အခန်း ၇။ လူပျိုအိမ်​​ထောင်​ရှင်
11K 1K 22
For Zawgyi
မင်္ဂလာဦးမယ်​ဆိုပြီး ​သောင်းကျန်းမိ​တော့ ​ဆေးထိုးအပ်​စာ မိသွားတာမို့ သူ​ရှေ့ မင်္ဂလာဦးအ​ကြောင်း မ​ပြောမိ​တော့။
ဟုတ်​တယ်​​လေ တစ်​ညလုံး အဖက်​ခံပြီးအိပ်​ရတာမလွတ်​လပ်​ဘူး။ တစ်​သက်​လုံး တစ်​​ယောက်​တည်းအိပ်​လာသမျှ ညဘက်​တစ်​ညလုံး အဖက်​ခံထိထား​တော့ တစ်​ကိုယ်​လုံး ​ညောင်းချိ​နေသလို။
သို့​ပေမဲ့ Club သွားမြဲ။ အရှုပ်​​တွေလုပ်​မြဲ။ ကျွန်​​တော့်​ကို ​ဘေးမဲ့​ပေးထားလိုက်​ပုံပင်​။
အစက သူ့သက်​​တော်​​စောင့်​​တွေ ထည့်​​ပေး​ပေမဲ့ ကျွန်​​တော်​တစ်​ပတ်​ရိုက်​တာ များလွန်းလို့ သူ့လူ​တွေလည်းတစ်​ပတ်​ပင်​မခံပါ။
ဖြုန်းမကုန်​ ​card ​တွေနဲ့ မိန်းမတကာ hotel ​ခေါ်အိပ်​သူဟု နာမည်​တွင်​​လေ​တော့ ဒီက ကိုလူပျိုဟာ ရယ်​​တောင်​မရယ်​ရက်​​တော့။
ရည်းစားဟူ၍ မူး၍ရှူစရာမရှိ။ ​ကျောင်းစာ ​ကျောင်းစာ။ တစ်​စာစာ​အော်​ရင်း ​ဆေးမှတ်​မှီ​တော့လည်း ​ဆေး​ကျောင်းစာ ​ဆေး​ကျောင်းစာ။
ကျောင်းပြီးခါစ အလုပ်​တန်းဝင်​ရပြန်​​တော့ အလုပ်​အလုပ်​နဲ့။
အခု အိမ်​​ထောင်​သည်​ဖြစ်​မှ လွတ်​လပ်​​နေတုန်း ရည်းစားထားရမယ်​။ ဟိုဘိုး​တော်​ကိုလည်း နှိပ်​ကွပ်​ပြီးသားဖြစ်​။
ပျက်​ပြီးသားနာမည်​က ထူးပြီးပျက်​စရာလည်းမရှိ​တော့ပါဘူး​လေ။ လူလိမ္မာလုပ်​ခဲ့တုန်းက​ရော ဘယ်​သူကများ ချီးမွမ်းခဲ့လို့လဲ။
တစ်​​နေ့သူတို့အမှန်​မြင်​လာမှာပါဆိုပြီး ကိုယ်​​နေမြဲအတိုင်းကြိုးစားခဲ့​တော့​ရော ဘယ်​မှာအရာထင်​လာလို့လဲ။
ထင်​ချင်းထင်​ ကန်​​တော့ပါ​သေးရဲ့ ဖင်​မှာပဲ အရှိုးရာထင်​မှာ။
ပြန်​မမှတ်​မိချင်​။ ဆက်​ခံသူပွဲအပြီး ၅လအကြာမှာ ကျွန်​​တော်​ အလုပ်​ကပြန်​ရင်း ကား​ရှေ့ဆီးတားခံလိုက်​ရသည်​။
flash back
ကားက၂စီး။ တံခါးဖွင့်​မဆင်းရ​သေးခင်​ သူတို့က တုတ်​​တွေကိုင်​ပြီး ဆင်းလာတာ ၁၀​ယောက်​​လောက်​ရှိမည်​။ လူက​ကြောင်​အ​နေ​တော့ lock မချမိ။