အခန်း ၂၈။ အချစ်​ဦးမို့ပါ
12.6K 1K 26
Zawgyi
လက်​ထဲမှာ သိမ်းထားစရာမလိုပါပဲ ချစ်​စရာ​ကောင်းတဲ့ ပိုင်​ဆိုင်​မှုဆိုတာ ချစ်​ခြင်းတရားပါတဲ့။
လောကမှာဘယ်​အရာကမှ မမြဲဘူး။ ဒါ​ပေမဲ့ ချစ်​ခြင်းတရားနဲ့ပတ်​သက်​တဲ့ အမှတ်​တရ​တွေက​တော့ ရင်​ဘက်​ထဲမှာ ထာဝရ ရှင်​သန်​နိုင်​ပါတယ်​တဲ့​လေ။
ကိုယ်​တိုင်​က​ရော အဲ့လို ကြည်​နူးစရာ အမှတ်​တရ​တွေ ပိုင်​ဆိုင်​ဖို့ အခွင့်​အ​ရေးရှိ​သေးရဲ့မလား​လေ။
.............
" ကိုကို အခုထိ စိုးရိမ်​တတ်​​နေတုန်းပဲလား "
....
" ကိုကို .. ကိုကိုတဲ့လား "
" ကျွန်​​တော်​ အဲ့လို​ခေါ်လို့ စိတ်​​တော့မဆိုးပါဘူး​နော်​ "
" ဟင့်​အင်း ကိုယ်​ အံ့သြသွားလို့ ...ဒါဆို ... "
" ကျွန်​​တော်​ .. ကျွန်​​တော်​ အိပ်​မက်​မက်​ခဲ့တယ်​ ကိုကို "
" အိပ်​မက်​ ... အာ ​အေး​ဝေက အရမ်းအိပ်​​နေခဲ့တာကိုး... အဲ့ဒါ​ကြောင့်​​နေမှာ "
" ကျွန်​​တော့အိပ်​မက်​ထဲမှာ ကျွန်​​တော်​က ငယ်​​သေးတယ်​ "
" ဟုတ်​လား ... ​အေး​ဝေ ​မော​နေမယ်​​လေ ​နောက်​မှ ​ပြောလို့ရပါတယ်​ .."
" ကျွန်​​တော်​မ​မောပါဘူး .. အကြာကြီးအိပ်​​နေရ​တော့ အားအင်​​တွေ ပြည့်​​နေသလိုပဲ .. ကျွန်​​တော်​​ပြောချင်​တယ်​ .. ကိုကို နား​ထောင်​​ပေးပါလား.. အချိန်​ရရင်​... "
" အချိန်​ရတာ​ပေါ့ ကိုယ်​က အားပါတယ်​ .. ဟို က​လေး.. အဲ ​အေး​ဝေ ​မော​နေမှာစိုးလို့ "
သူ့နှုတ်​ထွက်​စကားတစ်​ခွန်းဟာ ကျွန်​​တော့ကို ​ပြုံး​စေသည်​၊ ရယ်​​စေသည်​၊ ဝမ်းနည်း​စေသည်​။ အချစ်​ဟာ ခုထိ ​စေနိုင်​တုန်းပါပဲ။
" ကျွန်​​တော်​ မ​မောပါဘူး "
" အင်းအင်း ​အေး​ဝေ အဆင်​​ပြေရင်​ ​ပြောပါ "
ပြုံးမြမြသူ့မျက်​နှာကို စိုက်​ကြည့်​ရင်း အိပ်​မက်​ရှည်​ဆီ လွင့်​​မျောလိုက်​သည်​။