"မာမီချစ် အိမ်မေးခိုင်းတာ ဘယ်လိုတုန်း"
"အော် သမီးရေ အဆင်ပြေတယ် ဈေးညှိပြီး မာမီတို့ ရန်ကုန်ပြန်ရင် စာချူပ်ရုံဘဲ"
"ဟုတ် မာမီကျေးဇူးဘဲနော် ညက မီးပုံးပျံပွဲလိုက်ခဲ့သင့်တာ ဟိုမှာ တကယ်ပျော်စရာကြီး☺☺"
"အမလေး လူတိုးရမှာ ကြောက်ပါတယ်နော် ဟေမာန်လည်း အရမ်းရဲတယ်နော် သူစိမ်းနယ်ကြီးမှာ"
"အဲ့ဒီလို ဖြစ်သွားလား အဟီး"
ဟန်သာပါနေတာဘဲကို ကြောက်စရာလားနော အယ် ဟန်သာရော ဘာလုပ်နေဘဲမသိ ခုထိ ဖုန်းမလာ စာမပို့နဲ့ ပူပူနွေးနွေး ချစ်သူဖြစ်ကာစမှာ အရမ်းတွေ roပြနေတာ
"ဒွီ ဒွီ "
ph တုန်ခါသံကြောင့် ဟန်သာ အိပ်ချင်မူးတူးနဲ့ ဖုန်းယူကြည့်မိတော့ ဟေမာန့်ဆီက
>>ဟန်သာ ဘာလုပ်နေတာလဲ ပစ်ထားတယ်နော် ဟေမာန့်ကို 😡<<
>>အိပ်ပျော်နေတာ မာန်ရဲ့ မာန် မနားဘဲနဲ့ ဆက်တိုက် အလုပ်လုပ်နေတာ ပင်ပန်းမှာပေါ့ <<
ဟုတ်သား ဟန်သာ ညက ကောင်းကောင်းမှ မအိပ်ရတာ
>>ပင်ပန်းပါဘူး ဆိုင်သွားရဦးမှာမလား ရေချိုးပြီးသွားတော့ ဟေမာန်လည်း ရှူတင်ထဲမှာ>>
>>ကိုယ့်ချစ်သူလေးစကား နားထောင်ရမှာပေါ့ ချစ်တယ်နော် 😘😘<<
"ဟမ် နှာဘူးကြီး"
"ဟေမာန် ဘာပြောတာ"
"ဟမ် မာမီချစ် သမီးဘာပြောလို့လဲ"
"အော် တခုခုများပြောသလားလို့ မပြောရင်လည်းပြီးရော ဟိုမှာ setting ပြီးပြီ သွားတော့"
အပိုမပြောဘူး တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ ခံစားချက်တွေ တကယ်ကောင်းနေပါတယ် ပြန်ပြင်ရတာ တကွက်မှမရှိ
"တော်လိုက်တာ ဟေမာန်ရယ် ဒီသရုပ်ဆောင်ပုံတွေနဲ့ဆိုရင် ကားကြီးတွေသာ လက်ခံတော့ အကယ်ဒမီ မှန်းလို့ရုပီ"
ဒါရိုက်တာကြီးရဲ့ စကားကြောင့်ပီတိ ဖြစ်ရပါသည် သူမတို့ ရုပ်ရှင်လောကသားတွေအတွက် အကယ်ဒမီ ဆိုတာ ပန်းတိုင်တခု မဟုတ်ပါလား ဒါတွေ ဟန်သာ့ကိုပြောပြရဦးမယ်
"မမ ဒီနေ့ အိုက်တင်တွေ အရမ်းကောင်းနေတာနော်"
"ဟုတ်လို့လား သဇင်ရယ် မမနောက်က လိုက်လာတာ နှစ်တွေကြာပြီကို"
"ဒါရိုက်တာကြီး ကိုယ်တိုင်ပြောသွားတာဘဲ မင်းသားကို ချစ်ရည်ရွှန်းတဲ့ မျက်လုံးနဲ့ကြည့်တာများ မင်းသားတော့ မသိဘူး သဇင်တောင် ရင်ခုန်တယ်"
"ဟား ဟား ဒီကလေးမနောက်ပြီ ထမင်းစားစို့ လာ အဝကျွေးမယ်"
သူမ စနောက်ရင်း ထမင်းစားခန်းထဲ သွားလိုက်သည်ဟန်သာ့ကို တချိန်လုံး တွေးပြီး မုဒ်သွင်းထားလိုက်တာ မှန်သွားတယ်
"ခစ် ခစ်"
ထမင်းစားပွဲမှာ ထိုင်ရင်း သူမရယ်သံကြောင့် မာမီချစ်နဲ့ သဇင်က လှမ်းကြည့်သည်
"ဘာမှမဟုတ်ဘူး မှာကြနော် ဟေမာန်ကျွေးမှာ"
စားပွဲမှာထိုင်ပြီးပြီးချင်း ဖုန်းကြည့်တော့ ဟန်သာ့ဆီက sms ရောက်နေသည်လေ
>>မာန်ရေ ကိုယ်ဆိုင်ရောက်ပြီ အလုပ်လုပ်နေတာလား ထမင်းစားဖို့မေ့ဦးမယ်<<
>>မာန် ပင်ပန်းနေပြီလား ကိုယ့်မျက်နှာလေးမြင်ယောင်ပြီး အမောဖြေနော် ချစ်ဆုံးလေး😜😜<<
ကဲ ဘယ်လောက်တောင် ro နေသည့်လူကြီးလဲ
>>အွန်း ခုစားမှာ ဟန်သာလည်းစားဦး<<
"မာမီချစ် သတိထားမိလား မမ ဒီတခါ ပြင်ဦးလွင် လာတာ အရမ်းတွေ လန်းဆန်းပြီး တက်ကြွနေတာဘဲ"
သဇင့်စကားကြောင့် သူမ မျက်ခုံးပင့်မိသည် အရမ်းများသိသာနေတာလား
"ဟုတ်တယ် ဟုတ်တယ် မလုပ်ဖူးတာတွေ လုပ်ပြီး မဖြစ်ဖူးတာတွေ ဖြစ်နေတာ ခါတိုင်း ရှူတင်ပြိးတာနဲ့ အခန်းထဲမှာဘဲ အချိန်ဖြုန်းနေတတ်တဲ့သူက ခုတော့ ခြံထဲသွားလိုက် မီးပုံးပျံပွဲသွားလိုက်နဲ့ ယောက်ယက်ခတ်နေတာ ကောင်းတော့လည်း ကောင်းပါတယ် ဟေမာန့်ကို ဒီလို ပေါ့ပေါ့ပါးပါး မတွေ့ရတာ တော်တော်ကြာနေပြီ"
"ဟုတ်လားမာမီ သမီးပုံစံ ကအဲ့ဒီလို ဖြစ်နေတာလားပေါ့ပေါ့ပါးပါးပုံ ပေါက်နေတာလား"
"အမလေး ပေါ့ပါးပုံပေါက်ချက်ကတော့ မိုးပေါ်ပျံတက်သွားတော့မယ့် အတိုင်းဘဲ"
မာမီ့ စကားသံအဆုံး ဟေမာန်တို့ အားရပါးရ ရယ်မောပစ်သည် ပြောလည်းပြောတတ်ပါ့ မိုးပေါ်တက်တော့မယ့်အတိုင်းတဲ့ ဟန်သာရေ အချိန်အနည်းငယ်အတွင်း ပြုစားနိုင်လိုက်တာ
"သမီး ဘာကြောင့် ခုလိုလေး ဖြစ်သွားတယ်ဆိုတာ မာမီ မသိပေမယ့် ဒီလိုလေး ပျော်ပျော်ရွှင်ရွှင်ဘဲနေပါ အလုပ်ချည်း ဇောင်းပေးမနေနဲ့"
"ဟုတ်တယ် မမ သဇင်လည်း မပြောရဲလို့ မမက အလုပ်တွေ တချိန်လုံး လုပ်ပြီး ဖိစီးနေတာ"
"ဟုတ်ပါပြီ အမတို့ သဘောကျသလိုနေပါ့မယ် ဟုတ်ပြီလား"
သူမတို့် ထမင်းစားဝိုင်းလေးလည်း စိုစိုပြေပြေနဲ့ စားကောင်းခဲ့ပါသည်
"ဟာ ကိုယ်မှ မလုပ်တတ်တာ"
ညရောက်တော့ ဖုန်းပြောရင်းပြဿနာ တက်နေကြပါသည် မာန်က fb မှာ လာadd ပြီး သူ့ဒိုင်ယာလော့တွေ ပို့ကာ သူနဲ့အတူ ကျင့်ခိုင်းနေသည်ကို ကိုယ်က ဘယ်လုပ်တတ်မှာတုန်း
"မရဘူးနော် ဟန်သာ ဟေမာန် ဒါလေးလုပ်ကူခိုင်းတာကို မလုပ်ပေးချင်ဘူး"
"မာန်ကလည်း ချစ်သူချင်း စကားပြောတဲ့ အခန်းဆိုထားပါတော့ ခုဟာက ကောင်မလေးနဲ့ သူ့ချစ်သူအမေ စကားပြောတဲ့ အခန်းကြီးကို ကိုယ်က ဘယ်လိုပြောရမှာတုန်း"
"ပြောပေးပါ ဟန်သာကလည်း ဒါမှသေချာမလုပ်ထားရင် ဟေမာန်လေး နက်ဖြန် မျက်နှာငယ်မှာပေါ့ ပြီးတော့ ကောင်မလေးရဲ့ ချစ်သူအမေနေရာက တကယ့်မင်းသမီးကြီး ဟန်သာရဲ့"
ချစ်သူလေးက အဲ့ဒီလိုလေး ပြောလာတော့ ကျွန်တော် ဟန်သာငြိမ်း ဘာသားနဲ့ထုထားတာမို့လို့လဲ ဟော်မုန်းဆေးထိုးပြီး သြရှနေတဲ့ အသံကို ညှက်စိညှက်စိလုပ်ကာ မာန့်နှင့်အတူ ဒိုင်ယာလော့တွေ ပြောပေးနေရသည်
ဟေမာန်တယောက် ရယ်ချင်စိတ် မနည်းထိန်းပြီး မုဒ်အတင်းသွင်းနေရသည် ဟန်သာ့၏ ညှက်စိညှက်စိလုပ်ပြောသံကြီးက သူမရဲ့ ရယ်ချင်စိတ်ကို ပြင်းပြနေစေသည် အိန်း ကိုရီးယားကား ကြည့်နေမယ့် ယောက္ခမ မျက်နှာမြင်ယောင်ရင်း ကြိုးစားဟ
"ဟန်သာ မောသွားပြီလား"
"မမောပါဘူး မာန်ရဲ့ ဘာများလုပ်ရတာမှတ်လို့ စကားလေးပြောပေးရုံဘဲကို ဟေမာန် စကားပြောရင်းနဲ့ အသံတွေ တုန်လာတော့ ကိုယ် ကြက်သီးတောင် ထသွားတယ် အဲ့ဒီလိုတွေ ပီပြင်လို့ ဟေမာန် နာမည်ကြီးတာ"
"တော်ရုံမြှောက်ပါနော် ဟန်သာကသာ ပြောနေတာ အန်တီက ဟေမာန့်ကို သိတောင်မသိဘူး"
"အမလေး အမေ့ကိုတော့ ထည့်မပြောနဲ့ သူ့မှာ တချိန်လုံး ကိုရီးယား ကားဘဲကြည့်တာ စိမ်းလဲ့မှာ သူဆိုင်ထွက်မှ မြန်မာကားကြည့်ရတာ"
"ဟန်သာကကျတော့ ဘာမှမကြည့်ုဖြစ်ဘူးလား"
"အွန်း ကိုယ်က ဘာမှစွဲစွဲမြဲမြဲကြီး မကြည့်ဖြစ်ဘူးရယ် ကြုံမှ ဒီချိန်ဆို စာဖတ်လိုက် rottie တွေအကြောင်းလေ့လာလိုက်ဘဲ တခါတလေ ခြံထဲက ကလေးတွေ တိုးတက်မှု ဇယားဆွဲတယ်"
"ဟန်သာက ခွေးတွေနဲ့ ပက်သက်ပြီး ဝါသနာကြီးတယ်နော်"
"အဲ့ဒီလိုဘဲ ဖြစ်သွားတယ်"
"နက်ဖြန်ညနေ ထမင်းတူတူစားမလား"
"ကိုယ်ကတော့ စားချင်တာပေါ့ ဟေမာန်အားမှစားမယ်လေ"
"ညနေပိုင်း အားတယ်ဟန်သာရဲ့ သဘက်ခါ ပြန်ရမှာဆိုတော့ မနက်ဖြန် တွေ့ချင်တယ်"
"ပြန်တော့မှာလား မြန်တာနော်"
"ဟေမာန်အားရင် လာမှာပေါ့ ဟန်သာရဲ့ မနက်ဖြန် အမေ့အတွက် ဘာယူခဲ့ရဦးမလဲ"
ဝမ်းနည်းသွားပုံပေါက်တဲ့ ဟန်သာ့စကားသံကြောင့် ဟေမာန်ဖြေသိမ့်ပေးရင်း စကားလမ်းလွှဲလိုက်သည်
"ရပါတယ် ဘာမှမယူခဲ့ပါနဲ့ လာကြိုရမှာလား"
"မကြိုနဲ့တော့လေ ဟေမာန် ဘာသာလာခဲ့မယ် အိပ်တော့လေ good night နော်"
"Good Night အိပ်မက်ထဲ ကိုယ့်ကို ထည့်မက်နော်"
"မက်မှာပေါ့ ဟန်သာရဲ့ ခုတောင် ဟန်သာ့အင်္ကျီနဲ့ ဘောင်းဘီဝတ်ပြီး ဟန်သာ့အနံ့လေး ရှူနေတာ"
(ဘယ်လိုတွေတောင် ro နေတာလား မတ်မတ်)
ဟန်သာ့မှာ ဖုန်းချခါနီး ပြောသွားသော ချစ်ရသူ၏ စကားကြောင့် အိပ်ဖို့ကြိုးစားတာတောင် မျက်နှာစပ်ဖြီးဖြီးကြီး ဖြစ်ကာ အိပ်မရသည်မို့ စာဖတ်နေလိုက်သည်
"တော်လိုက်တာ ဟေမာန်နှင်းရယ် သမီးရဲ့ အရည်အချင်းကို တကယ်မချီးကျူးဘဲ မနေနိုင်ဘူး"
ရုပ်ရှင်လောက၏ ဝါရင့်သမ္ဘာရင့် မင်းသမီးကြီးရဲ့ ချီးကျူးစကားကြောင့် သူမ ကိုယ့်ကိုယ်ကို ကျေနပ်မိသည် ပိုကြိုးစားရပေဦးမည် ဒီလောကထဲမှာ နေရာတခုရဖို့ သူမတအား အပင်ပန်းခံခဲ့ရသည်မဟုတ်ပါလား အောင်မြင်မှု မှတ်တိုင်တွေ ဆက်ပြီး စိုက်ထူနိုင်ဖို့ ခွန်အားမွေးရမည်
"မမ ညနေစာ ဘယ်လိုစီစဉ်ပေးရမလဲ"
"သဇင်တို့ အဆင်ပြေသလိုစားလိုက်တော့ မမ ဒီနေ့ အပြင်မှာဘဲ စားလိုက်တော့မယ်"
"သဇင် လိုက်ခဲ့ရမလား"
မေးသာမေးရတာပါ မမ ကအရမ်းသီးသီးသန့်သန့်နေတတ်တာ ရန်ကုန်အိမ်မှာတောင် တူဝရီး၃ယောက် ဖြစ်သလိုနေတာ
"ရတယ် သဇင် မမ မမှောင်ခင် ပြန်လာမှာ ဟိုတယ်မှာ စိတ်ချလက်ချ နားနေလိုက်လေ"
သူမ ရေချိုးပြီး ဟန်သာ့အိမ်သွားဖို့ ပြင်ဆင်နေလိုက်သည် အန်တီလည်းရှိတော့ ရိုးရိုးလေးသာဝတ်ပြီး စနိုးလေးသာ လိမ်းသွားလိုက်သည်
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ