မာန့်အတွက် ရုတ်တရက်ကြုံတွေ့လာရသော အခြေအနေတွေကြောင့် ဘယ်လိုဆုံးဖြတ်ရမှန်းမသိတော့ သူမအတွက် အရေးကြီးဆုံးသော အရာများကြား သူမ ပိတ်မိနေပါသည်
ကို့ ကိုလား
မိသားစု ကိုလား
သူမရဲ့အောင်မြင်မှုပန်းတိုင်ကရော ဘယ်လိုလဲ
သူမဟာ lgbt တယောက်ဆိုရင် ပရိတ်သတ်တွေက ဘယ်လိုတုန့်ပြန်လာမလဲ လောလောဆယ်အခြေအနေအရတော့ ရှင်းသန့်မောင် နဲ့သတင်းထွက်နေသည့်ကိစ္စများလည်း ရှိသည်မို့ သူမတို့ရဲ့ relationship ကို လက်မခံနိုင်သူတွေ အရမ်းများနေသည်
သူမ ဒီတလျှောက်လုံး မိသားစု နဲ့ အဝေးမှာနေပြီး တယောက်တည်း သည်းခံကြိုးစားကာ ရလာသော အောင်မြင်မှုမို့ သူမ လွယ်လွယ်နဲ့ စွန့်မပစ်နိုင်ပါ ကို နဲ့ ကိစ္စကို ချပြလိုက်မယ်ဆိုရင်ရော မှုန်ဝါးနေသော အနာဂတ်ကိုသာ မြင်ရသည် မိသားစု နဲ့ ပြဿနာတက်မယ် သူမရဲ့လက်ရှိနေရာ ပျောက်ချင်လည်း ပျောက်သွားနိုင်သည် ကို နဲ့က တရားဝင်လက်ထပ်ယူနိုင်မည်မဟုတ် သူမတို့မိသားစုအနေနဲ့ မျိုးဆက်သစ်မရနိုင်တော့
တခါတလေမှာ အချစ်ထက် အရေးကြီးသော အရာများရှိနေသေးသည် လူတိုင်း အသည်းကွဲဖူးတာဘဲ ဒီလိုဘဲ ရုန်းထွက်နိုင်ခဲ့ကြတာဘဲ
"ဟေမာန်နှင်း ခုလက်ရှိ ထွက်နေတဲ့သတင်းတွေနဲ့ ပက်သက်ပြီး ဘာပြောချင်လဲ"
သူမ မျှော်လင့်ထားသလိုပါဘဲ သူမ ဆိုင်ဖွင့်ပွဲ ရောက်ရောက်ချင်း မီဒီယာတွေက ကို နဲ့ကိစ္စကို ဦးတည်နေကြသည် ရှိသမျှ မီဒီယာတွေ အားလုံးနီးပါးသူမအနားမှာသာ စုပြုံနေကြသည်
"သူနဲ့က သာမာန် အိမ်နီးချင်းပါဘဲ ဘုရားအေးဆေးသွားချင်လို့ ပို့ခိုင်းတာပါ"
"သူငယ်ချင်း တွေလို့ပြောချင်တာလား"
"ဆိုပါတော့ ပြင်ဦးလွင် မှာလည်း မိတ်ဆွေလည်းမရှိတော့ ဒီလိုဘဲ တွေ့ပြီး ခင်ကြတာပါ"
"ပရိတ်သတ်တွေက ဟေမာန်နှင်းက lesbian လားလို့ စိတ်ဝင်စားနေကြပါတယ် အတူတွဲပြီး ဘုရားသွားတဲ့သူက tomboy ဆိုတော့လေ"
"မဟုတ်ပါဘူး ဟေမာန်က straight စစ်စစ်ပါ ဟေမာန် ခင်တဲ့သူဆို ဘယ်သူဖြစ်ဖြစ် ပေါင်းတာဘဲ အဲ့ဒါကြောင့်ပါ"
"အဲ့ဒါဆို ရှင်းသန့်မောင် နဲ့ရော"
"သူနဲ့က အနုပညာမောင်နှမတွေပါ ဟေမာန် လောလောဆယ် တော့ အလုပ်ပေါ်မှာဘဲ အာရုံစိုက်ထားပါတယ်"
အိမ်ရောက်ရောက်ချင်း သူမ အိပ်ရာပေါ်လှဲချရင်း ဖုန်းကိုကြည့်လိုက်တော့ ဖေဖေ့ဆီက ဖုန်းနဲ့ ကို့ ဆီက missed call ပေါင်းများစွာကို တွေ့လိုက်ရသည်
"ဖေဖေ လား သမီး သတင်းမှာ အကုန်ဖြေရှင်းထားတာ ဖတ်ကြည့်ဦး စိတ်ချပါ ဖေဖေ မျက်နှာပျက်အောင် သမီး မလုပ်ပါဘူး"
ဖေဖေ နဲ့ ဖုန်းပြောပြီးတော့ ကို့ ဆီဆက်ဖို့ကြိုးစားရသည်
"မာန် ကို မာန့်ဖုန်းမျှော်နေတာ"
"အင်း ဟန်သာလည်း သတင်းဖတ်ပြီးလောက်ပါပြီ အဲ့ဒါ ဟေမာန့် ဆုံးဖြတ်ချက်ပါ"
"ဘာလို့လဲ မာန် ကို တို့ချစ်ခဲ့ကြတာဘဲလေ"
"ဟေမာန် လုပ်သင့်တယ်ထင်တာကို လုပ်လိုက်တာပါ sorry ပါ"
"မာန် အဲ့ဒီနေရာမှာ ပျော်မယ်ထင်လား"
"ဘာလို့မပျော်ရမှာလဲ ကိုယ်တိုင် တည်ဆောက်ခဲ့ရတဲ့ အောင်မြင်မှုတွေလေ လွယ်လွယ်ရခဲ့တာထင်လို့လား"
"အဲ့ဒါဆို ကို တို့အချစ်ကရော အဆုံးသတ်ဖို့ ဒီလောက် လွယ်ကူလား"
"လွယ်တယ် ဟန်သာ ဟေမာန်တို့က ဖြစ်မှမဖြစ်နိုင်တာ"
"ဘာလို့ အစက အဲ့ဒါတွေ မတွေးဘဲ ကို့ ကိုလက်ခံခဲ့တာလဲ"
"မာန် ကို တောင်းပန်ပါတယ် ကို မာန် မရှိရင် မနေနိုင်လောက်ဘူး မာန့်ကို ကို လိုအပ်တယ်"
"ဟန်သာ လက်ခံလိုက်စမ်းပါ လူတိုင်း ဒီလိုဘဲရည်းစားထားပြီး အခန့်မသင့်ရင် ကွဲသွားတာဘဲ လင်မယားတွေတောင် ကွာရှင်းကြသေးတာဘဲ"
"မာန် ကို ကလေ မာန့်ကို သိပ်ချစ်တာ"
"ဟန်သာ ဟေမာန် ရှင်းရှင်းဘဲပြောမယ် ဟေမာန့်ဘဝမှာ ဟန်သာ့ကိုမရှိစေချင်တော့ဘူး ဟေမာန် နဲ့ ဟန်သာ ဖုန်းပြောတာ ဒီတခါနောက်ဆုံးပါဘဲ ဟေမာန်တို့က အစကတည်းက မတွေ့သင့်တဲ့လူတွေပါ စောစောစီးစီး ပြီးလိုက်ရအောင် နှုတ်ဆတ်ပါတယ်"
မာန်ရယ် မတွေ့ခဲ့သင့်ဘူးတဲ့လား
ဟန်သာငြိမ်းတယောက် ရှိုက်ကြီးတငင် ငိုချမိလိုက်ပါသည် သတင်းတွေတတ်လာသော်လည်း သူ မာန့်ကို မျှော်နေခဲ့ပါသည် မာန့် ရဲ့အချစ်တွေကို သူ ယုံကြည်တယ်လေ ရေချိုးခန်း က ရေပန်းအောက်ထဲဝင်ပြီး သူအားရပါးရ ငိုချလိုက်ပါသည် သူက ဘာလို့ ချစ်သူကို ပိုင်ဆိုင်ခွင့်မရှိရတာလဲ
tomboy ဖြစ်နေလို့လား
အောင်မြင်မှုတွေကြားက ချစ်သူကို အပြစ်တင်ရမှာလား
သူ့ဘဝ ကိုအပြစ်တင်ရမှာလား
lgbt ကို လက်မခံနိုင်တဲ့ နိုင်ငံမှာ လူလာဖြစ်ရတာကိုလား
သိပ်ကိုနာကျင်ရပါတယ် သိပ်ချစ်ပါရက် တတိယလူ မပါဘဲ ပြီးခဲ့သော ဇာတ်လမ်းတပုဒ်ပါ
အချစ်ထက် အရေးကြီးသော အရာတွေအများကြီး ရှိတယ်ဆိုတော့ သမာရိုးကျဘဝမှာ နေထိုင်ပြီး သင့်တော်တဲ့ လူတယောက်နဲ့ ပေါင်းဖက်ခြင်းက လူဖြစ်ရကျိုးနပ်တာလား
"ကို မာန့် ကို ခွင့်လွှတ်ပါ ကို့ ဘဝကိုလက်ခံပြီး ကို့ကိုအရမ်းချစ်ပေးမယ့်မိန်းကလေးမျိုးနဲ့ တွေ့ပါစေ"
သူမတိုးတိုး ရေရွတ်မိသည် သူမချပြီးသား ဆုံးဖြတ်ချက် အတွက် သူမပြတ်သားနေရပါမည် သူမ ပိုမာကျောပြီး ပိုကြိုးစားရဦးမည်
ကို ဆက်တိုက်ဖုန်းခေါ်နေသည်မို့ သူမ ဖုန်းပိတ်ထားလိုက်ပါသည်
သူ့အတွက် အသက်ရှင်နေရတာ ငရဲပါ မာန့်ဆီသာ အရူးတယောက်လို ဖုန်းဆက်နေမိသည် အစားလည်းမမှန် အအိပ်လည်းမမှန်တော့သည်မို့ နဂိုပိန်သည့်သူက လူရုပ်ပင်မပေါ်တော့
"ဟန်သာ"
ခုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း ဒေါ်ငြိမ်းရီ ဟန်သာ့အား စကားပြောရန်ပြင်လိုက်သည်
"ဘယ်ချိန်ထိ ဒီလိုနေမှာလဲ ရည်းစားဦးနဲ့ လမ်းခွဲတာမို့ ခံစားနေရတာကို မေမေနားလည်ပါတယ် နားလည်လို့ဘဲ စိတ်ချမ်းသာသလို နေပါစေဆိုပြီး မေမေ လွှတ်ထားခဲ့တာဘဲ တလရှိပြီ ဟန်သာ အလုပ်လည်း စိတ်မဝင်စားဘူး အအိပ်အစား မမှန်ဘဲ ကိုယ့်ကိုယ်ကို နှိပ်စက်နေတယ် မကိုင်တဲ့ဖုန်းကို ဆက်ကာဆက်ကာ ခေါ်နေတယ် ကိုယ့်ကိုယ်ကို မနှမြောဘူးလား ဒီအခြေအနေကိုရောက်အောင် မေမေတို့ တအားကြိုးစားခဲ့ရတာနော် ခွဲစိတ်မှုတွေ အကြိမ်ကြိမ် လုပ်ရင်းက ရယူထားတဲ့ဘဝတခုလေ ဟန်သာ ခု ဒီလိုကြီးဖြစ်နေတော့ မေမေ ဘယ်လိုလုပ်ပေးရဦးမှာလဲပြော"
သူ မေမေ့ မျက်နှာကို ကြည့်မိသည် မေမေ့မျက်နှာမှ နာကျင်နေသော အရိပ်အယောင်များအား အတိုင်းသားမြင်နေရပါသည်
"ဟေမာန်လည်း သူ့လမ်းသူ ရွေးပြီး သူ့အောင်မြင်မှုအတွက် ကြိုးစားနေချိန်မှာ ဟန်သာကိုယ့်ကိုယ်ကို အပျက်စီးခံနေတာကို မေမေ ဘယ်လိုအင်အားနဲ့ကြည့်ရမှာလား"
"တောင်းပန်ပါတယ် မေမေ အားလုံးအတွက် တောင်းပန်ပါတယ် ကျွန်တော်က ဘာလို့ လူလာဖြစ်ရတာလဲ အမြဲတမ်း ကျွန်တော့်အတွက်နဲ့ မေမေ့ကို လူတွေက လက်ညှိုးထိုး ကြတယ် ကဲ့ရဲ့ကြတယ် ခုလည်း ကျွန်တော့်ကြောင့် မေမေအများကြီး စိတ်ဆင်းရဲရတယ် တောင်းပန်ပါတယ် ကျွန်တော့် ဖြစ်တည်မှုအတွက်လည်းတောင်းပန်ပါတယ် ကျွန်တော်နဲ့မေမေ ဘုန်းကြီးကျောင်း သွားတိုင်း ပုဆိုးဝတ်ထားတဲ့ ကျွန်တော့်ကိုကြည့်ရင်း မေမေပါ အပြောခံ အကဲ့ရဲ့ခံခဲ့ရတာတွေအတွက်လည်း တောင်းပန်ပါတယ်မေမေ"
အကြီးအကျယ် ငိုရှိုက်ရင်း ပြောနေသော ကလေးကိုကြည့်ရင်း ဒေါ်ငြိမ်းရီတယောက် ရင်ထဲမချိပါ သူတယောက်တည်း ကြိတ်ခံစားနေခဲ့ရရှာမှာ ခုကိစ္စနဲ့ပက်သက်ပြီး သူဟာ tomboy တယောက်မို့ ဒါတွေဖြစ်နေရတာဆိုပြီး ကိုယ့်ကိုယ်ကို စိတ်နာနေပုံရသည်
"ဘာလို့တောင်းပန်ရတာလဲ ဟန်သာ မေမေ့ရဲ့ အရမ်းအားကိုးရတဲ့ မေမေ့ရဲ့ကလေး မေမေ့အတွက်သားလိုရော သမီးလိုပါ အားကိုးရပြီး အမြဲမားမားမတ်မတ် မေမေ့ရှေ့မှာ ရပ်တည်ပေးခဲ့တဲ့ မေမေ့ကလေးပါ"
မေမေရယ် အမြဲတမ်း နားလည်ပေးခဲ့တယ် ခုထိလည်း နားလည်ပေးနိုင်တုန်း
"မေမေ့ကိုကြည့်စမ်း ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဘယ်တော့မှ မရှက်နဲ့ နောင်တမရပါနဲ့ ကလေးရယ် ဟန်သာ့မှာ ဘာအပြစ်ရှိလို့လဲ မေမေ့ကလေးဟာ လူ့ဘောင်မှာ ခွင့်မလွှတ်နိုင်တဲ့ ဘာအပြစ်မှလည်း လုပ်ထားတာ မဟုတ်ဘူး ဒီအတိုင်း ကိုယ်ဖြစ်နေတဲ့ဘဝလေးမှာ နေတတ်သလိုလေးနေတာပါ ခုဆို နိုင်ငံရပ်ခြားထိတောင် ကျော်ကြားတဲ့ breeder တယောက်ဖြစ်နေပြီ မေမေ ဘယ်လောက်တောင် ဂုဏ်ယူရလဲ ကလေးရယ် ဟန်သာ့ကို လက်ညှိုးထိုး နေတဲ့လူတွေရဲ့ ကလေးတွေကရော ဘယ်လောက်အပြစ်ကင်းနေလို့လဲ ကိုယ့်ဘဝကိုယ် လက်မထောင်ပါ ကလေးရယ်"
"မေမေ"
သူတို့ သားအမိနှစ်ယောက်ဖက်ပြီး အားရပါးရ ငိုမိကြသည် မေမေ့ကို ဒီအတောတွင်းပစ်ထားမိတဲ့အတွက် စိတ်မကောင်းပါဘူး မေမေရယ်
"ဟန်သာ မနက်ဖြန်တွေမှာ ဘဝကိုအောင်အောင်မြင်မြင် ရှေ့ဆက်ဖို့ ကြိုးစားပါ ဘဝကြီးကို ရေစုန်မမျောပစ်ပါနဲ့ ကလေးရယ်"
"ဟုတ် ကျွန်တော်အကောင်းဆုံး ကြိုးစားမှာပါ"
အမြဲတမ်း ယုံကြည်ပေးလို့ ကျေးဇူးပါ
ကျွန်တော့်ဘဝရဲ့ ဖြစ်တည်မှုကို လက်ခံပေးပြီး ဖြစ်ချင်တာကို အမြဲပံပိုးပေးခဲ့တယ် သူများမိဘတွေလို ဇွတ်အတင်းပုံမသွင်းဘဲ ကိုယ်ဖြစ်ချင်တာတွေအတွက် ခွဲစိတ်ခန်း ရှေ့မှာ အမြဲဘုရားစာ ရွတ်ပေးခဲ့တဲ့ မေမေပါ ကိုယ့်အတွက် ဂုဏ်ယူရတယ်တဲ့လား စိတ်ချပါမေမေ မနက်ဖြန်တိုင်း မနက်ဖြန်တိုင်းမှာ ပိုပြီး လက်မထောင်နိုင်အောင်ကြိုးစားပါ့မယ် မေမေရှိနေတာဘဲလေ ဘာမဆို ဖြစ်နိုင်ရမှာပေါ့
အဲ့ဒီညက မေမေနဲ့ သူနဲ့ဖက်အိပ်ခဲ့ကြတယ်
ပြီးဆုံးသွားပါပြီ ဟေမာန်နှင်း ကိုယ့်ကို ကျောခိုင်းပြီးတဲ့နောက် အဆင်ပြေအောင်နေပါ ကိုယ် လက်ခံလိုက်ပါပြီ ကိုယ်ဟာ သိပ်ချစ်ခဲ့တဲ့လူမို့ မင်းကို မေ့ချင်မှ မေ့မယ် မချစ်ဘဲ နေနိုင်ချင်မှလည်း နေနိုင်လိမ့်မယ် သေချာတာကတော့ ကိုယ်မင်းကို တွယ်ကပ်နေတော့မှာမဟုတ်ဘူး အမေပေးတဲ့အားအင် ကိုယ်ကိုယ်တိုင် ထုဆစ်ယူထားတဲ့ဘဝနဲ့ ရှေ့ဆက်လျှောက်တော့မှာမို့ နှုတ်ဆတ်ပါတယ်##ဒီအပိုင်းထဲကလိုအခြေအနေဟာ ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးပါတယ် အဲ့ဒီအချိန်က ကျွန်တော့်အမေဟာ ခုလိုဘဲ အနားကနေ အားပေးပြီး ရပ်တည်ပေးခဲ့ပါတယ် LGBT တွေအနေနဲ့ မိသားစုရဲ့ လက်ခံပေးခြင်း အားပေးခြင်းကို လိုအပ်ပါတယ် ခုလို အမေ ဘေးကလက်ခံ အားပေးခြင်းက ကျွန်တော့်ကို တန်ဖိုးရှိတဲ့ လူသားတယောက် ဖြစ်စေခဲ့ပါတယ် ကျွန်တော့်ရဲ့ LGBT သူငယ်ချင်း တွေလည်း ကိုယ်စီကိုယ်စီ အိမ်ရဲ့ လက်ခံအားပေးခြင်းကို ရကြပါစေလို့ ဒီအပိုင်းလေးကနေ စိတ်ရင်းစေတနာအစစ်အမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်
ဘုန်းမြတ်
ESTÁS LEYENDO
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ