ငြိမ်းချမ်းရာ - ၂၃

1.5K 86 4
                                    

ဟေမာန်​ ကား​ပေါ်တက်​ပြီး ကားဆရာအား ပြည်​ချစ်​အိမ်​ဘက်​​မောင်းခိုင်းလိုက်​သည်​ ငိုချင်​စိတ်​ကို နှုတ်​ခမ်းကိုက်​ပြီး ထိန်းထားရ​သော​ကြောင့်​ သူမနှုတ်​ခမ်းများပင်​​ပေါက်​​နေပါပြီ အသံမထွက်​​သော်​လည်း မျက်​ဝန်းမှ မျက်​ရည်​တို့က အတားအဆီးမဲ့ စီးကျ​နေသည်​ တကယ့်​ကို ကယ်​သူမဲ့​နေ​သော အ​ခြေအ​နေတခုကို ရင်​ဆိုင်​​နေရသည်​ အရမ်းနာကျင်​​​​နေရတာ ကို့မှာ မာန့်​အတွက်​ ​နေရာမရှိ​တော့ဘူးလား
အိမ်​ထဲ​ရောက်​​ရောက်​ချင်း သူမ ဆိုဖာ​ပေါ်လှဲချကာ အားရပါးရ ​အော်​ငိုပစ်​သည်
"သဇင်​ မမ ဒီကြားထဲ အလုပ်​လက်​ခံထားတာ မရှိဘူးမလား ဘာမှထပ်​လက်​မခံနဲ့ဦး မမ နားချင်​​သေးလို့ ပြီး​တော့ လမင်းနားက မမသန့်​ ph no.​တောင်း​ပေးလို့လွယ်​မလား"
"လွယ်​ပါတယ်​ မမ ခု​မေးပြီးပို့လိုက်​မယ်​​လေ မမ ​မေမြို့​ရောက်​​နေတာလား သဇင်​လိုက်​လာခဲ့မယ်​​လေ"
သဇင်​ အား​လျော့​နေ​သော ​ဟေမာန့်​အသံ​ကြောင့်​ စိတ်​ပူပြီး​မေးလိုက်​သည်​ မမအလုပ်​နားထားလျှင်​ သူမလည်း နား​နေရသည်​မဟုတ်​လား
"ရတယ်​ သဇင်​ မမ ဘာမှမဖြစ်​ဘူး"
"မမ လွတ်​လွတ်​လပ်​လပ်​ ​နေချင်​​နေပါ ဒါ​ပေမယ့်​ လိုအပ်​တဲ့အချိန်​ ချက်​ချင်း ​ခေါ်လိုက်​ သဇင်​လိုက်​လာမယ်​"
"အင်း ​ကျေးဇူးဘဲ"
အ​ခြေအ​နေကို အတိအကျ မသိရသည်​မို့ သဇင်​ လမင်းဆီ မမကို ​စောင့်​​ရှောက်​ဖို့မှာရင်း မမသန့်​ ph no.​တောင်းရသည်​ လမင်းဆီက sms ရရချင်း သဇင်​ မမဆီပြန်​​ပို့​ပေးလိုက်​သည်
"မစန္ဒီမျိုးသန့်​လားမသိဘူးရှင့်​ ညီမ ​ဟေမာန်​နှင်းပါ အမနဲ့ ခဏ​လောက်​ ​တွေ့ပြီးစကား​ပြောချင်​လို့ပါရှင့်​"
"​အေး ညီမ​လေး ဘယ်​မှာ​တွေ့မလဲ"
"အမ အပန်းမကြီးရင်​ ညီမအိမ်​မှာဘဲ ​တွေ့ရ​အောင်​ အမ ဟိုတခါလာတဲ့ ပြည်​ချစ်​နားက အိမ်​​လေ အမ"
"​အေး ညီမ​လေး အမ ​ခြံကပြန်​​ရောက်​ရင်​ ​ရေချိုးပြီး လာခဲ့မယ်​"
သန့်​ဖုန်းချရင်း ​ဟေမာန်​ ခြံ​ရောင်းဖို့ကိစ္စ ဆုံးဖြတ်​ပြီးပြီလို့ ထင်​လိုက်​သည်​ ဘာဘဲဖြစ်​ဖြစ်​ ဟန်​သာ့ ဖြစ်​တည်​မှုကို နားလည်​​ပေးပြီး ကြုံလာမယ့်​ အ​ကောင်းအဆိုးကို အတူရင်​ဆိုင်​နိုင်မည့်​ လက်​တွဲ​ဖော်​နှင့်​သာ ဟန်​သာ့ကို လက်​တွဲ​စေချင်​ပါသည်
"ဟန်​သာ မမသန့်​ အပြင်​သွားမလို့ အန်​တီ့​ကို သွားကြိုဖို့်​​မေ့မယ်​ ကား​သေးကမမသန့်​ယူသွားတယ်​ထမင်းစားနှင့်​​တော့ မမသန့်​ကို မ​စောင့်​ကြနဲ့"
"ဟုတ်​ မမသန့်​ ​ပျော်​ခဲ့ပါ"
ပြောင်​​ချော်​​ချော်​ ​ပြော​နေ​သော ဟန်​သာ့ကို မဲ့ပြရင်း သူမ ထွက်​လာခဲ့သည်
"တီ တီ "
သူမဟွန်းတီး​တော့ ​ဟေမာန်​နှင်းကိုယ်​တိုင်​ လာဖွင့်​​ပေးသည်​ သူမလည်း မျက်​နှာမ​ကောင်းလှ​သော ​ဟေမာန့်​မျက်​နှာကြည့်​ပြီး သက်​ပြင်းချကာ အိမ်​ထဲလိုက်​ဝင်​ခဲ့သည်
"ထိုင်​ပါ အမ ညီမအိ​မ်​ကို ဒီ​နေ့မှ​ရောက်​​တော့ ဧည့်​ခံစရာ ဘာမှ မရှိတာခွင့်​လွှတ်​ပါ "
"ရပါတယ်​ ညီမ​လေး မမလည်း စားဖို့လာတာမှ မဟုတ်​တာ ညီမ​လေး အိမ်​​ရောင်းဖို့ ဆုံးဖြတ်​ချက်​ချပြီးပြီ ထင်​တယ်​ဟုတ်​လား​"
"မမသန့်​ ကို့ ကိုချစ်​လား"
မမသန့်​ အ​မေးကိုမ​ဖြေ​သေးဘဲ ​ဟေမာန်​​မေးခွန်းထပ်​​မေးလိုက်​သည်
"ချစ်​တာ​ပေါ့ ဟန်​သာက မမသန့်​အတွက်​ အဖြူစင် ဆုံးချစ်​ခဲ့မိတဲ့ ​မောင်​​လေးတ​ယောက်​ဘဲ"
"​မောင်​​လေးတ​ယောက်​"
ဟေမာန်​တီးတိုး​ရေရွတ်​မိသည်
"ဟုတ်​တယ်​ ​မောင်​​လေးတ​ယောက်​"
"မမသန့်​ ကို့ ကို ချစ်​သူတ​ယောက်​အ​နေနဲ့ မမြင်​​ယောင်​မိဘူးလား သံ​ယောဇဉ်​ ပိုလာရင်​ ဖြစ်​သွားနိုင်​တာမျိုးဘဲ​လေ"
"ဟင့်​အင်း ပို​တောင်​မဖြစ်​နိုင်​ဘူး မမသန့်​ ခက်​ခဲပင်​ပန်း​နေချိန်​တိုင်း သူ​ဘေးမှာရှိခဲ့တယ်​ သူခက်​ခဲပင်​ပန်းတိုင်းလည်း မမသန့်​ သူ့အ​နားမှာ ရှိခဲ့တယ်​ မမတို့ အကြိမ်​ကြိမ်​ ​ပွေ့ဖက်​ခဲ့တယ်​ အကြိမ်​ကြိမ်​ လက်​တွဲပြီး လမ်း​လျှောက်​ခဲ့တယ်​ ဒါ​ပေမယ့်​ မမတို့ရဲ့ သံ​ယောဇဉ်​ ကဖြူစင်​ပါတယ်​ မမသန့်​ရင်​ထဲမှာ သိမ်းထားတဲ့ လူတ​ယောက်​ရှိသလို ဟန်​သာ့ရင်​ထဲမှာ လည်း လူတ​ယောက်​ရှိ​တယ်​ နာကျင်​မှု​တွေကို အချင်းချင်း မျှ​ဝေရင်း အမတို့ အနီးစပ်​ဆုံး ဖြစ်​ခဲ့တာ ​အမ ဟန်​သာ့အ​ပေါ်ထားခဲ့တဲ့ အဖြူစင်​ဆုံး သံ​ယောဇဉ်​ ကို ဘယ်​အ​ခြေ​နေမျိုးမှာမှ အ​ရောင်​ဆိုးခံမှာမဟုတ်​ဘူး ဒီတ​လျှောက်​လုံး ဟန်သာ့ အ​ပေါ်ထားခဲ့တဲ့ ​မေတ္တာမှာ ဘာ​မျှော်​လင့်​ချက်​မှ မပါဘူး ညီမ​လေး မမတို့ တ​ယောက်​အ​ပေါ်တ​ယောက်​ထားတဲ့ သံ​ယောဇဉ်​ဟာ သူများ​တွေမြင်​တာထက်​ ပိုနက်​ရှိုင်းပါတယ် ပိုပြီးလည်း ဖြူစင်​ပါတယ်​"
သန့်​ ဟန်​သာ့အ​ပေါ်ထားသည့်​ ​သံ​ယောဇ​​ဉ်​အ​ကြောင်း ပထမဆုံးအ​နေနဲ့ ရှည်​ရှည်​​ဝေး​ဝေးရှင်းပြမိသည်
"မမသန့်​ နဲ့ ကို့ကြားက အ​ကြောင်းကို ​မေးမိတာ ညီမ​တောင်းပန်​ပါတယ်​ ဒါ​ပေမယ့်​ ညီမအ​နေနဲ့ကလည်း ကွဲကွဲပြားပြား သိရမှာ ဖြစ်​မှာမလို့ပါ"
"ညီမ​လေး ဆိုလိုတာက"
"​ညီမ ကို့ နားမှာ​နေပြီး အရာရာကို ရင်​ဆိုင်​ဖို့ ဆုံးဖြတ်​ပြီးပြီ"
"ညီမ​လေးအ​နေနဲ့ ည်ီမ​လေးရဲ့ မိသားစုကို ရင်​ဆိုင်​ဖို့ ညီမ​လေးရဲ့ ပရိတ်​သတ်​​တွေကို ချပြဖို့ အဆင်​သင့်​ ဖြစ်​ပြီလို့ ​ပြောချင်​တာလား"
"ဟုတ်​ကဲ့ ဖြစ်​နိုင်​တာက မိသားစု တခုပါဘဲ အနုပညာ အလုပ်​ကို ဆက်​လုပ်​သင့်​ မလုပ်​သင့်​ဆို တာက​တော့ ပြန်​စဉ်းစားဦးမှာပါ"
"ညီမ​လေး ဒီတ​လျှောက်​လုံး ကြိုးစားခဲ့တာ​တွေကို ဟန်​သာ့အတွက်​နဲ့ ​ကျောခိုင်းပစ်​မလို့လား"
မမသန့်​ စကား​ကြောင့်​ ​ဟေမာန်​ပြုံးမိသည်
"အဲ့ဒီလိုကြီး​ပြော​တော့ ညီမကအရမ်း မြင့်​မြတ်​သွား သလိုဘဲ ဒါ​ပေမယ့်​ အဲ့ဒီလို ဆုံးဖြတ်​ချက်​ချလိုက်​တာက ကို့အတွက်​ဆိုတာထက်​ ညီမအတွက်​ပါ ညီမ အ​နေနဲ့ ကိုယ့်​ကိုယ်​ကို ကယ်​တင်​​နေတာပါ ဒီမွန်းကြပ်​မှု​တွေကြားက ရုန်းထွက်​ပြီး ငြိမ်းချမ်းမှုကို ခံစားချင်​​နေပြီ ညီမရဲ့ဝါသနာနဲ့ စရိုက်​က မကိုက်​​တော့ အမြဲတမ်းညှိယူခဲ့ရတာ ကြိုးစားမှု​ကြောင့်​ အ​ပေါ်​ရောက်​လာလည်း အဲ့ဒါနဲ့ ထပ်​တူတဲ့ ဖိအား​အောက်​မှာ ပြားပြားဝပ်​ ​နေခဲ့ရတယ်​ ရှင်​သန်​ခွင့်​ ရတုန်းမှာ ​အောင်​မြင်​မှုကို ဖက်​တွယ်​ပြီး မွန်းကြပ်​​နေမယ့်​အစား ကို့အနားမှာဘဲ ငြိမ်းငြိမ်းချမ်းချမ်း ​နေရင်း ဘဝကို ​အေး​ဆေး ဖြတ်​သန်း​တော့မယ်​ညီမ​ရော ကို​ရော စိတ်​ဆင်းရဲရမယ့်​ အ​ခြေအ​နေမျိုး​တွေ ထပ်​ပြီး မဖန်​တီးချင်​​တော့ဘူး"
"ညီမ​လေး နဲ့ ဟန်​သာက တ​ယောက်​ကိုတ​ယောက်​ သိပ်​ချစ်​ကြတာဘဲ​နော်​"
"အင်း ဒါ​ပေမယ့်​ ညီမက ကို့အ​ပေါ် အမှား​တွေ လုပ်​ခဲ့မိ​တော့ ညီမ​လေးကို ခွင့်​လွှတ်​နိုင်​ပါဦးမလား​တောင်​ မသိဘူး တချို့အရာ​တွေက ပြန်​ပြင်​လို့မရဘူး​လေ"
"ဟုတ်​ပါတယ်​ ညီမ​ပြောတာ မှန်​ပါတယ်​ ဒါ​ပေမယ့်​ ဟန်​သာက ညီမ​လေးအ​ပေါ် ချစ်​တဲ့စိတ်​က တရက်​မှ ​ပေါ့သွားတာမျိုးမရှိတဲ့ လူတ​ယောက်​မို့ ညီမ​လေး ကြိုးစားရင်​ ရမှာပါ"
"တကယ်​လား ကို က ညီမကိုအဲ့ဒီလိုဘဲ ချစ်​​နေခဲ့တာလား"
မမသန့်​ စကား​ကြောင့်​ ​ဟေမာန်​ ဝမ်းသာအံ့​သြစွာနဲ့ ​မေးမိသည်
"တကယ်​​ပေါ့ သူ မူးတိုင်း မာန်​ကို့ ဘယ်​လိုချစ်​တာက စပြီး ဘယ်​လိုလွမ်းတာမှာ အဆုံးသတ်​တာဘဲ Rottweil ရဲ့ည​တွေမှာ မြက်​ခင်း​ပေါ် ​ကျောခင်း ​ကောင်းကင်​ကြီးကို လက်​ညိုးထိုးပြီး မာန်နဲ့ တမိုး​အောက်​မှာ အတူ​နေရလို့ ဝမ်းသာ​ကြောင်း ခဏခဏ ငိုပြီး ​​ပြောတတ်​တဲ့ သူမျိုးပါ ခဲမှန်​ဖူးတဲ့စာသူငယ်​ ဆို​တော့ ညီမ​လေး အများကြီး ကြိုးစားရလိမ့်​မယ်​ သူတတ်​နိုင်​သ​လောက်​​တော့ တွန်းထုတ်​မှာဘဲ ညီမ​လေးအဲ့ဒီဒဏ်​ကို ကြံ့ကြံ့ခံဖို့ အင်​အား​မွေးထားလိုက်ပါဦး"
"​ကျေးဇူးပါအမ ဒီအ​တောတွင်း ကို့အ​ပေါ် ​ကောင်း​ပေးခဲ့တာ​တွေအတွက်​ အမမဟုတ်​ဘဲ တခြားတ​ယောက်​သာဆိုရင်​ ကို့ အနားမှာပြန်​​နေဖို့ အခွင့်​အ​ရေးရမှာမဟုတ်​ဘူး တကယ်​​ကျေးဇူးတင်​ပါတယ်​ ပြီး​တော့ အမက အိမ်​ဝယ်​ဖို့ထိ ကမ်းလှမ်းခဲ့တဲ့သူဆို​တော့ ညီမကို လွယ်လွယ်​နဲ့ ကို့​ဘေးမှာ ပြန်​​နေခွင့်​​ပေးမယ်​​တောင်​မထင်​ခဲ့ဘူး ညီမကို ငြင်းမယ်​လို့ဘဲထင်​ခဲ့တာ"
"အိမ်​ဝယ်​ဖို့ ကမ်းလှမ်းတာက ညီမ​လေးတို့နှစ်​​ယောက်​ကြားမှာ အကုန်​ရှင်းလင်း သွား​စေချင်​လို့ပါ ဟန်​သာကလည်း ညီမ​လေးကို ချစ်​တယ်​ ခုညီမ​လေးကလည်း ဟန်​သာ့လက်​ကိုတွဲပြီး ​အေးတူပူမျှ ဖြတ်​သန်းမယ်​ဆို​တော့ မမသန့်​ ဘာမှငြင်းစရာ မရှိပါဘူး ​ဘေးအိမ်​က ဖုန်​တက်​​နေတဲ့ Ford ranger ကြီးကိုကြည့်​ရင်း ညီမ​လေး ဟန်​သာ့အ​ပေါ် ချစ်​တာကို ခံစားမိ​နေခဲ့တယ်​ ဘာလို့ ဟန်​သာ့လက်​ကို မတွဲရဲတာလဲဆိုတာကို​တော့ နားမလည်​နိုင်​ခဲ့ဘူး"
"ဟုတ်​ပါတယ်​ ညီမရဲ့ နားမလည်​တတ်​ခဲ့မှု​တွေပါ ဒီလိုဘဲ ပြီးသွားမယ်​ထင်​ခဲ့မိတာ ခု​တော့ အရာရာကို တစ်​ ကပြန်​စရ​တော့မယ်​ ဘာဘဲဖြစ်​ဖြစ်​ အရာအားလုံးအတွက်​ ​ကျေးဇူးတင်​ပါတယ်​အမ"
သ​ဘောထားပြည့်​လွန်း​သော အမကို ​ဟေမာန်​ ထပ်​ကာတလဲလဲ ​ကျေးဇူးတင်​​နေမိသည်​ ကို့ နားကို ပြန်​သွားဖို့ ​မျှော်​လင့်​ချက်​ထားရဲတာ အမရဲ့ ဖြူစင်​မှု​တွေ​ကြောင့်​ပါ တခြားအမျိုးသမီးဆို ဘယ်​ရပါ့မလဲ
"​ကျေးဇူးတင်​ရင်​ အန်​တီနဲ့ ဟန်​သာ့ကို ပိုဂရုစိုက်​​ပေး"
"ဟုတ်​ စိတ်​ချပါ အမ"
"ဒါနဲ့ ညီမ​လေး အမကို​တောင်​ ဧည့်​ခံစရာ ဘာမှမရှိဘူးဆို​တော့ ညီမ​လေး ဘာစားထားတာလဲ"
"အဟီး ဘာမှ မစားရ​သေးဘူး မနက်​က ခြံထဲလိုက်​လာ​တော့ အမနဲ့ ကို ဖက်​​နေတာမြင်​ပြီး တ​နေ့လုံး အသည်းကွဲ​နေတာ"
"ဖြစ်​ရ​လေ အဲ့ဒါဆို အမကို ရန်​​ထောင်​ဖို့လှမ်း​ခေါ် တာ​ပေါ့ အမက အိမ်​​ရောင်းဖို့ထင်​​နေတာ"
"ဟာ အမကလည်း အဲ့ဒီလိုမဟုတ်​ပါဘူး အမ ​ကိုနဲ့ အဆင်​​ပြေ​နေတယ်​ဆိုရင်​ အဲ့ဒီအိမ်​ကို ​ပေးမလို့ပါ"
"Wow တကယ်​ကြီးလား"
"တကယ်​​ကြီး"
"နာတာဘဲ အိမ်​တလုံးရမယ့်​ အခွင့်​အ​ရေး ဆုံးရှူံးသွားပြီ"
ရှူံ့မဲ့ပြီး ​ပြော​နေ​သော မမသန့်​ကိုကြည့်​ရင်း ​ဟေမာန်​ သ​ဘောကျစွာရယ်​လိုက်​သည်
"မမသန့်​လိုချင်​ရင်​ ​ယူလိုက်​​လေ မဟုတ်​လည်း ညီမ​က ဟန်​သာနဲ့ လက်​ထပ်​ပြီးရင်​ ဟန်​သာ့အိမ်​ဘက်​မှာဘဲ​နေဖြစ်​မှာဆို​တော့ အဲ့ဒီအိမ်​က ပိုသွားပြီ"
"အမ​လေး​တော်​ စိတ်​ကူး​တွေယဉ်​​နေလိုက်​တာ ဟန်​သာ့ကိုဘဲ အရင်​ပြန်​​တောင်းပန်​ပါဦး"
"ဟုတ်​တယ်​​နော်​ ကို ကညီမ​ကို လက်​ခံပါဦးမလား မသိဘူး"
မမသန့်​စကား​ကြောင့်​ ​ဟေမာန်​ အား​လျော့စွာ ​ပြောမိသည်
"ကြိုးစား​ပေါ့ ညီမ​လေးရဲ့ ဟန်​သာလည်း ညီမ​​လေးကို သိပ်​ချစ်​တာဘဲ ညီမ​လေး ဇွဲရှိရှိနဲ့ တွယ်​ကပ်​​နေ​ပေါ့ သူလည်း အချိန်​တန်​ရင်​ စိတ်​ပြန်​လည်​လာမှာပါ"
ညိုးသွား​သော ​ဟေမာန့်​မျက်​နှာ​လေးကို ကြည့်​ရင်း စိတ်​မ​ကောင်းသည်​မို့ သန့်​ အား​ပေးလိုက်​သည်
"ကဲ အဲ့ဒါအသာထား ညီမ​လေး ဘာမှမစားရ​သေးဘူးမလား မမသန့်​လည်း ဗိုက်​ဆာ​နေပြီ တို့ညီမတ​တွေ တခုခုစားရ​အောင်​"
သန့်​ တကယ်​ဆာ​နေပါပြီ
"အမ ဘာစားမလဲ ညီမဝယ်​​ကျွေးမယ်​"
"အင်း ​ဒီ​နေ့​ပျော်​​နေတာဆို​တော့ ​သောက်​ရ​အောင်​​လေ ညီမ​လေး ​သောက်​တတ်​လား"
(တကယ်​​တော့ သန့်​ဟာ အ​သောက်​တလိုင်းပါ)
"အဟီး အသည်းကွဲပြီးတဲ့​နောက်​ ​သောက်​တတ်​သွားတယ်​"
"တူတူဘဲလာ သွားပြီး ဝယ်​ခြမ်းမယ်​ ပြီးရင်​ အိမ်​မှာ လွတ်​လွတ်​လပ်​လပ်​ ​သောက်​မယ်​"
"အရမ်း​ကောင်းတဲ့အကြံဘဲ လစ်​မယ်​"
နှစ်​​ယောက်​သား ကား​ပေါ်တက်​ကာ ​ဈေးဝယ်​ထွက်​ကြသည်
"ညီမ​လေး အမြည်း​တွေ အဆင်​သင့်​လုပ်​ထားလိုက်​ ​ရေခဲက ​ရေခဲ​သေတ္တာထဲ ထည့်​ခဲ့ပြီ မမသန့်​ ဟန်​သာ့ဆီ ဖုန်းဆက်​ပြီး လာခဲ့မယ်​"
သန့်​လည်း မီးဖို​ချောင်​ထဲက ​ဟေမာန့်​ကို လှမ်း​အော်​ရင်း အိမ်​​ရှေ့ထွက်​ခဲ့သည်
"ဟန်​သာလား မမသန့်​ ဒီ​နေ့မမသန့်​ညီမ အိမ်​မှာဘဲ အိပ်​​တော့မလို့ အဲ့ဒါလှမ်း​ပြောတာ စိတ်​ပူမ​နေနဲ့"
"အင်းပါ ​သောက်​ဦးမှာမလား အများကြီး​သောက်​မ​နေနဲ့ မနက်​ဖြန်​ ပြန်​ရဦးမှာနဲ့"
"shut up ဟန်​သာ ငါကနင့်​ထက်​အကြီး ဆရာမလုပ်​နဲ့ ဒါဘဲ"
ဟန်​သာရယ်​ရင်း ဖုန်းချလိုက်​သည်​ မမသန့်​ဆိုသည်​မှာ ​သောက်​စရာအ​ကြောင်းပြချက်​​တွေ အမြဲရှိ​နေ​သောသူ နှလုံးသားကို အရက်​စိမ်​တာဆိုတာ မမသန့်​မှစစ်​တာ
"ညီမ​လေး ဒီ​လောက်​ဆိုရပြီ အရက်​​သောက်​မှာဘဲ ဟာအမြည်းစားမှာမှမဟုတ်​တာ ​တော်​​တော့"
တအားချက်​ပြုတ်​​နေသည့်​ ​ဟေမာန့်​ကို သန့်​မနည်း တားရသည်
"Cheer"
သူမတို့ ခွက်​ချင်းတိုက်​ရင်း သူမတို့ရဲ့ အ​သောက်​ပွဲ​လေး စလိုက်​ကြသည်​ ၃ခွက်​​ကျော်​​တော့ ​ဟေမာန်​ တအားမူး​နေပါပြီ တ​နေကုန်​လည်း ဘာမှမစားရ အရင်​က ဝိုင်​​သောက်​ပြီး မူး​နေကြမို့ အရက်​ဒဏ်​ မခံနိုင်​ရှာ
"မမသန့်​လို့​ခေါ်လို့ရတယ်​မလား"
"ရတယ်​ ညီမ​လေး အဆင်​​ပြေသလို​ခေါ်"
ဟေမာန့်​မှာ ​ရေချိန်​ကိုက်​ပြီး စကားကိုမနည်းပီ​အောင်​ ​ပြော​နေ​သော်​လည်း သန့်​တို့က ​အေး​ဆေး
"မမသန့်​ ​မောင်​​လေးက မ​ကောင်းဘူး ​ဟေမာန်​ ဆက်​သွယ်​မှာစိုးပြီး ဖုန်းနံပါတ်​​​တောင်​ ​ပြောင်းပစ်​တယ်​"
"အံမယ်​ ဟန်​သာ ဖုန်းအကြိမ်​ကြိမ်​​ခေါ်တုန်းက မကိုင်​ခဲ့တဲ့သူက ​ပြောရှာ​လေ​တယ်​ ဟန်​သာက ​ဟေမာန့်​ကို သိပ်​ချစ်​ရှာတာ သူ့မှာ​မေ့ဖို့ကြိုးစားရင်းက ချစ်​​နေ​တော့ အဲ့ဒီသံသရာထဲမှာနစ်​​နေတာ"
"မမသန့်​​ပြောရင်​​တော့ အဟုတ်​"
"အတည်​​ပြောတာ ​ဟေမာန်​ရဲ့ Hah ရဲ့နာမည်​ကို ကြည့်​ပါလား Hay က H ရယ်​ Marn က a ရယ်​ Hnin က h ရယ်​ယူပြီး မှည့်​ထားတာ"
မမသန့်​စကား​ကြောင့်​ ​ဟေမာန်​ အမူးပင်​​ပြေသွား ရသည်​ Hah နာမည်​ကို အကြိမ်​များစွာ ​ခေါ်ခဲ့​သော်​လည်း ကို အဲ့ဒီလို ရည်​ရွယ်​ပြီး ​ပေးထားလိမ့်​မည်​ဟု ​အိပ်​မက်​​တောင်​မမက်​ဖူးပါ
ဟေမာန်​ မမသန့်​ကို ဖက်​ပြီးငိုချလိုက်​သည်​ ကို ရယ်​ သိပ်​ချစ်​တတ်​ခဲ့တာဘဲ ခုချိန်​မှာကို့ရဲ့​ရှေ့ ဒူး​ထောက်​ပြီး ​ခြေသလုံးဖက်​​တောင်းပန်​ရ ​တောင်းပန်​ရ ကို့ နားမှာပြန်​​နေခွင့်​​လေးရရင်​ ​မာန်​ ​ကျေနပ်​ပြီ
"မမသန့်​ကို ကို ​ပြောပြတာလား"
"မဟုတ်​ပါဘူး သူ့စာအုပ်​ထဲမှာ ​ဟေမာန့်​နာမည်​ကစာလုံး​လေး​တွေကို မင်​နီတားထာတာ​တွေ့လို့ ​ပေါင်းကြည့်​​တော့ Hah ဖြစ်​​နေတာ ​ဟေမာန်​ အများကြီး ကြိုးစားရမှာ​နော်​ ဟန်​သာက Hah ကို​တောင်​ သူကိုယ်​တိုင်​ ​ဟေမာန့်​ဆီက လာမကြိုတဲ့ အထိ ​ဟေမာန်​နဲ့ ထပ်​မပက်​သက်​ဖို့ ဆုံးဖြတ်​ထားတာ"
"အင်းပါ မမသန့်​ရယ်​ ​ဟေမာန်​က သူ့အ​ပေါ်မှာ မတရားလုပ်​ခဲ့တာကိုး ခုချိန်​မှာ အစွမ်းကုန်​ ပြန်​​ပေးဆပ်​မှာမို့ မမသန့်​ စိတ်​ချပါ"
"​ဟေမာန့်​တို့ပြဿနာ ​ဟေမာန်​တို့်​ကိုယ်​တိုင်​ ညှိယူ​ပေါ့ မမသန့်​ မနက်​ဖြန်​ မန္တ​လေး ပြန်​ရ​တော့မှာ အလုပ်​က ခွင့်​ရက်​​စေ့ပြီ​လေ"
"အင်းပါ မမသန့်​ရဲ့ မမသန့်​က အရမ်းချစ်​ဖို့​ကောင်းတာဘဲ အဲ့ဒါ​ကြောင့်​ ကို က မမသန့်​ကို တအားခင်​တွယ်​တာဖြစ်​မယ်​"
"အမ​လေး လာမ​မြှောက်​နဲ့ ကျွန်​မက ကြားသုံးကြား မဝင်​ဘူး ကိုယ့်​ကိစ္စကိုယ်​ရှင်း "
"အံမယ်​ ​ဟေမာန်​က အတည်​​ပြောတာပါ​နော်​ ကို့ ကို​ဟေမာန်​က ရ​အောင်​ပြန်​ဆွဲ​ဆောင်​မှာမို့ မင်္ဂလာပွဲ ဝတ်​မယ့်​အဝတ်​သာ ချူပ်​ထားလိုက်​​တော့"
"​အေးပါ ​အေးပါ ​စောင့်​ကြည့်​ပါဦးမယ်​"
ပြောင်​​ချော်​​ချော်​ လုပ်​​နေ​သော မမသန့်​မျက်​နှာကို ကြည့်​ရင်း ​ဟေမာန်​ရယ်​လိုက်​သည်
ကိုနဲ့​ဝေးပြီး စိတ်​လွတ်​လက်​လွတ်​ ရယ်​​မောရတာ ခုပထမဆုံးအကြိမ်​ပါ အရက်​ကခါး​နေတာ​တောင်​ ရယ်​​မောခြင်း​တွေက ချိုမြိန်​​စေတယ်
ကို မာန်​က​တော့ ယုံကြည်​ချက်​အပြည့်​ရှိတယ်​ ကို မာန့်​​ပေါ်ထားတဲ့ အချစ်​ မာန်​ ကို့အ​ပေါ်ထားတဲ့အချစ်​​တွေ ပြီး​တော့ မာန်​တို့နှစ်​​ယောက်​ကြားက သံ​ယောဇဉ်​ ကို မာန်​ ယုံတယ်​ အရာရာကို ​ကျောခိုင်းပြီး ကို့ရင်​ခွင်​ထဲလာခဲ့မှာမို့ မာန့်​ကို အရင်​လို ​နွေး​နွေး​ထွေး​ထွေး ​ပွေ့ဖက်​​ပေးပါဦး ကို

ငြိမ်းချမ်းရာ Where stories live. Discover now