တဖျတ်ဖျတ် လတ်နေသော ကင်မရာမီးရောင်များအောက် စူးရှသောမီးများနှင့် ဗီဒီယိုကင်မရာ များအောက်တွင် သူမ အတတ်နိုင်ဆုံး အချိုသာဆုံး ပြုံးနေရသည်
"မဟေမာန်နှင်း လက်တလောလှုပ်ရှားမှုလေးတွေ သိပါရစေ"
"မဟေမာန်နှင်း အချစ်ရေး"
"မဟေမာန်နှင်း အရိပ် ဇာတ်ကားထဲက ဇာတ်ကောင်က....."
တယောက်တပေါက် မေးသံကြားထဲမှ ပြုံးပြုံးလေးနှင့် ခေါင်းလေးမော့ကာ မော့ကာ သူမ ထွက်လာခဲ့သည်
"ဟူး" သက်ပြင်းလေးလေးမောမောကြီးချပြီး ဆိုဖာခုံပေါ်သူမခန္ဓာကိုယ်ကို ပစ်လဲချလိုက်သည်
အနုပညာသမားတယောက်အဖို့ လွတ်လပ်ခြင်းနှင့် ကျော်ကြားခြင်းတို့ကို အလဲအလှယ် လုပ်ထားရသလိုမို့ သူမ ဘဝမှာ လှောင်အိမ်ထဲမှ ငှက်လှလှလေးတကောင်ပမာ
"သဇင် နက်ဖြန်အတွက် ပြင်ဆင်စရာရှိတာ ပြင်ပြီးနားလိုက်တော့"
"ဟုတ် မမ အဲ့ဒါပြီး မမ အတွက် ဘာလုပ်ပေးရမလဲ"
"ရတယ် ရတယ် သဇင်ပြန်နားလိုက်တော့ အမ အဆင်ပြေသလို ကြည့်လုပ်လိုက်မယ် နက်ဖြန် ခရီးထွက်ရဦးမှာဆိုတော့"
သူမလည်း စိတ်ပင်ပန်း လူပင်ပန်းနဲ့ အရမ်းနားချင်နေသည်မလို့ မြန်မြန်ပြန်ခိုင်းလိုက်သည်
ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းမို့ ကျော်ကြားမှုများအကြား ဂုဏ်ယူရသော်လည်း တခါတလေမှာ သူမ လွတ်လွပ်လပ်နေခဲ့ရသော အချိန်လေးများကို ပြန်လွမ်းမိသည်သာ
သူမ ပြင်ဦးလွင်သို့ ကိုယ့်ကားနှင့် ကိုယ်သာ လိုက်လာခဲ့သည် သို့မှသာ လွတ်လွတ်လပ်လပ် သွားလာရမည် မဟုတ်ပါလား
"မမ ရယ်ပြင်ဦးလွင် ခဏခဏ သွားနေရတာ သွားရင်လည်း ၁ပတ်၁၀ရက်နဲ့ အိမ်သာဝယ်ထားလိုက်ပါတော့"
သဇင့်စကားကြား၍ သူမပြုံးမိသည် ဟုတ်ပါသည် မြန်မာ ၁၀ကားမှာ ၆ကားလောက်က ပြင်ဦးလွင်တွင်ရိုက်နေကြသည်
"မမလည်း စဉ်းစားမိတယ် တခါတလေမှာ hotel နေရတာ မလွတ်မလပ်နဲ့ အိမ်လေးဝယ်ထားတော့ မဆိုးဘူးလေနော ဒါပေမယ့် ဘယ်က ဘယ်လိုစဝယ်ပြီး ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာ မစဉ်းစားရသေးဘူး"
"မမ ကလည်းလုပ်ပြီ ခုခေတ်များ အိမ်ခြံမြေအကျိုးဆောင် မှာမေးလိုက်ပေါ့ ဒါမှမဟုတ် လိုင်းပေါ်ကနေ ရောင်းရန်ဆိုတာကနေရှာပေါ့"
"အေး ဟုတ်သား" သူမနဖူးသူမရိုက်ပြီးသာ ရေရွတ်မိတော့သည်
၂ရက်လောက် အားရပါးရ စိတ်နှစ်ကာ ဇာတ်ကားထဲ သူမပါတဲ့ senceတွေရိုက်ပြီးနောက်မှာတော့ ၁ရက်လောက်တော့ နားရက်ယူဖို့ ဒါရိုက်တာအား ခွင့်တောင်းခဲ့သည်
ဟုတ်သည် သူမစိတ်ကြိုက် အိမ်လေးတလုံး တွေ့ထားသည် သူမ မိတ်ကပ်ဆရာမရဲ့ အသိအိမ် ပုံထဲမှာတော့ အတော်လေး အဆင်ပြေသည်
ဒရိုင်ဘာ မခေါ်ဘဲ တယောက်တည်း မနေ့ကမိတ်ကပ်ဆရာမ လမ်းညွှန်ထားသည့် လမ်းအတိုင်း မောင်းခဲ့သည်
အဝေးမှလှမ်းကြည့်ရင်းနဲ့ အိမ်ပုံလေးကို သဘောကျမိသည် ပတ်ဝန်းကျင်ကတော့ အရမ်းကြီးသာယာပြီးနေချင်စဖွယ် မဟုတ်ပေမယ့် မဆိုးဘူးဟု သူမကောက်ချက်ချမိသည်
အိမ်လေးကို အဝေးမှလှမ်းကြည့်ကာ အားမရနိုင်သည်နှင့် ကားကိုလမ်းဘေးချရပ်လိုက်သည် ဦးထုပ်လေးခပ်ငိုက်ငိုက်စောင်းကာ ဂျာကင်ပွပွ ကို သူမဝတ်လိုက်သည်
ရန်ကုန်မှသူဠေးက သူ့သမီးဆယ်တန်းစာကျတ်ချိန်အတွက် ဆောက်ထားသော အိမ်လေးမို့ ချစ်စရာလေးပါ အကောင်းဆုံးကတော့ သူမ အေးဆေးကြည့်ပြီး ဘယ်သူနှင့်မှ စကားပြောစရာ မလိုခြင်းပင် ပိုင်ရှင်တွေက ရန်ကုန်မှာ
အိမ်လေးကိုလှမ်းမျှော်ကြည့်ကာ သူမ အေးအေးဆေးဆေးလမ်းလျှောက်နေမိသည်
အိမ်တအိမ်ရှေ့မှ ခြံတခါးရှေ့အရောက်
"ဝုန်း ဝုန်း ဝေါင်း ဝေါင်း"
မာန်ဖီပြီး ခွေးဟောင်သံအကျယ်ကြီးများကြောင့် သူမအလန့်တကြား ကြည့်မိတော့ ခွေးမည်းကြီးတွေ
"အား ကယ်ကြပါဦး "
သူမ အားရပါးရ အော်ပြီး ငုတ်တုတ်ထိုင်ချပစ်သည်
ပြေး ပြေးဟု စိတ်ထဲက ပြောနေပေမယ့် ချွေးစေးတွေကျပြီး သူမ မလှုပ်ရှားနိုင်ပါမျက်နှာကို လက်အုပ်ပြီးသာ သူမရှိုက်ငိုမိ၏
ခွေးမည်းကြီး ၂ကောင်ကလည်း သူမအား စူးစုးဝါးဝါး ထိုးဟောင်နေကြသည်
"Rain Jame" အိမ်ထဲမှ သြရှရှ အသံကြားပြီးနောက် သူမ အမှောင်ကမ္ဘာထဲ ရောက်သွားသည်
ဟန်သာငြိမ်း အိမ်ရှေ့မှ စူးစူးဝါးဝါး အော်သံတွေရော ဂျိန်း တို့ဟောင်သံတွေရောကြောင့် ပြေးထွက်လာရသည်
ခြံတံခါးရှေ့တွင် ငုတ်တုတ်ထိုင်ကာ တုန်ရီနေသော ဖြူသေးသေးဂြိုလ်သူမလေးကြောင့် Rain နှင့် Jame အားလှောင်အိမ်ထဲသွင်းလိုက်ရသည် အနှီဂြိုလ်သူမကား ငုတ်တုတ်မေ့နေချေပြီ
ဖြူလွှလွှ မျက်နှာကြတ်ကို မြင်ရချိန်မှာတော့
"မင်းသတိရလာပြီလား"
အသားခပ်ညိုညို ဘိုကေနှင့် ထိုင်နေသူက လှမ်းမေးနေသူကို အလန့်တကြား ကြည့်မိသည်
"ခွေးနက်ကြီးတွေ ခွေးနက်ကြီးတွေ" သူမ ထိတ်လန့်စွာ ရေရွတ်နေမိသည်
ဟန်သာငြိမ်း မျက်နှာရှူံ့မဲ့ပြီး "ခွေးနက်ကြီးတွေ"ဟု သူမနှင့်အတူ ရေရွတ်မိသည်ပြီးမှ
"မင်း ငါ့ကလေးတွေကို ဘာမှ ပြောစရာအကြောင်းမရှိဘူး မင်းဝတ်လာတာလည်း ကြည့်ဦး ဟောင်ချင်စရာဘဲလေ အလစ်သုတ်မယ့်ပုံကိုး"
"ရှင့်ခွေးတွေပုံလည်းကြည့်ဦးလေ မည်းမည်းကြီး ပြီးတော့ အကြီးကြီးတွေ"
KAMU SEDANG MEMBACA
ငြိမ်းချမ်းရာ
Romansaသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ