"ငါ တော်တော် ခွေးကြောက်တတ်တာဘဲ"
ကားမောင်းရင်း တဒိန်းဒိန်း ခုန်နေသောရင်ခုန်သံတွေကြောင့် သူမရေရွတ်မိသည် သူမလို နိုင်ငံကျော်မင်းသမီး တယောက်အား ဒီလိုဆက်ဆံရအောင် ထိုလူသားသည် ဘယ်လောက်တောင် အူကြောင်ကြောင် နိုင်ပါလိမ့်
"မမ ပြန်လာပြီလား"
ဟိုတယ်ကားပါကင်ထဲ ကားအရပ် အူယားဖားရား မေးလာသော သဇင့် ကိုကြည့်ရင်း သူမ အားနာသွားရသည်
"ဟုတ်တယ် သဇင် မမ အိမ်သွားကြည့်တာ"
" ဟိုတနေ့က မာမီချစ်က သူ့အသိအိမ်လေး ရောင်းဖို့ရှိတယ်လို့ မိတ်ကပ်လိမ်းရင်း ပြောတဲ့ဟာလား"
သူမသဇင့်စကားကို ပြုံးပြရင်း ခေါင်းညိတ်ထောက်ခံလိုက်သည်
"ဒီနေ့ မမ ကိုကြည့်ရတာ ရွှင်လန်းတက်ကြွနေတာဘဲ အနားရလို့ထင်တယ်"
"ဟုတ်မယ်"
"ကဲ အခန်းရှေ့တောင် ရောက်ပြီ မမ နားလိုက်ဦးမယ် သဇင် နေ့လည်စာစားပြီးမှ နောက်ရက်ကိစ္စတွေ တိုင်ပင်တာပေါ့"
"ဟုတ် မမ" သဇင်လည်း မမ အခန်းထဲဝင်သွားတာကြည့်ရင်း ကိုယ့်အခန်းကိုသာ ပြန်လာလိုက်တော့သည် မမကို ဒီလိုပေါ့ပေါ့ပါးပါးလေးမြင်ရတာ သဇင် သိပ်စိတ်ချမ်းသာသည် သူ့မမှာ ဘယ်လောက်ဖိအားကြီးကြီးထဲ နစ်နေကြောင်း အနီးကပ်ဆုံး ကိုယ်သာသိသည်
"ရေး"
အခန်းထဲအရောက် အားရပါးရ အော်ရင်း ဟေမာန် ခုတင်ပေါ် ပစ်လှဲချလိုက်သည်
နဖူးပေါ် လက်တင်စဉ်းစားမိတော့ အမလေး ပြန်တွေးကြည့်မိတာတောင် ကြောက်ဖို့ကောင်းတဲ့ခွေးကြီးတွေ ပြီးတော့ အူကြောင်ကြောင် လူ၂ယောက် သူမ အားရပါးရပြုံးမိသည် သူမအား အရေးမလုပ်သည်လည်းမဟုတ် လုပ်သည်လည်းမဟုတ် ခပ်ကြောင်ကြောင် ဆက်ဆံသွားသော ထိုလူသား
"အော် ငါ့နှယ် ပြန်တွေးတာတောင် ရင်ခုန်မြန်တယ် ခွေးကြီးတွေကတော့"
သူမရေရွတ်ရင်း အိပ်ရန်ကြိုးစားလိုက်သည် နက်ဖြန် သူမရဲ့ sence အရမ်းများသည် ဒီတော့ အချိန်ရှိတုန်း နားထားရမည်
"လွှတ် လွှတ်"
သူ့လည်ပင်းက တင်းကျပ်မှုကြောင့် သူ အော်ရင်းရုန်းနေရသည် အနှီဂြိုလ်သူမကား မလွှတ် ကိုယ့်မှာအသက်ရှူတွေအရမ်းကြပ်နေပြီ
" ဟန်သာ ဟန်သာငြိမ်း"
မွေးမေမေ၏ အော်သံကြောင့် သူ အိပ်ပျော်နေရာမှငေါက်ခနဲ ထိုင်မိ၏ လည်ပင်းက တင်းကျပ်ကျပ်အရာကို စမ်းမိတော့ ဘယ့်နှယ့် အပေါ်ဝတ်အင်္ကျီက လာပတ်နေပါလိမ့်
"ဟန် သာ ငြိမ်း"
အီး နားကွဲတော့မှာဘဲ
"ဟုတ် လာပြီ"
"လာပြီ ကိုနောက်မှာထား လူက ဘယ်မတုန်း"
"အမေကလည်း ပြန်လာတာနဲ့ အော်တော့တာဘဲ ဘာဖြစ်ရပြန်ပြီတုန်း"
"တနေကုန် ခြံထဲလည်းမသွား ဈေးထဲလည်းမလာ ဘာလုပ်နေတာတုန်း"
"အန်တီ ကလည်း ဒီနေ့ ဟန်သာ့ ဆီ မင်းသမီး ဟေမာန်နှင်း ရောက်လာတယ်လေ အဲ့ဒါ မင်းသမီး ပြန်သွားကတည်းက အခန်းထဲ ဝင်ပြီး ခံစားနေတာ ထမင်းတောင် မစားဘူး"
မစစ်ရဘဲ အင်မတန်ဖြေချင်ရှာနေသော စိမ်းလဲ့ရယ်ပါ
"ဟဲ့ ငါက ထမင်းမစားတာ မဆာလို့ ပြီးတော့နားချင်လို့ အခန်းထဲက ထွက်မလာတာ ok"
ထို့နောက် ဖြစ်ပျက်သမျှအား မွေးသမိခင်အား သံတော်ဦးတင် ရပါတော့သည်
"ကဲ ကဲ အမေရေချိုးပြီး ထမင်းစားတော့မယ် ဟန်သာလည်း rain တို့ကိုကျွေးဖို့လုပ်"
အမေ အခန်းထဲဝင်သွားတော့ သူ စိမ်းမ ကိုမျက်မှောင်ကြုံ့ပြီး ကြည့်လိုက်သည်
အနှီကလေးမကား မသိချင်ယောင်ဆောင်ပြီး မီးဖိုခန်းထဲ ဝင်သွားသည်
ညဘက်ရောက်တော့ ကိုရီးယားကားအလွန်ကြိုက်သော အမေနှင့် စိမ်းမတို့ကား tv ရှေ့မှာ အခန့်သား သူတို့အိမ် sky net တပ်ရသည်မှာ သည်တူဝရီးကြောင့် အရမ်းတန်ပါသည် သူလည်း rain တို့ကို ခြံထဲလွှတ်ပေးပြီး အခန်းထဲဝင်နားတော့သည် ဖုန်းလေးကိုင်ရင်း တွေးမိတာက ဓာတ်ပုံလေးတပုံတောင်မရိုက်လိုက်ရဘူး
"ကဒ်"
ဒါရိုက်တာရဲ့ အော်သံအဆုံး သူမ စိတ်ပျက်စွာ ခေါင်းရမ်းမိသည် ဘယ်နခါမြှောက်တောင်လဲ ဒီ ရေထဲဆင်းပြီး သူမကို ကယ်ဖို့အရေး ထိုမင်းသားမှာ ဘယ်လောက်တောင်မုဒ်သွင်းရခက်နေလဲမသိ
"ကဲ ဟေမာန် ပြန်နားလိုက်တော့ ဆက်ရိုက်နေရင် သမီး ဖျားလိမ့်မယ် အန်ကယ်တို့ ပွဲကောက်မှာရိုက်ရမယ့် တခြားsence တွေရိုက်လိုက်တော့မယ်"
"ဟုတ်ကဲ့ အန်ကယ်"
သူမ ဒါရိုက်တာကြီးအား ကျေးဇူးတင်မိသည် သူမတကယ်ကို ပင်ပန်းနေပါပြီ
"ဦးမောင် mart ရှေ့ရောက်ရင် ကားရပ်ပေးပါဦး သမီး ဝယ်စရာရှိလို့"
"မမ ဘာသွားဝယ်ပေးရမလဲ"
"သွားတိုက်တံ ဝယ်ခဲ့ပေး သဇင် "
"ချစ်ချစ် လည်းလိုက်မယ် စားစရာသရေစာလေးတွေတော့ ဝယ်ဦးမှ"
mart ထဲဝင်သွားသော သဇင်နှင့် မာမီချစ်တိုကို စောင့်ရင်း သူမ ကားပေါ်မှ ဟိုကြည့်ဒီကြည့်ငေးမိတော့
"အမ်"
ဟုတ်ပါသည် အူကြောင်ကြောင်လူသားကား ကြိုးတွေ တပွေ့တပိုက်နှင့် မျက်နှာချင်းဆိုင် ကားလမ်းဘေးက pet shop မှာ
"ဒုန်း"
ဟန်သာ ကားပေါ်အရောက် ဘေးတံခါးပိတ်သံကြောင့် လန့်သွားသည် မိမိကားပေါ် ခပ်တည်တည်နှင် တက်ထိုင်နေသော အနှီဂြိုလ်သူမကား
"မင်း ဘယ်လိုငါ့ကားနား ရောက်နေတာတုန်း ပြီးတော့ ဘာလို့ တက်ထိုင်နေတာတုန်း"
ဗုဒ္ဓေါ ဟုတ်သည် သူမ ဘာတွေလုပ်မိနေပါလိမ့်
"ရှင် ဘယ်သွားမလို့တုန်း"
"ခြံ ထဲသွားမလို့လေ"
"အဲ့ဒါဆို ခြံထဲလိုက်မလို့ပေါ့ "
"ဟမ်"
"ဟုတ်တယ်လေ ကျွန်မတယောက်တည်း ဟိုတယ်ခန်းထဲ နေနေရမှာထက်စာရင် ရှင်နဲ့ ခြံထဲသွားတော့ ဒေသန္တရ ဗဟုသုတလေး ဘာလေး ရတာပေါ့"
"ဘယ်လိုပါလိမ့်"
သူခပ်တိုးတိုး ရေရွတ်ရင်း ကားမောင်းထွက်လိုက်သည် ဒီလိုမိန်းကလေး ချောချောလေးနှင့် ခြံသွားရလည်း မိမိမှာ ဘာမှ နစ်နာစရာရှိမည်မထင်
p.s မိမိအား နှာဘူးဟု မထင်စေလို
"သဇင်လား မမ သူငယ်ချင်း နဲ့ ခြံထဲလိုက်သွားတယ် အဲ့ဒါပြန်နှင့်တော့ လို့လှမ်းပြောတာ ဒါဘဲနော်"
မာမီချစ်က မေးငေါ့ပြတော့ သဇင်လည်း
"ခြံထဲတဲ့" ဟုသာ ကြောင်တောင်တောင်ပြောလိုက်ရသည် ဘာခြံပါလိမ့်
"ခွေးခြံ" ဟေမာန် အလန့်တကြား ရေရွတ်မိတော့ သကောင့်သားက ခေါင်းညိတ်ပြသည်
"ဟုတ်တယ်လေ ခွေးခြံ ငါက ခွေးမွေးမြူရေးလုပ်တာ အဲ့တော့ ခွေးခြံပေါ့"
"အာ ဘယ်လိုလုပ်မလဲ ကျွန်မခွေးကြောက်တယ်"
"မကြောက်ပါနဲ့ ငါရှိသားဘဲ ok"
စူးရှလေးနက်သော မျက်ဝန်းများကိုကြည့်ရင်း အဆင်ပြေမှာပါလေ
"အဝေးကြီးလား"
"မဝေးပါဘူး နောက်ထပ် ၁၅မိနစ်ဘဲ မင်းသက်တောင့်သက်သာ မရှိလို့လား"
သူမေးမှ သူမသတိထားမိသည် သူ၏ခွေးဘီလူးကားလေးကား ရှေ့ခန်းကျဉ်းနေတာတောင် ကျွန်မအား သက်တောင့်သက်သာ ရှိနေစေပါသည်
"မဟုတ်ပါဘူး ဒီတိုင်း မေးကြည့်တာပါ"
"မင်း ငါ့ကိုမကြောက်ဘူလား"
"ဘာလို့လဲ"
"မင်း ငါနဲ့လည်း မရင်းနှီးဘဲ ငါ့ကားပေါ်လိုက်လာလို့လေ"
"ဒါတော့ ကျွန်မမှာ ပြင်ဦးလွင်မှာ အရင်းနှီးဆုံးလို့ပြောလို့ ရတာရှင်ဘဲရှိတာလေ ရှင့်ပုံစံကလည်း မယုံရမ့ယ့်ပုံမှမဟုတ်"
"ဟုတ်ပါပြီ မင်းသမီးရယ် မင်းကို ငါ အတတ်နိုင်ဆုံး ကောင်းကောင်းဆက်ဆံပါ့မယ် ပြင်ဦးလွင်သားတွေ ဧည့်ဝတ်မကျေဘူးဆိုတာ မဖြစ်စေရဘူး"
"ဒီဇင်ဘာခြံတောင် ကျော်လာပြီဆိုတော့ ရှင့်ခြံတော်တော် ဝေးတာဘဲ"
"ဟုတ်တယ် မြို့နဲ့ဝေးတော့ ကောင်းတယ်လေ ခြံအကျယ်ကြီးရတယ် အေးဆေးဘဲ"
တီ တီ တီ
ခြံရှေ့အရောက် သူဟွန်းတီးလိုက်တော့ ကိုဖိုးသားက တံခါးလာဖွင့်ပေးသည် ကားအား ခြေတံရှည် အိမ်အောက် ထိုးရပ်လိုက်သည်
VOUS LISEZ
ငြိမ်းချမ်းရာ
Roman d'amourသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ