"ဟေမာန် သမီးရဲ့လမ်း သမီးဖောက်နိုင်တာ ဖေဖေ ဂုဏ်ယူပါတယ် ဒါပေမယ့် သမီး ကိုယ့်ကိုယ်ကို အမြဲထိန်းထိန်းသိမ်းသိမ်း နဲ့ တန်ဖိုးရှိအောင်နေပါ"
"ကိုမျိုးကလည်း သမီးငယ် ပြန်ရောက်တုန်း အေးဆေးဆေးလေး နေပါစေ"
ဖေဖေ့ စကားကြောင့် မေမေ က ဝင်ဟန့်ပေးရှာသည် နို့မို့ ပြီးနိုင်မည်မဟုတ် မေမေ နဲ့ မမ ကတော့ ပြန်ရောက်တုန်း သူမ မျက်နှာ တချက်အညိုးမခံ ကိုကတော့ လေဆိပ်မှာ ဖုန်းဆက်ပြီးကတည်းကမဆက်တော့
"သမီးကြီး ရော သမီးငယ်ရော နက်ဖြန် သင်္ကြန်အကျနေ့ဥပုဘ်စောင့်ရမယ် "
"ဟုတ်"
မိသားစုတတွေ အတူဘုန်းကြီးကျောင်း တက်နေကျမို့ သူမတို့အတွက်တော့ လုပ်ရိုးလုပ်စဉ်သာ
"ဟန်သာ မေမေ စိတ်ချနေမယ်နော် အကောင်းဆုံး အားတင်းပြီး ကြိုးစားခဲ့"
မေမေ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေကို သူအထင်းသားမြင်နေရပါသည်
"စိတ်ချပါ မေမေကလည်း ဒီတခါနောက်ဆုံးဘဲဟာ အရင်အကြိမ်တွေတုန်းကလည်း အေးဆေးဘဲကို"
"ဟေမာန့်ကို ဘာလို့ မပြောတာလဲ"
"မပြောချင်ပါဘူး မေမေရယ် သူနဲ့ မပက်သက်ခင်ကတည်းက ဒီကိစ္စလုပ်ခဲ့တာလေ ဒါတွေနဲ့ပက်သက်ပြီး စိတ်မရှူပ်စေချင်ဘူး"
"အင်းပါ ခွဲခန်းမဝင်ခင် ဖုန်းဆက်ပါလား ပိုအားရှိအောင်"
"ဟုတ် ဆက်လိုက်မယ်"
၃ခါလောက်ခေါ်လည်း ဖုန်းမကိုင်သောကြောင့် သူ စိတ်လျှော့လိုက်သည်
"မဟန်သာငြိမ်း ftm surgery (female to male)final step အဆင်သင့်ဖြစ်ရင် ခွဲခန်းဝင်ဖို့ပြင်ပါ"
"မေမေ စိတ်အေးအေးနဲ့ စောင့်နော် ခဏနေ ပြန်ထွက်လာခဲ့မယ်"
ဘယ်လို စိတ်အေးရမလဲ ဟန်သာရယ် ဖြစ်ချင်လွန်းတာကို သိလို့သာ လိုက်လုပ်ပေးရပေမယ့် ခွဲခန်းဝင်ခါနီး လက်မှတ်ထိုးတိုင်း ခွဲခန်းက ထွက်လာရင် ဖြူဖျော့ပြီး မေ့မျောနေတဲ့ မျက်နှာကို မြင်ရတိုင်း ပြန်နိုးမလာတော့မှာကို အမြဲတမ်း စိုးရိမ်ပြီး စိတ်ပူနေခဲ့ရတာ ကိုယ်သာ အသိဆုံး
ဟေမာန်နှင်း အိမ်ရောက်ရောက်ချင်း ဖုန်းကြည့်မိတော့ ကို ဖုန်းခေါ်ထားတာ တွေ့လိုက်သည် သူမ ချက်ချင်းပြန်ဆက်သော်လည်း စက်ပိတ်ထားသည် ဖုန်းကို လက်ကမချဘဲ ကိုင်ထားလိုက်တော့သည် ကို ဖုန်းပြန်ဆက်ရင် မတွေ့ဘဲနေမှာ စိုးရိမ်မိသည်
"စိတ်မပူပါနဲ့  အန်တီ သူ့ရဲ့ အဆုတ်က အလုပ်လုပ်တာ နှေးသွားတာကြောင့် သူအဖျားတက်နေတာပါ ဖြစ်ရိုးဖြစ်စဉ် ပါဘဲ အန်တီ"
စကားပြန်က အားပေးနေသော်လည်း ဒေါ်ငြိမ်းရီ စိတ်မအေးနိုင်ပါ ခွဲခန်းက ထွက်လာကတည်းက ကောင်းကောင်း သတိရတယ်လို့မရှိ မကြာခဏ အောက်ဆီဂျင်ပေးပြီး အသက်ရှူတာပုံမှန် ဖြစ်အောင် ကျင့်ပေးရသေးသည်
ဟေမာန်နှင်းတယောက်လည်း စိတ်ပူနေပြီ သင်္ကြန် အကျနေ့ကတည်းက ဖုန်းပြန်ခေါ်မည်ထင်သော်လည်း သင်္ကြန်အတက်နေ့ထိ ဖုန်းဆက်မလာပါ ဖုန်းပြန်ဆက်တော့လည်း စက်ပိတ်ထားသည် နောက်ဆုံး သူမ မနေနိုင်တော့ အန်တီ့ဆီ ဆက်ရတော့သည်
"သမီးငယ်ကလည်း သင်္ကြန် ပြီးမှ ပြန်နေကျကို"
"အရေးတကြီး လုပ်စရာ ပေါ်လာလို့ပါ မေမေရဲ့ နောက်မှ အေးဆေးပြန်လာမယ် "
"ညီမလေး ကလည်း နက်ဖြန်မှပြန် ဒီနေ့ရုတ်တရက်ကြီး ထပြန်မလို့လား"
"မမ နဲ့ မေမေ သွားပြီနော် ဖေဖေ့ကိုလည်း နှုတ်ဆတ် သွားတယ်လို့ပြောပေးဦး"
ဟေမာန်နှင်း နောက်ရက်မပြောနဲ့ အပြင်သွားနေသော ဖေဖေ့ပြန်အလာကိုပင် မစောင့်တော့ဘဲ ကသုတ်ကရိုက် ပြန်တော့သည်
"ကို ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါနဲ့ မာန် လိုက်လာနေပြီ ကို ရဲ့"
သူမရေရွတ်ရင်း ကားသမားကို တံတားဦးလေဆိပ်ဆီ မြန်မြန် မောင်းခိုင်းရသည် မိုးကုတ် နဲ့ မန္တလေး ခရီးက ဘာကြောင့် အရမ်းဝေးနေရတာလဲ
"ဟန်သာ မပြောချင်ဘူးဆိုပေမယ် မေမေ ပြောလိုက်ပြီ သူချက်ချင်းလိုက်လာမယ်တဲ့ ကြိုးစားနော်"
သတိမေ့နေတဲ့ ဟန်သာ့ပါးလေးကိုင်ကာ ဒေါ်ငြိမ်းရီ ပြောနေမိသည် သူ့ ချစ်သူဘေးမှာရှိတော့ ပိုအားရှိတာပေါ့
ဟေမာန်တယောက်မှီရာလေယာဉ်ဖြင့် ဘန်ကောက်သို့ ချက်ချင်းလာခဲ့သည်
"ဟန်သာ ဘယ်လိုနေလဲ"
လူနာခန်းထဲ ရောက်ရောက်ချင်း သူမ အန်တီ့ကို မေးလိုက်သည်
"၃ရက်လုံး အဖျားတက်လိုက် ကျလိုက်နဲ့ သတိမရသေးဘူး ဖြစ်ရိုးဖြစ်စဉ် အခြေအနေလို့တော့ ပြောတာဘဲ"
"သူမကောင်းဘူး အန်တီသိလား သူမကောင်းဘူး သူ ဒီလိုလုပ်မှာကို သမီးကို မပြောဘူး သူ ဘန်ကောက်သွားမယ် လို့ပြောတော့ သင်္ကြန် နားရက်ယူမယ်ထင်တာ"
ဟေမာန်နှင်း ဟန်သာ့အမေကို ဖက်ကာငိုတော့သည် ရုတ်တရက်ကြီးဆိုတော့ သူမ အနေနဲ့ ဘာမှမတွေးနိုင်တော့ သတိရပါတော့ ကို ရယ် မာန်ရူးသွားလိမ့်မယ်
"ကို အိပ်လို့ မဝသေးဘူးလား ကို အိပ်နေတာ အရမ်းကြာနေပြီ ကို ရဲ့ ဒီနေ့ နှစ်ဆန်း၁ရက်နေ့လေ မာန်တို့ နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တာပေါ့"
သူမ ကို့ ဘေးနားထိုင်ကာ တတွတ်တွတ် ပြောနေမိသည် နာစ့်တွေကတော့ ခဏတိုင်း လာကြည့်ပေးသည်
ဒေါ်ငြိမ်းရီ ဘေးကကြည့်ရင်း ဟေမာန့် ဟန်သာ့အပေါ် သံယောစဉ်ကြီးပုံကို မြင်နေရသည် ဒီကလေး၂ယောက်ဟာ ချစ်တတ်လွန်းကြသည် ဟေမာန် ရောက်ကတည်းက ဟန်သာ့လက်ဆုပ်ကိုင်ရင်း အနားကမခွါ
လေးလံနေတဲ့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ရင်းက အဖြစ်အပျက်တွေကို မနည်းပြန်စဉ်းစားနေရသည် ခေါင်းကနောက်ကျိကျိ သူ ဆေးရုံပေါ်မှာ မလား ကိုယ့်လက်ကတင်းကြပ်ကြပ် အထိအတွေ့ကြောင့် မာန် ကိုယ့်လက်ကို ဆုပ်ပြီး အိပ်နေရှာတာ မာန်လိုက်လာတာပေါ့ အဲ့ဒါဆို သူ စကားပြောဖို့ အင်အားမရှိသည်နှင့် မာန့်လက်ကို ပြန်ဆုပ်ကိုင်ပေးလိုက်သည်
လက်ကို ဆုပ်ကိုင်လာသော အထိအတွေ့ကြောင့် မာန် လန့်နိုးလာရသည်
"ကို သတိရပြီလား အန်တီ ဟန်သာ သတိရပြီ"
ဒေါ်ငြိမ်းရီလည်း ဟန်သာ့နား ချက်ချင်းရောက်လာပြီး
"ဟန်သာ အကြာကြီးမေ့နေတာ မေမေ့ကို အကြာကြီး ပစ်ထားတာဘဲ"
စကားမပြောနိုင်သောကြောင့် အချစ်ရဆုံး၂ယောက်ကို သူအားတင်းပြီးပြုံးပြလိုက်သည်
ဟန်သာ ဆေးရုံ တတ်နေတဲ့ ၁၄ရက်အတွင်း ဟေမာန့်မှာ ပင်ပန်းလှသည် ဘန်ကောက်နဲ့ ရန်ကုန်ကို သွားချည်ပြန်ချည် သင်္ကြန် ပြီး အလုပ်များလက်ခံလက်စတွေမို့ သူမ မှာ အလုပ်ကတဖက် ဟန်သာကတဖက်နဲ့ နားပင်မနားနိုင်ရှာ
"ကို ဆေးရုံတတ်တာ မာန် ပါ ပင်ပန်းသွားပြီ sorry"
"အမလေး ဟန်သာရယ် အနားကမခွာ တဲ့ ငါ့ကျ ပြောဖော်မရဘူး သွားလိုက်လာလိုက် လုပ်နေတဲ့ သူ့ရည်းစားကျ သတိရတယ်"
"မေမေ ကလည်း မေမေ့ကိုတော့ အထူးတလည် ကျေးဇူးတင်တာပေါ့"
"ဟုတ်ပါပြီ ကျန်းမာရေး သာဂရုစိုက် ညနေကျ လေယာဉ်စီးရင် ပင်ပန်းဦးမှာ မေမေ ကုန်တိုက်ခဏသွားဦးမယ်"
အင်မတန် အလိုက်သိသော မွေးမိခင်ပါ
မေမေထွက်သွားတော့ ဆိုဖာပေါ်ထိုင်နေတဲ့ မာန့်ပေါင်ပေါ် ခေါင်းအုံးပြီး လှဲနေလိုက်သည်
"မာန်က ကို နဲ့တူတူပြန်ချင်တာကို"
"မာန်ကလည်း ကို ကမန္တလေး မာန် က ရန်ကုန် ဘယ်လိုလုပ် တူတူပြန်မလဲ ပြီးတော့ မာန်လည်း ဒီရက်ပိုင်းအတွင်း သွားချည်ပြန်ချည် လုပ်နေတာ မီဒီယာတွေ မျက်စိကျနေဦးမယ် သတိထားဦး"
"အင်းပါ ကို ရဲ့ နွေရာသီဆိုတော့ မာန်လည်း ပြင်ဦးလွင် ရိုက်ကွင်းတွေလာတော့မှာပါ ကျန်းမာရေး ဂရုစိုက်ဦး ကို တအားပိန်သွားတယ် သေးသေးလေး ဘဲကျန်တော့တာ"
"အင်းပါ မာန်ရ ကိုဂရုစိုက်ပါ့မယ်"
မာန့်ရဲ့ ကံဇာတာစန်း တတ်ချိန်ရောက်ပြီလို့ ဆိုရမည် မာန့်ဇာတ်ကားတွေပေါက်ပြီး ပရိတ်သတ်တွေကလည်း အားပေးလက်ခံကြသည်မို့ မာန့်ရဲ့အောင်မြင်မှုတွေက အံ့မခန်းပါ ကျွန်တော်လည်း ပိုပြီးအဆင့်မြှင့်တဲ့ kennel ဖြစ်လာဖို့ အလုပ်ထဲမှာဘဲ အာရုံစိုက် ဖြစ်တယ် အဲ့ဒါကြောင့် ကျွန်တော်တို့ သံယောဇဉ် တွေအေးစက်သွားလားလို့ မေးရင်တော့ no ပါလို့ဘဲဖြေပါရစေ
ခြံရှေ့မှ ခွေးဟောင်သံများကြောင့် ဟန်သာငြိမ်း အိမ်ပြင်ထွက်ကြည့်တော့ ကုမ္ပဏီ ဝတ်စုံနှင့် လူ၎ယောက်အားတွေ့လိုက်ရသည်
"ဘာကိစ္စ လဲမသိဘူးဗျ"
"ဒီအိမ်က ဟန်သာငြိမ်းတို့ အိမ်လား မသိဘူး"
"ဟုတ်ပါတယ် အကိုတို့ အထဲဝင်လေ"
"ဟုတ်ကဲ့ဗျ"
သူ့နာမည်မေးနေသောကြောင့် သူ အိမ်ထဲသာ ခေါ်လိုက်တော့သည်
"ကျွန်တော်တို့က ford company ကပါ ဒီက ဟန်သာငြိမ်းအတွက် ford ranger တစီး ပို့ခိုင်းထားလို့ပါ"
ဗုဒ္ဓေါ နည်းနည်းနောနောကြီး မဟုတ်ပါလား
"ဘယ်ကပို့တာလဲမသိဘူးနော်"
"ကျွန်တော်တို့လည်း မသိဘူးဗျ ဝယ်တဲ့လူက ဖုန်းနဲ့ဘဲ jion ပြီး bank ကနေတခါတည်း လွှဲပေးသွားတာ ပိုင်ဆိုင်မှုစာချူပ်လည်း ဒီက ဘဲလက်မှတ်ထိုးရမှာဗျ အဲ့ဒါ ကားစစ်ပြီး လက်မှတ်ထိုးပေးပါဦး"
နောက်ကိစ္စ နောက်မှရှင်းကွာ ကားကလည်း ခဲရင့် ရောင် brand new ဆိုတော့ စိုပြီးတောက်နေရော"ဟုတ်ကဲ့ brand new ဘဲဟာ သိပ်ပြီးကြည့်စရာမရှိပါဘူး"
ကားကို လှည့်ပတ်ကြည့်နေသော ကို့ ကို ကြည့်ရင်း မာန် သဘောကျနေသည် ကို ကြိုက်တာကို မြင်တော့ ပိုဝမ်းသာမိသည်
>>Happy One Year Anniversary, Darling<<
>>I hope you will like my present<<
ဟန်သာ sms ဖတ်ပြီး မျက်လုံးပြူးသွားသည် မာန့် ရဲ့လက်ဆောင်ပေါ့ ဒီကားကြီးက
>>Happy One Year Anniversary , Honey<<
>>Very useful present, thank you<<
>>အရမ်းလည်းကြိုက်တယ်ရိုရိုသေသေစီးပါ့မယ်<
သူ မာန့်အိမ်ဘက် လှမ်းကြည့်ရင်း sms ပို့ပေးလိုက်သည်
"ကို ဆွဲကြိုး လေးကလှတယ်ရော် ရွှေဆွဲကြိုးကို ဒီလိုမျိုး ဘိုဆန်ဆန် လှတာရှားတယ်""အင်း မာန့်အတွက် ကို ကိုယ်တိုင် ဒီဇိုင်းပေးပြီး အပ်ထားတာ M ပုံစံလေးကို အတော်ဆွဲလိုက်ရတာ"
"အရမ်းကြိုက်တယ် ကို ဆွဲပေး"
"ကြိုက်ရင် ပြီးရော "
သူ ညဘက် မာန့်အခန်းထဲ လာ၍ သူတို့၏ one year anniversary ကို တူတူဖြတ်သန်းရသည်
"မာန် ကို ကားကိုယူလို့ဖြစ်တယ်နော်"
"ဖြစ်တာပေါ့ ကို ရဲ့ ကို့အတွက်ဝယ်ပေးတာကို ခွေးတွေနဲ့ လေဆိပ်သွားတာတို့ ပြိုင်ပွဲသွားတာတို့ဆို ကို့အတွက် ranger တစီးလောက်ရှိသင့်တယ်လေ"
"ကို့ အတွက် စဉ်းစားပေးတာ ကျေးဇူးပါ"
"မာန်တို့ ရှေ့ဆက်ပြီး တယောက်ကိုတယောက် ချစ်ချစ်ခင်ခင်နဲ့ ဖြတ်သန်းသွားရအောင်"
မာန် ပြောပြောဆိုဆို နဲ့ ကို့ရင်ခွင်ထဲ ဝင်နေလိုက်သည် ကို့ရင်ခွင်ဟာ မာန့်ကို အမြဲ ငြိမ်းချမ်းမှု လုံခြုံမှုတို့ကို ခံစားရစေတယ်
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ