ငြိမ်းချမ်းရာ - ၆

1.7K 97 0
                                    

ဟေမာန်​ driver seat မှ passenger seat သို့ ​လေအလျင်​ပမာ ရုတ်​ခြည်း​ရောက်​ရှိလာ​သော အသစ်​စက်​စက်​ ချစ်​သူကိုကို၏ ရင်​ခွင်​၌ မျက်​နှာအပ်​ရင်း အရှက်​သည်း​နေမိသည်
"မာန်​ သိလား ကိုယ့်​ခြံ​ရှေ့မှာ ငုတ်​တုတ်​​မေ့​နေတဲ့ ဖြူဖြူ​သေး​သေး​လေးဟာ ရုပ်​ရှင်​မင်းသမီး ​ဟေမာန်​နှင်း ဆိုတာ​တောင်​ မသိ​သေးဘဲနဲ့ကို အူယားပြီး ရင်​ခုန်​ခဲ့တာ မာန်​ jame တို့ကို​ကြောက်​လို့ ကိုယ့်​​ပေါ်ခုန်​တတ်​ခဲ့တုန်းက ကိုယ့်​မှာ ​သေမလိုကို ရင်​ခုန်​ခဲ့တာ"
"​ဟေမာန်​က​တော့ အဲ့ဒီလိုကြီး ​သေချာမသိခဲ့ဘူး  ဟန်​သာ ​ဟေမာန့်​အ​ပေါ်. အရိုးသားဆုံးဆက်​ဆံ​ပေးတာမျိုးကို သ​ဘောကျတယ်​ ​ချောင်း​ဘေးမှာ ဟန်​သာ ထားခဲ့တုန်းက ​ဟေမာန်​ အရာအားလုံး ဆုံးရှူံး လိုက်​ရသလိုဘဲ အရမ်းကိုဝမ်းနည်းခဲ့ရတာ"
ပြောရင်းပင်​ အသံတိမ်​ဝင်​သွား​သော ကိုယ့်​က​လေး​လေးအား တင်းကြပ်​စွာ ​ပွေ့ဖက်​ထားလိုက်​သည်
"တီ တီ တီ"
နောက်​ကားများ ဟွန်းတီးသံကြားမှ ကားလမ်းပွင့်​မှန်းသိ​တော့သည်​ ဟန်​သာ ကားကို တလိမ့်​ချင်း​မောင်း​နေရင်း ချစ်​ရသူမျက်​နှာ​လေး အား​ခဏခဏ ​ငေးကြည့်​မိရပြန်​သည်
"ဟန်​သာ ​ရှေ့ကြည့်​​မောင်း​နော်​ တလှိမ့်​ချင်း လှိမ့်​​နေရပါတယ်​ဆို လှည့်​ကြည့်​ လှည့်​ကြည့်​နဲ့ ​ဟေမာန်​ ခုမှ ရည်းစားထားဖူးတာ မ​သေချင်​​သေးဘူး"
ရုပ်​တည်​ကြီးနဲ့ ​ရှေ့တည့်​တည့်​ကြည့်​ကာ ​ပြော​နေ​သော မာန့်​ပုံ​လေးမှာ သိပ်​ကိုချစ်​စရာ ​ကောင်း​နေပါသည်
"မဖြစ်​​စေရဘူး စိတ်​ချ ကိုယ်​တို့ ​ရှေ့​လျှောက်​ လုပ်​စရာ​တွေ အများကြီး ရှိ​သေးတာကို"
"ဘာ​ပြောတယ်​ ဘာ​ပြောတယ်​ ရှင်​ကြီး ဘာစကား​ပြောတာလဲ ခုမှရည်းစား ဖြစ်​တာ၂၄ နာရ်ီ​တောင်​ မပြည့်​​သေးဘူး ဘာ​တွေစဉ်းစား​နေတာလဲ"
"မာန်​ကလည်း ဘာ​တွေ​လျှောက်​​တွေး​နေတာလဲ ကိုယ်​​ပြောချင်​တာက ကိုယ်​နဲ့ မာန်​ date ရမယ်​ ရုပ်​ရှင်​တူတူကြည့်​မယ်​ အဲ့ဒါ​​တွေ​ပြောတာ သူ သန်​ရာသန်​ရာ ​တွေး​နေတယ်​"
"ဘာ​ပြောတယ်​ "
"အား မာန်​ မာန်​ နာတယ်​ "
ရှူံ့တွပြ​နေ​သော ဟန်​သာ့ မျက်​နှာကိုကြည့်​ရင်း သူမ ရယ်​​မောကာ ဟန်​သာ့ဗိုက်​​ခေါက်​ဆွဲထားရာမှ လွှတ်​​ပေးလိုက်​သည်​ တကယ်​ဆို သူမဖွဖွ​လေး ဆွဲတာပါ ဒါကို သူမလူကြီးက ဘယ်​လို​တောင်​ မိုင်​​တွေပိုပြ​နေတာလား
"ဟန်​သာ​နော်​ ​​ဟေမာန်​ ဖွဖွ​လေး ဆွဲတာကို ဟွန့်​"
"ပြွတ်​"
"ဘာလုပ်​တာလဲ"
"နမ်းတာ​လေ မာန့်​ ရဲ့ ဟွန့်​ဆိုတာ​လေးက အရမ်း​တွေချစ်​ဖို့​ကောင်း​နေ​တော့ နမ်းချင်​စိတ်​​တွေ ထိန်းမရ​တော့ဘူး"
"ဟန်​သာ ​ဟေမာန်​တို့ ဘယ်​ချိန်​​လောက်​ မြို့ထဲပြန်​​ရောက်​မလဲ"
"အင်းးး မြို့​ရှောင်​လမ်း ဆို​တော့ ကိုယ်​တို့ အနီးစခန်း နှီးဘုရားဘက်​ ​ရောက်​သွားမှာ ဒီနှုန်းနဲ့ဆို ​တော်​​တော်​ကြာမယ်​ ဒါ​ပေမယ့်​ ​ရှေ့မှာလမ်းခွဲရှိ​တော့ လမ်းမပိတ်​နိုင်​​တော့ဘူး ​နောက်​၁နာရီဆို​ရောက်​​လောက်​မယ်​ ဘာလို့လဲ"
"အဲ့ဒါဆို ​ဟေမာန်​တို့ မနက်​၂နာရီ​လောက်​မှ မြို့ထဲ​ရောက်​မှာ​ပေါ့"
"အင်း​ပေါ့"
"​ဟေမာန်​က ဘယ်​နားမှာ သွားအိပ်​ရမှာတုန်း အဲ့ဒီချိန်​ကြီး hotel ပြန်​ရင်​လည်း နာမည်​ကြီး ဦးမယ်​"
"ကိုယ့်​အိ​မ်​မှာ အိပ်​လိုက်​​လေ ပြီးမှ မနက်​​စော​စော ပြန်​​ပေါ့ ကိုယ်​လိုက်​ပို့​ပေးမယ်​​လေ"
"ဟန်​သာ အဆင်​​ပြေသလို လုပ်​​လေ ဟန်​သာ့ အ​မေနဲ့ အဆင်​​ပြေပါ့မလား ​ဟေမာန်​နဲ့က မ​တွေ့ဖူးဘူး မလား"
"အ​မေက သ​ဘော​ကောင်းပါတယ်​ အ​မေ့​ချွေးမ​လေး ​ခေါ်လာတယ်​လို့ ​ပြော​လိုက်​မယ်​​လေ"
"ဟန်​သာ က ​ဟေမာန့်​ကို အတည်​ယူမှာမလို့လား"
"နက်​ဖြန်​ မင်္ဂလာ​ဆောင်​မှာလား ​ပြော"
"စတာပါ ဟန်​သာရယ်​ ​အဖြစ်​အပျက်​​တွေက အရမ်းမြန်​ဆန်​လွန်း​နေတယ်​လို့ ​ဟေမာန်​ထင်​​တယ်​ ​တွေ့တာမကြာ​သေးတဲ့ အချိန်​​လေးမှာ ခုလိုတွဲဖြစ်​သွားတာ မှန်​နိုင်​ပါ့မလား"
"မာန့်​ သံသယ​တွေ​ပျောက်​​အောင်​ ကိုယ်​ကြိုးစားပါ့မယ်​ ဘာဘဲဖြစ်​ဖြစ်​ မှားတယ်​လို့​တော့ မ​တွေးမိပါ​စေနဲ့ မာန်​ ကိုယ်​တို့ တ​ယောက်​လိုအပ်​ချက်​တ​ယောက်​ ဖြည့်​ဆည်း​ပေးရင်း နားလည်​မှုရှိရှိနဲ့ ​ရှေ့ဆက်​​ရ​အောင်​"
လပြည့်​​နေ့ည၏ မှိန်​ပြပြအလင်း​ရောင်​​အောက်​မှာ ကား​မောင်း​ရင်းက ယုံကြည်​မှုရှိရှိ ​ပြော​နေ​သော ဟန်​သာ့၏ တည်​တည်​ငြိမ်​ငြိမ်​ မျက်​နှာအမူအရာ​အောက်​မှာ သူမ၏ သံသယများ ​​လွင့်ပါးသွားရပါသည်
ဂီယာ​ပေါ်တင်​ထား​သော ကိုယ့်​လက်​ကို လာအုပ်​ကိုင်​လာ​သော မာန့်​ရဲ့လက်​က​လေးကို ပြုံးကြည့်​ရင်း ကို​ယ်​ဆုံးဖြတ်​ချက်​ချမိတာက မာန်​ မထင်​ထား​လောက်​တဲ့အတိုင်းအတာထိ ကိုယ်​ မာန့်​အ​ပေါ် အရာရာ ​ပေးဆပ်​သွားမှာပါလို့
"စိမ်းလဲ့ တံခါးဖွင့်​​ပေးဦး"
"nae"
အိမ်​​ရှေ့​ရောက်​​တော့ စိမ်းလဲ့ကို ဖုန်းဆက်​ပြီး တံခါးဖွင့်​ခိုင်းရသည်​ တ​ရေးနိုး​တောင်​ ကိုရီးယား စကား​ပြောနိုင်​သည့်​ ​သောက်​ကျိုးနည်း ကိုရီးယားရူးပါ
"မာန်​ ကိုယ့်​အခန်းထဲ အိပ်​လိုက်​ ကိုယ်​ အ​မေ့နားသွားအိပ်​လိုက်​မယ်​"
"ဟန်​သာ အဆင်​​ပြေလို့လား"
"မာန်​ရယ်​ ကိုယ့်​အိမ်​ဘဲဟာ အဆင်​​ပြေစရာ ဘာမှ မရှိဘူး စိတ်​ချလက်​ချအိပ်​ မနက်​ ၅ခွဲ​လောက်​ အ​မေ ထတာနဲ့ ကိုယ်​ လာနှိုးမယ်​​နော်​ "
"ရတယ်​ ဟန်​သာ မနက်​ဖြန်​ ရှူတင်​က ၁၀နာရီမှဆို​တော့ ၇ခွဲ ၈နာရီမှ ပြန်​မယ်​​လေ"
"အွန်း မာန်​ အဆင်​​ပြေသလိုလုပ်​ပါ ကိုယ့်​အခန်းထဲ လိုက်​ပို့​ပေးမယ်​ ​ခြေလက်​​ဆေးပြီး အိပ်​​တော့"
ဟန်​သာ့အခန်း​လေးက အရမ်းမကျယ်​​သော်​လည်း သူ့​နေရာနှင့်​သူ သပ်​သပ်​ရပ်​ရပ်​ နှင့်​ ​​နေချင်စဖွယ်​ပါ နံရံကပ်​စာကြည့်​စင်​​ပေါ်မှာလည်း စာအုပ်​အပြည့်​ အဲ့ဒီ လွှမ်းမိုးမှု​တွေ​ကြောင့်​ ဟန်​သာ့ပုံစံက တည်​တည်​ငြိမ်​ငြိမ်​နှင့်​ အားမာန်​အပြည့်​ရှိ​​နေသည့်​ပုံ ​ပေါက်​​နေသည်​ထင်​၏ သူမ​ခြေလက်​​ဆေးပြီး အဝတ်​လဲဖို့ ဗီရိုဖွင့်​​တော့ အားကစား​ဘောင်းဘီရှည်​နှင်​ စပို့ရှပ်​အဖြူ ​တော်​​တော်​များများ ​နေရာယူထားသည် ဒါ​တွေဘဲ ဝတ်​ဖို့ ကန်​ထရိုက်​ယူထားပုံ သူမလည်း တစုံယူဝတ်​ပြီး အိပ်​ရာ​ပေါ်လှဲကာ ​စောင်​ခြုံလိုက်​သည်​ ချစ်​သူ​၏ ကိုယ်​သင်းနံ့ လွှမ်းခြုံထား​သော အိပ်​ရာမို့လားမသိ ခဏတွင်းချင်းပင်​ သူမ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​သွားခဲ့သည်
"ဟန်​သာငြိမ်း ဘာကိစ္စ ကိုယ့်​အခန်းထဲကိုယ်​ မအိပ်​ဘဲ ဆိုဖာ​ပေါ် ​ အိပ်​​နေတာလဲ ​စောင်​ကလည်း တထည်​တည်း မ​အေးဘူးလား ဟမ်​"
"ခဏ​လေးပါ အ​မေရာ အိပ်​ချင်​လို့ ပြီးမှ​မေး​တော့ "
အပြင်​မှ ဆူညံဆူညံ အသံ​ကြောင့်​ သူမနှိုးလာခဲ့သည်​ နာရီကြည့်​လိုက်​​တော့ ၅နာရီခွဲ သူမ ၄နာရီ​လောက်​သာ အိပ်​လိုက်​ရ​သော်​လည်း ကြည်​ကြည်​လင်​လင်​ပင်​ မျက်​နှာသစ်​ပြီး ဧည့်​ခန်းထဲထွက်​လာ​တော့ ဆိုဖာ​ပေါ်​ကွေး​နေသည့်​ချစ်​သူကို ​တွေ့လိုက်​ရသည်
"ဟန်​သာ ထ ထ အခန်းထဲသွားရ​အောင်​"
သူမနှိုးလိုက်​​တော့ ဟန်​သာ အိပ်​ချင်​မူးတူးနဲ့ ထပြီး အခန်းထဲဝင်​သွားသည်​ အခန်းထဲဝင်​ကြည့်​​တော့ ပြန်​​တောင်​အိပ်​​ပျော်​​နေသည့် ချစ်​သူကိုကြည့်​ရင်း အူယားစွာ နဖူးနမ်း​လိုက်​သည်
"ခစ်​ ခစ်​"
သူမသ​ဘောကျစွာ ရယ်​​မောလိုက်​သည်​ သူမ နမ်း​တော့ ကိုယ်​​တော်​က အိပ်​​နေရင်းက ပြုံးလိုက်​သည်​​လေ အပြင်​ထွက်​လာ​တော့ ဟန်​သာ့အ​မေဟု ထင်​ရ​သော အန်​တီကြီးပင်​ ဘုရားခန်းမှ ဘုရားရှိခိုး၍ ထွက်​လာဟန်​တူသည်
"အန်​တီ မင်္ဂလာပါ ရှင့်​"
"​အေး ​အေး သမီးက ဘယ်​သူလဲကွယ့်​"
ဒေါ်ငြိမ်းငြိမ်းရီ ​ကြောင်​အမ်းအမ်သာ နှုတ်​ဆတ်​လိုက်​ရသည်​ အိမ်​ထဲမနက်​​စော​စော ​ရောက်​​နေ​သော က​လေးမကား ဘယ်​သူမှန်းမသိ ဟန်​သာငြိမ်းလက်​ရာ ဖြစ်​နိုင်​သည်​ ထူးထူးဆန်းဆန်း အိမ်​ကို သူငယ်​ချင်းအလည်​မ​ခေါ်တတ်​​တဲ့လူက
"သမီး နာမည်​က ​ဟေမာန်​နှင်းပါရှင့်​"
ဘယ်​လိုပါလိမ့်​ သူမကိုယ်​သူမ အား​တောင်​ငယ်​သွားသည်​ ရုပ်​ရှင်​မင်းသမီးအဖြစ်​ သူမကိုယ်​သူမ ​အောင်​မြင်​တယ်​ထင်​ထားသမျှ သွား​ရော
"​အန်​တီကလည်း အဲ့ဒါ စိမ်းလဲ့​ပြောတဲ့ ဟို​နေ့က အိမ်​ကိုလာသွားတဲ့ ရုပ်​ရှင်​မင်းသမီး ​ဟေမာန်​နှင်းဆိုတာ​လေ"
စိမ်းလဲ့ဝင်​ရှင်းမှ အဆင်​​ပြေသွားသည်
"မ​ဟေမာန်​​ရေ အန်​တီက အဲ့ဒီလိုဘဲ မြန်​မာကားဆို ဘာမှ မသိဘူး ကိုရီးယား ဇာတ်​လမ်းတွဲ​တွေဘဲကည့်​​တော့ အရင်​က မင်းသား မင်းသမီး ​တွေဘဲသိတာ"
ငိ ဘယ်​လို​တောင်​ အား​ပေးတာလား
"သမီး ခဏ​ထိုင်​​နေ​လေ အန်​တီ မနက်​စာအတွက်​ သွားလုပ်​လိုက်​မယ်​ "
"ရတယ်​အန်​တီ သမီးလည်း လုပ်​ကူမယ်​​လေ သမီး လည်း နည်းနည်းပါးပါး ရတယ်​"
"အဲ့ဒါဆို အန်​တီ့ကို မမ ဘဲကူလိုက်​​တော့ စိမ်း အိမ်​​သန့်​ရှင်း​ရေးဘဲ လုပ်​လိုက်​​တော့မယ်​"
ဟန်​သာငြိမ်း မျက်​နှာသစ်​ပြီး ထမင်းစားခန်းဖက်​ ကူးလာ​တော့ မီးဖိုချာင်​ဘက်​မှာ ထမင်းဟင်း အတူချက်​​နေသည့်​ အ​မေနှင့်​ ချစ်​သူ​လေး ကို​တွေ့​တော့ အတိုင်းမသိ ဝမ်းသာရသည်​ ဘယ်​​လောက်​​တောင်​ ကြည်​နူးဖို့​ကောင်းတာလဲ
"ဟန်​သာ နိုးပြီလား လာ မနက်​စာစားကြစို့ အ​မေတို့​တောင်​ ထမင်းဟင်းကျတ်​ပြီ ဧည့်​သည်​​ခေါ်လာပြီး အရမ်း​တွေအိပ်​​နေတာ"
"မ​နေ့ညက လူတိုးရ ကားတိုးရနဲ့ ပင်​ပန်းတယ်​"
"ဟန်​သာ ညက အန်​တီ့ အခန်းထဲသွားအိပ်​မယ်​ဆိုပြီး ဧည့်​ခန်းထဲမှာ ဘာလို့အိပ်​​နေတာ"
"လူကြီး​တွေက အဲ့ဒီအချိန်​ဘဲ ​ကောင်း​ကောင်းအိပ်​​ပျော်​တာ​လေ ကိုယ်​ဝင်​သွားရင်​ အ​မေအိပ်​​ရေးပျက်​မစိုးလို့"
ဒေါ်ငြိမ်းငြိမ်းရီ ပြုံးမိသည်​ အ​မေ့ကို အရိပ်​တကြည့်​ကြည့်​နဲ့ တကယ်​သိတတ်​သည့်​က​လေးပါ ငယ်​ငယ်​ကတည်းက ​ယောက်ျား​လေးစိတ်​​ပေါက်​​နေတာကလွဲရင်​ သူ့ဘာသာသူ ​အေး​ဆေး​နေတတ်​သည်
"သမီး ဘယ်​ချိန်​ပြန်​မလဲ"
"ခဏ​နေ ပြန်​မယ်​​လေ အန်​တီ သမီး ၁၀နာရီ ​လောက်​ ရိုက်​ကွင်းရှိ​တော့ "
"အဲ့ဒါဆို အန်​တီ ဆိုင်​သွားဖွင့်​ရင်​ တခါတည်းလိုက်​ခဲ့ ​လေ "
"ဟုတ်​ အန်​တီ"
"အ​မေပင်​ပန်း​နေပါမယ်​ ကျွန်​​တော်​လိုက်​ပို့လိုက်​မယ်​ "
"ဘာမှ ပင်​ပန်းစရာမရှိပါဘူး ကားနဲ့ဘဲဟာ ဒီနား ဒီနား​လေးကို"
"အန်​တီနဲ လမ်းကြုံကပ်​စီးလိုက်​​တော့မယ်​ ဟန်​သာ လိုက်​မပို့နဲ့​တော့"
ဟေမာန်​ ပန်းကန်​​ဆေးပြီး အဝတ်​လဲဖို့ အခန်းထဲလာ​တော့ ခုတင်​​ပေါ်မှာ မှုန်​ကုပ်​​နေသည့်​ မိမိချစ်​သူကို ​တွေ့လိုက်​ရသည်
"ဟန်​သာကလည်း ​ဟေမာန်​က ​အန်​တီနဲ့ ရင်းနှီးချင်​လို့ပါ သ​ဘောထားကြီးတဲ့ ​ဟေမာန့်​ချစ်​သူ​လေးကဘဲ နားလည်​​ပေးပါ​နော်​"
"အွန်း"
"ပြုံးလိုက်​ပါဦး ပြုံးလိုက်​ပါဦး"
ဟန်​သာ ကြည်​နူးစွာ ပြုံးလိုက်​သည်​ သူမကို လိုက်​ပို့ချင်​​သော်​လည်း ကိုယ့်​အ​မေနှင့်ရင်းနှီးတာ မ​ကောင်းတဲ့ကိစ္စမှ မဟုတ်
"ဟန်​သာ ထွက်​ဦး မာန်​ အဝတ်​လဲဦးမယ်​"
အခန်းထဲက ထွက်​လာရင်း Rain တို့ကို အစာ​ကျွေးဖို့ပြင်​ရသည်​ ​ကျေးဇူးရှင်​​လေး​တွေ
"ဟန်​သာ ကားကို ခြံ​ရှေ့ထုတ်​ထား Rain တို့ကို အပြင်​မထုတ်​နဲ့ဦး Jame က ရ​ပေမယ့်​ Rain က လူစိမ်းဆိုမရဘူး ​သမီး​လေး လန့်​​နေမယ်​"
"ဟုတ်​ ​အ​မေ"
သမီး​လေးတဲ့ ငှဲ ငှဲ ငှဲ
"ဟန်​သာ ခြံထဲသွားမ​နေနဲ့​တော့ ဒီ​နေ့ နားလိုက်​ဦး ​နေ့လည်​ပိုင်း ဆိုင်​ဘက်​ခဏလာခဲ့ အ​မေ အပြင်​သွားစရာရှိတယ်​ ​ပြော​နေရင်​ မျက်​လုံးက အ​မေ့ကိုကြည့်​ ဘယ်​ကိုကြည့်​​နေတာတုန်း"
"ဟာ အ​မေကလည်း ကြားပါတယ်​"
"ကြားရင်​ပြီး​ရော"
ယောက္ခမကြီး၏ ဒဲ့စကား​ကြောင့်​ သူမပင်​မျက်​နှာပူသွားသည်​ ဟန်​သာကလည်း သူ့အ​မေ​ရှေ့ကို ကိုယ့်​ကိုယ်​ အားပါး​တရစိုက်​​ကြည့်​​နေ​တော့ အ​ပြောခံရ​ရော
"သမီး အားရင်​ လာလည်​​နော်​ အားမနာနဲ့ ဟန်​သာက အ​ပေါင်းအသင်း တအားရှားတာ လူ​ရွေးတာ​လေ ငယ်​ငယ်​ကတည်းက"
"ဟုတ်​ကဲ့ပါ အန်​တီ ​ကျေးဇူးပါ သမီးလည်း အ​ဖော်​မရှိဘူးရယ်​"
စိတ်​ချမ်းသာရပါသည်​ ခုလို ​အေး​အေး​ဆေး​ဆေး မိသားစုနဲ့ ဆုံဆည်းရတာ သူမကို မသိ​သော korea ကား crazy ​ယောက္ခမ ကြီးနှင့်​​တွေ့ရလို့လည်း ​ကျေနပ်​ရပါသည်​ အဲ့ဒီ​တော့ ​သူ​ရောကိုယ်​​ရော ​အေး​ဆေးဘဲ ဘာမှရှိန်​​နေစရာမရှိ


ငြိမ်းချမ်းရာ Unde poveștirile trăiesc. Descoperă acum