ဟေမာန်တို့ ည ၉နာရီလောက်မှ ရန်ကုန်ကို ဝင်လာခဲ့သည် မြို့ပြရဲ့မီးရောင်အောက်က လှုပ်ရှားသွားလာမှုတွေကို ကြည့်ရင်းက အေးချမ်းတိတ်ဆိတ်သော ပြင်ဦးလွင် ကိုလွမ်းသည် ကားထဲက ထွက်ထွက်ချင်း အပူငွေ့ကို ခံစားလိုက်ရသည်
"မာမီချစ် အိမ်ကိစ္စလေး အားချင်းလုပ်ပေးပါဦး"
သူမ အထုပ်အပိုးများ ချနေသည့် မာမီ့ကို အပူကပ်လိုက်သည် သူများလက်ထဲ အပါမခံနိုင်ပါ
"အေး အေးသမီး မာမီ အားချင်းလှုပ်ရှားလိုက်မယ်"
"သမီး မနက်ဖြန်မနက်မှ အချိန်ဇယား လှမ်းပြောတော့မယ် နားလိုက်ဦးနော် တာ့တာ"
"သဇင်လည်း အိမ်ပြန်နားလိုက်တော့ see you tomorrow"
"တီလေး နဲ့ ဦးငယ် အတွက် မလိုင်ဝယ်လာတယ် ဆွယ်တာတွေလဲ ပါလာသေးတယ် အထုပ်နီထဲမှာ ဖွင့်ကြည့်လိုက်ဦး"
သူမအား အမြဲအနီးကပ်စောင့်ရှောက်ပေးနေသူများ မဟုတ်ပါလား အခန်းထဲရောက်ရောက်ချင်း သူမ လုပ်တာက ဟန်သာ့ဆီ ဖုန်းဆက်ဖို့
"Hello ဟန်သာ ဟေမာန် အိမ်ရောက်ပြီနော်"
"အင်း ကိုယ်လည်း မာန့်ဖုန်းမျှော်နေတာ"
"ဟန်သာ ဘာလုပ်နေတာလဲ မအိပ်သေးဘူးလား"
"မအိပ်သေးပါဘူး နောက်လလောက် Dolly မွေးတော့မယ်ထင်တယ် အဲ့ဒါ မွေးစာရင်းပုံစံတွေ ပစ္စည်းတွေ ကြိုကြည့်နေတာ"
"ကြည့် အမြဲတမ်း အဲ့ဒါဘဲ ဟေမာန့်ကို သတိရောရလား"
"အမှန်တိုင်း ပြောရရင် သတိမရဘူး"
"ဘာပြောတယ် ဟန်သာ"
"သတိမရဘူး အရမ်းလွမ်းနေတာ ကလေးလေး သိပ်ကိုလွမ်းနေတာ"
တလုံးချင်းပြောနေသော ဟန်သာ့လေသံက တအား လွမ်းနေမှန်း သူမ ခံစားလို့ရပါသည်
"အင်းးး ဟေမာန်လည်း အရမ်းလွမ်းတယ် "
"သိပ်မကြာသေးတဲ့ အချိန်က လူတယောက်မို့ ကို့်ယ့်ကို မေ့မသွားပါနဲ့ ကိုယ့်အချစ်တွေကို မာန် အမြဲတမ်း အချိန်တိုင်း သတိရနေပေးပါ ကိုယ်က အရမ်းလည်း မချမ်းသာပါဘူး ကိုယ်က ခေတ်လည်းမမှီဘူး ကိုယ်က ယောက်ျားလေး တယောက်လည်း မဟုတ်ပါဘူး ဒါပေမယ့် မာန်ရယ် ကိုယ် မာန့်ကို သိပ်ကို အရမ်းချစ်မိသွားတာ "
"ဟန်သာ ဘာတွေ စိတ်ပူနေတာလဲ ဟေမာန်လည်း အတူတူဘဲ ဟန်သာ့ကို ချစ်တာကို မမေ့နဲ့လေ အချိန်နဲ့ အချစ်ဟာ တိုက်ရိုက် အချိုးမကျဘူး ဟန်သာ ဟေမာန်လည်း လွမ်းတယ် ရင်ဘတ်ကြီးတခုလုံး ဆွဲစုပ်ခံထားရသလိုကို နာကျင်ပြီး လွမ်းနေရတာ"
ဟေမာန် ပြောရင်း ငိုချလိုက်သည် ဟန်သာလည်း မျက်ရည်ကျမိပါသည် တခါတလေကျတော့ အချစ်ဆိုတာကို ခံစားမိဖို့ အချိန်သိပ်မလိုပါဘူး အခိုက်အတန့်လေး တခုကတောင် နှလုံးသားကို ပြုစားပြီး ခံစားတတ်စေတယ်
ဟန်သာ ဟေမာန် အိပ်ပျော်သွားပြီးမှ ဖုန်းချလိုက်သည် ကလေးလေး အဝတ်အစားတောင် မလဲသွားရှာဘူးထင်တယ်
သူတို့၂ယောက် ညတိုင်းဖုန်းပြောသည် အချိန်ရရင် ရသလို စာပို့သည် တနေ့စာ အဖြစ်အပျက်တွေ မလွတ်စေရ အကုန်ပြောကြသည် ကလေးလေး အိပ်မက်ဆိုး မက်တိုင်း ကိုယ်ချော့သိပ်ပေးရသည်
နောက်ဆုံးတော့ ပြင်ဦးလွင်က အိမ်လေးကို မာမီချစ် အကူအညီနဲ့ ဟေမာန် ဝယ်နိုင်ခဲ့ပါသည် တီလေးနား အားရင်အားသလိုကပ်ကာ မိမိ၏ ဟင်းချက်လက်ရာ တိုးတက်အောင် ကြိုးစားသည် ဟန်သာ့ အမေရှေ့မှာ သူမ တော်နေချင်ပါသည်
"ဟန်သာ ခွေးတွေ သွားကြိုရဦးမှာမလား ဘယ်နေ့လဲ"
"သဘက်ခါ မနက်ရောက်မှာတဲ့အမေ နက်ဖြန်သွားလိုက်မယ်လေ"
"အဖော်ခေါ်သွားဦးမှာလား"
"သီတာဖြိုးကို ခေါ်သွားလိုက်မယ်လေ"
သူရဲ့ tomboy သူငယ်ချင်းလေးပါ
"အေးအေး ဖြိုး လည်း ကျောင်းပြီးကတည်းက အလုပ်ရှာရခက်နေတာမလား"
"အွန်း ခြံမှာလည်း အလုပ်အရမ်းရှူပ်နေတာ နောက်လာမယ့်ကောင်တွေနဲ့ဆိုတော့ သူ့ကိုခေါ်ထားမလို့"
"ကောင်းသားဘဲ ဒါနဲ့ မနက်ဖြန် အတွက်ပြင်တော့လေ ဦးစိုးနိုင်နားက vigo ယူသွား သူ့ကားက ခွေးသယ်ဖို့အဆင်ပြေတယ် highway လည်းကောင်းတယ်"
"ကြိုပြီး ချက်ချင်းပြန်လာမှာဆိုတော့ ဘာမှပြင်စရာမလိုပါဘူး Dolly ဗိုက်က၂လရှိပြီ လည်ပတ်မနေနိုင်ဘူး ကားက နက်ဖြန်မနက်မှ သွားယူလိုက်မယ်"
"ကျွတ် ဘာလဲ"
ဟေမာန်တယောက် စိတ်အကြီးအကျယ်ရှူပ်နေပါသည် ညတိုင်းဖုန်းဆက်နေကြလူက ည ၁၁နာရီထိ ဖုန်းမဆက် သူ့ဖုန်းကိုဆက်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပ ဘာမှမတွေးတတ်တော့ ရန်လည်းမဖြစ်ပါဘူး ကြိုးစားပြီး အိပ်ကြည့်လည်း အဆင်မပြေ ဘာတွေဖြစ်နေတာလဲ ဟန်သာရယ်
ဖုန်းတုန်ခါသံကြောင့် သူမ ချက်ချင်းကောက်ကိုင်ပြီးကြည့်လိုက်သည်
>>အချစ်လေး ကောင်းကောင်း အိပ်စက်ပါ<<
သူမချက်ချင်း ဖုန်းပြန်ခေါ်ဖို့ ပြင်ဆင်နေချိန် သူမ အိမ်ရှေ့က ဂစ်တာသံတိုးတိုးလေး ကြားလိုက်ရသည်
🎶🎶ရေမြေတွေခြားနေပေမယ့် ခေါ်သံလေးနားထဲကြားသလိုဘဲ အဆင်ပြေမလားတွေးရင်းနဲ့ရင်မော နင်နေမှကောင်းရဲ့လား 🎶🎶
ဟုတ်ပါတယ် ဟန်သာ့အသံ
သူမ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည် အိမ်ရှေ့ကို ထွက်ကြည့်တော့ ကားရှေ့ဘောနပ်စ်အဖုံးပေါ်မှာ ဂစ်တာတီးနေသည့် သူမချစ်သူ ခံစားချက်ပါပါ ဆိုနေပုံက ချက်ချင်းပြေးဖက်ချင်စရာ ကောင်းနေပါသည်
သူမရဲ့အခြေအနေအတွက် သူမ အတော်စိတ်ပျက်မိသည် မိုင်ပေါင်းများစွာဝေးတဲ့နေရာကနေ လာပြီး ကိုယ့်အိမ်ရှေ့ ဂစ်တာလာတီးနေတဲ့ ချစ်သူကို မြင်နေရတာတောင် ထွက်တွေ့ခွင့်မရှိ သူမကိုစောင့်ကြည့်နေသော မျက်လုံးများကား မနည်းမနော မဟုတ်ပါလား
ဟန်သာ သီချင်းဆုံးတော့ ကားမောင်းပြီး ဟိုတယ်ပြန်ခဲ့သည် မနက်ဖြန်စောစော လေဆိပ်ဆင်းရဦးမည် ပျော်ပါစေ ကလေးလေး ကိုယ့်ကိုကြည့်နေတယ်မလား
>>အရမ်းနားထောင်ကောင်းတယ် အရမ်းချစ်တယ် နားလိုက်ဦးနော်<<
ဟေမာန် ဟန်သာ့ဆီsms ပို့ပြီး အိပ်တော့သည် မနက်ဖြန် ဟန်သာ့ကို သွားတွေ့ပြီး သူမ ဘယ်လောက်လွမ်းနေကြောင်း ရင်ခွင်ထဲဝင်ပြီး ပြောပြရဦးမယ်
"ဟျောင့် ငါမောင်းတော့မယ် ဟန်သာ အမြန်လမ်းပေါ် ငါမောင်းနိုင်တယ် မြို့ထဲဘဲမရတာ"
ဖြိုးစကားကြောင့် သူပေးမောင်းလိုက်သည် သူလည် အရမ်းပင်ပန်းပြီး အိပ်ချင်နေသည် မနေ့ကလည်း တနေကုန် ပြင်ဦးလွင် ကနေ ရန်ကုန်ထိ မောင်းလာရသည် ညနောက်ကျမှအိပ် မနက်ကျတော့ လေဆိပ်သွားပြီး ခွေးသွားကြိုရတော့ တအားပင်ပန်းနေပြီ
ဖြိုး ဟန်သာ့ဖုန်းယူပြီး စက်ပိတ်ပေးလိုက်သည် အေးအေးဆေးဆေး အိပ်ပါစေ
"သဇင် ဒီနေ့ရှူတင်မရှိဘူးမလား"
"ဟုတ်မမ ဆိုင်ဖွင့်ပွဲတပွဲသွားပြီးရင် တနေကုန် နားလို့ရပြီ "
ဆိုလိုတာက သူမ ဟန်သာ့အနားမှာ အချိန်အများကြီး နေနိုင်သည့်သဘောပေါ့
"အွန်း အွန်း ပြင်ဆင်ကြစို့လေ"
"ဟုတ် မမ"
ဆိုင်ဖွင့်မှာ သူမ သိပ်ကြာကြာမနေနိုင်ပါ ဟန်သာ့ဆီ သွားချင်စိတ်ကသာ စိုးမိုးနေသည် သူနှင့်အတူ ရှိနေရမည့် အချိန်တိုင်းကို တန်ဖိုးထားရပါသည်
>>မာန် ကိုယ် ပြန်သွားပြီနော် အချိန်မရလို့ နောက်မှတွေ့တာပေါ့<<
ဟန်သာ့ဆီက sms ဖတ်ပြီး သူမ ဖုန်းပြန်ခေါ်တော့
"လူကြီးမင်း ခေါ်ဆိုသော........စက်ပိတ်ထားပါသည်ရှင်"
"အာ "
"မမ ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး သဇင်ရယ် ဒီလိုပါဘဲ "
သူမ ဘယ်မှမသွားဘဲ အခန်းထဲမှာတင် ခွေနေမိသည် စိတ်ကူးနဲ့လက်တွေ့က ထပ်တူမကျတော့ စိတ်ညစ်ရသည်
"မိုက်တယ်နော်ဖြိုး ကြည့်လိုက် ပုံစံက အကြမ်းကြီး"
အိမ်ပြန်ရောက်ရောက်ချင်း ဘာမှမလုပ်နိုင် ကြိုလာသော ခွေးကြီးအား သေချာကြည့်နေမိသည် မနက်မှ ခြံထဲပို့ရမည်မို့ လှောင်အိမ်ထဲထည့်ကာ အိမ်ထဲ ဝင်လာခဲ့သည်
"အမေ ပြန်ရောက်ပြီ အကုန်အဆင်ပြေတယ်"
"အေး အေး နားလိုက်ဦး"
"ဟန်သာ စိမ်းဖို့ ဘာပါတုန်း"
သူ စိမ်းလဲ့ကို ပုခုံးတွန့်ပြရင်း အခန်းထဲ ဝင်လာခဲ့သည် ရေချိုးမှ ညောင်းကိုက်နေတာဘဲ
သူအိပ်ရာထဲဝင်မှ ဖုန်းဖွင့်ဖို့သတိရသည် ဖုန်းဖွင့်ဖွင့်ချင်း ကိုယ့်ကလေးဆီ ဖုန်းခေါ်လိုက်သည်
"ဟန်သာ ဘယ်လိုလုပ်လိုက်တာတုန်း ဟေမာန်က တွေ့ရတော့မယ်ထင်ပြီးပျော်နေတာ"
မျှော်လင့်ထားသလို ကိုယ့်ကလေးလေးက ဆီးကြိုပြီး ရန်တွေ့သည်
"မာန် ကလည်း ကိုယ်က ခွေးကြီး နဲ့ဆိုတော့ ရန်ကုန်မှာ နေဖို့အဆင်မပြေဘူးလေ ပြီးတော့ ဟေမာန်လည်း အားမယ်မထင်လို့"
"မသိဘူးကွာ လာမှာကို ကြိုလည်းမပြောဘူး"
ကောက်စိန် ရစ်သမျှ ဖြေရှင်းရတာ သူ့မှာ အတော်နောက်ကျမှ အိပ်ရတော့သည်
"ဟိုဘက်အိမ်ကို လူသစ်တွေ ပြောင်းလာတော့မယ်ထင်တယ်နော် ဟန်သာ"
"ဟုတ်လား ဘာတွေ့လို့လဲ"
"မနက်ကတည်းက အလုပ်သမားတွေ ဝင်ထွက်နေကြတာ တွေ့လိုပါ"
"ဟုတ်ပါပြီ စိမ်းလဲ့ရယ် ပတ်ဝန်းကျင်လေ့လာမှုအား ကောင်းချက်"
ဟုတ်သည် ခြံကိုပြန်သန့်ကာ တံတိုင်းအမြင့်ကြီး ခတ်နေသည် ကိုယ့်ခြံနဲ့သူ့ခြံကြားမှာ တံခါးလာထည့်ထားသေးသည်
"သမီးရေ ဟေမာန် ဒါပြင်ဦးလွင် အိမ်မှာ အတွင်းပိုင်းအလှဆင်ထားတဲ့ပုံတွေ သမီးဝယ်ထည့်ပေးလိုက်တဲ့ ပရိဘောဂအသုံးအဆောင်တွေလည်း နေရာချပြီးပြီ"
မာမီချစ် ဖုန်းကိုလှမ်းယူကြည့်လိုက်သည်
"မြန်တယ်နော်မာမီချစ် လက်ရာလည်း အဆင်ပြေတယ် ကျေးဇူးပါပဲ"
"ရပါတယ်တော် ဟေမာန် စိတ်ချမ်းသာရင်ပြီးရော"
"သဇင် နက်ဖြန်ပြီးရင် ၁ပတ်လုံး ဘာမှလက်မခံထားဘူးမလား"
"ဟုတ် မမ"
"ကောင်းတယ် အားရပါးရ အနားယူပစ်မယ်"
လူကို အသံလေးတင် လာပေးသွားတဲ့ လူကြီး ဟေမာန် လိုက်လာပြီ
အချစ်ရှိရာ အရပ်ဆီ
ကို ရှိရာ အရပ်ဆီ
ကို လို့ခေါ်ချင်တယ် ဟန်သာု
![](https://img.wattpad.com/cover/177860223-288-k755896.jpg)
VOUS LISEZ
ငြိမ်းချမ်းရာ
Roman d'amourသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ