံ​က သူ့အားတကယ်​ စိတ်​ထိခိုက်​​စေပါသည်
"ထားရယ်​ အရမ်းကြီး စိတ်​မပူပါနဲ့ ကိုမျိုးတို့သမီး က ဆယ်​တန်းပြီးကတည်းက သူ့ဟာသူ လမ်း​ဖောက်​ပြီး ​အောင်​မြင်​ခဲ့​သေးတာ ခုလည်း သူအဆင်​​ပြေမှာပါ"
သူ ထားအား ​ဖြေ့သိမ့်​​ပေးရင်းက သမီးအတွက်​ ရင်​ပူ​နေမိသည်​ 
"သမီးငယ်​က သူ့အတွက်​အသက်​ရှင်​​နေရတာ ငရဲဘဲလို့ သမီးကြီးကို ​ပြောသွားတယ်​တဲ့အကို ထားသမီး​လေး တခုခုဖြစ်​သွားရင်​ ဘယ်​လိုလုပ်​မလဲ အကိုရဲ့"
"​မေ​မေ"
အ​ပေါ်ထပ်​မှဆင်းလာ​ရင်း ​မေ​မေ့ရဲ့ပုံစံ​ကြောင့်​ ဝဿန်​မိုး လန့်​သွားရသည်​ အလွန်​​အေး​ဆေး​သော ​မေ​မေပါ ဘာ​ကြောင့်​ ဒီလို သည်းသည်းထန်​ထန်​ ငို​နေရပါလိမ့်
"သမီးကြီး သမီးကြီးတခုခု သိလား သမီးညီမ​လေးက အိမ်​မှာမရှိဘူးတဲ့ ဖုန်းလည်းဆက်​လို့မရဘူး ဘယ်​​ရောက်​​နေလဲ သမီးသိတယ်​မလား ​မေ​မေ့ကို​ပြောပြပါ သမီးကြီးရယ်​"
"သမီးအပြစ်​ပါ​မေ​မေ ​သမီးညီမ​လေးခံစား​နေရတာ မကြည့်​ရက်​လို့ စိတ်​ချမ်းသာရာဆုံးဖြတ်​ပါလို့ သမီး တာဝန်​ယူမှာမို့ ​ပျော်​ရာမှာ​နေပါလို့ ​ပြောလိုက်​တယ်​​မေ​မေ စိတ်​မပူပါနဲ့ ညီမ​လေးက သူ့​ပျော်​ရွှင်​မှုကို သွားရှာတာ ဖြစ်​ပါလိမ့်​မယ်​ သမီးမကြည့်​ရက်​ဘူး ​မေ​မေ ညီမ​လေး ခံစား​နေရတာကို သမီးဆက်​ကြည့်​​နေရင်​ သူရူးသွားလိမ့်​မယ်​ ​မေ​မေရဲ့"
"သမီးငယ်​​လေးက ​မေ​မေတို့ကို​တောင်​ ထည့်​မစဉ်းစား​တော့ဘူးလား "
"စဉ်းစားပါတယ်​ ​မေ​မေရယ်​ သူစဉ်းစားလို့လည်း သူ့ကိုယ်​သူအကျဉ်းချရင်း အကြိမ်​ကြိမ်​နာကျင်​ခံခဲ့ တာ​ပေါ့ ညီမ​လေးရဲ့ ​မေ​မေတို့အ​ပေါ်ထားတဲ့အချစ်​ကို သံသယမဝင်​ပါနဲ့ သူစိတ်​ချမ်းသာရာလုပ်​ဖို့ သမီးကိုယ်​တိုင်​ ခွင့်​ပြု​ပေးခဲ့တာပါ ခုတခါ သူ့ဘက်​စဉ်းစား​ပေးလို့ မရဘူးလား​မေ​မေရယ်​ ​ဖေ​ဖေလည်း လက်​မခံချင်​ရင်​​တောင်​ အငယ်​​လေးကို နားလည်​​ပေးလိုက်​ပါ သမီး​တောင်းပန်​ပါတယ်​ သမီးတို့၃​ယောက်​ စိတ်​အ​နှောင့်​အယှက်​ မဖြစ်​​အောင်​သူ့ကိုသူ နှိပ်​စက်​ခံ​နေတဲ့အငယ်​​လေးကို သမီး ဘယ်​လိုမှ မကြည့်​ရက်​​တော့လို့ပါ"
သူမ ဒူး​လေးတုပ်​ရင်းက လက်​အုပ်​ချီပြီး​တောင်းပန်​​နေမိသည်
ငိုရှိုက်​​နေ​သော သမီးနဲ့ဇနီးကို ကြည့်​ရင်းက သူဘာလုပ်​ရမှန်း မသိ​တော့
"ဘာလဲကွာ ငါတို့မိသားစုမှ ဘာလို့ဒါမျိုး လာဖြစ်​ရ​တာလဲ ဘာ​ကြောင့်​လဲ"
သူ​အော်​ဟစ်​​ပေါက်​ကွဲလိုက်​သည်
"​ဖေ​ဖေရယ်​ ညီမ​လေးဘာမှ မမှားပါဘူး သူချစ်​တဲ့သူက မိန်းက​လေးတ​ယောက်​ဖြစ်​​နေရုံနဲ့ ​ဖေ​ဖေသူ့ကို မချစ်​​တော့ဘူးလား ​မေ​မေကိုယ်​ဝန်​ရှိ​တော့ ​ဖေ​ဖေ့ကို သမီး​မေးဖူးတယ်​​လေ ​ဖေ​ဖေ​နောက်​ထပ်​က​လေး​လေးက သား​လေးဖြစ်​​စေချင်​လား သမီး​လေးဖြစ်​​စေချင်​လားဆိုတုန်းက ​ဖေ​ဖေဘဲ ဘာ​လေးဘဲဖြစ်​ဖြစ်​ ချစ်​မှာဆို ခုလည်း သူချစ်​တဲ့သူကို ​ယောက်ျား​လေးဘဲဖြစ်​ဖြသ်​ မိန်းက​လေးဘဲဖြစ်​ဖြစ်​ လက်​ခံ​ပေးလို့မရဘူး​လား ​ဖေ​ဖေ"
အသနားခံ​​နေ​သော သမီးကို သူထပ်​ပြီး အပြစိမတင်​ရက်​​တော့ပါ
"သမီးရယ်​ ​ဖေ​ဖေလည်း ​ဖေ​ဖေ့သမီး​တွေကို စိတ်​ချမ်းသာ​စေချင်​ပါတယ်​ ဒါကြီးက တဘဝလုံးစာ သမီးရဲ့ သူတို့တသက်​လုံး ချစ်​​နေနိုင်​မှာလား မ​တော်​သူတို့ ထဲတ​ယောက်​က ​ယောက်ျာ​လေးတ​ယောက်​​ယောက်​ ကိုကြိုက်​သွားရင်​​ရော အဲ့ဒီလိုဆိုဘယ်​လိုလုပ်​မလဲ ပြီး​တော့ ရင်​​သွေးမရနိုင်​ဘူး​လေ သမီးရဲ့ သူတို့အိမ်​​ထောင်​​ရေးက ခိုင်​မြဲနိုင်​ပါ့မလား ​ဖေ​ဖေ့သမီး​တွေ ဘဝကို ​ဖေ​ဖေအတိမ်းအ​စောင်း မခံနိုင်​ဘူး သမီးရဲ့"
"သမီးလည်း အဲ့ဒါ​တွေစိတ်​ပူခဲ့ပါတယ်​ ညီမ​လေး ခံစားချက်​ကို သိပြီးကတည်းက သမီးအဲ့ဒီကိစ္စ​တွေကို ​လေ့လာခဲ့ပါတယ်​ သူတို့ချစ်​ခြင်းက သာမန်​​ယောက်ျားနဲ့မိန်းမတ​ယောက်​ ချစ်​ကြသလိုချစ်ြ​ခင်းပါဘဲ ​ဖေ​ဖေကိုယ်​တိုင်​ ၂​ယောက်​လုံးကို ​လေ့လာ ကြည့်​​ပေါ့ က​လေးရှိလည်း ပြိုကွဲသွားတဲ့ အိမ်​​ထောင်​​ရေး​တွေ ရှိတာလည်း ​ဖေ​ဖေမ​မေ့ပါနဲ့"
သမီးကြီးရဲ့ စကားများ​ကြောင့်​ ဦးမျိုးကို သက်​ပြင်းချမိသည်​ သူ​လည်းဒီအ​ကြောင်း​တွေ ​လေ့လာရဦး မည်​ သိပ်​ချစ်​​သောသမီးအတွက်​​ပေါ့
"ကဲပါ ​ဖေ​ဖေတို့မိသားစု မ​ဖြေရှင်းနိုင်​တဲ့ ပြဿနာမှ မရှိခဲ့တာ ခုလည်း ​ဖေ​ဖေတို့မိသားစု စည်းစည်းလုံးလုံးနဲ့ ​ဖြေရှင်းကြတာ​ပေါ့ ​ထား​ရော သမီး​ရော တိတ်​​နော်​ ​ဖေ​ဖေ အ​ကောင်းဆုံး​ဖြေရှင်းပါ့မယ်​"
"​ဖေ​ဖေရယ်​"
သူ့ရင်​ခွင်​ထဲဝင်​လာ​သော သမီးကြီးအား ​ပွေ့ဖက်​လိုက်​သည်​ သားသမီး​တွေကို မ​ပျော်​​စေချင်​​သော မိဘရယ်​လို့ ရှိပါ့မလား ဒါ​ပေမယ့်​ မီးနဲ့​ဆော့ချင်​ရင်​ ​တော့ တားရမှာက ​ဖေ​ဖေ့တာဝန်​​လေ ​ဖေ​ဖေ့သမီး​တွေအတွက်​ ​ဖေ​ဖေ စဉ်းစားဆုံးဖြတ်​မှာမို့ ​ဖေ​ဖေ့ရဲ့​မေတ္တာကို​တော့ ဘယ်​​တော့မှ သံသယမဝင်​​စေချင်​ဘူးကွယ်

ငြိမ်းချမ်းရာ Nơi câu chuyện tồn tại. Hãy khám phá bây giờ