"ဟန်သာ ပင်ပန်းနေပြီလား"
လက်ဖက်ပင်တွေကြားထဲမှာ ကုန်းကုန်းနဲ့ အလုပ်ရှူပ်နေသော ဟန်သာ့ကို ဝဿန်မိုး လှမ်းမေးလိုက်သည်
"နေပူတော့ ချွေးတအားထွက်နေပြီ နားတော့မယ် မနက်စောစောထထားလို့ တော်သေးတာပေါ့ ဟူး"
ချွေးတစိုစိုနဲ့မို့ သူသစ်ပင်ရိပ်အောက်ဝင်ကာ ထိုင်နေလိုက်သည် သူ့အတွေးတွေကတော့ လွန်ခဲ့သော တလခန့်ဆီသို့ ရောက်သွားသည်
မာန့်ဆီကနေ သူ မနက်၃ခွဲလောက်ထပြီး အိမ်ပြန်ခဲ့သည် သူ့အခန်းထဲက သူ့အသင့်ပြင်ထားသော အိတ်ကိုယူပြီး ဆိုင်ကယ်ပေါ်တင်သည် ပြီးမှ မေမေ့အခန်းဘက်သွားကာ မေမေ့ကို ကန်တော့ခဲ့သည်
သူ မိုးကြိုးပစ်=မိုးကုတ် အမြန်လမ်းအတိုင်း ဆိုင်ကယ်ကို ၄နာရီကျော်လောက် ဒုန်းမောင်းပြီးချိန်မှာတော့ မိုးကုတ်မြို့ ဆိုင်းဘုတ်ကိုတွေ့လိုက်ရသည် ကိုယ်မကျွမ်းကျင်သော ဒေသမို့ လူစည်ကားရာ လက်ဖက်ရည်ဆိုင်မှာဆိုင်ကယ်ရပ်ပြီး လူငယ်သုံးယောက်ထိုင်နေရာ စားပွဲသို့ ဦးတည်လိုက်သည်
"ညီလေးတို့ ထိုင်လို့ရမလား"
"ရပါတယ် အကို ထိုင်ပါ အကိုဒီက မဟုတ်ဘူးထင်တယ်"
"ဟုတ်တယ် ပြင်ဦးလွင်ကလာတာပါ ဒီမှာ အလုပ်ကိစ္စရှိလို့"
"အော်"
"မိုးကုတ်က အချောအလှတွေပေါတယ်နော် ဒီက ထွက်တဲ့ ရုပ်ရှင်မင်းသမီးတွေကလည်း အများကြီးဘဲမလား"
"ဟုတ်တာပေါ့အကိုရ ဝတ်မှုန်ရွှေရည်တို့ ဖွေးဖွေးတို့ ဟေမာန်နှင်းတို့ အများကြီးဘဲ ပြောရရင်"
"အကိုက ဟေမာန်နှင်းတော့ ကြိုက်တယ် သူ့အိမ်ဒီမှာ ရှိလား"
"ရှိတာပေါ့ မင်းတံတားဘက်မှာလေ နှစ်ထပ်တိုက် အစိမ်းနုရောင်ဟာ သိသာပါတယ် အဲ့နားမှာ ခြံကျယ်ကျယ်နဲ့သူတို့အိမ်ဘဲရှိတာ သင်္ကြန်ဆို ပြန်လာတတ်တယ်လေ ကျွန်တော်တို့ဆို ဘုန်းကြီးကျောင်း မှာ သွားချောင်းရတာ"
(ငါနော်)
"မင်းတံတားဆိုတာက"
"အကိုကလည်း စာသင်ကျောင်းရှေ့လမ်းမကြီး အတိုင်းလိုက်သွားလိုက်ရင် ရောက်တယ်လေ"
"အေး ညီလေး ဒီဝိုင်း အကိုရှင်းလိုက်မယ် မိုးကုတ်ရောက်တုန်း တွေ့တာပေါ့"
သူစကားဖြတ်ရင်း စားပွဲထိုးခေါ်ကာ ကျသင့်ငွေရှင်းလိုက်သည် နို့မို့ နိုင်ငံရေးတွေပါလာရင် ဒေါသထွက်ရဦးမယ် ကိုယ်သိချင်တာ သိရပြီမို့ သူထွက်လာခဲ့တော့သည် ၁၅မိနစ်လောက်သူမောင်းပြီးတော့ ၂ထပ်တိုက်အစိမ်းရောင်ကြီးကို တွေ့လိုက်ရသည်
သူဆိုင်ကယ်ပေါ်ကဆင်းပြီး အိမ်ကိုလှမ်းအကဲခတ်နေစဉ် ဈေးမှပြန်လာဟန်တူသော အန်တီနဲ့ အမတယောက်အားတွေ့လိုက်ရသည်
"မောင်လေး ဘာကိစ္စ လဲမသိဘူး"
"ဒါ ဟေမာန်နှင်းအိမ်လား မသိဘူးဗျ"
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲရှင့်"
"ကျွန်တော် ဟေမာန့် သူငယ်ချင်းပါ ဒီက အန်တီတို့ အမတို့နဲ့ စကားနည်းနည်း ပြောချင်လို့ပါဗျ"
"အော် အိမ်ထဲဝင်လေ"
သူအားတင်းရင်း နောက်ကနေ လိုက်လာခဲ့သည်
"ထိုင်ပါ မောင်လေး"
"ဟုတ် အမ"
သူ ထိုအမညွှန်ပြသော ခုံမှာဝင်ထိုင်တော့ ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေသည့် ဦးလေးကြီးက လှမ်းကြည့်သည်
"အငယ်လေး ကဘာမှာလိုက်လို့လဲ အမ ဘာကူညီပေးရမလဲ"
ဝဿန်မိုး ရှေ့က ကောင်လေးအား အကဲခတ်ရင်း မေးခွန်းထုတ်လိုက်သည်
"ဘာမှ မမှာပါဘူးအမ တကယ်တော့ ကျွန်တော် ဒီကို လာတာတောင် သူမသိပါဘူး"
"ဒါဆို မင်းက"
ရှေ့က ဦးလေး၏ အေးစက်စက် စကားသံကြောင့် သူ ကြက်သီးများပင်ထလာသည်
"ကျွန်တော့်နာမည်က ဟန်သာငြိမ်းပါ ပြင်ဦးလွင် ကပါ ဟေမာန်နဲ့ သတင်းထွက်ဖူးခဲ့တဲ့ tomboyပါ"
"အဲ့ဒါတွေက ကြာပြီမလား ခုမှ မင်းက ဘာလာလုပ်တာလဲ "
ဦးမျိုးကိုကိုနိုင် စိတ်ရှူပ်စွာနဲ့ မေးခွန်းထုတ်လိုက်သည်
"ဟုတ်ပါတယ် ကြာပါပြီ ကျွန်တော်တို့ လမ်းခွဲခဲ့ကြ ပါတယ် သူလည်း သူ့လမ်းကြောင်းပေါ် ကျွန်တော်လည်း ကျွန်တော့်လမ်းကြောင်းပေါ် ဆက်လျှောက်ဖို့ရွေးရင်း ကျွန်တော်တို့ လမ်းခွဲခဲ့ကြတယ် ဒါပေမယ့် ဟေမာန်ရော ကျွန်တော်ရော အဆင်မပြေပါဘူး ကျွန်တော်တို့ကိုယ်စီ အောင်မြင်မှုတွေရခဲ့ပေမယ့် အမြဲကျရှူံးနေခဲ့ရတယ် အမြဲနာကျင်နေခဲ့ကြတယ် ဒါကြောင့် ကျွန်တော်တို့ ရှေ့ဆက်လက်တွဲချင်ပါတယ် အဲ့ဒါ ဦးတို့ အန်တီတို့ အမတို့ရဲ့ ခွင့်ပြုချက်လာတောင်းတာပါ"
ဟန်သာငြိမ်း ကြောက်ကြောက်နဲ့ ပြောချလိုက်ရသည်
"ဘာကွ"
ရုတ်တရက်ပြောချလာသော စကားများကြောင့် ဦးမျိုးကို ဒေါသထွက်ရသွားသည်
"မင်း ဒီကိုလာတာ ငါ့သမီး သိလား"
"မသိပါဘူးဗျ"
ဒေါသမေးခွန်းကြောင့် သူတော်တော် အားတင်းပြီး ဖြေလိုက်ရသည်
"မင်းထွက်သွားတော့"
"ကျွန်တော် လာတောင်းပန်ပါတယ် ဦး ကျွန်တော်တို့ တကယ်"
"ငါပြောတာ မကြားဘူးလား မင်းငါ့အိမ်ထဲက ထွက်သွားလိုက်တော့လို့ပြောတယ်လေ"
"ဦး ကျွန်တော် တောင်းပန်ပါတယ်"
ဟန်သာ ခုံပေါ်မှဆင်းပြီး ဟေမာန့်မိဘများရှေ့တွင် ဒူးခေါက်ချလိုက်သည် အန်တီနဲ့ အမကတော့ မှင်သက်စွာ ကြောင်ကြည့်နေကြသည်
"ဘာမှတောင်းပန်စရာမလိုဘူး မင်းနဲ့ငါ့ကြားမှာ ဘာမှ ပက်သက်စရာမလိုဘူး"
ဦးမျိုးကို တော်တော် ဒေါသထွက်နေပါပြီ
"ကျွန်တော့်အတွက် သူမရှိလို့မဖြစ်"
"ဒုန်း"
"အ"
သူဒေါသမထိန်းတော့သောကြောင့် ရှေ့မှ ဒူးထောက်နေသောသူအား ပိတ်ကန်ပစ်သည် ကိုယ့်အချစ်ဆုံးသမီး ပြီးတော့ တိုင်းကျော်ပြည်ကျော် အရှက်ကွဲမယ့်ကိစ္စ သူဘာမှ မစဉ်းစားနိုင်တော့ဘဲ ဒေါသအလျောက် တုံ့ပြန်လိုက်သည်
ဟန်သာ ခွေကျသွားရာမှ ချက်ချင်း ဒူးပြန်ထောက်လိုက်သည်
"ကိုမျိုး"
ထပ်ကန်ရန် ပြင်နေသော ခင်ပွန်း ဖြစ်သူအား ဒေါ်သက်ထား လှမ်းဆွဲလိုက်သည်
"လာ မောင်လေး မမနဲ့လိုက်ခဲ့"
အခြေနေမကောင်းတာကြောင့် ဝဿန်မိုး ရှေ့မှဒူးထောက်နေသောကောင်လေးအား ဆွဲထူကာ အပြင်သို့ တွဲခေါ်လာခဲ့လိုက်သည်
"ဆိုင်ကယ်သော့ရော"
"ဗျာ"
နှုတ်ခမ်းကို ကန်မိပုံရသည် သွေးစီးကျနေသော နှုတ်ခမ်းလေးဟပြီး ကြောင်နေသည်မှာ အရိုးခံအတိုင်းသာ
"ပေး ဆိုင်ကယ်သော့ မမ ကိုပေး မမ မောင်းမယ်"
"ဟုတ်"
သူကြောင်တောင်တောင်နဲ့ဘဲ ဆိုင်ကယ်သော့ ထုတ်ပေးလိုက်သည်
ဝဿန်မိုး ဆိုင်ကယ်ကို မြို့ပြင်ဘက်မောင်းပြီး view point မှာရပ်လိုက်သည်
"ကဲ လာ မမတို့ အေးဆေးစကားပြောရအောင်"
သူလည်း အမ ဦးဆောင်ရာနောက်သို့ လိုက်လာခဲ့သည်
"ပြောပါဦး ခု မင်းဘာကြောင့် ခုလိုရောက်ရတာလဲဆိုတာ"
သူလည်း ဟေမာန်နဲ့ သူပြန်တွေ့ပုံ အစအဆုံးကို ပြောပြလိုက်သည်
"ဒါဆို အငယ်လေးက ပြင်ဦးလွင်မှာ ကျန်ခဲ့တာပေါ့ "
"ဟုတ် အမ"
"အငယ်လေး အိမ်ကနေပြန်ပြီးကတည်းက မင်းဆီ တန်းရောက်နေတာပေါ့"
ဟန်သာ အမအား ခေါင်းညိတ်ပြလိုက်သည်
"အမရယ် သူက အားလုံးကို ကျော်ပြီး ကျွန်တော့် ကိုရွေးမယ်ဆိုပေမယ့် ကျွန်တော် မမတို့မိသားစုရဲ့ ခွင့်ပြုချက်ကလေးတော့ လိုချင်လို့ပါ မာန် တသက်လုံး နောင်တရနေမယ့်ကိစ္စမျိုးတွေ ဖြစ်မလာစေချင်လို့ပါ"
"မင်းရဲ့ သဘောထားကိုတော့ မမ လေးစားပါတယ် ဒါပေမယ့် အရမ်းကြီး အရဲကိုးလွန်းနေတယ် ဒါမျိုးက ဖြည်းဖြည်းချင်း နားဝင်အောင် ပြောရမယ့်ကိစ္စ ဒီလိုကြီးလုပ်ရင်တော့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး"
ဝဿန့် စကားကြောင့် ဟန်သာငိုင်ကျသွားသည်
"အဲ့ဒါဆို အမ ကျွန်တော် ဘာဆက်လုပ်ရမလဲ"
"အိုတော် ရှင်က ကျွန်မညီမကို လိုချင်လို့် ကျွန်မနားက အကြံလားတောင်းနေတာပေါ့"
ဝဿန် ရှေ့မှ အားမရှိသောရုပ်နှင့် ဟန်သာ့အား စ လိုက်သည်
"ကျွန်တော် တကယ် ဘာဆက်လုပ်ရမှန်း မသိတော့လို့ပါ အမရယ် နောက်တခါ ထပ်ဝေးရရင် ကျွန်တော်ရော သူရော နာလန်ပြန်ထူမှာ မဟုတ်တော့ဘူး"
"အဲ့ဒါက ရုတ်တရက်ကြီးတော့ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး အမလည်း တတ်နိုင်သလောက်တော့ နားဝင်အောင် ပြောပါ့မယ် ဒါထက် ခု မောင်လေး ပြင်ဦးလွင် ပြန်တော့မှာလား"
"ကျွန်တော် မမတို့အိမ်က ခွင့်ပြုချက် မရမချင်း မပြန်ဘူးလို့ ဆုံးဖြတ်ပြီးမှ လာတာ ကျွန်တော်မပြန်သေးဘူး ကျွန်တော်ပြန်သွားရင် နောက်တခါ ကြိုးစားခွင့် ရချင်မှရမှာ မာန် က ကျွန်တော့်အတွက် သူအနှစ်နှစ် အလလ ကြိုးစားခဲ့တဲ့ အလုပ်ကိုတောင် စွန့်လွှတ်ခဲ့တာ ဒါလေးတော့ ပြန်လုပ်ပေးချင်လို့ပါ"
မိမိရှေ့မှ တလုံးချင်း တည်ငြိမ်စွာပြောနေသော ဟန်သာ့ပုံစံကို ကြည့်ရင်း အငယ်လေးအတွက် သူမစိတ်ချမိပါသည်
"အဲ့တော့ ခု မင်းက ဘယ်မှာနေမလဲ သူငယ်ချင်းရှိလား ဒီမှာ"
"မရှိပါဘူး ကျွန်တော် ခုမှဒီကိုရောက်ဖူးတာပါ တည်းခိုခန်းမှာ တည်းမယ်လေ"
"အယ် မင်းအဆင်ပြေပါ့မလား "
"ပြေအောင်နေမှာပေါ့ ပြီးတော့ မာန့်ကို ကျွန်တော် ဒီရောက်နေတာ မပြောပါနဲ့ သူလိုက်လာမှ ဦး ပိုပြီး စိတ်ဆိုးစရာတွေ ဖြစ်ကုန်မယ်"
"အင်းပါ ဒါပေမယ့် ဖေဖေနဲ့မေမေ ပြောရင်တော့ မသိဘူးနော် "
"ကျွန်တော် ဇွတ်တရွတ် လုပ်တာ အကုန်မှားကုန်ပြီလားမသိဘူး ဒါပေမယ့် ကျွန်တော် စပြီးသား အလုပ်ကိုတော့ ပြီးအောင်လုပ်ရမှာဘဲ အမ ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
"ရပါတယ် အငယ်လေး ဘယ်လောက်တောင် ခံစားခဲ့ရလဲဆိုတာ အမ မြင်ခဲ့ကြားခဲ့ရတာဘဲ အမ ညီမလေးစိတ်ချမ်းသာဖို့ဘဲဟာ တူတူကြိုးစားကြည့်တာပေါ့"
"ဟုတ် အမ"
ဟန်သာ အားရပါးရ ပြုံးလိုက်တော့ နှုတ်ခမ်းစွန်းက သွေးတို့စီးကျလာသည်
"အယ် တော်တော်ထိသွားတာဘဲ ပြစမ်း"
"ရတယ် ရတယ် တည်းခိုခန်း ရှာပြီးမှ ကိုယ့်ဘာကိုယ် ကြည့်လုပ်လိုက်မယ်"
ဟန်သာလှမ်းပြောရင်း လက်ဖမိုးနဲ့ သုတ်ချလိုက်သည်
"အမ တခုပြောမယ်နော် ဟန်သာ တည်းခိုခန်း ကနေ လှုပ်ရှားရင် ပိုခက်ခဲမယ်ထင်တယ်နော် ဖေဖေ ပိုအစိတ်အနှောင့်ဖြစ်မှာ ဟန်သာ တည်းခိုခန်း မှာနေတာက ပိုပြီး ထင်ထင်ပေါ်ပေါ်ကြီးဖြစ်မှာ အကုန်လုံးအတွက် မကောင်းဘူး"
"အင်း အဲ့ဒါဆို ကျွန်တော်ဘာဆက်လုပ်ရမလဲ"
"အမတို့ လက်ဖက်ခြံထဲမှာ နေပါလား နည်းနည်းတော့ အနေဆင်းရဲမယ် အစားအသောက် ကတော့ အဲ့ဒီမှာ ခြံစောင့်လင်မယားရှိတော့ မပူရပါဘူး"
"အနေဆင်းရဲတာက ရပါတယ် အမဖေဖေတွေ့မှ ကျွန်တော့်ကို ဓားနဲ့လိုက်ခုတ်နေမယ်နော်"
ဟန်သာ့စကားကြောင့် ဝဿန် အားရပါးရ ရယ်မောလိုက်သည်
"ဘာဖြစ်လဲ မင်းကလည်း အချစ်အတွက် အသက်ပင်သေသေပေါ့"
"အာ အမကလည်း ကျွန်တော့်မှာ မာန်နဲ့တွေ့ပြီး ကြည်ကြည်နူးနူးလေးတောင် မနေရသေးဘူး"
"အမက စတာပါ အမ ကိုယ့်ဇာတ်ကိုယ် နိုင်အောင် ကမှာပါ ဟန်သာလည်း အစွမ်းကုန် ကြိုးစားပေါ့ "
"ဟုတ် "
"လာ မင်းလည်း ခရီးပန်းလာတယ်မလား ခြံထဲလိုက်ပို့မယ်"
"အင်း ကျွန်တော်လည်း အမြဲတမ်း ခြံထဲနဲ့ဘဲ နှစ်ပါးသွားနေရတာဘဲ "
ဟန်သာငြိမ်း ပြောပြောဆိုဆိုနှင့် ဆိုင်ကယ်ပေါ်ခွလိုက်သည်
မိုးကုတ်နှင့် မိုးမိတ်ကြားမှာ ရှိသော လက်ဖက်ခြံလေးပါ
"woww ဒါ အမဦးစီးတာပေါ့"
"အေးပေါ့ အမက ကျောက်စိမ်းတွေဘာတွေ သိပ်စိတ်မဝင်စားဘူးလေ အဲ့ဒါကြောင့် ဒီအလုပ်ကို ပိုဦးစားပေးတာ"
"အော်"
ဟန်သာ ခြံအနှံဝေ့ကြည့်မိသည် တောင်စောင်းအလျှောအတိုင်း လက်ဖက်ပင်များကို စိုက်ထားသည်
"ဟန်သာ လာ ဟိုမှာမြင်နေရတဲ့ အိမ်လေးလေ "
"ဟာ ခြံထဲကအိမ်ကို သေချာလေးဆောက်ထားတာဘဲ"
လှေကား ၄ထစ်ပါသော တစ်ထပ်သစ်သားအိမ်လေးပါ
"ဟုတ်တယ်ဟန်သာ တခါတလေ အမ အေးဆေးနေချင်တဲ့အခါမျိုးမှာ ခြံထဲမှာနေတယ်လေ တခြား မှာ နေတာထက် ဒီနေရာလေးကိုကြိုက်တာ အငယ်လေးတောင် ဒီအိမ်ဆောက်ပြီးမှ မရောက်ဖူးသေးဘူး သူက သင်္ကြန် ဘဲပြန်လာတာဆိုတော့ မခေါ်ဖြစ်တာ "
"အမ ကျေးဇူးပါဗျာ နို့မို့ ဘယ်လိုလုပ်ရမလဲ သိမှာမဟုတ်ဘူး အမ ရှိနေလို့သာ"
"ဝဿန် ဒီနေ့ဘာလုပ်စရာမှမရှိဘဲနဲ့ လာနားတာလား"
လက်ဖက်ပင်ကြားမှ အမတယောက် ထွက်လာပြီး လှမ်းမေးသည်
"မဟုတ်ဘူး အမ ဒီသူငယ်ချင်းကို လာပို့တာ ဂရုစိုက်ပေးပါဦး"
"ကျွန်တော့်နာမည် ဟန်သာငြိမ်းပါ အမ "
ဟန်သာပြုံးပြရင်း နှုတ်ဆက်လိုက်သည်
"အေးပါ သေချာဂရုစိုက်ပေးပါ့မယ် ဝဿန်ရယ် ပြောစရာမလိုပါဘူး ကိုနိုင်ကတော့ ရွာဘက်သွားတယ် "
"ဟန်သာ လာ အမအခန်းထဲမှာနေလိုက်တော့ အမလည်း ဒီကြားထဲ နေဖြစ်မှာမှမဟုတ်တာ"
"ဟုတ် အမ ကျေးဇူးပါနော်"
"ကဲ ရပါတယ် ဒါဘဲထပ်ခါထပ်ခါ ပြောနေတာဘဲ"
ဟန်သာ နေရခက်မည်စိုးသောကြောင့် ဝဿန် စကားကို ဖော်ဖော်ရွေရွေ ပြောပေးနေလိုက်သည်
"ကဲ ဟန်သာ အထဲဝင်နားလိုက်တော့ အမ ဆိုင်ကယ်ယူသွားမယ် မနက်ဖြန်မှ ပြန်ယူခဲ့မယ်နော်"
"ဟုတ် အမ ရပါတယ် ကျွန်တော်လည်း ဘာမှလုပ်စရာမရှိပါဘူး"
ဆိုင်ကယ်မောင်းထွက်သွားသော အမ ကျောပြင်ကို ကြည့်ရင်း သူအထပ်ထပ်ကျေးဇူးတင်မိသည်
"သွားနားလေ မောင်လေး ထမင်းစားချိန်မှ လာခေါ်မယ်"
"ဟုတ် အမ ကျွန်တော်လည်း ပင်ပန်းလို့နားဦးမယ်"
သူပြောပြီး အခန်းထဲဝင်ပြီး ကုတင်ပေါ် ပစ်လှဲချလိုက်သည် တကယ်ပင်ပန်းနေပါပြီ ၄နာရီကျော်လောက် ဆိုင်ကယ် စီးလာရသည့်ဒဏ်က နည်းနည်းနောနောမဟုတ်
မာန် ခုချိန်ဆို ကို ထွက်သွားတာ သိလောက်ပြီပေါ့ မာန် ကို့ ကိုအပြစ်တင်နေမလား ကို မာန်နဲ့ထပ်မဝေးချင်တော့လို့ ဒီလိုလုပ်ရတာပါ မာန့် ဆီ ကိုအမြန်ဆုံးပြန်ခဲ့မှာပါ လွမ်းတယ် မာန်ရယ်
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ