ငြိမ်းချမ်းရာ - ၅

1.7K 94 1
                                    

ဟေမာန်​ ခုချိန်​မှာ အရာအားလုံး ကို​မေ့ထားချင်​သည်​ ကိုယ့်​ဘဝရဲ့ ဖြစ်​တည်​မှု သူ့ဘဝရဲ့ ဖြစ်​တည်​မှု   ​လော​လောဆယ်​ သူမသိတာက ​နွေး​ထွေးတဲ့ ရင်​ခွင်​ထဲမှာ သူမခိုးနား​နေရပြီး သူမစိတ်​​တွေ အရမ်းငြိမ်းချမ်း​နေတယ်​ ဆိုတာပါဘဲ ဒါကို သူက ကိုယ့်​ကိုယ်​​ပွေ့ဖက်​ထား​ပေး​တော့ လုံးဝ ချိုမြိန်​​​နေပါသည်
"မာန့်​ ကိုချစ်​တယ်​"
ပရိတ်​သတ်​များ၏ အား​ပေးသံ ကွင်းထဲမှ အဖွဲ့များ၏ ရှမ်းအိုးစည်​သံများအကြား သူ့၏ အာ​ခေါင်​ခြစ်​ ​အော်​သံ​ပျောက်​သွား​သော်​လည်း ​ဟေမာန်​နှင့်​ ပတ်​ဝန်းကျင်​မှ လူများအဖို့​တော့ ပီပီသသ ကျယ်​ကျယ်​​လောင်​​လောင်​ကြီး ကြားလိုက်​ရသည်​ သူမလည်း သူ့ရင်​ခွင်​ထဲမှ ရုန်းထွက်​ပြီး သူ့လက်​ဆွဲကာ သူမတို့၂​ယောက်​ကို စိုက်​ကြည့်​​နေ​သော လူများနှင့်​ ​ဝေးရာသို့
"ပြန်​ကြစို့"
"မာန်​ ကိုယ့်​ကို စိတ်​ဆိုးသွားတာလား "
"မာန်​ တခုခု​ပြောဦး​လေကွာ"
သူမဆွဲ​ခေါ်ရာ​နောက်​ တရွတ်​တိုက်​ပါရင်း ​မေးခွန်း​တွေ ဆက်​တိုက်​​မေး​နေ​သော ထိုသူသည်​ ရူးများ​နေလားမသိ သူမမှာ နှာ​ခေါင်းစည်း ကြီးဝတ်​ထားရသည်​​လေ သူမ စကား​ပြော​တော့​ရော သူကြားမှာလား ခုချိန်​ mark ချွတ်​ပြန်​ရင်​လည်း ဒုက္ခ​ရောက်​ဦးမယ်
"မာန်​.."
သူ့ဘက်​ရုတ်​တရက်​လှည့်​ကာ မျက်​​မှောင်​ကြုတ်​ ပြလို​​က်​​သော မာန့်​ကြောင့်​ သူ့စကားများ ရပ်​တန့် သွားရသည်​ ​ပြောရမည်​ဆိုလျှင်​ သူ့ကမ္ဘာကြီးပါ ရပ်​တန့်​သွားသလိုပါ ဖွင့်​မ​ပြောမိရင်​ အ​ကောင်းသား စိတ်​ရူး​ပေါက်​ပြီး ဖွင့်​​ပြောမိမှ ရှိ​နေတဲ့ အခွင့်​​ရေး​လေးပါသွား​ရော
"အင်း ပြန်​မယ်​​လေ"
ဒီတခါ​တော့ သူက သူမလက်​ဆွဲကာ ​ရှေ့က​နေ ငိုက်​စိုက်​ ငိုက်​စိုက်​နှင့်​ ကားဆီသို့
နာကျင်​ရပါသည်​ သူ၏ ရည်းစားဦးပုံပြင်​ကား မစရ​သေးဘဲ အဆုံးသတ်​သို့ တွီ ခနဲ​ရောက်​သွားရသည်
"ဝုန်း"
စိတ်​မ​ကျေနပ်​မှုများအား ကားတံခါး​ပေါ် ပုံချလိုက်​သည်​ အ​ရေးဆို ကားလမ်းကပိတ်​ မြို့​ရှောင်​လမ်း​ပေါ် တ​မျှော်​တ​ခေါ်ကြီး ကားတန်းကြီး ကြပ်​ညှက်​​နေချက်​က ကားဘီးက ​ရွေ့လို့ကိုမရ​တော့
"ဟာကွာ ဒုန်း ဒုန်း"
"ဟန်​သာ ဘာလို့ အဲ့​လောက်​​တောင်​ စိတ်​တို​နေတာတုန်း"
ကားစီယာရင်​ အား အားရပါးရ ထု​နေ​သော သူ့အား ​ဟေမာန်​နားမလည်​စွာ ​မေးမိသည်
"ကြည့်​ဦး​လေ ကား​တွေပိတ်​​နေတာ ဘယ်​​လောက်​တောင်​ စိတ်​ရှူပ်​ဖို့​ကောင်းလဲ"
မျက်​နှာကြီးရှူံ့မဲ့ကာ ​ပြော​နေ​သော ထိုလူကား ကွင်းထဲမှာ သူမ အားရည်းစားစကား ​ပြော​ခဲ့​သော သူမှ ဟုတ်​ပါ​လေစ ဟန်​သာ ဘာဖြစ်​သွားလဲ သူမ​တွေးလို့မရ
"မာန်​ ကားထဲ​နေခဲ့ဦး ကိုယ်​ ​ရှေ့ကိုသွားကြည့်​ဦးမယ်​ "
ကားစက်​မရပ်​ဘဲ ​လော့ချကာ ထွက်​သွား​သော သူ့ရဲ့​ကျောပြင်​ကိုကြည့်​ပြီး စိတ်​ရှူပ်​လာသည်​မို့ စိတ်​​ပေါက်​​ပေါက်​နှင့်​ ဝိုင်​ဘူးအား ​ကောက်​​မော့​နေလိုက်​သည်
"ကြာဦးမယ်​ထင်​တယ်​ မြင်​ရတဲ့တ​လျှောက်​ထိ လုံးဝပိတ်​​နေတာဘဲ"
ပြော​ပြောဆိုဆို ကားထဲဝင်​လာ​သော ဟန်​သာ့အား ​ဟေမာန်​ မျက်​​စောင်းခဲရင်း ​ကျော​ပေးလိုက်​သည်
"မာန်​ ကိုယ့်​နား​နေရတာ တအားစိတ်​ရှူပ်​​နေတာလား"
"ရှူပ်​​နေတာက ရှင်​​လေ ကားတံခါး ​ဆောင့်​ပိတ်​လိုက်​ စီယာရင်​ ထုလိုက်​နဲ့ အရမ်း​တွေစိတ်​ရှူပ်​ပြ​နေတာ နားမလည်​နိုင်​ဘူး"
"အဲ့ဒါဆို ကိုယ်​က မာန်​ ကိုယ့်​ကို လက်​မခံနိုင်​တဲ့ အ​ခြေ​နေမှာ ပြုံးပြီး ​ပျော်​​နေရမှာလား"
"ဟမ်​ "
သူ့စကား​ကြောင့်​ ​ဟေမာန်​​ကြောင်​သွားရသည်​ ​ဟေမာန်​ ဘယ်​တုန်းက သူ့ကို လက်​မခံနိုင်​ဘူးလို့ ငြင်းမိလိုက်​တာပါလိမ့်​ လက်​ထဲမှ ဝိုင်​ဘူးအားကြည့်​မိသည်​ သူမ မူး​နေတာလား
"မာန်​ ​သောက်​​နေတာလား"
လက်​ထဲမှ ဝိုင်​ဘူးအား ကြည့်​​နေ​သော ​ဟေမာန့်​အား ​မေးလိုက်​သည်
"​ဟေမာန်​ ရှင့်​ကို ဘယ်​တုန်းက ငြင်းလိုက်​တာလဲ"
"မင်းဘဲ ငါ့ကိုပွဲခင်းထဲက တရွတ်​တိုက်​ ဆွဲ​ခေါ်လာတယ်​ ပြီး​တော့ ငါ့ကိုမျက်​​မှောင်​ကြုတ်​ကြီးနဲ့ စူ​ထော်​ပြ​နေတာ အဲ့ဒါ ငါ့ကိုငြင်းတာဘဲမလား"
မိမိအား ပြူး​ကြောင်​​ကြောင်​​မေး​နေ​သော အမူးသမားအား ​အော်​လိုက်​သည်
"​မျက်​​မှောင်​ကြုတ်​တာက​တော့ ထားပါ​တော့ စူ​ထော်​​နေတာက ဘာလဲ ကျွန်​မက mark ကြီးတပ်​ထားတာ ရှင်​ဘယ်​လိုမြင်​ရလဲ"
"အဲ့ အဲ့ အဲ့ဒါက"
အော်​​ဟစ်​​​နေ​သော သူကြီးအား စိတ်​မဆိုးနိုင်​ဘဲ ရယ်​ကျဲကျဲနှင့်​​မေး​တော့ သူ့မှာ စကား​တွေကို ထစ်​လို့
"အာ​ခေါင်​ခြစ်​သံကြီးနဲ့ ​လျှောက်​​အော်​​​တော့ ရှက်​တာ​ပေါ့ ​ဘေးကလူ​တွေကဝိုင်းကြည့်​​နေတာ မမြင်​ဖူးလား ပြီး​တော့ လူကမှ mark တပ်​ထားရပါတယ်​ဆို ​နောက်​က​နေ တတွတ်​တွတ်​ ​မေး​နေတာ​လေ "
"အမ်​ အာ့ဆို ကိုယ်​အငြင်း မခံရ​သေးဘူး​ပေါ့"
အမ​လေး မျက်​နှာကြီး ဖြီးသွားပုံက လုံးဝ စပရိန်​မျက်​နှာ ကိုယ်​ ရုပ်​ရှင်​မင်းသမီး​တောင်​ သူ့ဆီက ပြန်​သင်​ရမယ့်​ပုံ
"​ဟေမာန်​ ​ပြောပြမယ်​ ဟန်​သာ ​သေချာနား​ထောင်​ ​ဟေမာန်​ ဆယ်​တန်းပြီးကတည်းက ဒီလမ်း​ကြောင်း​ပေါ်​လျှောက်​ခဲ့တာ တ​ယောက်​တည်း​ပေါ့ ​ဖေ​ဖေနဲ့ ​မေ​မေရယ်​ မမရယ်​က အနုပညာ​လောကနဲ့ ​ဝေး​တော့ ​ကိုယ့်​လမ်းကိုယ်​​ဖောက်​ခဲ့ရတာ အဲ့ဒီ လမ်း​ပေါ်မှာ ​အောင်​မြင်​မှု​တွေ ရလာတာနဲ့အမျှ ​ဟေမာန့်​မှာ သူငယ်​ချင်းနည်းလာ​လေ​ဘဲ အလုပ်​အ​ပေါ်ဘဲ လုံးလုံး အာရုံစိုက်​ခဲ့တာ​တွေလည်း ​ပါမှာပါ​ပေါ့ အနုညာလမ်း​ကြောင်းရဲ့ ​အောင်​မြင်​မှု​တွေ​ပေါ် ​မှာ ​လျှောက်​ရင်း​လျှောက်​ရင်​ အထီးကျန်​ မှန်းမသိကျန်​လာတယ်​ ခုလို ဟန်​သာက ​ဟေမာန့်​ကို ပုံမှန်​​လေးလို ဆက်​ဆံ​ပေး​တော့ ​ဟေမာန့် ​အထီးကျန်​မှု​တွေ​အောက်​က​နေ လွတ်​​မြောက်​လာခဲ့တယ်​ ​ဟေမာန်​ ခုလို ဟန်​သာနဲ့ ရှိ​နေရတာကို သ​ဘောကျတယ်​"
"အဲ့​တော့ ​ဟေမာန်​က ကိုယ့်​ကို ချစ်​တယ်​​ပေါ့"
"မ​ပြောပါဘူး သ​ဘောကျတယ်​လို့ ​ပြောတာပါ"
"ကိုယ့်​နားမှာ ​နေရတာ သ​ဘောကျတယ်​ဆိုတာ ကိုယ့်​ကို ချစ်​တာဘဲ မဟုတ်​ဘူးလား မာန်​ ရ"
"ဒီမယ်​ ဟန်​သာ"
သူမ ဟန်​သာ့မျက်​နှာ​ကို သူမလက်​ဖဝါးနှစ်​ဖက်​နှင့်​ ညှပ်​ထားပြီး ​စေ့​​​စေ့ကြည့်​လိုက်​သည်
"​ဟေမာန့်​အ​ခြေ​နေကို ဟန်​သာ သိပါတယ်​ ​ဟေမာန်​က အနုပညာရှင်​တ​ယောက်​ ဖြစ်​တဲ့အတွက်​ ​ဟေမာန်​ နဲ့ တွဲမယ်​ဆိုရင်​ ​ဟန်​သာ အများကြီး နစ်​နာမှာ​နော်​ အဲ့ဒါ​တွေ ကြို​တွေးထားဖို့လိုတယ်​​ ဥပမာ သူများ​တွေလို အချိန်​လည်း အများကြီး ​ပေးနိုင်​မှာ မဟုတ်​သလို ဘုရားသွား​ကျောင်းတတ်​လုပ်​ဖို့ ခဲယဉ်းလိ့မ့်​မယ် ပြီး​တော့ ​ဟေမာန့်​ အလုပ်​​ပေါ်မှာ နားလည်​မှုရှိရလိမ့်​မယ်​"
"မာန်​ ကိုယ့်​ကို ချစ်​လား"
မောသွားပုံရ​သော မာန့်​မျက်​နှာ ​လေးကိုကြည့်​ရင်း​မေးမိ​တော့ ​မာန်​က သူ့ကို ​တွေး​တွေး​လေး ​ငေး​နေသည်
"မာန်​ ကိုယ့်​အ​ကြောင်း သိတယ်​​နော်​ ကိုယ်​က ​ယောက်ျား​လေး မဟုတ်​ဘူး မိန်းက​လေး ကိုယ်​နဲ့တွဲရင်​ ​ဟေမာန်​လည်း အများကြီး နစ်​နာရမှာဘဲ"
"ချစ်​တယ်​"
သူမလက်​ဖဝါးကြားမှ နှုတ်​ခမ်း​လေး ​ထော်​​ကာ ​ထော်​ကာ ​ပြော​နေ​သောသူ့ကို ကြည့်​ရင်း သူမ ​ပြောလိုက်​သည်​ ခုချိန်​မှာ သူမ ဘာမှ မစဉ်းစားချင်​​တော့ သူမလည်း တခါတ​လေ လွတ်​လွတ်​လပ်​လပ်​ ​ပျော်​သင့်​တယ်​မလား
"ရာ ရား ခုကိုယ်​တို့ချစ်​သူ​တွေ ဖြစ်​သွားပြီ ဟုတ်​တယ်​မလား မာန်​ ဟုတ်​တယ်​မလား"
သူ့ပါး​ပေါ်က ​ဟေမာန့်​လက်​ဖဝါး ၂ ဖက်​အားကိုင်​ရင်း မယုံကြည်​နိုင်​စွာ​မေး​နေ​သော သူ့အား သူမ အားရပါးရပြုံးရင်း ​ခေါင်းညိတ်​ပြလိုက်​သည်

ငြိမ်းချမ်းရာ Opowieści tętniące życiem. Odkryj je teraz