အံ့သြနေသော မျက်လုံးများနှင့် ကွင်းအနှံ ဝေ့ကြည့်နေသော ဟေမာန်နှင်း ကိုကြည့်ကာ မာမီချစ်ဝမ်းသာမိသည် ဘဝတူ LGBT တွေအများကြီး တနေရာတည်းမှာ စုနေကြသည် ဟုတ်ပါတယ် သူတို့၃ယောက် &proud ပွဲတခုမှာ ရောက်နေခြင်းဖြစ်သည်
ဟေမာန်နှင်း တကယ်အံအားသင့်မိသည် သူတို့နိုင်ငံမှာ ဒီလိုပွဲမျိုး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပါ ချိတ်ထားသော ပုံတွေ သူတို့ဘယ်လို ရင်ဆိုင်ခဲ့ရပုံတွေကို ပြောပြနေတဲ့ lesbian တွေ gayတွေ transgender တွေရဲ့စကားတွေ နားထောင်ရင်း သူတို့မျက်နှာက ကျေနပ်ရိပ်တွေကို ပျော်ရွှင်မှုတွေကို မြင်ရသည် သူမကရော ကို တယောက်ကို ချစ်မိတာကလွဲပြီး ဘာမှမသိ lesbian လို့ပြောရအောင်အထိလည်း မသေချာပါ
"ဟေမာန် ပြန်ကြစို့လေ"
မာမီချစ်ကို သူမခေါင်းညိတ်ပြပြီး ပြန်ခဲ့ကြသည်
"မာမီချစ်ရော သဇင်ရော ခြံထဲမှာ ခဏထိုင်ဦး"
ဟေမာန် ပြောပြောဆိုဆိုနဲ့ ရှေ့က ဦးဆောင်ကာ ခေါ်ခဲ့သည်
"ဟေမာန် ကိုနဲ့ ဖြစ်ခဲ့တာကို မာမီချစ်တို့ သိနေတာလား"
သူမ မေးလိုက်တော့ ရှေ့က၂ယောက်က တယောက်မျက်နှာတယောက်ကြည့်နေကြသည် ဒါဆို သိနေတဲ့သဘောပေါ့
"မာမီချစ်နဲ့ သဇင်နဲ့ ခုနောက်ပိုင်း ဟေမာန့်ရှေ့မှာ LGBT အတွဲတွေအကြောင်းပြောကြတယ် LGBT နဲ့ပက်သက်တဲ့အကြောင်းအရာတွေ ဆွေးနွေးကြတယ် အဲ့ဒါတွေက ဟေမာန့် အတွက်လား"
"သဇင်တို့ မမ ဘယ်လိုရပ်တည်မှုဘဲဖြစ်ဖြစ် အမြဲအနားမှာ ရှိနေမှာကို သိစေချင်တာပါ"
"ကျေးဇူးတင်ပါတယ် သဇင် ဒါပေမယ့် မမ က ကို့ကို ချစ်တာကလွဲရင် ဘယ်သူ့အပေါ်မှ စိတ်ဝင်စားတာမျိုး မရှိတာကြောင့် မမ ကိုယ်တိုင်က မမ ဟာ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာ ပြောဖို့ခက်တယ်"
"ရပါတယ် မမ သဇင်တို့က မမ ပျော်ရွှင်နေတာဘဲမြင်ချင်တာပါ ဘယ်လိုဘဲအခြေအနေမှာဘဲ ဖြစ်ဖြစ် မမ ဘေးမှာ သဇင်တို့ ရှိနေမှာပါ"
"ကျေးဇူးတင်ပါတယ် မာမီချစ်ကိုရော သဇင့်ကိုရော"
သူမတကယ်ကျေးဇူးတင်မိတာပါ ကိုယ့်ဘေးက လူတွေ ကကိုယ့်ပုံစံကို အရှိတိုင်းနားလည်လက်ခံပေးကြတာ သူမ ဝမ်းသာရပါသည်
"သမီး ဟန်သာငြိမ်းနဲ့ ပက်သက်ပြီး ခံစားနေရတာတွေကို မာမီတို့ မြင်နေရတာဘဲလေ"
"ဟုတ်တယ် မမ ပြင်ဦးလွင် ရောက်ရင် အဲ့အကိုကြီး အိမ်ဘက် သွားကြည့်တာလည်း သိတယ် မမ ကို သဇင်တားချင်လိုက်တာ ပါးစပ်ကို ယားနေတာဘဲ"
"ဘာလို့လဲ"
ဟေမာန် မျက်မှောင်ကြုတ် မိသည်
"အဲ့အကိုကြီးက ခု ဂျာမနီမှာလေ မမ သွားလည်း တွေ့မှာမဟုတ်ဘူး"
"သဇင်တို့က အဲ့ဒီအကြောင်းတွေထိ ဘယ်လိုသိနေတာလဲ"
"သဇင် အဲ့ဒီ kennel page ထဲဝင်ကြည့်ရင်း အဲ့ဒီkennel က ညီမလေး တယောက်နဲ့ fb မှာ friend ဖြစ်အောင်ကြိုးစားထားရတာ သူ့နားက မသိမသာ မေးရတာပေါ့ "
"သူ အဆင်ပြေတယ်မလား"
"ခု ဂျာမနီက kennel တခုမှာ နေတယ်ဆိုတဲ့အကြောင်းကလွဲပြီး ဘာမှမသိရပါဘူး တပတ်တခါခြံထဲကအကြောင်းတွေ တင်ပြရတာကလွဲပြီး သူတို့ကို အဆက်အသွယ် မလုပ်ဘူးတဲ့"
"ကဲပါ မမ တို့လည်း ရှေ့လျှောက်အများကြီး အလုပ်တွေကြိုးစားရဦးမှာ သဇင် သိတယိမလား မမ ဒီလောကရဲ့ အမြင့်ဆုံးဆုကို မှန်းထားတာကို အဲ့ဒါကသာ မမ ရဲ့ ပန်းတိုင် မမရဲ့ ပျော်ရွှင်မှုဘဲ"
"ဟုတ် မမ"
ဟေမာန် တကယ်ကြိုးစားတာ သူတို့၂ယောက် အမြင် သူတို့ကြောက်နေတာက ဟေမာန် ပန်းတိုင်ကိုရောက်သွားရင် ဟေမာန်တကယ်ပျော်ရွှင်နိုင်ပါ့မလား ဆိုတာကိုပါ
"ဟူး"
ဟေမာန် အိပ်ရာပေါ်လှဲချရင်း သက်ပြင်းချလိုက်သည် ဂျာမနီမှာတဲ့လား ကြိုးစားပါ ကို ကို့ရဲ့ ဝါသနာအတွက် ကိုမရှိတာတောင် ဟေမာန် ပြင်ဦးလွင်ရောက်တိုင်း ကို့ရင်ခွင်ထဲ ဝင်ရသလိုပါဘဲ ငြိမ်းချမ်းနွေးထွေးမှုကို ခံစားရတုန်းဘဲ
"Otto Otto "
Emilia အခန်းအပြင်ကနေ တံခါးကို အကြီးအကျယ်ထုနေသည်
"ချလောက်"
တံခါးဖွင့်ပြီး သူမပုခုံးပေါ် otto ခေါင်းတင်ကာ ငိုချလိုက်တော့ သူမ ကျောပြင်ကိုပွတ်ပေးလိုက်သည်
"အန်တီ ဖုန်းဆက်ဆက်ချင်း လိုက်လာတာ otto ဒီလိုဖြစ်နေမှာကို သိလို့"
အန်တီထူးထူးခြားခြား ရိုးရိုး ph ခေါ်တော့ သူမလန့်သွားတာအမှန် jame သေသွားတာကြောင့် otto တယောက်တည်း တအားခံစားနေရလိမ့်မယ်ဟု လှမ်းပြောသောကြောင့် သူမ Rottweil ကို ချက်ချင်းလိုက်လာခြင်းဖြစ်သည်
"Emilia ကျွန်တော်တို့ ၂ယောက်လုံး ပိုက်ဆံသုံးစရာ မရှိတော့ဘူးလေ အမ ဘယ်က ပိုက်ဆံ နဲ့လိုက်လာတာ"
တည်တည်ငြိမ်ငြိမ် ဖြစ်မှ သူ Emilia ကိုမေးလိုက်သည် သူတို့၂ယောက်ပေါင်းလောင်းကျော်ကာ အဝတ်တွေဝယ်လိုက် စားသောက်ဆိုင်ထိုင်ကြနဲ့ ပိုက်ဆံမရှိကြတော့ပါ သူလည်း kennel မှာ ဖြစ်သလိုစားသလို Emilia လည်း ဆေးရုံမှာဘဲ ဖြစ်သလိုစားနေရသည် တခါတလေ ၂ယောက်သားလည်ရင်း ပိုက်ဆံကုန်သွားသောကြောင့် Emiia အခန်ကို လမ်းလျှောက်ပြန်ရင်း ကော်ဖီတခွက်ကို တူတူသောက်ရသည်မှာလည်း အကြိမ်ကြိမ်ပါ လခရတိုင်း တူတူသုံးဖြုန်းရင်း သူတို့နှစ်ယောက်ဟာ ငတ်ဖော်ငတ်ဖက်တွေတောင် ဖြစ်လာသည်
Otto စကားကြောင့် Emilia ယောင်ပြီး လည်ပင်းကိုစမ်းမိသည်
"Emilia ဆွဲကြိုးရော"
"အဟဲ လုံခြုံတဲ့နေရာပို့ထားတာ"
"ဆွဲကြိုးပေါင်ပြီး လေယာဉ်လက်မှတ် ဝယ်ခဲ့တာပေါ့"
"အင်း ငါ မင်းဆီ ကား၈နာရီစီးပြီး လာဖို့ မစောင့်နိုင်တော့လို့ ငါ့လက်ထဲမှာလည်း ပိုက်ဆံမကျန်တော့ဘူးလေ ငါလခရရင် ပြန်ရွေးမှာပေါ့"
"Emilia , you are my lovely sister"
" I know"
သူတို့ရယ်မောလိုက်သည်
"Otto နေသာသွားပြီလား"
"အွန်း Jame လည်း အသက်ကြီးပါပြီ သူက ကျွန်တော့်ရဲ့ ပထမဆုံးခွေးလေ မာန်ချစ်တဲ့ တကောင်တည်းသောခွေး အမှတ်တရတွေ အများကြီးလေ jame နဲ့က ခြံထဲက တခြားခွေးတွေသေတုန်းက ဒီလိုမခံစားရဘူး"
"Hah လေးရှိနေပြီဘဲ Otto မင်းချစ်သူနဲ့အမှတ်တရတွေကတော့ မင်းရင်ထဲမှာ သိမ်းထားပေါ့ ဘယ်အရာမဆို အချိန်ကာလအောက်မှာ ပျက်စီးပျောက်ကွယ်သွားနိုင်ပေမယ့် မင်းနှလုံးသားထဲမှာ ရှိနေတဲ့အရာတွေကတော့ အမြဲရှင်သန်နေမှာပါ"
"Emilia အမ သူ့ကို အဲ့ဒီလိုစိတ်နဲ့ ဆက်ချစ်နေတာလား"
"အွန်း ငါတခါတလေ သူ့ကို အရမ်းလွမ်းမိတယ် သိလား Otto သူ ငါ့နားက ထွက်သွားတာ ငါ့အတွက်တော့ အမြဲလတ်ဆတ်နေတဲ့ အဖြစ်အပျက်ဘဲ"
သူ Emilia ကို နွေးထွေးစွာ ပွေ့ဖက်လိုက်သည်
"Emilia ကျွန်တော်တို့ မူးရအောင်"
"မူးကြတာပေါ့ ငါတို့ ဘီယာတော့ မတတ်နိုင်လောက်ဘူး အရက်ကြမ်းဆို ရမလား"
"Why not"
သူတို့အတူတူမူးပြီး အတူတူသီချင်းတွေအော်ဆိုရင်း Rottweil ရဲ့ညတွေ တခါတရံ Berlin ရဲ့ညတွေကို အတူတူ ကုန်ဆုံးခဲ့သည်
"Emilia ကျွန်တော်ပြန်ရတော့မယ် တယောက်တည်းနေခဲ့ရတဲ့ ၄လက ကြာသလောက် အမနဲ့တူတူဖြတ်သန်းရတဲ့ ၇လကျော်က အရမ်းမြန်တယ် ကျွန်တော် အမကိုစောင့်ချင်သေးတာ"
"အမလေး မစောင့်ပါနဲ့ မောင်မင်းကြီးသားလေး ပြန်ပါတော် ငါ့ လခတခုထဲနဲ့ မင်းရောငါရော ငတ်နေလိမ့်မယ် အန်တီလည်းစောင့်နေတာမလား"
အထိတ်ထိတ်အလန့်လန့်ပြောနေသော Emiliaကိုကြည့်ရင်း သူရယ်လိုက်သည်
"အင်း ဒါပေမယ့် မြန်မာပြည်ရောက်ရောက်ချင်း လာတွေ့ရမယ်နော်"
"လာတွေ့မှာပေါ့ ငါ့မောင်လေးကို "
အတူတူ မူးခဲ့ရတဲ့ညတွေ အတူတူ ရယ်ခဲ့တဲ့ အချိန်တွေ အတူတူငိုခဲ့တဲ့အချိန်တွေ အများကြီးကြားထဲမှာ သူတို့၂ယောက်သံယောစဉ်တွေ ခိုင်မြဲလာရသည်
ဟေမာန် ကိုယ့်အတွက် လုပ်ပေးနေကြသော ပွဲမို့ အတင်းဟန်ဆောင်နေရသော်လည်း မပျော်နိုင်တာ ကိုယ့်ကိုယ်ကို အသိဆုံး အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေခဲ့သည် ဒီ အကယ်ဒမီဆုရဖို့က သူမအိပ်မက် ကို့ ကိုတောင်လက်တွဲဖြုတ်ပြီး ဒါအတွက် ရူးရူးမူးမူး ကြိုးစားခဲ့ရတာ ခုကျတော့ သူမ မှာအကယ်ဒမီ ဆုကိုင်ပြီး နာကျင်နေရသည်
"မမ ပျော်လား နောက်ဆုံးတော့ မမရဲ့ပန်းတိုင်ကို ရောက်ခဲ့ပြီ"
အိပ်ခန်းထဲက ခုတင်ပေါ် မှာ ငုတ်တုတ်ကြီးငိုင်နေသော မမ အား သဇင်မေးလိုက်သည် မမရဲ့ အတင်းလုပ်ယူနေတဲ့ပုံစံက သူများတွေအတွက် မသိသာပေမယ့် သဇင့်အတွက်တော့ သိသာလွန်းနေသည်
"သဇင် မမ မပျော်ဘူး ဘာလို့်လဲ မမ ဘာတွေမှားနေလို့လဲ"
"မမရယ် တခါတလေကျ ကိုယ်ချစ်တဲ့သူနဲ့ဆိုရင် အောင်မြင်မှုသေးသေးလေးကစ ထခုန်ရလောက်အောင် ဂုဏ်ယူဝမ်းသာရပေမယ့် မျှဝေခံစားပေမယ့် သူမရှိတဲ့ အောင်မြင်မှု အကြီးကြီးတွေကတော့ ပျော်ချင်မှပျော်ရတာ မမ သူ့ဆီပြန်သွားပါလား"
"မသွားဘူးသဇင် မမ သူ့ဆီ အရှက်မရှိတဲ့မိန်းမတယောက်ပုံစံနဲ့ ပြန်မသွားချင်ဘူး"
"မမရယ် ဘယ်အချိန်ထိ တင်းခံနေမှာလဲ မမ ဘဝကြီးက အရမ်းကို အဓိပ္ပါယ် မဲ့နေသလိုဘဲ"
"အဓိပ္ပါယ် မဲ့နေတာ မဟုတ်ဘူး အဓိပ္ပါယ် မရှိတော့တာ ဂုဏ်သိက္ခာတွေ အောင်မြင်မှုတွေကြားမှာ မမ လမ်းပျောက်နေတာ သဇင်ရဲ့"
သဇင် မမကို ဖက်လိုက်တော့ အားရပါးရ ချူံးပွဲချငိုတော့သည်
အိပ်ခန်းအပြင်ဘက်မှာတော့ ညီမအတွက် ဂုဏ်ပြုပန်စည်းကို ကိုင်ရင်းငိုင်ကာရပ်နေမိသော ဝဿန်မိုး
ညီမလေး ဒါတွေကြိတ်ခံစားနေရတာ သူမတကယ်မသိရိုးအမှန်ပါ သူမတို့မိသားစု သိက္ခာနဲ့ အောင်မြင်မှုတွေကြားမှာ ညီမလေးက ဒီလိုဘဲ တယောက်တည်း အနာကျင်ခံနေတာလား တကယ်စိတ်မကောင်းဘူး ညီအမနှစ်ယောက်တည်းရှိတာတောင် ကိုယ်က ကိုယ့်ညီမလေးရဲ့ရင်ထဲကို မမြင်နိုင်ခဲ့ဘူး သူမအတွက်တော့ ညီမလေးပျော်ရွှင်ဖို့သာ အရေးကြီးပါသည် အခန်းထဲမဝင်တော့ဘဲ သူမ မိုးကုတ်သာ ပြန်ခဲ့တော့သည် ခုချိန်မှာ ညီမလေးအတွက် အချိန်လိုသည်လေ တီလေးတို့ကိုလည်း သူမ လာသွားတာ မပြောဖို့မှာခဲ့သည်
"Woww ဟန်သာ နေ့တိုင်းသာ video call မပြောရင် မေမေ မှတ်မိမှာမဟုတ်ဘူး တအားထွားပြီး တအားကြည့်ကောင်းလာတာ"
"မေမေကတော့ မြှောက်ပြီ ကျွန်တော်က မေမေ့လက်ရာ လွမ်းနေတာ မမ ဘယ်လိုမြှောက်မြှောက် အပြင်ဆိုင်မသွားဘူး"
"မြှောက်တာမဟုတ်ဘူး ချောပြီးသန့်နေရောဘဲ လုံးဝ gentleman "
"maja စိမ်းလည်းထောက်ခံတယ် ဟန်သာတကယ်ကြည့်ကောင်းလာတယ်"
"နှစ်ယောက်လုံး အတွက်လက်ဆောင်ပါတယ် မေမေတို့ ကားပေါ်ကစောင့် ကျွန်တော် Hah ကိုသွားခေါ်ပြီး လာခဲ့မယ်"
ကားပေါ်ရောက်ရောက်ချင်း သူ မေမေ့ပုခုံးပေါ်မှီလိုက်သည်
"မေမေ့ကို အရမ်းသတိရနေတာ"
"အမလေး ခုမှလာချွဲမနေနဲ့ ဘာလင်မှာ ကပ်နေဦးမလို့ ကြိုးစားတာ Emilia ကလည်းလက်မခံ Hah နဲ့လည်း ဒုက္ခရောက်လို့ မြန်မာပြည်ပြန်ရောက်လာတာ မသိရင် အဟုတ်ထင်ဦးမယ်"
"အယ် မေမေ သိနေတာလား"
"သိပ သမီး သန့်(Emilia)က အကုန်ပြောပြီးသား သူ့မောင်ရောက်ရင် စာပို့ပေးတဲ့ ချစ်လည်းချစ်တဲ့ မောင်နှမတွေ"
"မေမေကလည်း ကျွန်တော်က Emiliaကို တယောက်တည်း စိတ်မချလို့ပါ"
"သန့်လည်း အဆင်ပြေမှာပါ သူလည်းနောက်၃လလောက်ဆို ပြန်ရမှာဘဲဟာ"
မေမေကတော့ Emiliaလို့ဘယ်တော့မှ မခေါ် စန္ဒီမျိုးသန့်က သန့် ကိုဘဲခေါ်သည်
အကယ်ဒမီဆုရပြီးတော့ အလုပ်တွေများလာသလောက် သူမစိတ်အခြေအနေကတော့ လုံးဝ အောက်ဆုံးမှာ အောင်မြင်မှုတွေ သိက္ခာတွေကြားမှာ သူမဘဝက မွန်းကြပ်လှောင်ပိတ်နေသည် ကို ဝယ်ပေးထားသော ဆွဲကြိုး ကို မချွတ်တမ်းဝတ်ရင်း ကိုဝယ်ပေးသော နာရီမှ ဂဏန်းလေးတွေကိုကြည့်ရင်း တရက်ထပ်တရက် အဓိပ္ပါယ်မဲ့လာသောဘဝကို ဖြတ်သန်းနေရသည် တခါတလေ ကျတော့လည်း အရာအားလုံး ကိုစွန့်လွှတ်ပြီး ကို့ဆီ အပြေးသွားနိုင်တဲ့ ခွန်အားတွေ လိုချင်မိသည်
"မမ ဘယ်လောက်ဘဲ ပင်ပန်းနေပါစေ မမ ရဲ့ အရည်အချင်းကတော့ လျော့မသွားဘူး တကယ် pro ပီသတယ်"
သဇင့်စကားကြောင့် သူမရယ်လိုက်သည် အလုပ်ကအလုပ်ဘဲလေ
"မမ သူ့ကို လွမ်းနေတုန်းဘဲလား"
"ဘယ်တုန်းကမှ မမေ့ခဲ့တာ သဇင်ရဲ့ မမ ရင်ထဲမှာ သူက စက္ကန့်မလပ်နေရာယူထားတာ"
ပြောရင်း ကို ပေးထားသော နာရီလေးကို ကြည့်လိုက်သည်
"အမလေး"
အလန့်တကြား အော်ကာ ထရပ်လိုက်သော မမ ကြောင့် သဇင်ရော မာမီချစ်ရော လန့်သွားသည်
"ဟေမာန်ဘာဖြစ်တာလဲ"
သူမ ဘယ်သူ့ကိုမှ ဘာမှမပြောနိုင်ဘဲ ကားသော့ယူကာ သွေးရူးသွေးတန်း မောင်းထွက်ခဲ့သည်
ချယ်ရီဦးနာရီဆိုင် G factory ထဲသို့ သူမပြေးဝင်လာခဲ့သည် ဘယ်သု့အကြည့်ကိုမှ သူမ ဂရုမစိုက်နိုင်ဘဲ ကောင်တာက ညီမလေးတယောက်ဆီ တန်းတန်းမတ်မတ်ပြေးခဲ့သည်
"ညီမလေး အမ နာရီ စက်ရပ်သွားလို့ ကြည့်ပေးပါဦး"
"ဟုတ် အမ ခဏထိုင်ဦးနော်"
သူမ ထိုင်ခုံမှာထိုင်ရင်း စိတ်တို့က အစိုးမရစွာ ဒီနာရီလေးကို သူမ အသက်လိုဘဲ တန်ဖိုးထားသည် နာရီလေးက ရွေ့လျားနေသော ဂဏန်းတွေကို ကြည့်ရင်းသူမ စိတ်သက်သာမှုကို ရှာနေရသည်မဟုတ်လား
သဇင်တို့ မမကားနောက်ကို taxi နဲ့ အမှီလိုက်ရင်း နာရီဆိုင်ထဲရောက်လာခဲ့သည်
"မမ"
ထိုင်ခုံပေါ်မှ မော့ကြည့်နေသော မမ မျက်ဝန်းမှာ မျက်ရည်တွေအပြည့်
" မမ သဇင် မမ နာရီကိုအကောင်းတိုင်း ပြန်ရအောင်ပြင်ပြီး ယူခဲ့မယ် မမ ပြန်နားလိုက်"
"ဟုတ်တယ် ဟေမာန် ခဏနေလူများလာရင် ထွက်ဖို့ခက်မယ် အိမ်ပြန်နှင့် မာမီတို့ ကတိပေးတယ်နော် ဟေမာန့်နာရီ အကောင်းတိုင်း ပြန်ရစေရမယ်"
မာမီချစ်တို့စကားမှန်နေသည်မို့ သူမ အမြန်အိမ်ပြန်ခဲ့သည် ကို ရယ် နေ့ရက်တော်တော်များများမှာ မာန် ပင်ပန်းနေရတယ်
"ဟန်သာ တပ်မတော်ဂုဏ်ပြုကား ရိုက်မလို့တဲ့ အဲ့ဒါ Kumar က အာရှမှာနာမည်ကြီးတော့ ထည့်ရိုက်ချင်တယ်လို့ ဗိုလ်မှူးသူရ က ဖုန်းဆက်ထားတယ်"
"ကူညီလိုက်ပါ ကိုကြီးရယ် လမင်းတို့ kennel လည်း နာမည်ပိုကြီးတာပေါ့"
"မင်းတို့နှစ်ယောက်သဘောလေ မင်းတို့ဘဲ ရိုက်ကွင်းထိ သွားကူညီရမှာဘဲကို ငါတော့ မပါ ပါရစေနဲ့"
ဖြိုးနဲ့ လမင်းအိမ် စိတ်အားထက်သန်နေသောကြောင့် ခွင့်ပြုလိုက်သည် ဗိုလ်မှူးသူရနဲ့ ခင်နေတာကြောင့်လည်း သူမငြင်းသာပါ
"မမ တပ်မတော်ဂုဏ်ပြုကားမှာ ပြင်ဦးလွင် ရိုက်ကွက်တချို့အတွက် သဘက်ခါလောက် ပြင်ဦးလွင် သွားရမယ် ဘယ်အိမ်မှာ နေမလဲ"
"ပြည်ချစ်နားကအိမ်ဘဲ နေမယ်လေ ခဏဘဲမလား"
"ဟုတ် အတိအကျ မပြောတတ်ပေမယ့် မကြာလောက်ပါဘူး သင်္ကြန် နီးတော့ မမ အိမ်ပြန်ဖို့အချိန်သေချာလုပ်ပေးထားပါတယ်"
"အေးအေး ကျေးဇူးဘဲ သဇင်"
ကိုယ့်ဘဝကို အရှိတိုင်းလက်ခံပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့သူတယောက်ရယ် မိသားစုနဲ့ အောင်မြင်မှုအတွက် ဇွတ်အတင်းပုံသွင်းပြီး ဘဝကို ဖြတ်သန်းနေတဲ့သူတယောက် သူတို့နှစ်ယောက်ဟာ တချိန်က အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ အကယ်၍ လမ်းခွဲပြီးတာ ၁နှစ်ခွဲလောက်ကြာမှ မတော်တဆ ဖြစ်စေ တမင်သက်သက်ဖြစ်စေ ပြန်ဆုံတွေ့ဖြစ်ခဲ့ရင်
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ