တံတာဦးလေဆိပ် ရန်ကုန် မန္တလေး လေယာဉ်ကြီးပေါ်မှ ရွှင်လန်းတက်ကြွစွာ ဆင်းလာသော သူကား ဟေမာန်နှင်းပါ သူမ ချက်ချင်းပင် လေဆိပ်taxi စင်းလုံးငှါးပြီး ပြင်ဦးလွင်မှာရှိသော သူမ၏အိမ်လေးဆီ လာခဲ့သည်
"ရပြီ ရှေ့အိမ်မှာ ရပ်ပေးပါ"
သူမအိမ်ထဲမဝင်ဘဲ ဟန်သာ့အိမ်ရှေ့တင် ရပ်ခိုင်းလိုက်သည် နာရီကြည့်တော့ ၉နာရီသာ ရှိသေးသည် ဟန်သာ ခြံထဲမသွားလောက်သေး
"Jame "
သူမအော်သံကြားတော့ ခြံတံခါးနား ကဆုန်ပေါက် jame ပြေးလာသည်
ဟန်သာ ခြံထဲသွားဖို့ ပြင်နေရာမှ မာန့် အသံကြားသလိုလိုကြောင့် အိမ်ရှေ့ထွက်လိုက်သည် ခြံတံခါးအပြင်ဘက်မှာ ကျောပိုးအိတ်နဲ့ ဟေမာန်ရယ် ခြံတံခါးအတွင်းကနေ ပျာယာခတ်နေတဲ့ jame ရယ် ကိုတွေ့တော့ အကြီးအကျယ် အံ့သြသွားသည်
ခြံတံခါး ဖွင့်ပေးပေးချင်း ဟေမာန် ဟန်သာ့ရင်ခွင်ထဲ အတင်းဝင်ပြီး ဖက်ထားလိုက်သည်
"ကို့ ကိုအရမ်းလွမ်းနေတာ"
ကို တဲ့လား ကိုယ့်ကလေးက ကိုယ့်ကို ကို တဲ့လား သူ သူ့ရင်ခွင်ထဲက ကလေးလေးကို ပွေ့ချီပြီး အိမ်ထဲခေါ်လာလိုက်သည်
"Jame အပြင်မထွက်နဲ့နော် အနားမကပ်နဲ့ဦး သွား"
(အမြင်ကတ်စရာကောင်းသော ချိဖ)
သူ မာန့်ကို ဆိုဖာပေါ် ချပေးပြီး ခြံတံခါး ပြေးပိတ်လိုက်သည် Rain က ကလေးမြင်ရင် အူယားပြီး ကိုက်တတ်သည်
"မာန် လာမှာကို ကြိုမပြောဘူး ကိုယ် လေဆိပ်လာကြိုမှာပေါ့ တယောက်တည်း အန္တရာယ်မများဘူးလား"
"များပါဘူး ဟန်သာ လာတုန်းကလည်း မပြောဘူးလေ အဲ့ဒီတော့ ဟေမာန်လည်း ဟန်သာ့ ကို suprise လာတိုက်တာ"
"ကို လို့မခေါ်တော့ဘူးလား"
ပြုံးဖြီးဖြီးနဲ့ သူမနားကပ်လာပြီး မေးနေသော ဟန်သာ့မျက်နှာကို ကြည့်ပင်မကြည့်ရဲတော့
"ကိုယ့်ကလေးလေးက ရှက်နေတာလား မရှက်ပါနဲ့"
သူ မာန့်ပုခုံးလေးဖက်ပြီး စနေလိုက်သည်
"သွားကွာ နှာဘူးကြီး လုပ်မနေနဲ့"
"မာန်ကလည်း ကိုယ့်ချစ်သူကို ဘူးတာဘဲဟာ လာ အာဘွားပေးရမယ်"
သူ မာန့်မျက်နှာနား ကပ်လိုက်တော့
"ဒုန်း ဂလွမ်း "
ရုတ်တရက်ပေါ်လာသော အသံများကြောင့် ဟေမာန်လန့်သွားကာ ဟန်သာ့ကို တွန်းထုတ်ပစ်သည် လှမ်းကြည့်လိုက်တော့ သူတို့ကို ကြောင်ကြည့်နေသော စိမ်းလဲ့ရယ်ပါ ကြမ်းပေါ်မှာလည်း စတီးဇလုံကြီးတွေ ပြန့်လို့
"စိမ်းလဲ့ ဘာလုပ်နေတာလဲ ဇလုံတွေဆေးပြီးရင်လည်း ကားပေါ်တင်"
ဟန်သာစိတ်ဆိုးဆိုးနဲ့ အော်လိုက်သည် တွန်းထုတ်ခံရပြီး ကြမ်းပြင်ပေါ်ပြုတ်ကျကာ ခါးနာတာထက် အရှိန်ပျက်သွားတာကို ပိုစိတ်ဆိုးသည် အနှီကလေးမ အပျိုကြီး ဖြစ်ပါစေဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်
"ဟုတ်ကဲ့"
စိမ်းလဲ့ ဟန်သာ့ အလဲလဲအကွဲကွဲပုံကိုကြည့်ရင်းရယ်ချင်စိတ်ကို မနည်းထိန်းရင်း ပြန်ပြောလိုက်ရသည်
"မာန် အလုပ်ရှိသေးလား ခြံထဲလိုက်မှာလား"
" ဟန်သာ သွားရင်လိုက်မှာပေါ့ ဟေမာန် ဒီတခါ အလည်သက်သက် အလုပ်မပါဘူး"
"တကယ်ကြီးလား"
ခေါင်းညိတ်ပြနေသော ချစ်သူကိုကြည့်ရင်း ခုန်ပေါက်ပြီး ကချင်လောက်အောင် ပျော်သွားမိသည် ခုနက စိတ်မကြည်တာတွေတောင် ဘယ်ရောက်သွားမှန်းမသိ
"မာန် အစောကြီးဘဲ ရောက်လာတာ"
"ဟုတ်တယ် အစောဆုံးလက်မှတ်ဖြတ်လာတာ"
"ညက ဖုန်းပြောတော့လည်း ဘာမှမပြောဘူး "
"suprise ပါဆို ဟန်သာကလည်း"
"ကို ပါဆို မာန်ကလည်း"
ဟေမာန်တယောက်ချက်ချင်းကြီးတိတ်ဆိတ်သွားတော့သည်
"မာန် ဘာစားချင်လဲ ဘာဝယ်ခဲ့ဦးမလဲ"
"တော်ပြီ ဘာမှ မစားချင်ဘူး"
"မနက်စာလည်း မစားရသေးဘဲနဲ့ ကိုယ်နံပြားထောပတ်သုပ်ရယ် ကော်ဖီရယ် ဝယ်ခဲ့မယ်"
"သဘောလေ"
ခြံထဲရောက်တော့ သူမတို့ မနက်စာအရင်စားကြသည် ဗိုက်ကလည်းဆာနေသည်မို့ နံပြား၂ချပ်တောင် ကုန်သွားသည် ဟန်သာ အလုပ်လုပ်နေတော့ သူမလည်း မီးဖိုခန်းထဲမှာ မသင်းကို သွားကူနေလိုက်သည် ခွေးတွေအတွက် ချက်ပြုတ်နေရသည်မှာ အများကြီး တော်တော်မလွယ်ပါ
"မာန် ရေ မာန်"
ခေါ်ပြန်ပြီ မျက်စိအောက်ကကို အပျောက်မခံ ဘယ်လိုလူကြီးမှန်းကိုမသိ ဘေးက မသင်းကတော့ ရယ်နေသည်
"ဟေမာန်ရယ် လာမနေပါနဲ့တော့ ဟန်သာ ဒုက္ခများနေပြီ သူ့ဘေးမှာသာ နေပေးလိုက်တော့"
ရှက်လိုက်တာ သူမ မသင်းကို ရယ်ပြပြီး သူ့ဘေးနားသွားလိုက်သည်
"မာန် အေးအေးသာသာ နေစမ်းပါကွာ "
"ဟန်သာကလည်း ဟေမာန်ထိုင်နေရမှာပျင်းလို့"
"မနက်ကလည်း ခရီးပန်းလာတာကို နားနေစမ်းပါ"
"ပြီးတာဘဲ"
ပြောပြီး ဆောင့်ဆောင့်အောင့်အောင်နှင့် အိမ်ပေါ်တက်သွားသော ကလေးလေးကို ကြည့်ရင်း ရယ်ချင်လာသည် ဒီက သူပင်ပန်းမစိုးလို့ဟာ
"ကိုဖိုးသား အပြန် Dolly ကိုခေါ်သွားလိုက်မယ် သူမွေးတော့မှာဆိုတော့ အိမ်က မီးနေခန်းမှာဘဲမွေးတော့မယ် နောက်ရက်တွေ ဖြိုးဘဲလာလိမ့်မယ် ကျွန်တော် မလာဖြစ်လောက်ဘူး training တွေမပျက်စေနဲ့ဦး ပြိုင်ပွဲလည်းနီးပြီ"
ကိုဖိုးသားကို ပြောစရာရှိတာ ပြောပြီး အိမ်ပေါ်တက်လာတော့ ကိုယ့်ကလေးက ကိုယ့်အခန်းထဲဝင်နေပုံရသည် တံခါးဖွင့်ဝင်သွားတော့ စောင်ခြုံပြီး ဟိုဘက်လှည့်နေသည်
"မာန်"
"မာန်"
"မာန် ကိုယ်က မာန် ပင်ပန်းမစိုးလို့"
ကိုယ့်စကားတောင်မဆုံးသေး ငုတ်တုတ်ထထိုင်ကာ ကိုယ့်အားရန်တွေ့တော့သည်
"ဟေမာန်မှ အငြိမ်ကြီး မနေချင်တာ ဟန်သာက ဒီလိုကြီးလုပ်နေတော့ ဟေမာန့်ကို အပျင်းလို့ထင်မှာပေါ့ အိမ်မှာလည်း အဲ့ဒီလိုလုပ်နေရင် အန်တီက ဟေမာန့်ကို အမြင်ကတ်မှာပေါ့ အန်တီက ကိုယ်ထူကိုယ်ထစနစ်ကို အရမ်းကြိုက်တာကို"
"ဟုတ်ပါပြီ မာန်ရယ် ကိုယ် နောက် အဲ့ဒီလိုမလုပ်တော့ပါဘူး စိတ်မကောက်နဲ့တော့နော်"
ကိုယ့်ခါးဖက်ပြီး ပုခုံးပေါ်ခေါင်းတင်ကာ လေပြေလေးနဲ့ချော့နေတော့လည်း ဟေမာန်နှင်းတို့ ပျော့ရပြန်သည်
"မာန်"
"အင်း"
"ချစ်တယ်"
မာန့်ပါးအားနမ်းပြီးပြောတော့ မာန့်ကိုယ်လေးတုန်သွားသည်
"ကို့ ကိုအရမ်းချစ်တယ်"
ကိုယ့်ရင်ခွင်ထဲ ဝင်ပြီးပြောလာသော ချစ်သူလေးအား မြတ်နိုးစွာကြည့်လိုက်သည် အခန်းထဲကမြန်မြန်ထွက်မှပါ ကိုယ်ဟာလည်း ပုထုစဉ်တယောက်လူသားပေကိုး
"မာန် ပြန်ကြမယ်လေ "
Dolly ကိုလှောင်အိမ်ထဲထည့်ပြီး ကားပေါ်တင်ကာ အိမ်ပြန်ခဲ့သည်
အိမ်အပြန်လမ်းမှာ ရေဒီယိုဖွင့်ရင်း လာသမျှသီချင်းကို ဝါးချကာ လိုက်ဆိုနေသော ဟန်သာ့ကို ကြည့်ရင်း ဟေမာန် သဘောကျစွာရယ်နေလိုက်သည်
"မာန် နေ့လည်စာ ဘာစားမလဲ ၁နာရီတောင်ထိုးနေပြီကို တခုခုစားရမယ်"
"ဟန်သာကလည်း နောက်မှာ dolly ပါနေတာ ဘယ်ဆိုင်မှဝင်မနေနဲ့ အိမ်ရောက်မှ စားကြစို့"
"ok လေ အဲ့ဒါဆို အိမ်တန်းမောင်းပြီနော်"
အိမ်ပြန်ရောက်တော့ ၂ယောက်လုံး ဆာဆာနဲ့ တွယ်ပစ်ကြသည်
"မာန် ဘယ်မှာတည်းမှာလဲ"
ဆိုဖာပေါ်မှာ မာန့်ပေါင်ပေါ် ခေါင်းဦးပြီး လှဲအိပ်နေရာမှ မေးလိုက်သည်
"အွန်း ဘယ်မှာတည်းရင် ကောင်းမလဲ"
ဟေမာန် ဟန်သာ့ဆံပင်လေးတွေကို ဖွပေးရင်းက လှမ်းစနေလိုက်သည်
"အိမ်မှာနေပါလား ဘယ်မှသွားတည်းမနေနဲ့"
"နေချင်ပါဘူး သူများအိမ်မှာနေရင် အနိုင်ကျင့်ခံရမှာပေါ့"
"ဘယ်သူက အနိုင်ကျင့်မှာတုန်း"
"ဟန်သာကလေ"
"ကျင့်ပါဘူး မာန် ရ ကိုယ်က သဘောကောင်းပါတယ်"
"အမလေး ပြောတတ်လိုက်တာနော် စတာပါ ဟိုဘက်အိမ်မှာနေမှာလေ"
"ဟမ် အဲ့ဒါ မာန့်အိမ်လား"
"ဟုတ်ပါ့ရှင် အဲ့ဒီအိမ်ကို လာကြည့်ရင်းနဲ့ ဒီလူကြီးနဲ့ တွေ့ခဲ့တာပါ အဲ့ဒါကြောင့်လည်း လက်လွတ်မခံဘဲ ရန်ကုန်ပြန်ရောက်ရောက်ချင်း ဝယ်လိုက်တာ"
"အော် အဲ့ဒါဆို မာန် သွားနားလိုက်လေ ညစာ စားခါနီးရင် ကိုယ်လာခေါ်မယ်"
"အွန်း မာန် အိမ်ကိုမရောက်သေးဘူး သွားလိုက်ဦးမယ် ဟန်သာပါလိုက်ခဲ့ တယောက်တည်းမဝင်ချင်လို့ မနက်ကတည်းက ဒီအိမ်အရင်ဝင်တာ"
"ဟုတ်ပါပြီ မာန့်သဘော လာ"
သူတို့ရပ်ကွက်က ခြံကျယ်ကြီးတွေများပြီး တိတ်ဆိတ်သောနေရာမို့ အေးဆေးသွားလာ၍ရသည်
"ဒီခြံကြီးက တော်တော်ကျယ်တာဘဲ အပြင်ကကြည့်ရင် သိပ်မဟုတ်သလိုနဲ့ တိုက်ကလည်း တော်တော်မိုက်တယ်"ကိုယ့်ဘေးခြံ ဖြစ်သော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် သေသေချာချာ မကြည့်မိ တိုက်ဆောက်ထားတာတော့ တနှစ်ကျော်လေး ရှိဦးမည်
"ဟုတ်တယ် မာန်လည်း လာကြည့်ကတည်းက ကြိုက်နေတာ တခြားအိမ်တွေ မကြည့်ဘဲ ဝယ်ဖြစ်သွားတာက ကို့ ကြောင့်"
ကလေးလေး ပြောပြောဆိုဆို နှင့် ရှက်ရမ်းရမ်းကာ အိမ်သော့ဖွင့်ဝင်သွားသည်
"မာန် အဝတ်လဲပြီး ထွက်ခဲ့လေ ကိုယ်ဧည့်ခန်းထဲက စောင့်မယ်"
ဟေမာန် အဝတ်လဲပြီးထွက်လာတော့ တံမြက်စည်းလှဲနေသည့် ကို့ အားတွေ့လိုက်ရသည်
"ကို ကလည်း ဘာတွေလုပ်နေမှန်းမသိဘူး"
"မာန်ကလည်း အိမ်ကို သန့်ရှင်းရေးတော့လုပ်ရမှာပေါ့ လာ တူတူ လုပ်မယ်"
သူမတို့နှစ်ယောက်လုံး တယောက်နဲ့တယောက် စနောက်ရင်း အိမ်သန့်ရှင်းရေး လုပ်ကြသည် ကိုယ့်ချစ်သူနဲ့ဆိုတော့ အိမ်သန့်ရှင်းရေး လုပ်ရတာပင် ပျော်ရွှင်ဖွယ်အတိ
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ