"မင်း အနှိပ်ခံမလား"
သူ့စကားကြောင့် သူမ မျက်ခုံးပင့်ကြည့်မိသည် ဒီလူရူးများနေလား မသိဘူး
"လာ လိုက်ခဲ့"
သူ ပြူးကြောင်နေသော ဂြိုလ်သူမလေးအား လက်ဆွဲခေါ်လာလိုက်သည် သူ့ခြံနှင့် ခပ်လှမ်းလှမ်း၌ ရှိသော ဂနိုင်ခပ်အုပ်အုပ်နှင့် စမ်းချောင်းလေးဆီပါ
"ရှင်ဘာလုပ်နေတာလဲ"
အားကစားဘောင်းဘီရှည်ကို ဒူးပေါ်ဆွဲတင်နေသော သူ့အား မေးလိုက်သည်
"ကဲပါ မင်းလည်း ငါ့လိုဆွဲတင်လိုက်"
"ဘယ်ရမလဲ ရှင့်ဘောင်းဘီက ဆွဲတင်လို့လွယ်ပေမယ့် ကျွန်မက ဂျင်းဘောင်းဘီကြီး"
"လာပါကွာ"
သူ စိတ်မရှည်တော့ဘဲ ဒူးထောက်ထိုင်ကာ သူမဘောင်းဘီအား အားရပါရ ဆွဲတင်လိုက်သည်
"အီး ဘောင်းဘီ ကိုဒီလောက်ကျပ်တာ ဝတ်ရသလားဟ"
၂ယောက်လုံး အစွမ်းကုန်ကြိုးစားမှုကြောင့် ဘောင်းဘီခမျာ ဒူးအထက်ရောက်တော့သည်
"လာ ဒီမှာထိုင်"
သူပြောပြောဆိုဆို ရေစပ်မှာထိုင်ချပြီး ဘေးကနေရာကို လက်ပုတ်ပြတော့ သူမစွေ့ခနဲ ထိုင်ချလိုက်သည်
သူတို့၂ယောက် ချောင်းစပ်ထိုင်ပြီး ဒူးနားထိရေစိမ်ထားကြသည်
"အဲ အဲ"
သူမ ခြေဖဝါးက ဆစ်ခနဲ ဆစ်ခနဲကြောင့် ငုံ့ကြည့်မိတော့ ငါးလေးများ တွတ်ထိုးနေသည်
"မိုက်တယ်မလား"
သူ့အမေးကို သူမခေါင်းညိတ်ပြလိုက်သည်
"ဝါး"
မနက်က ပင်ပန်းထားတာရယ် ထမင်းစားထားတာရယ် ဂနိုင်အုပ်အုပ်ရယ်ကြောင့် သူမ အိပ်ချင်လာသည်
"ငါ့ပုခုံးပေါ်မှီထားပါလား"
"ကောင်းပါ့မလား"
"မိန်းကလေးချင်းချင်း ဘဲok"
"အဲ့ဒါကြောင့်မဟုတ်ဘူး ရှင်ညောင်းနေမှာပေါ့"
ပြောပြောဆိုဆို သူမ ဟန်သာ ပုခုံးပေါ်မှီချလိုက်ပြီး
"ရှင်က ဘယ်လို မိန်းကလေးလဲ ဟန်သာငြိမ်း"
ဟုတီးတိုးရေရွတ်ရင်း သူမမျက်လုံးတွေစင်းကျသွားသည်
ဟန်သာငြိမ်း သူမ စကားကြောင့် မျက်မှောင်ကြုံ့ မိသည် ဘယ်လိုမိန်းကလေးမျိုးလဲတဲ့ သူများတွေလို အကိုတွေအောက် နေရလို့လည်းမဟုတ်ပါဘဲ သူ့မှာ ကျောင်း သူငယ်တန်းတတ်ပြီး ဘာမှမသိခင် အရွယ်ကတည်းက ဒီပုံစံနဲ့သာ နေတတ်ခဲ့သည် ဟု မေမေ ပြောဖူးသည် အရွယ်ရောက်တော့လည်း ဆံပင်ရှည်မထားတတ် နားရွက်ကို ဆံပင်ထောက်လျှင်ပင် သူ့မှာ ယားလှပြီ အလယ်တန်းရောက်တော့ လုံချည်နဲ့ ကျောင်းမတတ်ဘူးဆိုလို့ သူ့ အမေမှာ တဦးတည်းသော သမီးလေးကို အလိုလိုက်ပြီး ပုဆိုးဆင်ရသည် ဆယ်တန်းဖြေတော့လည်း သူ့မှာ ပုဆိုးနဲ့မို့ ဆရာမတွေမှာ ကယောင်ကတမ်း တက္ကသိုလ်ရောက်တော့ သူ သူများတွေလို ပေါ့ပေါ့လေးနဲ့ မနေခဲ့ ရည်မှန်းချက် အတွက်ကြိုးစားသည် အဲ့ဒါကြောင့်လည်း ခုလို ကျောင်းပြီး၃နှစ်အတွင်း pet breeder တယောက်ဖြစ်ခဲ့သည် ကိုယ့်အကြောင်းကိုတွေးရင်း အနှီဂြိုလ်သူမ အားကြည့်မိတော့ အိပ်နေသည်မှာ နှစ်နှစ်ခြိုက်ခြိုက် နှာခေါင်းလုံးလုံး မျက်တောင်ကော့ကော့နှင့် အရမ်းတွေကို ချစ်ဖို့ကောင်းနေတော့သည်
"အားးးး"
အာခေါင်ခြစ်အော်ရင်း သူမ ဟန်သာငြိမ်းကိုတွန်းထုတ်ပစ်သည်
"ဝုန်း ဝုန်း"
ဟုတ်ပါသည် ၂ယောက်လုံး ရေထဲကျသွားသည်
ဟန်သာငြိမ်း ပေါင်လောက်ရှိသော ရေထဲနှစ်နေသော သူမအား ချိုင်းကနေမပြီး မတ်တပ်ရပ်စေလိုက်သည်
"သတိထားစမ်း မာန် တိမ်တိမ်လေးကို"
သူပြောမှ သူမ သတိဝင်မိသည် ရေက သူမပေါင်လောက်သာရှိသည်
"မင်းက ဘာကိစ္စ ငါ့ကိုရုတ်တရက်ကြီးတွန်းတာတုန်း"
ဟန်သာငြိမ်း ကမ်းပေါ်ခုန်တတ်ရင်း စိတ်တိုတိုနှင့် အော်ပစ်သည်
"ကျွန်မ မျက်လုံးဖွင့်တော့ ရှင့်မျက်နှာကြီး အနီးကပ်မြင်လိုက်တော့ လန့်သွားတာပေါ့"
"ကဲ ငါ့တို့တွန်းတော့ မင်းပါရေထဲပြုတ်ကျရောမလား ဘယ်လောက်တောင် အားထည့်ထားလဲ မသိဘူး"
"ကျွန်မ ကို ဆွဲတင်ဦး ရှင်ကလည်း စကားတအားများတာဘဲ"
ရေစိုနေသော ဂြိုလ်သူမလေးအား ရေထဲမှဆွဲတင်ရပြန်သည်
နှစ်ကောင်သား ခုမှ ကြွက်စုတ် ဖြစ်တော့သည်
သူလည်းစိတ်ပေါက်ပေါက်နှင့် သူမအား မခေါ်ဘဲ လှည့်ထွက်ခဲ့သည်
နောက်ကဘာသံမှမကြားလို့ ဟန်သာငြိမ်း လှည့်ကြည့်မိတော့ အနှီဂြိုလ်သူမကား ခေါင်းလေးငိုက်စိုက်လျက်.... သူနောက်ပြန်လှည့်ကာ သူ့ပုခုံးကိုဆုပ်ကိုင်မိတော့ သူမ မျက်ဝန်းထဲမှာ မျက်ရည်ကြည်များနှင့် ....
"sorry"
သူ့ရဲ့တောင်းပန်သံအဆုံးမှာတော့ သူမ ဘာမှ မစဉ်းစားမိဘဲ သူ့ရင်ခွင်ထဲမျက်နှာအပ်ကာ အားရပါးရ ငိုချမိသည်
"လူဆိုးကြီး အယုတ်တမာကြီး သူများကိုထားပစ်ခဲ့နယ် ဟီးးဟီးး"
ရှိုက်သံပါအောင် ငိုရင်း ကိုယ့်ကိုကျိန်ဆဲနေသော သူမ၏ကျောပြင်လေးအား သူ ဖွဖွလေးပွတ်စပ်ပေးနေလိုက်သည် နာကျင်ရပါတယ် မာန်ရယ်
"ရေစိုကြီးနဲ့ သွားရအောင်လေ လာ "
သူမလက်ဖဝါးလေးအား ဆုပ်ကိုင်ရင်း ခြံဘက်သို့ ပြန်လာခဲ့သည်
"ရော့ ကိုယ့်မှာ ဒါတွေဘဲရှိတယ်"
အဲ သူဘာဖြစ်နေပါလိမ့် ကိုယ်တွေဘာတွေ သုံးလို့ ပြီးတော့လည်း ရေထဲမှာတုန်းက မာန် လို့ခေါ်လိုက်သလားလို့
"ရော့ ယူလေကွာ"
သူ့အသံကြားမှ သူမလည်း သတိဝင်လာပြီး သူပေးသော အဝတ်အစားများအား လှမ်းယူလိုက်သည်
သူကတော့ ပုဆိုးဝတ်ပြီး ဘောင်းဘီလဲနေသည် ပြီးတော့ အင်္ကျီရေစိုကို ချွတ်ပြီး တခါတည်း စပို့ရှပ်အဖြူကောက်လျှိုသွားသည်
"အဝတ်လဲပြီးထွက်ခဲ့"
သူစကားပြောပြီးထွက်သွားတာတောင် ဟေမာန် ကြောင်နေတုန်းရှိပါသေးသည် ဘယ်လိုtomboy ပါလိမ့် ဟုတ်ပါသည် သူ့ရင်အုံသည် အားကစားဆော့ထားသော ယောက်ျားလေးပမာ ကျစ်ကျစ်လစ်လစ် ဗိုက်မွှေးတွေ ရင်ဘတ်မွှေးတွေနှင့် ဒါကြီးက tomboy လား သူမခေါင်းခါရင် အင်္ကျီလဲဖို့ပြင်လိုက်သည်
"ခွီး"
သူ၏ စပို့ရှပ်အဖြူနှင့် အားကစား ဘောင်းဘီဝတ်ထားသော အနှိဂြိုလ်သူမကား ဖိုးရိုးဖားရား နှင့်ရယ်ချင်စရာကောင်းလှသည်
"ရော့ ခေါင်းသုတ် အိမ်ပေါ်ကနေ မဆင်းနဲ့ "
သူမအား တဘက်လှမ်းပစ်ပေးပြီး အိမ်အောက်ဆင်းသွားသည် (ကိုယ့်ကောင်က အဲ့လိုကဗျာဆန်တာ)
"Percy သားကြီး"ဟု အော်သံနှင့်အတူ တိုက်ထဲမှ ခွေးနက်ကြီးတကောင် လွှားခနဲ ပြေးထွက်လာသည်
"Percy ရပ် သား ရပ်"
ဟု သူအော်လိုက်ချိန်တွင်မူ ခွေးကြီးကား တုန့်ခနဲရပ်သွားသည် ခွေးအားလည်ပတ်ကြိုး တပ်ပေးပြီး သူနှင့် ယှဉ်ပြေးစေပြန်သည်
"အတော် အမောခံနိုင်တဲ့လူ"
ဟုတ်ပါသည် ခွေးထီးများအား တကောင်ချင်းသေချာကျင့် ပြီး ခွေးမတွေရော ထုတ်ကာ ခွေးတွေအကုန် ပြေးခိုင်းပြီး သူပါပတ်ပြေးနေသည် စပို့ရှပ်အဖြူရယ် အားကစားဘောင်းဘီအရှည်နဲ့ အားရပါးရ ရယ်ရင်းပြေးနေသော သူ့ပုံစံမှာ တကယ်ကြည့်ကောင်းတာတော့ ဝန်ခံရပါမည် မသိရင် သူမတို့ဝတ်ထားတာ couple လိုလို
"ဝှီး မောတာ"
သူ ဝရန်တာမှာ ခြေဆင်းထိုင်ရင်း အမောဖြေနေလိုက်သည်
"ရှင် မမောဘူးလား ပြေးတော့လည်း ခြေတုံးလုံးကြီး ဘွတ်ဖိနပ်လေးဘာလေးစီးဦး"
"မောတာပေါ့ ဒါပေမယ့် ပျော်တယ်"
သူ့ပုံစံကြည့်ရတာ ဘေးကလူတောင် ပျော်လာရသည်
"ခဏနေ ပြန်ကြစို့လေ"
"အွန်း ရှင် အမောဖြေပါဦး"
ပြောရင်း သူမ မသင်း ရေလောင်းရာနေရာ လိုက်သွားသည်
"မသင်း ဒီလောက် ခြံအကျယ်ကြီး ထိန်းသိမ်းရတာ ပင်ပန်းမှာပေါ့"
"ပင်ပန်ပါဘူး ညီမလေးရဲ့ လုပ်နေကျဆိုတော့လည်း"
"မသင်းနားမှာလေ ဟန်သာငြိမ်းph no. ရှိလား"
"ရှိတယ်လေ အလွတ်တော့ မရဘူး တိုင်မှာ ဖုန်းအိတ်ချိတ်ထားတယ် ကြည့်လိုက်လေ ညီမလေး"
"ဟုတ် အမ"
သာယာလှသော ခြံကျယ်ကြီးတွင် ဖော်ရွေလှသော မသင်းတို့လင်မယားရယ် ဘေးက ကားမောင်းနေသော ခပ်ကြောင်ကြောင် tomboy ရယ်နဲ့ အတူတူနေခဲ့ရတဲ့ တနေ့တာဟာ သူမအတွက် ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်ခဲ့ရပါသည် ခွေးကြီးတွေကတော့ ခြွင်းချက်ပေါ့
"မင်း ဘယ်နား ဆင်းမှာလဲ"
" မာန် လို့ မခေါ်တော့ဘူးလား"
"ဟမ်"
သတိထားမိနေတာလား ကိုယ်က လွှတ်ခနဲ ထွက်သွားတာကို
"မကြိုက်မှာစိုးလို့ပါ"
"ရပါတယ် ကြိုက်တယ် ကိုယ့်နာမည်ကို အဲ့လိုခေါ်လို့ရလိမ့်မယ် လို့တခါမှ မတွေးဖူးဘူးလေ တမျိုးလေးဘဲ မဆိုးဘူး"
"ကိုယ်က တော်တယ်လေ"
ပြောင်စပ်စပ်မျက်နှာက တကယ်ဖြတ်ရိုက်ချင်စရာပါ သူမ ဘာမှပြန်မပြောဘဲ မျက်နှာသာရှူံ့မဲ့ ပြလိုက်သည်
"မာန် ဘယ်ကို ပို့ပေးရမလဲ"
"Hotel Akimomiကိုပို့ပေး အဲ့မှာ တည်းနေတာလေ"
"ok ok"
"ဒီနေ့ အတွက်ကျေးဇူးပါနော် ဟေမာန့်ကို သေချာဂရုစိုက်ပေးတာ"
"ကိုယ့် နေရာမှာ တခြားသူသာဆို မာန် ဒီ့ထက်တောင် ဂရုစိုက်ခံရဦးမှာ ကိုယ်ကပေါင်းသင်းဆက်ဆံရေး သိပ်ညံ့တယ်"
"အွန်း ဖြစ်နိုင်ပါတယ် ဒါပေမယ့် ခုလိုလေးကို ပိုသဘောကျတယ်"
"ကဲ ရောက်ပြီ မာန် ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ်"
သူ hotel အကျော်ခပ်လှမ်းလှမ်းမှာ ကားရပ်ပေးလိုက်သည် သူမလို super star က ခွေးဘီလူး ကားလေးပေါ်က ဆင်းလာသည်ကို hotelမှ ဝန်ထမ်းများအား မသိစေလိုပါ
ပြန်ရောက်ကတည်းက ဟေမာန်နှင်း တယောက် အခန်းထဲမှာ ငြိမ်ချက်သားကောင်းနေပါသည် သူမမှာ လတ်တလော စဉ်းစားစရာတွေ များနေသည်လေ သူ့အား ဘွတ်ဖိနပ်လေး တရံလောက်တော့ ဝယ်ပေးသင့်သည်လေ ဟန်သာ့အနားမှာ ရှိနေချိန်များမှာ ကပေါက်တိကပေါက်ချာနိုင်ပေမယ့် တကယ်ကို စိတ်ထဲမှာ ငြိမ်းချမ်းမှုကို ခံစားရသည်
"ဒေါက် ဒေါက် မမ ရေ"
တံခါးခေါက်သံနှင့်အတူ သဇင့်အသံ ပေါ်လာတော့ သူမ တံခါးသွားဖွင့်ပေးလိုက်သည်
" မမ ဘာကြီးတွေ ဝတ်ထားတုန်း"
အဝတ်မလဲရသေးသော သူမကို မာမီချစ်နှင့် သဇင်က ပြူးကြည့်နေကြသည်
"အော် ဒါလား နေလို့ကောင်းတယ် အာေ့ကြာင့် ဝတ်ထားတာ"
"ဟေမာန် တနေကုန် ပစ်ထားတာနော် မာမီတို့ကို"
"မာမီကလည်း ဟေမာန့်သူငယ်ချင်း နဲ့ လည်နေလို့ပါ ဒါနဲ့ မာမီ့အသိက အိမ်ရောင်းမှာသေချာလား မေးပေးပါဦး"
"အေးအေး မေးထားပေးမယ်"
"သဇ.င်ရော ဟိုတယ်မှာ အဆင်ပြေလား"
"ပြေပါတယ် မမရယ် သဇင်ဖြင့် တနေကုန် ဟိုအခန်းကူးဒီအခန်းကူးနဲ့ ပြီးသွားတာဘဲ"
"အေးပါ ဟုတ်ပါပြီ နက်ဖြန် sence တွေရော မေးပြီးပြီလား"
"မေးပြီးပြီ မမ နက်ဖြန်တော့ ပွဲကောက်က sence တွေ အကုန်ဖြတ်မယ်တဲ့ သဘက်ခါက တန်ဆောင်မုန်းလပြည့် မီးပုံးပျံ ပွဲနဲ့ဆိုတော့ လူကြပ်မှာစိုးလို့တဲ့"
"သဇင် ဒီနှစ်တော့ မီးပုံးပျံ ပွဲကြည့်မလား"
" လူတော့တိုးရမယ်ထင်တယ်နော် သဇင် ကြောက်တယ်"
"မာမီချစ်ရော လိုက်မလား"
"မလိုက်တော့ဘူး မီးပုံးပျံ ပြုတ်ကျရင်ပြေးရမှာနဲ့ ပြီးတော့ မြို့ခံမပါဘဲအဆင်ပြေမှာမဟုတ်ဘူး"
"အဲ့ဒါဆိုလည်း အဆင်ပြေအောင် မြို့ခံကိုခေါ်သွားတာပေါ့"
"မမ အသိရှိလို့ သွားချင်ရင်သွားလေ သဇင်တို့ tv ကနေဘဲကြည့်တော့မယ် တောင်ကြီးရော ပြင်ဦးလွင်ရော"
"အန်တီ ဟန်သာ ဘာဖြစ်နေတာလဲ မသိဘူး ခြံထဲက ပြန်ဘာကတည်းက ထိုင်ခုံပေါ်မှာ ပက်လက်ကြီး လန်ပြီး ပြုံးနေတာ ခုထိဘဲ"
"ခြံဝမှ တူမဖြစ်သူ၏ စကားကြောင့် ဒေါ်ငြိမ်းငြိမ်းရီတယောက် မျက်လုံးပြူးသွားရသည် ဒီကလေး ဒီလိုမဖြစ်ဖူးပါဘူး
"သမီး နေမကောင်းဘူးလား"
ဟန်သာ နဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ရင်း မေးလိုက်သည် သူမမှာ ချစ်စရာ ဒီသမီး တယောက်သာရှိသည် မဟုတ်ပါလား စိုးရိမ်ရပါသည် ဟန်သာ က ftm(female to male)surgery ဒုတိယအဆ့င့်ပြီးထားသူမို့ သူမမှာ အမြဲအရိပ်တကြည့်ကြည့်
"ကောင်းပါတယ် အမေရ ဒီနေ့ခြံထဲသွားတာ သိပ်ကိုပျော်ဖို့ကောင်းလို့လေ"
"အင်းပါ တခုခုဆို အမေ့ကိုပြောနော်"
"ပြောမှာပေါ့အမေရ ဒီမှာ ကြည့် သန်သန်မာမာ ကြီး"
"ဟန်သာရယ် final step လုပ်ချင်ဇောနဲ့ ဇွတ်ကြီးသန်မာပြမနေနဲ့ အမေတို့ ဆုံးဖြတ်ထားတဲ့အတိုင်း step by step ပေါ့"
ဟန်သာ သူ့အမေရှိရာ ထိုင်ခုံဘက်ပြောင်းထိုင်ရင်း အမေ့အား ဖက်ထားမိသည် ဒီလို အမေမျိုးရှိတာ သူ့အတွက် တကယ်ကံကောင်းပါသည် သူဖြစ်ချင်တာကို နောက်ကနေ အစစအရာရာ အမြဲပံ့ပိုးပေးသည် အမေ့ဆောင်ပုဒ်အရ လူဖြစ်တုန်း ကိုယ်ဖြစ်ချင်တာလုပ် ပျော်ပျော်နေ ဒါဘဲ
"ကျွတ်"
ဟေမာန်တယောက် စဉ်းစားရခက်နေပါသည် ဟန်သာ့ဆီ ဖုန်းဆက်ရမလား မဆက်ရဘူးလား သူမ ဒါကို စဉ်းစားနေတာ ည၈နာရီလောက် ဒိုင်ယာလော့တွေ အကုန်ဖတ်ပြီး လေ့ကျင့်ပြီးကတည်းက ၉နာရီတောင်ထိုးတော့မယ် သူမမှာ အဖြေမရသေး ခေါ်ကြည့်တာပေါ့ ဘာဖြစ်လဲ
တူ တူ တူ
"ဟဲလို" အသံသြရှရှကြောင့် သူလန့်သွားသည်+ ဟန်သာမှ ဟုတ်ရဲ့လား
" ဟဲလို ဟဲလို" တဖက်မှစိတ်မရှည်သံကြောင့်
"ဟန်သာ လား"
ဟုသူမ အရဲစွန့်မေးလိုက်သည်
"မာန် လား"
"အင်း ဘယ်လိုသိတာလဲ"
"မာန့်အသံကို ကိုယ်အရမ်းရင်းနှီးတယ်လေ tv ထဲကနေ"
"အော်"
"မာန် ကိုယ့်ကို ဘာပြောမလို့လဲ"
"မီးပုံးပျံ ပွဲလိုက်ပို့ပေးမလားလို့် အဲ့ဒါမေးမလို့"
"မာန် သွားချင်ရင် ပို့ပေးမယ်လေ လူတော့တိုးရမှာနော်"
"ရပါတယ် ဟေမာန် အခွင့်သင့်တုန်း ရောက်ဖူးချင်လို့ အဲ့ဒါဆို သဘက်ခါညနေလောက် ဖုန်းဆက်လိုက်မယ်လေ "
"လပြည့်နေ့ပေါ့ နက်ဖြန်သွားပါလား လူရှင်းတာပေါ့"
"တော်ပြီ လပြည့်နေ့သွားချင်တာ"
"ကောင်းပြီလေ မာန် အားရင် ကိုယ့်ကို ဖုန်းဆက်လိုက်လေok"
"အင်း အဲ့ဒါဆို ဒါဘဲ good night bye"
"Good night"
CZYTASZ
ငြိမ်းချမ်းရာ
Romansသူ့အနားကပ်ပြီး သူ့ရင်ခွင်ထဲ ဝင်နေမှ ငြိမ်းချမ်းမှုကို ခံစားရတာ မဟုတ်ဘူး ဘယ်ချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ် သူ့ရဲ့ အချစ် သူ့ရဲ့မေတ္တာကို တွေးကြည့်ရုံနဲ့ကို ငြိမ်းချမ်းမှုကို ခံစားရတာ