ဟန်သာငြိမ်း မေမေ ဘုရားရှိခိုးနေတုန်း မီးဖိုချောင် ထဲမှာ မနက်စာပြင်နေလိုက်သည်
"အယ် ဟန်သာ အစောကြီး ထနေတာပေါ့"
စိမ်းလဲ့ တအံတသြ မေးလိုက်သည် ဟန်သာ့ကို တလလုံး ညှင်းသိုးသိုး စိတ်နဲ့ ကိုယ်မကပ်သော ပုံစံနှင့်သာ တွေ့နေခဲ့ရသည် သူမစိတ်မချမ်းသာသော်လည်း ဟန်သာ့ဝေဒနာကို နားလည်ပေးနိုင်ပါသည် မမဟေမာန်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ သူမတို့ တွေ့မြင်ခဲ့ရသည်မဟုတ်လား မမဟေမာန်လည်း ဟန်သာ့ကို တချိန်တုန်းက အရမ်းချစ်ပြကြင်နာပြခဲ့သည် ဟန်သာ့ကို ရုတ်တရက်ကြီး ထားခဲ့တော့ သူမ တကယ်မုန်းမိပါသည် ကိုယ်ကတော့ ကိုယ့်လူဘက်က ပါမှာဘဲလေ
"အွန်း စိမ်းလဲ့ ဒီနေ့မနက်စာ မုန့်ဟင်းခါးသောက်ရအောင် ဟန်သာ သွားဝယ်လိုက်မယ်"
ပြောပြောဆိုဆို စက်ဘီးနင်းသွားသော ဟန်သာ့ကိုကြည့်ရင်း သူမ စိတ်ချမ်းသာရပါသည်
"ဒေါ်ဒေါ် ဟန်သာ စိတ်ပြန်လည်လာပြီထင်တယ်"
သူမ ဘုရားခန်းထဲမှ ထွက်လာသော ဒေါ်ဒေါ့်အား ဝမ်းသာအားရ ဆီးကြိုပြောလိုက်သည်
"ဟုတ်လား"
ဒေါ်ငြိမ်းရီ ဝမ်းသာအားရ ပြန်မေးလိုက်သည်
"ဟုတ်တယ် ခုတောင် မုန့်ဟင်းခါး သွားဝယ်တယ် မနက်စာ မုန့်ဟင်းခါး စားကြမယ်တဲ့ ပြောသွားတယ်"
ဟန်သာ ဘဝကို ရှေ့ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီထင်ပါရဲ့ ခုလိုသဘောပေါက်လွယ်တာ ကျေးဇူးတင်ရပါတယ် ဟန်သာရယ်
"မေမေ ဒီနေ့ ခိုင်းစရာရှိလား"
မနက်စာ စားရင်းက ဟန်သာ မေးလိုက်သည်
"မရှိပါဘူး ဟန်သာ လုပ်စရာရှိတာသာလုပ်ပါ"
"အွန်း အဲ့ဒါဆို ခြံထဲဘဲ တန်းသွားလိုက်တော့မယ်"
သူ ခြံထဲသွားဖို့လုပ်တော့ Ford Ranger ကြီးကိုကြည့်ရင်းက သူ မစီးသင့်တော့ဘူးလို့တွေးမိသည် တကယ်တော့ ဒီကားက ကိုယ်နဲ့မဆိုင်တော့ဘူးလို့တောင် ပြောလို့ရသည် တွေးရင်း ဟန်သာ ဟေမာန် ပေးထားသော ခြံသော့အပိုယူကာ ဟေမာန့်ခြံတံခါးကို ဖွင့်လိုက်သည် ပြီးတော့ Ranger ကြီးကို ခြံထဲမောင်းဝင်လိုက်သည် ခြံသော့နဲ့ ကားသော့ကို အိတ်ထဲထည့်ကာ သိမ်းလိုက်သည်
ဒေါ်ငြိမ်းရီ တယောက် ဟန်သာလုပ်သမျှကို ဘာမှဝင်မပြောဘဲ အစအဆုံး အကဲခတ်နေလိုက်သည် သူ့သဘောအတိုင်းသာ ဖြစ်စေချင်ပါသည် သူ တကယ်ပြီးဆုံးဖို့ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်
ဟန်သာ အိမ်၂အိမ်ကြားက တံခါးဖွင့်ကာ ကိုယ့်အိမ်ဘက်ကိုယ် ပြန်လာကာ ခြံတံခါးအား ပိတ်လိုက်သည်
"စိမ်းလဲ့ လာဦး"
"ရှင် ဘာခိုင်းမလို့လဲ ဟန်သာ"
"ဒီအိတ်ကို သိမ်းထား သူမနဲ့တနေရာရာမှာတွေ့ရင် ပေးလိုက်ပါ တကူးတကကြီး ထည့်ပေးမနေနဲ့တော့"
သူပြောစရာရှိတာပြောပြီး သူ့ရဲ့ခွေးဘီလူးလေး မောင်းကာ ခြံဘက်ထွက်ခဲ့သည်
"ဖြိုး ကျေးဇူးဘဲသူငယ်ချင်း ငါအလုပ်တွေပစ်ထားတဲ့အချိန်မှာ မင်းရှိနေလို့သာ ငါ့အလုပ်တွေ ဆက်လည်ပတ်နေတာ"
"ရပါတယ် ဟန်သာရာ ငါ့အဖို့ကတော့ မင်းဆီမှာအလုပ် ရတာနဲ့တင် ကျေနပ်လှပါပြီ ရှေ့လျှောက် ဒို့၂ယောက် ဒီ့ထက်အောင်မြင်အောင်ကြိုးစားကြမယ်"
တက်ကြွနေသော သူငယ်ချင်းကိုကြည့်ရင်း ဟန်သာ ပိုပြီးကြိုးစားချင်စိတ်တွေ ပေါ်လာရသည် ခြံထဲရောက်တော့လည်း သတိရမိပြန်သည် ဒါပေမယ့် တိုက်ဆိုင်မှု ရှိရင်တောင် ကိုယ် မင်းကို သတိမရချင်ဘူး
"ဖြိုး နောက်လ တရုတ်မှာပြိုင်ပွဲရှိတယ် ငါ kumarကြီးကို ပွဲထုတ်မလားလို့် ကိုယ့်ခြံပေါက်ဆိုတော့ နာမည်ရတာပေါ့"
"ကောင်းတာပေါ့ ဟန်သာကလည်း တရုတ်ကပွဲက အကြီးကြီးနော် မင်းရှယ် training ပေးရမှာ kumar ကပုံစံကျပေမယ့်ကပ်တယ်"
"ရပါတယ် ငါ အနီးကပ် ကျင့်ပေးလိုက်မယ် ဒါနဲ့ ငါတို့၂ယောက်က ခွေးဝယ်တဲ့သူတွေနဲ့ စကားသိပ်မပြောတတ်ဘူး မိန်းကလေး၁ယောက်လောက် ထပ်ခေါ်ရမယ် စာရင်းဇယားနိုင်တဲ့သူဆို ပိုကောင်းတယ်"
"ဟန်သာ မင်း လမင်းအိမ် ကိုမှတ်မိလား"
"မှတ်မိတယ် ငါတို့ အ.ထ.က.၁ မှာတတ်တုန်းက မင်းစက်ဘီးနောက်က ပါ ပါလာတဲ့ ကလေးမလေးမလား"
"မင်းကသာ ကလေးမလေး ပြောနေ သူက ၁၀အောင်လို့ LCCI 1,2ပြီးပြီဆရာ distance လျှောက်ထားတယ်ပြောတာဘဲ သူ့ကိုခေါ်လိုက်ရမလား ငါ့ညီမဝမ်းကွဲဆိုတော့ ငါတို့နဲ့ ပြောလို့ဆိုလို့ကောင်းတာပေါ့ "
"Phyo is the best"
ဟန်သာ ဖြိုးကို စ ရင်း ခွေးခြံဘက်လျှောက်လာခဲ့သည်
ဖြိုး ပြုံးပျော်နေသည့် သူငယ်ချင်း ကိုကြည့်ရင်း စိတ်ချမ်းသာရသည် ငယ်ငယ်ကတည်းက ပေါင်းလာသောသူများမို့ သူ့အတွက်တော့ ညီအကိုလိုပါဘဲ
ညနေ အိမ်ပြန်ရောက်တော့ ဖြိုး လမင်းတို့အိမ်ဘက် ထွက်ခဲ့သည်
"ဒေါ်လေး လမင်း ရှိလား"
"ရှိတယ် မင်း ညီမ ဘိုရူးက အိမ်ပေါ်မှာ tv ကြည့်ရင်း တယောက်တည်း စကားပြောနေတယ်"
ုဖြိုး ရယ်ရင်းအိမ်ပေါ်တတ်ခဲ့သည် ဟုတ်ပါသည် လမင်းအိမ်က တိုးရစ်ဂိုက် တအားဖြစ်ချင်သူ အားရင် English လိုမှုတ်နေတတ်သူပါ LCCI တောင် သူ့အပြောအဆို မခံနိုင်လို့ဝတ်ကျေတန်းကျေ တတ်ထားသူပါ
"Hello, good evening brother."
အဲ့လိုပါဆို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း
"ကဲ ဘိုမ tv ပိတ် ငါအတည်ပြောစရာရှိတယ်"
သူပြောတော့ လမင်းအိမ် tv ထပိတ်ရှာသည် ကလေးမက သူ့ကိုတော့ လေးလေးစားစား ဆက်ဆံသည်
"ကဲ ပြော"
"ငါ ခုအလုပ်လုပ်နေတဲ့ ခွေးခြံမှာ စာရေးမ လိုလို့အဲ့ဒါ ဝင်ကူပေးဦး"
"ဟွန့် ခွေးခြံစာရေးမလား လုပ်ချင်ပါဘူး"
"အံမယ် ခွေးခြံစာရေးမဆိုပြီး အထင်မသေးနဲ့နော် ၂လတခါလောက် foreign trip သွားရတယ် ပြီးရင် နိုင်ငံခြားသားတွေလည်းလာတတ်တော့ ငါ့ညီမ English စကားကျွမ်းတော့ အကူအညီတောင်းတာပါ"
သူ့စကားကြားတော့ လမင်းအိမ် မျက်ဝန်းကတလတ်လတ်တောက်ပ လာသည်မှာ ကြယ်တွေစုံတဲ့ညအတိုင်း
"အဟမ်း အကူအညီတောင်းတော့လည်း လုပ်ပေးရမှာပေါ့ မီး ဘယ်နေ့စလုပ်ရမလဲ"
အိုက်တင်ခံပြီး ပြောနေပုံကတော့ ငါနာရင်းထတီးလိုက်ရ
"မနက်ဖြန်လိုက်ခဲ့ ပြီးတော့ မီး မီးနဲ့မရှက်ဘူးလား ဒီအရွယ်ကြီးရောက်နေပြီ "
"ရှက်ပါဘူး ကိုယ့်မောင်နှမချင်းမို့ ပြောတာလေ အပြင်လူဆို ပြောပါ့မလား"
"အေးပါ ငါတခုမှာထားမယ်နော် ဟန်သာ့ရှေ့မှာ နင်ယောင်လို့တောင် ဟေမာန်နှင်း အကြောင်းမပြောမိစေနဲ့"
ကြိုသတိပေးထားရမည် ဒီကလေးမက လွယ်တာမဟုတ်
"အယ် အဲ့ဒါဆို ကောလဟာလတွေက တကယ်ပေါ့"
လမင်းအိမ် တအံတသြမေးလိုက်သည်
"ငါပြောပြီးပြီလေ အဲ့ဒီမင်းသမီးနဲ့ ပက်သက်တဲ့ကိစ္စ တခုမှ ငါတို့ခြံထဲမှာ မဟနဲ့ ရှင်းလား"
အဲ့ဒီလောက်အော်ထားမှတော်ကာကျမည်
"ဟုတ်"
စူပုတ်ပုတ်နှင့် ပြန်ဖြေလိုက်သည် ဒါလေးမေးတာကို
"ပြီးရော မနက်ဖြန်မနက် ၈နာရီလောက် လာခေါ်မယ် အဆင်သင့်လုပ်ထား"
"ok bro"
သူခေါင်းခါရင်း အိမ်ပြန်ခဲ့တော့သည်
ဟန်သာ ခြံထဲကနေ စောစောပြန်ပြီး ရေချိုးကာ မေမေ့ဆိုင်ဘက် ထွက်လာခဲ့လိုက်သည် ဆိုင်ရောက်တော့ ထွက်ထားသော သတင်းများကြောင့် လူတချို့က သူ့အားကွက်ကြည့် ကွက်ကြည့် အချိန်တန်ရင်းတော့ပြီးသွားမှာပါလေ သူတွေးရင်းသက်ပြင်းချလိုက်သည်
သက်ပြင်းတချချလုပ်နေသည့် ဟန်သာ့ကိုကြည့်ရင်း ဒေါ်ငြိမ်းရီ စိတ်မောရသည် ဟန်သာက အရာတော်တော်များများ အထိခိုက်ခံခဲ့ရသည် မဟုတ်ပါလား ဟေမာန်နှင်း ပြန်ဖြေရှင်းသည့် သတင်းတွေတက်လာတုန်းကလည်း ဟန်သာ့အား အခွင့်အရေးသမားလိုလို ပြောခဲ့ကြသေးသည် မိတ်ဆွေများကြားတွင် သူမလည်း အတော်ဖြေရှင်းယူခဲ့ရသည် အမြန်ပြီးပါစေတော့လို့သာ ဆုတောင်းနေရသည်
"ဟန်သာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး တအားပိန်တာဘဲ"
ဒေါ်ငြိမ်းရီ ထမင်းစားရင်းက ပြောလိုက်သည်
"အင်း ဟုတ်တယ် တရုတ်ကပွဲပြီးရင်တော့ gym ကစားပြီး protein တွေဝယ်သောက်ပစ်မယ်"
ဟန်သာ ကိုယ့်လက်ကို ကြည့်ပြီး ပြန်ပြောလိုက်သည်
"တရုတ်ပြိုင်ပွဲသွားဦးမှာပေါ့"
"သွားမှာ kumar ကြီးကို ပွဲထုတ်မလို့"
"fighting honey"
"ok"
ဒီလိုမရယ်ရတာကြာပါပြီလေ
ဟန်သာ kumar အခြေနေကို ကြည့်ချင်သောကြောင့် ခြံကိုစောစောလာခဲ့သည်
"ဟန်သာ အစောကြီး ရောက်နေတာလား"
ဖြိုးအသံကြောင့် သူလှည့်ကြည့်လိုက်သည် ဖြိုးနောက်မှာ ကောင်မလေးတယောက် လမင်းအိမ် ဖြစ်လိမ့်မည် ကလေးမ ရုပ်ပြောင်းသွားသကိုး ဒေါင်းမျိုး
"အေး ငါ kumar ကို ကြည့်ပြီး training plan ဆွဲချင်လို့ လာလေ အိမ်အောက်သွားမယ်"
အိမ်အောက်ထပ်က အခန်း၂ခန်းသာဖွဲ့ထားပြီး ကျန်အလွက်ကို သစ်လုံးစားပွဲ သစ်လုံးထိုင်ခုံများဖြင့်ဖွဲ့ထားသည် တခန်းမှာ အစာအိတ်တွေ ဆေးတွေထားပြီး ကျန်အခန်းက ကွန်ပျူတာခန်း
"ဟန်သာ ဒါ လမင်းအိမ်လေ လမင်းအိမ် ဟန်သာ့ကို မှတ်မိလား ငါတို့ အ.ထ.က ၁ တတ်တုန်းက ကျောင်းအတူသွားနေကျဘဲ"
"အင်း ဝိုးတဝါးတော့ မှတ်မိတယ်"
"အေးပါ ဖြိုး မင်းဘဲ သူ့ကို ကြည့်ကျတ်ခိုင်းလိုက်တော့ ငါ ကိုဖိုးသားနဲ့ ခြံတွေရေဆေးလိုက်ဦးမယ်"
"ပိန်ပိန်သေးသေးလေးနော် ငယ်ငယ်တုန်းက အာ့လိုပုံ မဟုတ်ပါဘူး "
"အွန်း သူ ဆေးဒဏ်ပိထားတာလေ"
အော် ဆေးသမားကိုး အာ့ကြောင့် ဒီလိုပုံပေါက်နေတာကိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတော့လည်း ထင်တိုင်းကြဲနိုင်တာပေါ့လေ
"ဟဲ့ ဘာတွေငေးနေတာတုန်း လာခဲ့ စာရင်းတွေလုပ်ရအောင်"
"အမလေး"
"ဘာဖြစ်တာတုန်းဟ"
"ခွေးတကောင်ကို သိန်း၆၀ ဒီမှာ အကောင်ပေါက် အနည်းဆုံးတောင် ၈သိန်း တကယ်ကြီးလား"
"အေးပေါ့ဟ"
"woww absolutely amazing "
တကယ်ပါ သူမ ဒီရောက်မှ ခွေးတွေ ဒီလောက်ဈေးကြီးမှန်း ခုမှသိတာပါ
ဟန်သာကတော့ နေ့ရောညပါ kumar နဲ့အချိန်ကုန်နေတော့သည်
"မေမေ ကျွန်တော် ဂျာမနီသွားမလို့"
ဟန့်သာစကားကြောင့် ဒေါ်ငြိမ်းရီ တအံ့တသြ ကြည့်လိုက်သည်
"ဟုတ်တယ် kumar ကြီး ဆုရတော့ ဂျာမနီ က breeer တွေက ကျွန်တော့်ကို သူတို့ kennel တွေမှာ လာပြီး ပညာယူစေချင်တယ်တဲ့ မေမေ သဘောတူမှပါ"
ဟုတ်ပါသည် တရုတ်ပွဲက တကယ့်ဥရောပbreederကြီးတွေကိုယ်တိုင် ဒိုင်အဖြစ်ပါသည် kumar ကို မြင်တော့ သူတို့တကယ်သဘောကျပြီး သူ့ကို သူတို့kennelမှာပညာဆက်လေ့လာဖို့ ကမ်းလှမ်းခဲ့သည် သွားချင်တာပေါ့ ကိုယ့်ဝါသနာဘဲကို
"သွားပါ ငယ်တုန်း သွားရတာ"
သူမ သဘောတူလိုက်ပါသည် ဟန်သာလည်း ဘဝသစ် စချိန်ရတာပေါ့
"ဘယ်လောက်ကြာမလဲ"
"အလွန်ဆုံး တနှစ်ပါဘဲ မေမေရယ် အဲ့ဒါပြီးရင် ပြီးပါပြီ ကျွန်တော် မေမေ့နားမှာဘဲနေတော့မှာ"
သွားပါကလေး အကောင်းဆုံး ကြိုးစားခဲ့ပါ မေမေ့ကလေးလေး အနာဂတ်မှာ အတောက်ပဆုံး ထွန်းလင်းဖို့
YOU ARE READING
ငြိမ်းချမ်းရာ
Romanceသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ