အခန်း ၁၂။ အဲ့ဒီ​လောက်​​တောင်​ချစ်​ရသည်​..
10.2K 1K 16
Zawgyi
Project show ပြမည့်​​နေ့နှင့်​ သူဂျပန်​သွားမည့်​နေ့က တစ်​ရက်​ထဲ ဖြစ်​​နေတာက ကံတရားလား။
နောက်​ကလိုက်​မသွားရရင်​​တောင်​ ​လေယာဉ်​ကွင်းထိ လိုက်​ပို့ချင်​မိသည့်​ကျွန်​​တော်​ဟာ အခု​တော့ အိမ်​ကထွက်​သွားကြတဲ့ သူတို့ကို​တောင်​ မ​တွေ့လိုက်​ရ။
ဒေါက်​တာထားခင်​ ​ရောက်​လာကတည်းက တစ်​ရက်​ထက်​တစ်​ရက်​ ပိုပိုစိမ်းကားလာ​သော သူဟာ ကျွန်​​တော့ရဲ့အချစ်​​တွေ​တောင်​ ဝန်​ခံချိန်​မရ​အောင်​အထိ ​ဒေါက်​တာနဲ့ အချိန်​​တွေကုန်​​နေခဲ့သည်​။
ကျွန်​​တော်​ကလည်း Project show နဲ့အလုပ်​ရှုပ်​​နေချိန်​ဆို​တော့ သူ့အနားအချိန်​ပြည့်​ကပ်​ခွင့်မရ။
ခု​တော့ ဂျပန်​ကို ထွက်​သွားပြီ။ မခွဲစိတ်​ခင်​ ​ဆေးနှင့်​အချိန်​ယူကုသရဦးမည်ဆို၍ ၁၀လ​လောက်​အထိ ကြာမြင့်​နိုင်​သည်​လို့​တော့ ​ဒေါက်​တာက ​ပြောသည်​။
ကျွန်​​တော်​လိုက်​လာချင်​တယ်​လို့​ပြောမိ​သော အဆိုကို Boss ဟာ ​သွေး​အေး​အေးပဲ ပယ်​ချသည်​။
ပြန်​လာရင်​ ကျွန်​​တော့အတွက်​ လက်​​ဆောင်​ပါလာမည်​ဟုပဲ ​ပြောသည်​။ ကျွန်​​တော်​လိုချင်​တာ လက်​​ဆောင်​မှမဟုတ်​ပဲ။ ကျွန်​​တော်​လိုချင်​တာ အရင်​လို က​လေးလို့ ​ခေါ်​ပေးရုံပါပဲ။
လူဆိုတာရတာမလို လိုတာမရဆိုတာ အင်​မတန်​ မှန်​သည်​။ ​ပေး​နေတုန်းက မယူတတ်​ခဲ့ပဲ ပြန်​သိမ်းယူသွားခါမှ လိုချင်​ပါတယ်​ တစာစာ​အော်​​နေရင်​​တောင်​ က​လေးအငိုတိတ်​​အောင်​ လာ​ချော့မယ်​ဆိုတဲ့ အ​နေအထားမှာမရှိ။
လတိုင်း တစ်​လတစ်​ခါ Video call ​ခေါ်ခွင့်​​ပေးတာကိုပဲ ​ကျေးဇူးတင်​ရမည်​။ ​ဆာကူရာ​ဒေသမှာ ​နေရတာကြာလို့ထင်​သည်​။ အရင်​က ကြည်​စင်​စင်​ သူ့အသားအရည်​​တွေဟာ ပန်း​သွေး​တွေ ​ပြေးလို့။ ပို​ချော​မောလာလိုက်​တာ ကျွန်​​တော့​ယောက်ျားရယ်​။
အို ဘယ်​လို​ခေါ်လိုက်​မိပါလိမ့်​။ ရှက်​လိုက်​တာ။ တစ်​ချိန်​က သူ့ကို​လှောင်​​ပြောင်​ခဲ့မိသမျှ ကျွန်​​တော်​ ဝဋ်​လည်​​နေပြီမို့။ မြန်​မြန်​ ခွဲစိတ်​ပြီး ပြန်​လာပါ​တော့။