အရက်သောက်နေကျ မဟုတ်တာရယ် ညကနည်းနည်းများသွားရယ်နဲ့ ပေါင်းတော့ ဟေမာန်နှင်းတို့ ခေါင်းကိုက်ပြီး အရက်နာကျနေသည်
"ဟေမာန် ကော်ဖီခါးခါး သောက်လိုက်ဦး ရော့"
သန့်တို့ကတော့ အိနြေ္ဒပင်မပျက် ကော်ဖီတွေကို ဖျော်တိုက်လို့
"အင်း ဘယ်လိုကြီး ဖြစ်နေမှန်းကို မသိဘူး ရေသောက်တိုင်းကို မူးနေတာ"
"ဟေမာန် မသောက်တတ်လို့ အရက်နာကျနေတာ ဖြစ်မယ် ဒီနေ့တော့ အေးဆေးနားလိုက်လေ မနက်ဖြန်မှ အိမ်ပြန်ပေါ့"
"အင်း လှုပ်တောင်မလှုပ်ချင်ဘူး"
"အန်လည်း အန်နေတာကိုး နက်ဖြန် အိမ်ကိုဘာနဲ့သွားမှာလဲ ကားမပါဘူးမလား"
"အင်း "
"အဲ့ဒါဆို မနက်ဖြန်မနက် ဟန်သာ့ကို လာကြိုဖို့ မှာခဲ့မယ် ဒီနားက ဘာမှငှါးစရာ မရှိတော့ ဟေမာန် ဒုက္ခ ရောက်လိမ့်မယ်"
"ဖြစ်ပါ့မလား ကို က လက်ခံပါ့မလား လမင်းကို ဖုန်းဆက်ပြီး လာကြိုခိုင်းလိုက်မယ်လေ"
"ရမှာပါ ဒါဟေမာန့်အိမ်မှန်း ဟန်သာမှ မသိတာ ပြီးတော့ လမင်းက ဟိုတခါကတောင် ဆိုင်ကယ်လဲထားတာ သိပ်စိတ်မချရဘူး ဟန်သာနဲ့ မြန်မြန်တွေ့ရတော့ မကောင်းဘူးလား"
"အဟီး ကောင်းတယ်"
"ကဲ့ အဲ့ဒါဆို ဟန်သာ့ကို မနက်ဖြန်မနက် ကြိုခိုင်းလိုက်မယ် ဒီနေ့ အေးဆေးနားလိုက်ဦး ရုပ်က အရက်နာကျတဲ့ရုပ်ပေါက်နေပြီ မမသန့်ပြန်တော့မယ် မန္တလေးဆင်းရဦးမှာနဲ့မို့"
ဟေမာန် ခြံတံခါး လိုက်ဖွင့်ပေးရင်း မမသန့်ကားလေး ကိုလိုက်ကြည့်နေမိသည်
"မမသန့်ရာ လိုက်ပို့မယ်ဆိုလည်း လက်မခံဘူး taxi နဲ့ပြန်ချင်ရတယ်လို့"
"လိုက်ပို့လည်း မင်းကိုပြန်စိတ်ပူနေရမှာနဲ့ မထူးဘူး taxi နဲ့ပြန်တော့ အိမ်ရောက်ရင်စိတ်ဒုန်းဒုန်းချပြီး နားရုံဘဲ ထပ်မပြောနဲ့တော့ ဟန်သာ ငါနားပူနေပြီ"
"သန့်ပြောတာ ဟုတ်သားဘဲ ဟန်သာရယ် ပြင်ဦးလွင်နဲ့ မန္တလေး ကတနာရီကျော်လေးကြာတာပါ "
ဒေါ်ငြိမ်းရီ ဘေးကဝင်ပြောမှဘဲ ပြီးတော့သည် ဟန်သာငြိမ်း တို့မမူးဘဲ ရစ်နေခြင်းပါ
"ဟော ပြောရင်းဆိုရင်း taxiလာပြီ အန်တီ သန့်ပြန်မယ် ဟန်သာ အန်တီ့ကိုဂရုစိုက်နော် မောင်လေး"
"အင်းပါ စိတ်ချလက်ချပြန်"
"သန့် ပြန်သွားပြီဆိုတော့ ဟန်သာ တယောက်တည်း ပျင်းနေတော့မှာဘဲ"
"အာ မေမေရော စိမ်းလဲ့ရော ရှိနေတာကို ပျင်းစရာလား"
"အမလေး သူ့အမ ပြန်သွားမှ မေမေ့နားလာချွဲနေတာ အချွဲလေး"
သားအမိနှစ်ယောက် ရယ်ရင်း အိမ်ထဲဝင်ခဲ့သည်
"ဟန်သာ ဒီနေ့ ခြံထဲသွားဦးမှာလား "
"မေမေ ဘာမှခိုင်းစရာမရှိရင် သွားမှာ Rohar ကမီးတွင်းထဲမှာလေ သေချာဂရုစိုက်ရမှာ"
"ဘာမှခိုင်းစရာမရှိပါဘူး ဟန်သာရဲ့ သွားပါ ဟန်သာလည်း တနေ့တနေ့ ခြံနဲ့တင် သံသရာလည်နေတာ"
"အဲ့ဒါဘဲကောင်းပါတယ် မေမေရာ အဲ့ဒါဆို သွားပြီ နောက်ကျမယ်နော် Hah ကားပေါ်တက် သား"
ဟုတ်ပါတယ် ခွေးကောင်ရေများတာနဲ့ သူtraining မှန်မှန်ပေးနေတာကြောင့် သူခြံပြန် နောက်ကျတာများသည်
တနေ့လုံး ဟန်သာ့မှာ ပြေးရလွှားရပါ
လမင်းအိမ်မှာတော့ ဘေးကကြည့်ရင်း မမဟေမာန် နဲ့ ဘာဆက်ဖြစ်မလဲသာ ပုံဖော်နေမိသည်
"ဟဲ့"
"အမလေး"
"ငါအနားရောက်တာတောင် မသိရအောင် နင်ဘယ်ကောင်အကြောင်း တွေးနေတာလဲ လမင်း နင် ရည်းစားရနေပြီမလား"
"မရပါဘူးဆို အဲ့ဒါဘဲ လာမေးနေကြတာ ပြီးတော့ ထားရင်လည်း ကောင် မထားဘူး ကောင်မလေး ထားမှာ"
"ဟဲ့ နင်ဘာတွေလျှောက်ပြောနေတာလဲ ငါ လုပ်လိုက်ရ"
"ဟုတ်တယ် အဲ့ဒါ အတည်ပြောတာ ကိုကြီးဟန်သာ လမင်း ပြေးကူမယ်"
လမင်း ကိုဖြိုးကို စပြီး ဟန်သာ့ဆီ ပြေးလာခဲ့သည်
ကို လာကြိုမှာဆိုသော အတွေးနဲ့ဟေမာန် စောစောနိုးနေသည် ညကလည်း ကောင်းကောင်း အိပ်မပျော် ကို မာန့်ကို ဘယ်လိုသဘောထားမလဲ ဆိုတဲ့ အတွေးတွေနဲ့ မာန့်မှာ ရင်ခုန်မြန်နေရသည်
"Hello ဟန်သာလား"
"အင်း မမသန့် ပြော မနက်အစောကြီး ကျွန်တော့်ကို သတိရနေတာလား"
"ဖြစ်ရလေ ငါခိုင်းစရာရှိလို့ နားထောင်"
"ဟုတ် ပြော"
"ပြည်ချစ်ဘုရား အတက်လမ်း ဘုန်းကြီးကျောင်းနားမှာ မီးခိုးရောင် တထပ်တိုက်လေးရှိတယ် အဲ့ဒီက ညီမလေးတယောက်ကို သွားကြိုပေးစမ်းပါ"
"အင်း ကြိုတာ ဟုတ်ပါပြီ ဘယ်ကိုပို့ပေးရမှာလဲ ပြောဦး"
"သူပြောလိမ့်မယ် ဟန်သာ မျက်နှာသစ်ပြီးသွားတော့နော် ဟိုကစောင့်နေလောက်ပြီ"
"ဟုတ်ကဲ့ပါ စိတ်ချပါ ခုမျက်နှာသစ်တော့မယ် ဒါဘဲ"
"မေမေ မမသန့်ခိုင်းထားတာရှိလို့ သွားလုပ်ပေးလိုက်ဦးမယ် ပြန်လာမှ မနက်စာစားတော့မယ် Hah နေခဲ့ သွား ကားပေါ်ကဆင်း"
"ဟန်သာ မေမေ့ကား ယူသွားလေ Hah ဒီကိုလာ ပြောရမခက်နဲ့ ရိုက်မှာနော်"
Hah မှာ ကုပ်ချောင်းကုပ်ချောင်းနဲ့ အိမ်ထဲပြန်ဝင်သွားသည်
"တော်ပြီ မေမေဆိုင်သွားရဦးမှာနဲ့ ကိုယ့်ကားနဲ့ကိုယ်သွားမယ်"
ဟန်သာ တဝါးဝါးသမ်းရင်း ကားမောင်းလာရသည် ညကလည်း ခွေးပေါက်တွေ မွေးစာရင်း လုပ်ရသည်မို့ နောက်ကျသွားသည်
"အံမယ် ဘယ်ကတည်းက စောင့်နေလဲမသိဘူး တံခါးတောင် ကြိုဖွင့်ထားသေးတယ်"
ဟန်သာပြုံးရင်း အိမ်ထဲဝင်ခဲ့သည် မမသန့်ညီမအိမ် ဆိုတာနဲ့တင် သူ့မှာရှိန်စရာမရှိ အေးအေးဆေးဆေးသာ ဝင်ခဲ့သည်
"အိမ်ရှင်တို့ "
ခြောက်ကပ်နေသော အိမ်ကို ကြည့်ရင်း သူအသံပြုပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်
ဧည့်ခန်းမှ ကို့ အသံကြားရချိန်တွင် ဟေမာန့်ခြေဖျား လက်ဖျားများ အေးစက်လာသည် သူမမျက်နှာမြင်ရင် ကို ကားပေါ်ကမဆင်းဘဲ ချက်ချင်းပြန်လှည့်သွားမည် စိုးသောကြောင့် သူမ ခြံတံခါးရော အိမ်တံခါးပါ အဆင်သင့် ဖွင့်ထားခဲ့ပါသည် ခုတော့ အိမ်ထဲရောက်နေသော ကို့ ကို သူမ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ရမလဲတွေးရင်း ဟေမာန် ဧည့်ခန်းသို့ ခြေသံဖွဖွနှင့်လျှောက်လာခဲ့သည်
"ဟင်"
ဟန်သာ ဖုန်းကြည့်ရင်းက မိမိမျက်စိရှေ့၌ ရင်းနှီးသော ခြေဖမိုးအစုံကိုမြင်၍ မော့ကြည့်လိုက်တော့ အာမေဋိတ်သံပင်ထွက်သွားသည်
သူ ဝုန်းကနဲ ချက်ချင်း မတ်တတ်ရပ် လိုက်သည် မာန့်မျက်နှာကို စေ့စေ့ကြည့်ရင်း လက်သီးစုပ်မိသည် သူဘယ်လိုမှ မမျှော်လင့်ခဲ့သော အဖြစ်အပျက်မို့ ရုတ်တရပ် ဘာတုန့်ပြန်ရမလဲမသိပါ ပြီး သတိဝင်လာမှ သူ့ရှေ့မှာ မတ်တပ်ရပ်နေသော မာန့်ကို ရှောင်ပြီး သူအိမ်ပြင်သို့ ဦးတည်လိုက်သည်
"ကို မသွားပါနဲ့ ကိုရယ်"
ဟေမာန် ကို့လက်မောင်းကို ကိုင်ရင်းပြောလိုက်သည်
"လွှတ် မင်း ငါ့လက်ကိုလွှတ် "
"မလွှတ်ပေးနိုင်ဘူးကို မာန် လွှတ်လိုက်ရင် ကို မာန့်ကို ထားပြီးထွက်သွားမှာပေါ့ မာန့်မှာ ကို့ ကိုပြောစရာတွေအများကြီး ရှိတယ်ကိုရဲ့"
"မင်းမှာ ပြောစရာရှိပေမယ့် ငါ့မှာ ဘာမှပြောစရာရှိ ဘူး လွှတ်ကွာ ငါသွားပါရစေ"
"မသွားပါနဲ့ကိုရယ် မာန် ပြောတာလေး နားထောင်ပြီးမှသွားပါ ကို ရဲ့ မာန် တောင်းပန်နေတာပါ"
"ဘာတောင်းပန်နေတာ ဟုတ်လား မလိုဘူး မင်းကို ငါတောင်းပန်တုန်းခဲ့ကရော မင်း နားထောင်ခဲ့လား ထွက်မသွားပါနဲ့လို့ ငါတောင်းပန်ခဲ့တုန်းက မင်း နားထောင်ခဲ့လားလို့ အချိန်တန်ရင် ပြီးသွားမှာပါဆို ခုက အချိန်တန်ရုံတင် မဟုတ်ဘူး အချိန်တောင်လွန်နေပြီ မင်း ထွက်သွားတုန်းကတောင် ငါ ဘယ်လိုကျန်ခဲ့မလဲ ဆိုတာ မင်းတွေးပေးလို့လား ငါ့အမေသာ ငါ့ဘေးမှာ မရှိခဲ့ရင် ဒီကဟန်သာငြိမ်းဆိုတဲ့ကောင်ဆိုတာ ခုချိန် လမ်းဘေးရောက်နေလောက်ပြီ ငါ့မှာ မအိပ်နိုင် မစားနိုင်နဲ့ မင်းဖုန်းကိုဆက်တိုက် ခေါ်ခဲ့တုန်းက မင်း ငါ့ဘက်တွေးခဲ့လို့လား ပြောလေ မင်းပြော မင်း ငါ့ဘက်တချက်တောင် မကြည့်ပေးဘဲ မင်းဘက်မင်းဘဲ ကြည့်ခဲ့တာလေ ခုမင်းလည်း မင်းလမ်းကြောင်းပေါ်မှာ မင်းအောင်မြင်နေပြီဘဲ ငါ့ဘဝထဲမလာပါတော့နဲ့ ငါတို့က ပြီးပြီဟေမာန်နှင်း ပြီးသွားပြီကွ"
ဟန်သာ စိတ်ရှိလက်ရှိ အော်ရင်း လက်မောင်းက ဟေမာန့်လက်ကို ဆုပ်ကိုင်ပြီး ဖြုတ်ချကာ ထွက်သွားတော့သည်
"မသွားပါနဲ့ ကိုရယ် မသွားပါနဲ့"
ဟေမာန် ကို့နောက်ကိုပြေးလိုက်ရင်း ကို့ရှေ့မှာဒူးထောက်ချကာ ကို့ခြေသလုံးကိုဖက်ထားလိုက်သည်
"မာန် တောင်းပန်ပါတယ် ကိုရယ် မာန်က အမှားတွေ အများကြီး လုပ်ခဲ့တဲ့သူပါ ကို မာန့်ကို ကြိုက်သလို အပြစ်ပေးပါ ကိုရယ် မာန့်ကိုတော့ ကို့အနားမှာ နေခွင့်ပြုပါ မာန့်ဘဝမှာ ကို မရှိလို့မဖြစ်ဘူး"
"ငါပြောခဲ့တယ်လေ အဲ့ဒီလို ငါလဲ ပြောခဲ့တာဘဲ မင်းဘာပြောခဲ့လဲ ဟေမာန်နှင်း ပြန်စဉ်းစားကြည့်ပါဦး မင်း ငါ့ကို ဘာပြောခဲ့လဲလို့ မင်းဘဝမှာ ငါ့ကို မရှိစေချင်ဘူးလို့ ပြောခဲ့တာလေ ငါ မင်းဆီနေ့စဉ် ရက်ဆက်အရူးကြီးလို ဆက်သွယ်ခဲ့တုန်းကတောင် မင်း ငါ့ကို ဥပေက္ခာပြုခဲ့တာလေ မင်း ခုမှ ငါ့ဆီ ပြန်လာချင်တယ်လို့ ပြောရအောင် ငါ့ရင်ခွင်က ဝင်ရထွက်ရလွယ်နေလား "
"ကို မာန့်ကို ချစ်နေသေးတာဘဲလေ ကိုရဲ့ မာန်တို့ အစကပြန်စကြည့်ရအောင် မာန်က အရာအားလုံး ကို ရင်ဆိုင်မှာမို့ ကို က မာန့်ဘေးမှာ နေပေးပါ"
"အစကလည်း ပြန်မစနိုင်ဘူး အနားမှာလည်း မနေပေးနိုင်ဘူး ငါက မင်းကိုချစ်တယ်လို့ ဘယ်သူပြောလဲ မမသန့်လား ငါ ရှင်းအောင် တခါတည်းပြောမယ် ငါက အတိတ်ကို လွမ်းနေတဲ့သူ ဖြစ်ရင်ဖြစ်နေလိမ့်မယ် ဒါပေမယ့် ငါ လွမ်းနေတဲ့သူက အတိတ်မှာဘဲ လက်ရှိမှာမရှိဘူး ငါ့ခံစားချက်တွေက အတိတ်ထဲမှာ ပိတ်မိနေတာ လက်ရှိခုမြင်နေရတဲ့ မင်းကို စိတ်ပျက်တာကလွဲပြီးငါဘာမှ မခံစားရဘူး အဲ့တော့မင်း ငါရှေ့ကဖယ်လိုက်တော့"
ဟန်သာ ဟေမာန့်လက်ထဲက ရုန်းထွက်ပြီး ကားပေါ်တက်ကာ ခြံထဲမောင်းလာခဲ့သည်
ခြံထဲအတင်းမောင်းဝင်လာသော ဟန်သာ့ကားကို ကြည့်ရင်း ဖြိုးနဲ့ လမင်းတို့အံ့သြသွားသည် ဖြိုး ကားနားသွားရန်ပြင်လိုက်သော်လည်း လမင်းက ဆွဲထားသည်မို့ မသွားဖြစ်လိုက်ပါ
ဟန်သာကားပေါ်ကဆင်းပြီး အပေါ်ထပ် သူ့အခန်းရှိရာသို့ တန်းတတ်ကာ မမသန့်ကို ဖုန်းခေါ်လိုက်သည်
"မမသန့် ကျွန်တော့်ကို ဘာလို့အဲ့ဒီလို လုပ်ရက်ရတာလဲ ဟမ် မမသန့်က ကျွန်တော့်အကြောင်း သိသားနဲ့ မမသန့် တကယ်မမိုက်ဘူး"
"သိလို့ အဲ့ဒီလို လုပ်ရတာ ဟန်သာ ဘယ်အချိန်ထိ ခံစားနေဦးမှာလဲ ဟေမာန်လည်း သူ့အမှားသူတောင်းပန်နေတာဘဲ အရာအားလုံး ကျောခိုင်းပြီး မင်းဆီ လာတဲ့ချစ်သူကို မင်း မကြိုဆိုနိုင်ဘူးလားဟန်သာ"
"ဘာလို့လဲ ဘာလို့ကြိုဆိုရမှာလဲ သူကို့ ဘာလို့ ကြိုဆိုရမှာလဲ သူ့ဘာသာသူ ဘာဘဲဆုံးဖြတ်ဆုံးဖြတ်လေ ကျွန်တော်က ခံခဲ့ရတာ မမသန့်ရဲ့ သေလောက်အောင် နစ်မွန်းခဲ့ပြီးမှ မနည်းရုန်းထွက်ခဲ့ရတာ ထွက်သွားလိုက်တော့လို့ ပြောပြီး လွယ်လွယ်ထားခဲ့တဲ့ မိန်းမတယောက်အနား မမသန့်က ပြန်နေစေချင်တာလား ခုဝင်ပြီး မပျော်တော့ဘူးဆိုပြီး ပြန်ထွက်သွားရင်ရော အဲ့ဒီအချိန်ကျရင် သေလိမ့်မယ် သေသွားလိမ့်မယ် မမသန့်တို့က ကျွန်တော့်ဘက် မကြည့်ပေးကြဘူး"
"ဟန်သာ ဘယ်လိုဆုံးဖြတ်ဆိုတာ မမသန့် မစွပ်ဖက်ပါဘူး မောင်လေးကြိုက်သလို ဆုံးဖြတ်ပါ မမသန့်အတွက် ဟေမာန့်ကို ပြန်လက်ခံခြင်း လက်မခံခြင်းက ဘာမှ အရေးမကြီးဘူး ဟန်သာကသာ အရေးကြီးတာမို့ ဟန်သာ အဆင်ပြေသလိုလုပ်ပါ မမသန့်မှားသွားရင်လည်းတောင်းပန်ပါတယ် ဟန်သာရယ် မမသန့်က ဟန်သာပျော်နေတာဘဲ မြင်ချင်တာပါ မမသန့်စေတနာကို အထင်မလွဲပါနဲ့ မမသန့် ဟန်သာ့ဆီ လာခဲ့ရမလား"
"တော်တော့ဗျာ တော်ကြပါတော့ ကျွန်တော့်ကို လွှတ်ပေးကြပါတော့ ကျွန်တော့်အနား မလာကြပါနဲ့တော့ "
ဟန်သာ ဖုန်းချလိုက်တော့သည် ဘာလို့လဲ ငါ့ဘဝအခြေကျခါနီးမှ ဘာလို့လဲ ဆူဝေနေသော ဒေါသကို သူမထိန်းနိုင်တော့
"ဒုန်း ဒုန်း ဒုန်း"
သူဆောက်တည်ရာမရစွာ မည်းမည်းမြင်ရာ လက်သီးနဲ့ထိုးရင်း ကန်ကြောက်ပစ်သည် သူမောသွားတဲ့အထိ လုံးဝမာသွားတဲ့အထိ သူ့ဒေါသကို လွှတ်ချရင်း အော်ဟစ်သောင်းကျန်းနေလိုက်သည်
အိမ်ရှေ့မှာ ခွေခွေလေး ဒူးထာက်ရက်ပုံကျရင်း ငိုရှိုက်နေသူကရော သက်သာပါ့မလား မသက်သာပါဘူး အရာအားလုံး ကနောက်ကျသွားတာလား ပြင်ဆင်ခွင့်လေးတောင် မရနိုင်တော့ဘူးလား မာန် မှားခဲ့ပါတယ် မာန် ဝန်ခံပါတယ် မာန်မှားခဲ့တာပါ မာန့်အမှားတွေ ပြင်ဆင်ဖို့အခွင့်အရေး သေးသေးလေးတောင် မပေးချင်လောက်အောင် မာန့် ကို မုန်းနေတာလား မာန် ရူးသွားရင်ကောင်းမယ် ကို မာန့် စိတ်ကူးထဲမှာ ကို နဲ့ ပေါင်းရလိုပေါင်းရငြား မာန်ရူးသွားချင်တယ်
"ကို ရေ "
သူမအကျယ်ကြီးအော်လိုက်သည် ဒါပေမယ့်လေ ဒါပေမယ့် ရင်ထဲကဝေဒနာက ပိုဆိုးလာခဲ့တယ် တင်းတင်းကြပ်ကြပ်ကြီးနဲ့ နာနာကျင်ကျင်ကြီး ကိုရဲ့ မာန် ကို့ အနားမှာဘဲ နေချင်တာမို့ မာန်ကတော့ ဆက်ကြိုးစားနေဦးမှာဘဲ ကို မာန် အစွမ်းရှိသလောက် ဆက်ကြိုးစားနေမှာဘဲ
ဟေမာန်နှင်း ဆုံးဖြတ်ချက်ချရင်း အထုပ်အပိုးတွေသိမ်းကာ ကားလှမ်းခေါ်လိုက်သည် ကိုနဲ့ အတူရှိခဲ့ရာ သူမတို့အိမ်လေးကို ပြန်မည် အနည်းဆုံးတော့ ကို့ရဲ့ အရိပ်အယောင်လေးတော့ မြင်နေရမှာဘဲလေ ပူတယ် ကိုရဲ့ အရမ်းပူလောင်တယ် ကို့ရဲ့ အမုန်းတွေက မာန့်တကိုယ်လုံးကို လောင်မြိုက်နေတာ ကျေးဇူးပြုပြီး အခွင့်အရေးလေး နည်းနည်းလောက် တကယ်နည်းနည်းလေးရရင် ကျေနပ်ပါပြီကို
CZYTASZ
ငြိမ်းချမ်းရာ
Romansသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ