Zawgyi
၆နာရီဆို နိုးနေကျမျက်လုံးတွေက အကျင့်ပါကာ အိပ်ယာမှနိုးလာသည်။ တစ်ယောက်တည်းသုံးဖို့ဟု ပြောသွားပေမဲ့ ၂ယောက်အိပ်ကုတင်ကတော့ သူ့တာဝန်အရ အိစက်နေမြဲ။
Honey moon ကာလဟု သတ်မှတ်ကာ အလုပ်မတက်ရခြင်းက ကိုကြီးကျယ် Boss ၏ အမိန့်။
ချစ်သူအမိန့်တော့မဟုတ်။ သို့ပေမဲ့ မလွန်ဆန်နိုင်သေးသမျှကတော့။နိုးလာပြီးမှတော့ ပြန်မအိပ်ချင်။ အကျင့်ပျက်သွားမည်စိုးရသည်။ တစ်ညလုံး aircon မဖွင့်ပဲ အိပ်ခဲ့လေသမျှက ဆောင်းတွင်းကိုတောင် လူကိုချွေးစီးကပ်နေစေသည်။ သြော် ရန်ကုန်ဆောင်း ။
မထူးတော့ ရေချိုးခန်းဝင်ကာ ရေပါတစ်ခါတည်းချိုးလိုက်တော့သည်။ အခန်းကထွက်တာနဲ့ ဘုရားခန်းဘက်မှ အသံသဲ့သဲ့ကြားတော့ ခြေလှမ်းကအလိုလို။
အိမ်ကြီးပေါ်တွင် သူနဲ့ကျွန်တော် ၂ယောက်ပဲရှိမှာ။ မနေ့ကပြောတာ အိမ်ရှိလူအကုန် တန်းလျားသက်သက်တွင်နေသည်ဆိုလား။
ဒါဆို သူလား။ ဘုရားခန်းရှေ့ခြေစုံရပ်မိတော့ အမျှဝေနေပြီ။ ကြည်လင်နေသော အမျှဝေသံက မနက်ခင်းနဲ့လိုက်ဖက်နေတော့ သူ့အပေါ် အမြင်မကြည်နေတာတောင် နည်းနည်းလျော့သွားသလို။
ဟုတ်သည်လေ။ မနေ့ကပဲ သူ့ကိုနမ်းပါဟု ပြောသွားသော ထိုသက်ကြားအိုကို တစ်စက်လေးမှ ကြည့်မရနိုင်ပါ။
ဘာကြောင့်များ သူ့လိုလူက ကျွန်တော့ကိုရအောင်ယူထားရပါသနည်း။ ချစ်သည်ဟုပြောသည်။ မဖြစ်နိုင်။ ဘယ်လိုမှမဖြစ်နိုင်ပါ။ ဆရာဝန်တစ်ယောက်ဖြစ်၍ အမြင်တော့မကျဉ်းပေမဲ့။ ကိုယ်တိုင်အတွက်တော့ supporting မလုပ်ပေးနိုင်ပါ။
ဦးချနေပုံက ထိခြင်းငါးပါးနှင့်။ မက်တပ်ရပ်လိုက်တော့ မနေ့က သေချာမတွေ့ခဲ့ရသောအရပ်က ကလန်ကလားဟုပြောရခက်သည်။ ကြွက်သားများများမရှိပေမဲ့ အဆီပိုမရှိသော ခန္ဓာတည်ဆောက်ပုံနှင့်အရပ်က တကယ်ပင် ကျွန်တော့ထက် ခေါင်းတစ်လုံးစာမြင့်နေသည်။ ကျွန်တော့ဘက်လှည့်လာပြီး တည်ကြည်နေသော မျက်နှာထားဖြင့်လှည့်မေးလာသည်။
![](https://img.wattpad.com/cover/190693840-288-k969525.jpg)
VOUS LISEZ
တိမ်ဖုံးကောင်းကင် - တိမ်ဖုံးကောင်းကင် ( Completed )
Nouvellesမသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြက်ထွေး' သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်မှရက်စက်တာမဟုတ်ပါဘူး အပြစ်မမြင်ဘူးဆိုတဲ့ ခင်ဗျားကမှ ရက်စက်တာ မဟုတ်သေးဘူး အရှင်လတ်လတ် သေစေတာ ' အေးဝေ ' ( Unicode ) မသိတာကို အပြစ်မမြင်ရက်ပါဘူး ' မြ...