တလလောက်နီးပါး သူ့ဖုန်းကို မကိုင်ခဲ့သော်လည်း ယခုဖုန်းမခေါ်တော့သောအခါ ပိုခံစားရသည် ကို့ဖုန်းကို blacklist ထဲမထည့်ဘဲ ကို ဖုန်းခေါ်တဲ့အခါတိုင်း ကို့ရဲ့ ဖုန်းနံပါတ်ကိုကြည့်ပြီး သူမ အကြိမ်ကြိမ်နာကျင်ခံစားသည် တန်ပါတယ်လေ မှတ်မှတ်ရရ ကို ဖုန်းမခေါ်တော့တာ ဒါနဲ့ဆို ၄၂ရက်နဲ့ ၁၆နာရီရှိပြီ ကို နေမကောင်းတာလား သူမကို တကယ်မုန်းလိုက်တာလား မုန်းလိုက်ပါ ကို သတ္တိမရှိတဲ့ ကို့ ဘေးမှာမရှိနိုင်တဲ့ အောင်မြင်မှုကို မက်မောတဲ့ မိန်းမတယောက်အဖြစ် မုန်းတီးနာကြည်းလိုက်ပါ တဘဝမှာ တယောက်ဆိုတဲ့ အချစ်နဲ့ချစ်တာပါကို ဒါပေမယ့် ကို့ လက်တွဲပြီး ရင်ဆိုင်ရလောက်အောင် သတ္တိမရှိဘူးကို
"မမ သဘက်ခါ ပြင်ဦးလွင် သွားရမယ်နော်"
သဇင့်စကားကြောင့်သူမ စိတ်ပြန်လည်လာရသည်
"အင်း"
မမ ပုံစံကိုကြည့်ရတာ အသက်မဲ့နေသလိုပါဘဲ ဇွတ်အတင်း အလုပ်သာသည်သည်းမည်းမည်း လုပ်နေပုံက တကယ် စိတ်မချမ်းသာစရာပါ
"မမအိမ်မှာတည်းမှာလား ဟိုတယ်မှာတည်းမှာလား"
"အိမ်သစ်မှာတည်းမယ်"
ဟုတ်ပါသည် သူမ ပြည်ချစ်ဘုရားနဲ့ အနီးဆုံးနေရာမှာ အိမ်တလုံးထပ်ဝယ်ထားဖြစ်သည် ကို့အချစ်တွေကို စပြီး သိခဲ့ရတဲ့နေရာ ကို့လက်မောင်းကိုတွဲပြီး ဘုရားပန်းလှူခဲ့တဲ့နေရာ အဲ့ဒီနေရာလေးမှာ အချိန်တွေ ကုန်ဆုံးချင်ပါသည်
"Wae Wae"
korea လေယူလေသိမ်းယူကာ ပြောနေတဲ့စကားသံကြောင့် ဟေမာန်နှင်း လှည့်ကြည့်လိုက်တော့ စိမ်းလဲ့ကို တွေ့လိုက်ရသည်
"ဟန်သာ အိမ်မှာမရှိပါဘူး ဒီကအမကို လမ်းကြုံရင် ပေးဖို့ထားခဲ့တယ် အိမ်လာယူပါဦးနော်"
သူမ ဘာမှပြန်မပြောနိုင်ခင်မှာဘဲ စိမ်းလဲ့ပြောချင်တာပြောပြီး ထွက်သွားတော့သည်
"ဒေါ်ဒေါ် မနက်က ပြည်ချစ်မှာ ပန်းသွားကပ်တော့ ဟေမာန်နှင်းကိုတွေ့ခဲ့တယ်"
ဒေါ်ငြိမ်းရီ စိမ်းလဲ့အား လှမ်းကြည့်လိုက်သည်
"ဟန်သာ အပ်ထားတဲ့ အိတ်ပေးဖို့ အိမ်ကိုခေါ်ခဲ့တယ်"
ဟုတ်တာပေါ့ ဟန်သာရဲ့ ပေးစရာကျန်နေတဲ့အကြွေး သူမရဲ့အချစ်ရဆုံးကလေးလေး ဂျာမနီ သွားတာတောင် ၂လပြည့်တော့မယ် သူ့ရဲ့ မပြီးပြတ်သေးတဲ့ကိစ္စကိုလုပ်ပေးရဦးမယ် ဒေါ်ငြိမ်းရီ ဟိုဘက်ခြံက ဖုန်တင်နေသော စီးသူမဲ့ ford ranger ကြီးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်
အရင်တိုင်းပါဘဲ အရင်လိုပါဘဲ သူမကို jame က ခင်ခင်မင်မင် ကြိုဆိုလျက် rain က ရှူတည်တည် ကြိုဆိုလျက်ပါ ထမင်းတနပ်ကျွေးရင် တသက်မမေ့ဘူးဆိုတာ တကယ်ဘဲလား jame ရယ်
"အိမ်ထဲဝင်ပါရှင့်"
စိမ်းလဲ့လေသံကို နားထောင်ရင်း အိမ်ရှင်တွေကတော့ ငါ့ကို မုန်းနေပြီ jame ရယ်
သူမဧည့်ခန်းထဲ ထိုင်ရင်း စိမ်းလဲ့ကို စောင့်နေလိုက်သည် ကို့ရဲ့ ပုံစံလေးတွေ ချစ်သူဖြစ်စ ညက ကို အိပ်ခဲ့တဲ့ ဆိုဖာခုံ ကို့ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဒီအိမ်ထဲမှာ ဘယ်လိုအင်အားနဲ့ ဆက်နေရပါ့
"ဒီမှာ"
စိမ်းလဲ့အသံကြောင့် သူမစိတ်တင်းရင်း ပေးနေသောအိတ်ကို လှမ်းယူလိုက်သည်
"အဲ့ဒါဆိုရင် ပြန်တော့မယ် "
သူမ နှုတ်ဆတ်ပြီး မြန်မြန်သာ ထွက်ခဲ့လိုက်သည်
သူမအိမ်ကို လှမ်းကြည့်တော့ ဆင်ဝင်အောက်မှာ ဖုန်တက်နေသော ford ranger ကြီးကိုတွေ့လိုက်ရသည် အိတ်ကို ကမန်းကတန်း ဖွင့်မိတော့အိမ်သော့ ခြံသော့နဲ့ကားသော့ရယ် ကားပိုင်ဆိုင်မှုလွှဲပေးထားသည့်စာချူပ် ဟင့်အင်း ဒါ ကို့ ကားလေ သူမကားမှ မဟုတ်တာ ခွဲစိတ်ထားတဲ့ ကို့ကို သက်သက်သာသာ ခြံထဲသွားစေချင်လွန်းလို့ ဝယ်ပေးထားတဲ့ကား စိတ်အစိုးမရစွာနဲ့ သူမခြံတံခါးဖွင့်ပြီး အိမ်ထဲက သူမအခန်းဆီသို့ ဝင်ခဲ့သည် ဒီအခန်း ၃လကျော်တာတောင် အတူတူရင်ဆိုင်ချင်ခဲ့တဲ့ ကို့ ရဲ့ အငွေ့အသက်တွေ ရှိတုန်း နှုတ်ခမ်းကို ဘယ်လောက်တောင် ကိုက်ထားခဲ့လဲမသိ သွေးများပင် ထွက်လာသည်
အသက်ရှူသံတွေပြင်းလာပြီး သူမ ခန္ဓာကိုယ်တသိမ့်သိမ့်တုန်လာသည်အထိ နာကျင်ခြင်းကို ခံစားနေရသည် နောက်ဆုံး သူမ မျက်ရည်တွေကို မထိန်းနိုင်တော့ပါ ကြမ်းပြင်ပေါ်ထိုင်ချပြီး အိပ်ရာပေါ် မျက်နှာမှောက်ကာသာ ငိုချလိုက်တော့သည်
အရမ်းနာကျင်ရတယ်ကို နှလုံးသားတခုလုံး ဆွဲဆုပ်ခံထားရသလိုပါဘဲ မာန် လေ ကို့ ကို အရမ်းချစ်တယ်ကိုရဲ့ ဒါပေမယ့် မာန့်မိသားစုရယ် မာန့်တဘဝလုံး တည်ဆောက်ထားရတဲ့ အောင်မြင်မှုတွေကို မာန် မစွန့်လွှတ်နိုင်ဘူး
မာန် တို့နိုင်ငံက LGBT ကို တရားဝင်လက်ခံမပေးသေးတဲ့နိုင်ငံ ladyboy တွေကို မထင်ရင် မထင်သလို ရဲစခန်းမှာဖမ်းပြီး တုံးလုံးချွတ် လမ်းလျှောက်ခိုင်းကြတဲ့အထိ haterတွေရှိတဲ့နိုင်ငံ lesbian လေးတွေ official တွဲရင် လင်ဗန်း၂ချပ်တီးကြတာတို့ ၂ယောက်လုံး ရလိုက်ရင်လို့ ရမက်တွေလွှမ်းနေတဲ့ အသံနဲ့ဝေဖန်သူတွေ အများကြီးရှိတဲ့နိုင်ငံပါ မာန်တို့ ၂ဦးသဘောတူ ရင်ဆိုင်မယ်ဆိုရင်တောင် မာန်တို့ကို ကာကွယ်ပေးမယ့် ဥပဒေမူဝါဒ မရှိဘူး အခန့်မသင့်ရင် ပုဒ်မ ၃၇၇နဲ့ညှိနိုင်သေးတဲ့နိုင်ငံပါ ၂ယောက်တဘဝ အိမ်ထောင်စုဇယား တခုထဲ တူတူရေးခွင့်မရှိတဲ့နိုင်ငံမှာ မာန် LGBT တယောက်အဖြစ် coming out မလုပ်ရဲဘူး ကို မာန့် မိသားစုကလည်း မာန့်ကို lesbian အဖြစ်လက်မခံနိုင်ဘူး သိပ်ကိုချစ်တာပါ ကို အတူတူရှိနေခွင့်ရမှ ချစ်လို့ရတာမှမဟုတ်တာ မာန့်ရင်ထဲမှာ ကို့ ကိုတသက်လုံးထည့်ပြီး ရှင်သန်သွားမှာ အဲ့ဒါ မာန့်ရဲ သစ္စာပါ မာန့်နှလုံးသားထဲမှာ ကို က အမြဲတမ်းရှိနေတာ စက္ကန့်မလပ်ပေါ့ အဝေးကဘဲ ချစ်နေပါရစေ
(တတိယလူမပါတဲ့ လမ်းခွဲဇာတ်လမ်းတပုဒ် အဲ့ဒီလို အဖြစ်အပျက်တွေ မြင်ရကြားရတိုင်း တကယ်ခံစားရတယ် ချစ်နေပါရက် အရမ်းချစ်နေပါရဲ့ ရှေးရိုးစွဲမိဘတွေကြောင့် ရှူံ့ချတဲ့ပတ်ဝန်းကျင်ကြောင့်လက်တွဲခွင့်မရတဲ့ LGBT တွေအများကြီး ရှိနေဆဲပါဘဲ)
ဟေမာန် အဝတ်လဲလိုက်ပြီး ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာ မြို့ထဲကို လမ်းလျှောက်ခဲ့သည် တဖြည်းဖြည်း ကျောခိုင်းရင်း နာကျင်စွာ လမ်းလျှောက်နေရချိန် မေမြို့မိုးက အစိုးမရစွာ သည်းသည်းမည်းမည်း ရွာချလာခဲ့သည် ဟေမာန့်မျက်ရည်တို့ကလည်း မိုးနဲ့အတူ အတားအဆီးမဲ့တရစပ်
"အားးးးး"
သူမ အာခေါင်ခြစ်အော်ရင်း ဒူးထောက်ထိုင်ချကာ အားရပါးရ ငိုနေလိုက်သည်
"နာတယ် ရင်ဘတ်ကြီးက အရမ်းနာနေတာ ကို ရဲ့ "
မာန် ကို့ ကိုတမ်းတရင်း ရင်ဘတ်ထုကာ ငိုနေမိသည်
"မမ"
သဇင် စိုးရိမ်စိတ်တို့နှင့် ကားပေါ်က ဆင်းပြီး လမ်းဘေးအုတ်ခုံပေါ်မှာ တဆတ်ဆတ်တုန်အောင် ချမ်းနေသည့် မမ ဆီပြေးသွားလိုက်သည် လာခေါ်ဆိုလို့ခေါ်ရတာ ဒီလိုပုံစံ ဖြစ်နေမည်ဟု သူမ လုံးဝ မမျှော်လင့်ထားပါ
"မမ သဇင်တွဲမယ်လာ"
သဇင့်ကိုစကားပြန်မပြောဘဲ ကားနောက်ခန်းမှာ ခွေခွေလေး အပြင်ကိုကြည့်ရင်း လိုက်လာသည့် မမ ပုံစံကိုကြည့်ရင်း သဇင့်ရင်ထဲ မချိပါ
"ဒီနေ့ တယောက်တည်း နေချင်တယ်"
"ဟုတ်မမ အဝတ်အရင်လဲလိုက်ဦးနော်"
အခန်းထဲဝင်သွားသော မမ ကို သဇင်လှမ်းပြီး သတိပေးလိုက်သည် မမ ပုံစံက သတိလက်လွတ်ဖြစ်ပြီး လုံးဝအသိစိတ်မဲ့နေပုံပါ
"သဇင် ဟေမာန် ပြန်ရောက်ပြီလား"
"အင်း ပြန်ရောက်ပြီ"
သဇင် ပြောပြောဆိုဆို နဲ့ အနားရောက်လာသော မာမီချစ်ကို ဖက်ငိုလိုက်သည်
"ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ ဒီကလေးမ"
"သဇင် မမ ကို အရမ်းသနားလို့ပါ မာမီချစ်ရယ် မမ လေ တယောက်တည်းအရမ်းခံစားနေရရှာတာ "
သဇင့်ကျောကိုပွတ်ပေးရင်း သက်ပြင်းချလိုက်သည် တနေ့ဒါတွေ ဖြစ်လာမှာကြိုသိသော်လည်း ပျော်ရွှင်နေခဲ့သော ဟေမာန့်ကို သူတို့ မတားခဲ့ရက်ကြ ဟေမာန်လေး ပြင်ဦးလွင် လာချိန်တိုင်းမှာ အမြဲလန်းဆန်းတက်ကြွနေခဲ့တာ သူမရော သဇင်ရော ရိပ်မိပါသည် ခြံချင်းကပ် tomboy လေးနဲ့ ဟေမာန် ချစ်သူဖြစ်နေခဲ့တာကို မနက်လင်းတာနဲ့ အိမ်ရှေ့ထွက်ပြီး ဟိုဘက်ခြံက ခွေးတွေနဲ့ လေ့ကျင့်ခန်း လုပ်နေတတ်တဲ့သူကို လှမ်းကြည့်နေတတ်သော အမြဲဖုန်းကြည့်ပြီးပြုံးနေတတ်သော ညအခန်းထဲစောစောဝင်ပြီး တဖက်ခြံကလူကို မျှော်နေတတ်သော ဟေမာန့် ရဲ့ချစ်ခြင်းကို သံသယမရှိပါဘူး ဒါပေမယ့် ချစ်တိုင်းလည်း ပေါင်းဖက်ခွင့်ရတာမှမဟုတ်တာ ဟေမာန်က LGBT နဲ့ဝေးသော အသိုင်းအဝိုင်းက လူတယောက်မို့ support ပေးမယ့်သူတွေ ထောက်ခံပေးသူတွေ ရှိတာလည်းသိပုံမရပါ
"မာမီချစ် သဇင်တို့ အဲ့အကိုကြီးဆီ သွားရအောင်"
သဇင့်စကားကြောင့် သူမအတွေးစတို့ ပြတ်တောက်သွားရသည်
"အဲ့ဒါဖြေရှင်းနည်း မဟုတ်ဘူး သူသိသွားလည်း ပိုခံစားရမှာဘဲ ရှိမယ်"
"ဒါဆို သဇင်တို့ မမကို ဒီလိုကြီးဘဲ ကြည့်နေရတော့မှာလား"
"ပထမဆုံး ဟေမာန့်အနေနဲ့ သူ့ကိုယ်သူ lesbian တယောက်ဆိုတာ ခေါင်းမော့မော့နဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်ပြီး လက်ခံဖို့ကြိုးစားရမယ် အဲ့ဒါကို မာမီချစ်တို့ သဇင်တို့က သူဟာဘယ်လိုလူဘဲဖြစ်ဖြစ် အမြဲဘေးမှာရှိနေမယ့်အကြောင်းရယ် LGBT တွေကို အားပေးထောက်ခံတဲ့သူတွေ ရှိတယ်ဆိုတာ တဖြည်းဖြည်းချင်း နားဝင်အောင်လုပ်ကြတာပေါ့"
"မမ နားလည်ပြီး coming out လုပ်တဲ့အချိန် အဲ့အကိုကြီးက မိန်းမယူသွားရင်ရော"
"အဲ့လိုဆိုရင်တော့ ဘယ်တတ်နိုင်ပါ့မလဲ ခုချိန်မှာ ယုံကြည်အားကိုးစရာဆိုလို့ သူတို့ကြားထဲက အချစ်မေတ္တာဘဲ ရှိတော့တာဘဲ ဒါပေမယ့် မာမီတို့ ဟေမာန်လေးကို ကူညီကြရအောင် သူလေးရဲ့ကျေးဇူးတွေ တို့အပေါ်မှာ အများကြီးရှိသလို လူတယောက်ကိုကူညီတာ မကောင်းတာမှမဟုတ်တာ"
"ကူညီမှာပေါ့ မာမီချစ်ရဲ့ အဲ့အကိုကြီးက မမ နားလည်မယ့်အချိန်ထိ စောင့်နေပေးဖို့လည်း ဆုတောင်းရမယ်"
"သူ့ပုံစံလေးက မွန်မွန်ရည်ရည်လေးပါ ဟေမာန့်ကိုလည်း အရမ်းချစ်တော့ အပျော်မရှာလောက်ပါဘူး"
သူမတို့စကားပြောရင်း ဟေမာန့် အခန်းလေးကိုကြည့်လိုက်သည် ဟေမာန်လည်း အနုပညာအသိုင်းအဝိုင်းကြား မိသားစုကြားမှာ အများကြီး အပြောဆိုခံရင်ဆိုင်ခဲ့ရသည်ကို သူမတို့အသိဆုံးပါ
LGBT တယောက်ဖြစ်တာ အပြစ်တခုမဟုတ်သလို ဝဋ်ကြွေးတခုလည်း မဟုတ်ပါဘူး မိမိကိုယ်ကိုလက်ခံ မိသားစုလက်ခံအောင်ကြိုးစားပြီး ကောင်းကောင်းမွန်မွန် နေထိုင်ကာ ဘဝကိုအကောင်းဆုံး ပုံဖော်ခွင့်ရှိတယ် လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာရှင်သန်ခွင့် ရှိတယ်မဟုတ်လား ဟေမာန် ပျော်ရွှင်မှုကိုရော ဘဝရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်ကိုရော အမြန်ရှာတွေ့ပါစေလို့ဘဲ မာမီချစ်ဆုတောင်ပေးပါတယ်
ВЫ ЧИТАЕТЕ
ငြိမ်းချမ်းရာ
Любовные романыသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ