Zawgyi
1993 December 2
...........
Unicode
1993 December 2
အမှတ်၇ အခြေခံပညာအထက်တန်းကျောင်း
မြို့သစ်ဒီဇင်ဘာကျောင်းပိတ်ရက်နီးပြီမို့ကျောင်းသားကျောင်းသူများကျောင်းတက်ရန်စိတ်ပင်မပါကြတော့ပေ။ အထူးသဖြင့်ဒုတိယတန်းကျောင်းသားလေးအေးဝေ။
နာမည်လေးကြားရင်သမီးလေးဟုထင်စရာ။
အမေကတော့ သမီးလေးမွေးမည်ထင်၍
အေးဝေဖြာမေ ဟုအမည်ရွေးထားခဲ့သည်တဲ့လေ။မွေးလာတော့ အထီးလေးဖြစ်လေတော့ အနောက်မှ ဖြာမေ ကို ဖြုတ်လိုက်ရတော့သည်။အေးဝေ။ အသက်၆နှစ်ခွဲ အတန်းထဲ လူကောင်အညှက်ဆုံး အသွက်ဆုံး အဆော့ဆုံးကျောင်းသား။
ယခုလည်း အတန်းကြီးများ လက်တွေ့ခန်းဝင်နေချိန်ဖြစ်၍ သိပ္ပံဆောင်တစ်ခုလုံး ဆရာ၏လက်တွေ့သင်ကြားသံတစ်ခုသာ ထွက်နေချိန်သူတို့ကလေးတစ်သိုက်အားကစားချိန်ကို အချောင်ခိုကာ သိပ္ပံဆောင်ဘက်ပြေးလာခြင်း။
လက်တွေ့ခန်းတွင်အက်ဆစ်နှင့်ဘေ့စ်ထုတ်ဖော်ပုံများသင်နေချိန်ဖြစ်၍ ဆရာက အဖွဲ့များခွဲ၍ လက်တွေ့စေခိုင်းပြီး အတန်းလွှတ်လေပြီ။
စံပြကျောင်းသားဖြစ်သူမှာ ဆရာလက်တွေ့သင်ကြားခဲ့သော အက်ဆစ်ထည့်ထားသည့်Glass tube ကိုသယ်၍ထွက်လာချိန်။
အဆော့သန်အေးဝေတစ်ယောက်အခန်းကွယ်မှ ဗြုန်းကနဲထွက်လာလေ၍အတန်းကြီးအစ်ကိုကြီးကိုပစ်တိုက်မိလေပြီ။ အက်ဆစ်ထည့်ထားသော glass tube မှာ အပိတ်မပါလေသော အပြစ်လေလား။ အစ်ကိုကြီးမျက်နှာကို ပက်ထည့်လိုက်သလို ဖြစ်ကာ ....
အေးဝေ တစ်ယောက်လည်း လန့်ကာနောက်ဆုတ်မိချိန်နောက်မှလှေကားကို မမြင်ပဲချော်ကျလေတော့ ..........
ထိုကျောင်း၌ ဒုတိယတန်းကျောင်းသားအေးဝေတစ်ယောက်လှေကားမှ လိမ့်ကျသော အရှိန်ဖြင့်ဦးခေါင်းအပြင်းအထန်ထိရာမှဘာကိုမှမမှတ်မိလေတော့သဖြင့်ကျောင်းတစ်နှစ်နားလိုက်ရလေသည်။
အတန်းကြီးအစ်ကိုကြီးကတော့ဖြင့်ကျောင်းပြောင်းသွားလေသဖြင့်ဘာဖြစ်သွားသည်ကို မည်သူမျှမသိလိုက်ကြပေ။
CZYTASZ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Krótkie Opowiadaniaမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...