ငြိမ်းချမ်းရာ - ၁၁

1.5K 74 0
                                    

"​ဟေမာန်​ ဒီမှာ​နေတုန်း စိမ်းလဲ့ လာ​နေ​ပေးလိမ့်​မယ်​ တခုခုဆို အ​ဖော်​ရှိ​တော့ ​ကောင်းတာ​ပေါ့"
ညစာ စားရင်း အ​မေ့စကား​ကြောင့်​ ဟန်သာရှူံ့မဲ့သွားမိသည်​ သူသွားအိပ်​တာ ပို​ကောင်းတာ မဟုတ်​ဘူးလား
"ဟုတ်​ကဲ့ အန်​တီ ​ကျေးဇူးပါ"
အစစအရာရာ ဂရုစိုက်​​ပေးတဲ့အတွက်​ ဟန်​သာ့အ​မေကို ​ဟေမာန်​ ​ကျေးဇူးတင်​မိပါသည်
ဟန်​သာ သွားအိပ်​ဖို့ ​ပြောချင်​​သော်​လည်း ရပြီးသား ပါမစ်​​လေးပါ ရုတ်​သိမ်းသွားမှာ ​ကြောက်​သည့်​အတွက်​ ငြိမ်​​နေလိုက်​သည်
"မာန်​ အလုပ်​​တွေ ပစ်​ထားခဲ့ရမှာ​ပေါ့"
မာန့်​ခြံထဲက ဒန်း​ပေါ်ထိုင်​ရင်း သူတို့စကား​ပြောဖြစ်​ကြသည်
"ရန်​ကုန်​​ရောက်​ရင်​ အလုပ်​​တွေ ပိုကြိုးစားမလို့ ကို့ ဆီက အားလာယူတာ"
"အဲ့လိုလား အဲ့ဒါဆို အများကြီးယူသွား "
"မာန်​ ကိုယ်​​ရွေးချယ်​တဲ့လမ်း​ကြောင်းမှာ အ​ကောင်းဆုံးကြိုးစားပြီး ​အောင်​မြင်​မှုအများကြီးရချင်​တာ"
"ရမှာ​ပေါ့ မာန်​လည်း ကြိုစား​နေတာဘဲ"
"ကိုလည်း ကို့အသက်​အရွယ်​နဲ့စာရင်​ ​အောင်​မြင်​မှု ရ​နေတာဘဲ​လေ ကို့ခြံရယ်​ ကို့​ခွေး​တွေရယ်​နဲ့"
"ကိုယ့်​ရပ်​တည်​မှုနဲ့ ကိုယ်​​ပေါ့ မာန်​ရယ်​ မာန့်​မိသားစုဆီ မပြန်​ဖြစ်​ဘူးလား"
"အားရင်​အားသလို​တော့ပြန်​ပါတယ်​ မာန့်​မိသားစုက ​အေး​ဆေး​နေတတ်​တဲ့လူမျိုး​တွေဆို​တော့ မာန်​ဘဲသွား​တွေ့ရတာများတယ်​"
"မာန်​ ပင်​ပန်းခဲ့မှာ​နော်​ တ​ယောက်​တည်း ရန်​ကုန်​မှာ ရုန်းကန်​ခဲ့ရတာ"
"ပြန်​စဉ်းစားကြည့်​ရင်​​တော့ ဟုတ်​တာ​ပေါ့ အဲ့ဒီအချိန်​က​တော့ ဖြစ်​ချင်​တာဘဲ သိ​တော့ သဲသဲမဲမဲ ကို ကြိုးစားခဲ့တာ"
တ​ယောက်​အ​ကြောင်းတ​ယောက်​ ​ပြောပြီး ညနက်​မှ ဟန်​သာအိမ်​ပြန်​ခဲ့သည်
မနက်​အိပ်​ရာနိုးနိုးချင်း မီးဖိုခန်းထဲမှာ အလုပ်​များ​နေတဲ့ အ​မေနဲ့ မာန့်​ကို ​တွေ့ရတာ သူ့အတွက်​ တကယ်ကို ကျတ်​သ​ရေရှိ​သော မနက်​ခင်းကို ပိုင်​ဆိုင်​ရခြင်းပင်
"ဟန်​သာ ခြံထဲသွားဦးမှာလား"
"မသွား​တော့ဘူးအ​မေ Dolly ကို အချိန်​ပြည့်​ကြည့်​​နေရမှာ သူ​မွေးဖို့နီး​နေပြီ"
"​အေး ​ဟေမာန့်​ကိုလည်း ဂရုစိုက်​ဦး "
"ဟုတ်​"
အ​မေ့ကား​လေးထွက်​သွား​တော့ သူ Dolly ဆီလာခဲ့သည်​ မာန်​က​တော့ အိမ်​ထဲမှာ စိမ်းလဲ့နဲ့ မီးဖိုခန်း သန့်​ရှင်း​ရေးဝင်​​နေသည်​ သူမဟာ တကယ်​ကို အိမ်​ရှင်​မ​ကောင်းတ​ယောက်​ပုံ ဖမ်း​နေသည်
"မာန်​ ဘယ်​သွားမလဲ"
"မသွားချင်​ပါဘူး ကို့ အနားမှာဘဲ​နေမှာ ကို ပျင်းလို့လား"
"ပျင်းပါဘူး မာန်​ ရ မာန့်အနား​နေရတာ ကို က​တော့​ပျော်​တာ​ပေါ့"
"ရန်​ကုန်​မှာတုန်းက ဘာလို့ မာန့်​ကို မ​တွေ့သွားတာ"
"မာန်​ကလည်း ကိုတို့ တတ်​နိုင်​သ​လောက်​ ရန်​ကုန်​မှာ မ​တွေ့တာဘဲ​ကောင်းမယ်​ အဲ့ဒီမှာက မာန့်​အတွက်​ ဘယ်​လိုမှ လှုပ်​ရမှာ မဟုတ်​ဘူး"
ကို့်​အနားမှာ ​နေရတဲ့ရက်​​တွေမှာ အချိန်​​တွေကုန်​တာ မြန်​လှသည်​ မနက်​ဖြန်​ ရန်​ကုန်​ပြန်​​ရောက်​ရင်​​တော့ သဇင့်​ကို ​ပြောရဦးမယ်​ ပြင်​ဦးလွင်​ မှာရိုက်​မယ့်​ဇာတ်​ကား​တွေ အများကြီး လက်​ခံဖို့
"မာန်​ ကိုယ့်​ကိုယ်​ကို ဂရုစိုက်​​နော်​ ကို ​လေဆိပ်​ထဲမလိုက်​​တော့ဘူး ​ရောက်​ရင်​ဖုန်းဆက်​"
"အွန်း ကိုလည်း ဂရုစိုက်​ပြီး ​မောင်းသွား"
သူတို့တ​ယောက်​ကိုတ​ယောက်​​ပွေ့ဖက်​ပြီး နှုတ်​ဆတ်​လိုက်​သည်​ တပတ်​ဆိုတဲ့ အချိန်​​လေးဟာ ဘယ်​လိုကုန်​ဆုံးသွားမှန်းမသိ
မာန်​ ပြင်ဦးလွင်​က ပြန်​​ရောက်​ကတည်းက အလုပ်​​တွေပိုကြိုးစားသည်​ ​သတိရစိတ်​​ကြောင့်​ ပိုပြီး အလုပ်​​တွေဖိလုပ်​မိသည်​ ကို ​ရော ကို့ ​ခွေး​တွေကြားမှာ မာန့်​ကို သတိရ​နေပါ့မလား
အ​နေ​ဝေးခြင်းက သံ​ယောစဉ်​​တွေ ​အေးစက်​​စေပါသလား ကိုယ်​က​တော့ ပို​တောင်​ သံ​ယောစဉ်​တိုးလာရသည်​ မာန့်​ရဲ့ လှုပ်​ရှားမှုပုံရိပ်​​တွေ မြင်​​ယောင်​ရင်း အချိန်​တိုင်း ကိုယ့်​စိတ်​ကို စိုးမိုး​နေတာ ဒီတခါ ဆုံဖြစ်​ရင်​ ပိုဂရုစိုက်​ရဦးမယ်
နေ့ရက်​တိုင်းမှာ ဖုန်း​ပြောပြီး အလွမ်း​ဖြေရသည်​ ဖုန်းထဲက ကို့ရဲ့ ပုံ​လေး​တွေကြည့်​ရင်းက မျက်​ရည်​ကျ​အောင်​ လွမ်းရသည်​ ဒီတခါ ဆုံဖြစ်​ရင်​ ကို့ ကို ပိုချစ်​ပြရဦးမယ်
"ကို မာန်​တို့ နက်​ဖြန်​ ပြင်​ဦးလွင်​လာမယ်​ ၅ရက်​​လောက်​​တော့ကြာမယ်​ အိမ်​မှာ​တော့ ကား​မောင်းတဲ့ ဦး​မောင်​ရယ်​ သဇင်​ရယ်​ မာမီချစ်​ရယ်​ မာန်​ရယ်​ ​နေမှာ မာန်​တို့ မလွတ်​လပ်​​​တော့ဘူး"
"ဘာဘဲဖြစ်​​ဖြစ်​​တော့ မျက်​နှာ​လေး​တော့ မြင်​ရ​သေးတာ​ပေါ့"
"မာန်​လည်း အဲ့ဒီလိုဘဲ ​တွေးပါတယ်​ ကိုရယ်​"
စ​ရောက်​တဲ့ ၁ရက်​ ၂ရက်​ မာန်​စိတ်​ညစ်​ရသည်​ အလုပ်​များတာက တဖက်​ သဇင်​နဲ့ မာမီချစ်​ကတဖက်​နဲ့မို့ ကို နဲ့ မ​တွေ့ရ ဒီ​နေ့ညလည်း ညတာရှည်​ဦးမယ်​ထင်​ပါတယ်​ ကိုရယ်
>>မာန်​ အိပ်​မ​ပျော်​ဘူးလား အိပ်​​ပျော်​​အောင်​အိပ်​ ကိုယ်​​ချော့သိပ်​မယ်​<<
ကို့ဆီက sms ​ကြောင့်​ မာန်​ပြုံးရပါသည်​ သူမအခန်းမီးလင်း​နေလို့ထင်​ပါရဲ့ မီးပိတ်​ပြီး အိပ်​ရန်​ပြင်​လိုက်​သည်
🎶🎶 you are my sunshine
my only sunshine🎶🎶
ကို ဂစ်​တာတီး​နေတာလား ​ချော့သိပ်​တာတဲ့လား ကို ရယ်​ သိပ်​ကို ချစ်​ရပါတယ်
မာန်​တို့​ရောက်​ကတည်းက သူ မာန့်​အခန်းကို ညတိုင်း ကြည့်​ဖြစ်​သည်​ မာန့် အခန်း​နောက်​ကျတဲ့အထိမီးလင်း​နေတာ သူ သတိထားမိသည်​ အိပ်​မ​ပျော်​ဘူးလား က​လေးရယ်​ ​တွေ့​နေရပါရက်​ မ​ထွေး​ပွေ့နိုင်​လို့ ဝမ်းနည်း​နေတယ်​ဆိုရင်​​တောင်​ ကိုယ့်​ အချစ်​ကိုခံစားပြီး ​ပျော်​ပါ​စေ က​လေးငယ်
"​ဒေါက်​ ​ဒေါက်​"
ဟေမာန်​ ပြတင်း​ပေါက်​မှ အသံ​ကြောင့်​ လိုက်​ကာဖွင့်​ကြည့်​​တော့ ကို့ကို ​တွေ့ရသည်​ အတိုင်းမသိ​အောင်​ ဝမ်းသာမိသည်​​ပေါ့ ပြတင်းတံခါးဖွင့်​​ပေး​တော့ ကို ဝင်​လာသည်
"မနက်​ ၃နာရီ​ဘဲရှိ​သေးတယ်​ ကို တ​ရေးနိုးတာလား"
ဟန်​သာ ​ခေါင်းခါပြလိုက်​ပြီး သူမဗီရိုထဲက မြန်​မာဝတ်​စုံကိုယူကာ အိတ်​ထဲထည့်​သည်​ ပြီး​တော့ သူမကို ပြတင်း​ပေါက်​က ဆင်းခိုင်းပြီး သူ့အိမ်​ဘက်​​ခေါ်လာခဲ့သည်​ သူ့အိမ်​နဲ့ ကိုယ့်​အိမ်​ကြားမှာ တံခါးထည့်​ထားတာ မာန့်​ရဲ့ ဥာဏ်​​ကောင်းမှုပါ
အိမ်​ဘက်​​ရောက်​​တော့ မာန့်​ကို ကားထဲဝင်​ခိုင်းပြီး သူခြံ​ပြင်​​မောင်းထွက်​လာလိုက်​သည်
"ကို ဘယ်​သွားမလို့လဲ "
"ဘုရားကြီး မျက်​နှာသစ်​တာ သွားဖူးမယ်​​လေ မာန်​ မ​ရောက်​ဖူးဘူးမလား"
"ဟမ်​ ဘုရားကြီးက မျက်​နှာသစ်​တယ်​လား"
သူ ပုဆိုးလဲပြီးကား​ပေါ်ဆင်းဆင်းချင်း မာန့်​ကို mark အုပ်​​ပေးပြီး hoodie ​လေးဝတ်​ခိုင်းလိုက်​သည်
သန့်​စင်​ခန်းသွားပြီး မာန့်​ကို အဝတ်​အရင်​လဲခိုင်းပြီး ဘုရားတန်​​ဆောင်းထဲမဝင်​ခင်​ တာဝါနှင့်​ မျက်​နှာသုတ်​​ပေးလိုက်​သည်
သူတို့ပန်းကပ်​ပြီး ဘုရား​ရှေ့ဝင်​ထိုင်​လိုက်​ကြသည်​ ကိုယ့်​​ပုခုံး​​လေးလာသလို ခံစားရ၍ ကြည့်​လိုက်​​တော့ ကိုယ့်​က​လေးကား ကိုယ့်​ကိုမှီပြီး ငိုက်​​နေသည်​ အရင်​ည​တွေကတည်းက ​ကောင်း​ကောင်းမအိပ်​​တော့ ဒဏ်​ပိ​နေပုံရသည်​ ခဏ​နေ ​ရေ​တော်​ဆရာ​လာ​တော့ နိုးပြီး ဘုရားဝတ်​ပြုခိုင်းရသည်

ငြိမ်းချမ်းရာ Donde viven las historias. Descúbrelo ahora