နိုင်ငံရပ်ခြားမှာနေရသော်လည်း ဝါသနာတူများအကြား ကိုယ်စိတ်ပါဝင်စားသော အကြောင်းအရာများ လေ့လာနေရသောကြောင့် သူ့အတွက် အခက်အခဲ သိပ်မရှိပါ ပိုပြီးကျေနပ်စရာကောင်းတာက သူ့အတွက် ခွေးပေါက်လေး၁ကောင်တောင် ပေးထားသေးတယ် သူ့အတွက်ကတော့ အကောင်းဆုံး အဖော်လေးပါဘဲ
"Hah boy come here!!"
အေးခဲနေသော မနက်ခင်းမှာ သူတို့၂ယောက် အပြေးလေ့ကျင့်နေကြသည် ဒီရောက်မှ သူလူကောင်သေးတာ ပိုပေါ်လွင်နေသည်မို့ သူ့မှာ လေ့ကျင့်ခန်း မလုပ်မဖြစ် လုပ်ရသည် ဒီက gymဆော့တဲ့စနစ်က လူတယောက်ချင်းစီအတွက် လိုအပ်သောဇယား အစားအစာဇယားအထိ တွက်ချက်ပြီး လုပ်ပေးသည်မို့ တိုးတက်နှုန်းက အံသြစရာပါ
"Morning Herman"
"Morning Otto"
သူရယ်လိုက်သည် သူ့အား ဟန်သာလို့မခေါ်ကြ Otto ဘဲ
"Otto နက်ဖြန် မြို့ထဲမှာ ခွေးအလှပြပွဲ သွားမှာလား"
"သွားမှာပေါ့ Rottweil ရောက်တုန်း အကုန်လုပ်မှာ ဒါပေမယ့် ကျွန်တော့်ခွေးလေးက ငယ်သေးတာကို ၄လလောက်ရှိသေးတာ"
"မစိုးရိမ်ပါနဲ့ကောင်လေးရ အရွယ်စုံလာမှာ ဒီခွေးလေးကို ပေးတယ်ဆိုတာက မင်းရောက်တဲ့နေ့မှာ မွေးတဲ့ကောင်လေး ပြီးတော့ သူ့မှာ မွေးချင်းမပါဘဲ ထူးထူးခြားခြား ၁ကောင်တည်းဆိုတော့ မင်းကိုပေးချင်သွားတာ"
"ဘာဘဲဖြစ်ဖြစ် ကျေးဇူး Herman Rottweiler တွေရဲ့ ဇာတိ Rottweil ကို အကို့အကူအညီနဲ့ လာခွင့်ရတာ""ကဲပါ လာ ငါတို့ ခြံဘက်မှာ လေ့လာစရာတွေရှိတယ်"
"ok"
တကယ်ပါ တမြို့လုံးက Rottweiler တွေစုဝေးနေသည်မို့ ပွဲတော်အကြီးကြီး ဖြစ်နေသည် ခွေးစာတွေ ခွေးပစ္စည်းတွေ ရောင်းသောဆိုင်များကလည်းအပြည့် Hahကတော့မြူးထူးနေသည်
CITEȘTI
ငြိမ်းချမ်းရာ
Dragosteသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ