ငြိမ်းချမ်းရာ - ဇာတ်​သိမ်းပိုင်း

4.7K 138 18
                                    

ဟန်​သာငြိ​မ်းတို့ မျက်​နှာကြီး ပြုံးဖြီး​နေသည်​မှာ သွားပင်​စိ၍ မရပါ ဒီ​နေ့ သူ နဲ့ မာန်​တို့ရဲ့ မင်္ဂလာဦး ဆွမ်းကပ်​ပါ မြန်​သွားလား ဟုတ်​ပါတယ်​ မြန်​သွား ပါတယ်​ ဝါဝင်​ခါနီးပြီမို့ ဝါထွက်​​အောင်​ မ​စောင့်​နိုင်​​သော သူတို့မှာ ဝါမဝင်​ခင်​ ရက်​​ရွေးပြီး မင်္ဂလာဆွမ်းကပ်​လိုက်​သည်​ မိဘများက စိတ်​တိုင်းကျ မင်္ဂလာ ​ဆောင်​​စေ​သော်​လည်း နှစ်​​ယောက်​လုံး ​အေး​အေး​ဆေး​ဆေးသာ ပြီး​စေချင်​သည်​မို့ ရင်​နီး​သော သူငယ်​ချင်းများနဲ့ မင်္ဂလာဆွမ်းသာ ကပ်​လိုက်​ပါသည်
"ဟန်​သာငြိမ်းတို့က​တော့ အပိုင်​ကို ချည်​ပြီးတုပ်​ပြီး လုပ်​ချလိုက်​တာဘဲ"
"ဟုတ်​ပါ့ မမသန့်​ရာ မိန်းမရချင်​တယ်​ မရချင်​တယ်​ ဝရုန်းသုန်းကား ကို မင်္ဂလာ​ဆောင်​ပစ်​တာဘဲ"
မမသန့်​ ရဲ့စကားကို ဖြိုးဝင်​​ထောက်​ခံ​ပေးလိုက်​သည်​ သူတကယ်​ အာရုံ​နောက်​​နေပါပြီ လမင်းအိမ်​နဲ့ သဇင်​တို့အတွဲရဲ့ သည်းသည်းလှုပ်​​နေတာကို ကြည့်​​နေရ တာတမျိုး ဟန်​သာငြိမ်းနဲ့ ​ဟေမာန်​နှင်းတို့ရဲ့ အကဲပိုမှု​တွေကို မြင်​​နေရတာတမျိုးနဲ့ သူ့ဘဝအ​တော်​ သနားစရာ ​ကောင်း​နေပါပြီ
"​ဟျောင့်​ သူများ မင်္ဂလာဆွမ်းကပ်​မှာ မျက်​နှာကြီးက လည်းသုန်​မှုန်​​နေတာဘဲ ဘာဖြစ်​​နေတာလဲ မင်း ​ဆော်​မရှိလို့ အားငယ်​​နေတာလား"
မှုန်​ကုပ်​​နေ​သော သူငယ်​ချင်းမျက်​နှာကို ကြည့်​ရင်း ဟန်​သာငြိမ်းစလိုက်​​​သည်​ ခါတိုင်းဆို ဝူးဝူးဝါးဝါး ပြန်​​အော်​တတ်​​သော သူငယ်​ချင်းက ငြိမ်​​နေ​သော​ကြောင့်​ သူတကယ်​ ထိသွားပုံရသည်
"ဟာ တကယ်​ကြီးလား မင်း​ဆော်​မရှိလို့လား ငါ့မရီး နဲ့ ချိတ်​​ပေးမလား မင်းနဲ့ငါ မယားညီကို လုပ်​ကြမလား"
"ဘာ​ပြောတယ်​ ဘာ​ပြောလိုက်​တယ်​ တ​လောကလုံး ကို lgbt ဇာတ်​သွင်းချင်​​နေတာလား ​ဖေ​ဖေ့လက်​သံ မဝ​သေးဘူးထင်​တယ်​ဟုတ်​လား"
နောက်​က​နေ ဘယ်​ချိန်​​ရောက်​​နေမှန်း​မသိ​သော အသစ်​စက်​စက်​ ဇနီးသည်​​လေးရဲ့ ဗိုက်​​ခေါက်​လိမ်​ဆွဲရင်း ​ငေါက်​တာ ခံလိုက်​ရသည်
"အား နာတယ်​ နာတယ်​ အ​ဖေတူသမီးဟ လက်​သံ​ပြောင်​တယ်​"
"လာ မစနဲ့ ဟန်​သာ ငါတကယ်​ စိတ်​ရှူပ်​​နေတာ"
"​အေးပါကွာ ဘာဖြစ်​​နေတာလဲ ​ပြော"
သူငယ်​ချင်းရဲ့စကား​ကြောင့်​ သူ တည်​တည်​ငြိမ်​ငြိမ်​ ပြန်​​မေးလိုက်​သည်
"ငါ လမင်းအိမ်​နဲ့ သဇင့်​ ကိစ္စ​တွေးမိသွားလို့ပါ ငါ့​ခေါင်း​ပေါ်ဘဲလာမှာ ကြီးကြီးကို ဘယ်​လို​ပြောရမလဲ မသိဘူး"
"မင်းကလည်း ဘာများလဲလို့ အ​ဝေးကြီးလို​သေးတာ ကို သူတို့လည်း စဉ်းစားထားတာ ရှိမှာ​ပေါ့ လာပါကွာ ငါ့ မင်္ဂလာဆွမ်းကပ်​​လေးမှာ ​ပျော်​​ပျော်​​နေ ညလည်းကဲရဦးမှာ"
ဟန်​သာငြိမ်းစကား​ကြောင့်​ ဖြိုး မျက်​နှာကြီး ဝင်းပသွားသည်​ ညကျရင်​ ဟန်​သာငြိမ်းရဲ့ မင်္ဂလာဦးည​လေးကို ဖျက်​ဆီးရဦးမယ်
"​အေးပါ ငါအစိုးရိမ်​လွန်​​သွားတယ်​ ​ပျော်​ရမှာ​ပေါ့ ငါ့အချစ်​ဆုံးသူငယ်​ချင်း မင်္ဂလာ​ဆောင်​ဘဲ"
ပြန်​​ပြောရင်း ဖြိုး ​ခေါင်းထဲမှာ​တော့ အကြံ​ပေါင်းစုံ ​ဝေဆာလျက်​ ကို​ယ့်​ကို အကြိမ်​ကြိမ်​ ဒုက္ခ​ပေးခဲ့တဲ့​ကောင်​ ဒီတခါ​တော့ မှတ်​​လောက်​သား​လောက်​​အောင်​ ပညာပြန်​​ပေးရမယ်
ဘုန်းကြီး​တွေကို ဆွမ်းကပ်​​နေတဲ့ အသစ်​စက်​စက်​ကြင်​သူနှစ်​ဦးကို ကြည့်​ရင်း ​ဒေါ်ငြိမ်းရီ ပြုံးမိသည်​စိုးရိမ်​ခဲ့တယ်​ ဟန်​သာ ​မေ​မေ တကယ်​စိုးရိမ်​ခဲ့တာ ​ယောက်ျား​လေးပုံစံ ​နေချင်​ခဲ့တာကို မတားမြစ်​ခဲ့​ပေမယ့်​ အသက်​ကြီးလာရင်​ ​ဘေးမှာ လူမရှိဘဲ တ​ယောက်​တည်း အထီးကျန်​​နေမှာကို စိုးရိမ်​ခဲ့တယ်​ ဒီလိုမြင်​ကွင်းမျိုး မြင်​ရလိမ့်​မယ်​လို့ ဘယ်​တုန်းကမှ မ​မျှော်​လင့်​ရဲ့ခဲ့ဘူး ဟန်​သာ့ကို လက်​ခံ​ပေး ​ဟေမာန်​ တို့မိသားစုကိုလည်း ​ကျေးဇူးအရမ်းတင်​မိသည်
ကိုယ်​​မျှော်​လင့်​ထားတဲ့ ကိုယ့်​သမီးရဲ့ မင်္ဂလာ​ဆောင်​ က ဒီလိုပုံစံမျိုး မဟုတ်​ခဲ့​ပေမယ့်​ အပြုံး​တွေ ​တောက်​ပ​နေ​သော သမီးငယ်​​လေးရဲ့ မျက်​နှာကို ကြည့်​ရင်း ဦးမျိုးကို ​ကျေနပ်​ပါသည်​ သမီး​လေး စိတ်​ချမ်းသာမယ်​ ​ပျော်​မယ်​ဆိုရင်​ ​ဖေ​ဖေ ​ကျေနပ်​တာဘဲ​လေ တချို့က​တော့ သူ့ကို သားသမီးကို အလိုလိုက်​လွန်းသူလို့ ကဲ့ရဲ့ချင်​ ကဲ့ရဲ့ပါလိမ့်​မည်​ ဒါ​ပေမယ့်​ ဒီလူ့ဘဝကြီးမှာ ရှင်​သန်​ခွင့်​ရတုန်း​လေး ​ပျော်​​ပျော်​​နေသင့်​ပါတယ်​ ကိုယ့်​ရဲ့​ပျော်​ရွှင်​မှုက သူတပါးအတွက်​ အ​နှောင့်​အယှက်​ မဖြစ်​​စေဖို့သာ အ​ရေးကြီးတယ်​ မဟုတ်​လား သူ့အတွက်​​တော့ သမီး​တွေရဲ့ ​ပျော်​ရွှင်​မှုကို ဘာဂုဏ်​​တွေ​ငွေ​တွေနဲ့မှ မလဲနိုင်​ပါဘူး
သူတို့ရဲ့ မင်္ဂလာ ဆွမ်းကပ်​​လေးဟာ ​အေး​အေးချမ်းချမ်း တိတ်​တိ​တ်​ဆိတ်​ဆိတ်​နဲ့ ပြီးဆုံးခဲ့ပါတယ်​ ဟန်​သာငြိမ်းတို့က​တော့ ဇနီးအသစ်​စက်​စက်​​လေးရဲ့ လက်​ကိုင်​ကာ ပြုံး​နေသည်​မှာ တချိန်​လုံးပါဘဲ
ဟေမာန့်​မိသားစုက ​ဘေးအိမ်​မှာတည်းသည်​ မမသန့်​က​တော့ အိမ်​မှာဘဲ အိပ်​သည်​မို့ ဟန်​သာ မင်္ဂလာဦ ညဖြတ်​သန်းရန်​ ပြည်​ချစ်​နားက အိမ်​ကိုသာ​ ​ရွေးလိုက်​သည်​ နှစ်​​ယောက်​တည်း လွတ်​လွတ်​လပ်​လပ်​ ​နေခွင့်​ရသည်​ မဟုတ်​လား honeymoon က​တော့ မစဉ်းစားရဲ​သေးပါ ခြံက ပစ်​ထားတာကြာပြီမို့ သူထပ်​ပြီး အ​ဝေးကြီးသွားရန်​ မသင့်​​တော်​​သေး
ဖြိုး က​တော့ ည​နေကတည်းက ရွှင်​ပြ​နေသည်​ ခွဲစိတ်​မှုပြီးကတည်က ငါကွ ဟု ​မြှောက်​ကြွ​မြှောက်​ကြွ လုပ်​​နေ​သော သူငယ်​ချင်းရဲ့ မင်္ဂလာဦးညကို ဖျက်​ဆီး​ပေးရမည်
Tiger hotel ရဲ့ သီးသန့် စား​သောက်​ခန်းထဲမှာ သူတို့တသိုက်​ အားရပါးရ ​သောင်းကျန်းကြသည်​ မူးလိုက်​ သီချင်း​တွေဆိုလိုက်​ ကလိုက်​နဲ့ပါ ktv ပါ​သောအခန်းမို့ လုံးဝ အလွင့်​ပါ ဖြိုးက​တော့ ဟန်​သာ နှင့်​ cheer လုပ်​ရင်း တခွက်​ပြီးတခွက်​တိုက်​သည်​ လူလည်​ ဟန်​သာငြိမ်းတို့က ဒါမျိုး​တော့ ဘယ်​အဖြစ်​ခံပါ့မလဲ အရက်​ခွက်​ကို ​မော့ချင်​​ယောင်​​ဆောင်​ရင်း ဖြိုးအား ​ချော့တိုက်​သည်​ ​နောက်​ဆုံးလက်​စသတ်​ချိန်​မှာ ဖြိုးက​တော့ လုံးဝ​မှောက်​သွားသည်​ fa​ကောင်​မို့ ထိန်းမယ့်​သူမရှိတာလည်း ပါမည်
ဟန်​သာငြိမ်းက​တော့ ရီ​ဝေ​ဝေဖြစ်​ရုံသာ ​သောက်​ပြီး ဇနီးအသစ်​စက်​စက်​​လေးနဲ့ ပြည်​ချစ်​အိမ်​သို့ ချီတက်​ခဲ့သည်​ နှစ်​​ယောက်​တည်း ​သာသာယာယာဘဲ အိမ်​​ထဲ ဂင်​​တော့ Hah က အသင့်​​စောင့်​ပြီး နှုတ်​ဆက်​သည်​ မိုးကုတ်​ကို သူထွက်​သွားပြီး​နောက်​ ​ဟေမာန်​နဲ့ Hah က အရမ်းရင်းနှီးသွားကြသည်​ မာန်​ကလည်း hah ကိုသွား​လေ​ရာ​ခေါ်သည်​ ခု ပြည်​ချစ်​အိမ်​ကို အပါ​ခေါ်လာတာကိုပင်​ ကြည့်​ပါ
"မာန်​ မျက်​နှာသစ်​ ​ခြေလက်​​ဆေးပြီး အိပ်​စို့​လေ တ​နေကုန်​လည်း ပင်​ပန်းထားတယ်​မလား"
"အင်း ကို အရင်​​ရေချိုးခန်း ဝင်​လိုက်​ မာန်​ Hah နားခဏ​နေ​ပေးလိုက်​ဦးမယ်​ သူ့ကို ပစ်​ထားသလိုဖြစ်​​နေပြီ"
သူလည်း ဘာမှမ​ပြောဘဲ ​ရေချိုးခန်းထဲ ဝင်​ကာ မျက်​နှာသစ်​သွားတိုက်​ပြီး ​ခြေလက်​​ဆေးလိုက်​သည်​ မှန်​ကိုကြည့်​ပြီး ပြုံးလိုက်​သည်​ ဒီ​နေ့ည​တောလ မာန့်​ကို သူ သိမ်းပိုက်​ခွင့်​ ရပြီ
"မာန်​ ကို ပြီးပြီ သွား​တော့ ​နောက်​ကျ​နေပြီ"
မာန်​ ​ရေချိုးခန်းထဲ ဝင်​သွား​တော့ Hah ကသူ့နား ကပ်​လာသည်
"Hah သွား ငါ့နားမကပ်​နဲ့ ကိုယ့်​​နေရာကိုယ်​အိပ်​ ငါခုမှ သန့်​ရှင်း​ရေး လုပ်​လာတာ"
သူ Hah ကို​မောင်းထုတ်​လိုက်​​တော့ ​မောင်​မင်းကြီးသားက ​ပေ​စောင်း​စောင်းနဲ့ ထွက်​သွားသည် Hah က အခန်း​ထောင်​က သူ့​နေရာမှာသူ ​နေရာယူလိုက်​ချိန်​ သူလည်း ကုတင်​​ပေါ်မှာ အကျအန ​နေရာယူလိုက်​သည်
"ဟာ ကို အိပ်​​တောင်​အိပ်​​နေပြီလား တအားပင်​ပန်း​နေပြီလား "
မာန်​ ​ပြော​ပြောဆိုဆိုနဲ့ ကို့ရင်​ခွင်​ထဲ တိုးဝင်​လိုက်​သည်​ ကမ္ဘာ​ပေါ်က အငြိမ်းချမ်းဆုံး​သော ​နေရာ​လေးတခုပါ
ဟန်​သာငြိမ်း မာန့်​ရဲ့​ကျောပြင်​​လေးကို ပွတ်​ရင်း ပြန်​လည်​ ​ထွေး​ပွေ့လိုက်​သည်​ ပြီး​နောက်​ မာန့်​ကိုယ်​လုံး​လေးကို သူ့ခန္ဓာကိုယ်​​အောက်​​ရောက်​​ပေါင်​ ​နေရာယူလိုက်​သည်​ ခုတင်​​ပေါ်မှ လှုပ်​လှုပ်​ရှားရှား အသံများ​ကြောင့်​ Hah ​ခေါင်း​ထောင်​ပြီး ခုတင်​နားကပ်​လာသည်
"Hah သွားစမ်း ကိုယ့်​​နေရာကိုယ်​အိပ်​"
ခုတင်​နားကပ်​လာ​သော Hah ရဲ့အရိပ်​​ကြောင့်​ သူလန့်​သွားကာ ရင်​ခုန်​​နေတာ​လေးပင်​ ဘယ်​​ရောက်​သွားမှန်းမသိ သူ​နောက်​တကြိမ်​ ပြန်​ပြင်​ဆင်​လိုက်​သည်
"ဟာ Hah မလာခဲ့နဲ့​လေ ​ပြော​နေတာကို "
သူအာရုံ​နောက်​လာပါပြီ ဒီ​ခွေးတ​ကောင်​နဲ့​တော့ ခက်​ပြီ
"အဲ့ဒါ မာန့်​​ကြောင့်​ဘဲ ​ခေါ်မလာပါနဲ့ဆိုတာကို ဇွတ်​​ခေါ်လာတယ်​ ခု ဘယ်​လိုလုပ်​မလဲ "
"ဟာ ကို ကလည်း Hah က မာန်​နဲ့​နေတာ အသားကျ​နေပြီကို ကို မိုးကုတ်​သွားတုန်းကလည်း Hahက မာန့်​နားမှာ တချိန်​လုံး ရှိ​နေခဲ့တာဘဲ"
"အဲ့ဒါက အဲ့ဒါ​လေ ခုက ဘာမှကို လှုပ်​မရဘူး လှုပ်​တိုင်း ​ခေါင်း​ထောင်​ပြီး ခုတင်​နားကပ်​လာတယ်​ အခန်းပြင်​ထုတ်​ပြန်​ရင်​လည်း တညလုံး ​အော်​​နေဦးမယ်​ ​နောက်​​နေ့​တော့ ဟိုဘက်​အိမ်​မှာဘဲထား ​ခေါ်ထားချင်​သပ ဆိုရင်​​တော့ အပြင်​မှာ ​ခွေး​လှောင်​အိမ်​ သက်​သက်​​ဆောက်​လိုက်​"
ဟန်​သာငြိမ်း စိတ်​​ပေါက်​​ပေါက်​နှင့်​ ​ပြောဆိုပြီး ​စောင်​ဆွဲခြုံပြီး အိပ်​ဖို့ပြင်​လိုက်​သည်
က​လေးဆိုးကြီးလို စိတ်​​ကောက်​သွား​သော ကို့ ကိုကြည့်​ရင်း မာန်​ရယ်​လိုက်​သည်
"ဘာရယ်​တာလဲ ​ပျော်​​နေတာလား ခင်​ဗျားက"
မာန်​ ရယ်​ရင်းက ကို့ခါးကိုဖက်​ပြီး ကို့ရင်​ခွင်​ထဲ တိုးဝင်​လိုက်​သည်
"ကိုကလည်း ဒီ​နေ့လိုညမျိုးမှာ အဲ့ဒီလိုကြီး စိတ်​ဆိုးမ​နေပါနဲ့ ​နောက်​​နေ့​တွေကျရင်​ သူအပြင်​မှာ ​နေတတ်​​အောင်​ အကျင့်​လုပ်​ထားပါ့မယ်​ ခု​တော့ မာန့်​ ကို ဖက်​​ပေးဦး"
မာန့်​စကား​ကြောင့်​ ဟန်​သာ ပြန်​ပြီး​ထွေး​ပွေ့လိုက်​သည်​ သူတို့နှစ်​​ယောက်​အတွက်​ ​နောင်​လာမယ့်​​နေ့ရက်​တိုင်းမှာ ​ကောင်းတူဆိုးအတူ အတူတကွ ဖြတ်​သန်းရဦးမယ်​ မဟုတ်​ပါလား နှစ်​​ယောက်​အတူရှိ​သော အချိန်​များထက်​ ငြိမ်းချမ်း​သော အချိန်​ ကြည်​နူး​သောအချိန်​မရှိ​တော့ပါ မာန့်​ရဲ့ နှလုံးသားကို ကို မြင်​သလို ကို့ရဲ့ နှလုံးသားကို လည်း မာန်​ ခံစားမိပါ​စေ ချစ်​တယ်​ မာန်
ကို့်​ရဲ့ ရင်​ခုန်​သံကို နား​ထောင်​ရင်း သူမ ​မှေးစက်​လိုက်​သည်​ မာန့်​အတွက် ကို့ရဲ့အချစ်​ ကို့ရဲ့​မေတ္တာ​တွေရှိရင်​ လုံ​လောက်​ပါတယ်​ အရမ်းချစ်​တယ်​ကို ​နောင်​လာမယ့်​ရက်​​တွေတိုင်းမှာ ​ကောင်းအတူ ဆိုးအတူ​ပေါ့ မာန့်​ရင်​ထဲက အ​မောမှန်​သမျှက ကို့ရဲ့အချစ်​​တွေကို ခံစားကြည့်​ရုံနဲ့တင်​ ​ပြေတာမို့ မာန့်​ကို တသက်​လုံးချစ်​​ပေးပါ ကို
lgbtဆိုတဲ့ အ​ခေါ်အ​ဝေါ်​အောက်​က reltionship ကို တချို့ကလည်း ​ထောက်​ခံပါလိမ့်​မယ်​ တချို့က လည်း ကဲ့ရဲ့ပါလိမ့်​မယ်​ ပတ်​ဝန်းကျင်​ရဲ့ဒဏ်​ကို အသက်​ရှင်​​နေသ​ရွေ့ လူတိုင်း ခံစားကြရတာပါဘဲ ကိုယ်​ ကိုယ်​တိုင်​ကလည်း အခြားလူတ​ယောက်​အတွက်​ ပတ်​ဝန်းကျင်​ကလူ ​ဖြစ်​​နေနိုင်​ပါတယ်​ အကယ်​၍များ ခင်​ဗျားတို့ မျက်​လုံး​အောက်​မှာ အခြားလူအ​ပေါ် ​စိတ်​မ​ကျေလည်​တာရှိရင်​ အရမ်း အပြစ်​မတင်​ပါနဲ့ ခင်​ဗျားတို့ မဖြစ်​သင့်​ဘူးလို့ ထင်​တဲ့အရာတခုက သူတပါးအတွက်​ ​သေ​လောက်​​အောင်​ အ​ရေးပါတာမျိုး ဖြစ်​​နေနိုင်​ပါတယ်​ မိမိရဲ့ စကားတခွန်း​ကြောင့်​ သူတပါးရဲ့ ဘဝကို မထိခိုက်​ပါ​စေနဲ့

ကဲ အားလုံးနှုတ်​ဆက်​ပါတယ်​ ဗုဒ္ဓဟူး​နေ့ကျမှ
fics အသစ်​မှာ​တွေ့ကြတာ​ပေါ့

ငြိမ်းချမ်းရာ Nơi câu chuyện tồn tại. Hãy khám phá bây giờ